ဒေလီနဲ့ အိန္ဒိယမြောက်ပိုင်းမှာ အပူလှိုင်းဖြတ်သန်းမှုကြောင့် စာသင်ကျောင်းတွေပိတ်ဖို့ အမိန့်ထုတ်

ဒေလီ၊ မေ-၂၁-၂၀၂၄
မျိုးဆက်(VOM)
အိန္ဒိယနိုင်ငံမြို့တော်ဒေလီအပါအဝင် နိုင်ငံမြောက်ပိုင်းမှာ ယခုသီတင်းပတ်ကုန်ပိုင်းကစ၍ အပူချိန် ၄၇ ဒီဂရီစင်တီဂရိတ်ထက် မြင့်တက်နေပြီး အပူလှိုင်းဖြတ်သန်းမှုကြောင့် စာသင်ကျောင်းတွေကို နွေရာသီကျောင်းပိတ်ရက်စောပိတ်ဖို့ အာဏာပိုင်တွေက ညွှန်ကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့ မေ ၁၉ ရက်မှာ မြို့တော်ဒေလီရှိ နာဂျက်ဖ်ဂရာ့ခရိုင်မှာ အပူချိန် ၄၇ ဒသမ ၈ ဒီဂရီစင်တီဂရိတ်ထိစံချိန်တင်ခဲ့ပြီး ယခုနှစ်နွေရာသီမှာ နိုင်ငံတွင်းမှာဖြစ်ပွားခဲ့တဲ့ စံချိန်တင်အပူချိန်ဖြစ်ပါတယ်။ ယခုသီတင်းပတ်အတွင်းမှာ လည်းအပူချိန် ဆက်လက်မြင့်တက်နိုင်ကြောင်း တာဝန်ရှိသူများကသတိပေးထားပါတယ်။
ဒေလီနဲ့ အိမ်နီးချင်း ဥတာပရာဒေ့ရှ်၊ ဟာယာနာနှင့် ရာဂျက်စ်သန်တို့မှည လည်းအပူချိန် ၄၅ ဒီဂရီစင်တီဂရိတ်ကို ကျော်လွန်ခဲ့ပါတယ်။ ဒေလီမြောက်ပိုင်းမြို့မှာ အမြင့်ဆုံးအပူချိန်ဟာ မေ ၂၁ ရက်မှည ၄၅ မှ ၄၆ ဒီဂရီစင်တီဂရိတ်ကိုကျော်လွန်နိုင်တယ်လို့ ဆိုပါတယ်။
ဇွန် ၄ ရက် ရလဒ်များကြေညာမည့် အိန္ဒိယအထွေထွေရွေးကောက်ပွဲကျင်းပနေချိန်မှာ အပူလှိုင်းဖြတ်မှု ဖြစ်ပေါ်နေတာဖြစ်ပြီး မတ်လမှ စက်တင်ဘာလထိကြာမြင့်တဲ့ အိန္ဒိယရဲ့ နွေရာသီဟာ များသောအားဖြင့် ပူနွေးစိုစွတ်လို့လေ့ရှိပါတယ်။
အိန္ဒိယနိုင်ငံဟာ ယခုနှစ်အတွင်း ပိုမိုကြာရှည်ပြီးပြင်းထန်တဲ့ အပူလှိုင်းများကြုံတွေ့ရနိုင်တယ်လို့ အိန္ဒိယမိုးလေဝသအေဂျင်စီကသတိပေးထုတ်ပြန်ထားပါတယ်။ အထူးသဖြင့် လာမယ့် ရက်အနည်းငယ်အတွင်း အိန္ဒိယအနောက်ပိုင်းနဲ့ အလယ်ပိုင်းဒေတို့မှာ အပူချိန် ဆက်လက်မြင့်တက်နိုင်တယ်လို့ သတိပေးချက်ထုတ်ပြန်ထားပါတယ်။
Ref:BBC
Photo:AFP/BBC

Related posts

Leave a Comment

VOM News

FREE
VIEW