မူဆယ် – မန္တလေး သွားလာလို့ရပေမယ့် တန်ဆာခ၊ လူစီးခ အရမ်းများနေ

မေ ၂၄၊ ၂၀၂၄
Shy V (VOM)
တရုတ် – မြန်မာ နယ်စပ်၊ မူဆယ် – မန္တလေး သွားလာနေကြပေမယ့် တန်ဆာခ၊ လူစီးခ အရမ်းများနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
” မူဆယ် နဲ့ မန္တလေး လမ်းမှာ တည အိမ်ရမယ်။ မူဆယ် – မန္တလေး က ၂၂၀,၀၀၀ ပါ။ အတက်က ၁၈၀,၀၀၀ ပါဗျ။ အဆင်းကျတော့ ကားခ များတယ်။ အဆင်းက တ‌ေယာက်ပါပါ၊ ၂ယောက်ပါပါ ထွက်ရတာ ကြောင့်မို့လေ။ အတက်ကျတော့ မန္တလေး ကနေသွားမယ် ဆိုရင် ခရီးသည် များတယ်။” လို့ ကားဂိတ် တာဝန်ရှိသူ အမျိုးသား တယောက်က ပြောပါတယ်။
ကားခ ဈေးနှုန်းတွေက ကားတွေပေါ် မူတည်ပြီး နှုန်းထား မတူတာ ရှိသလို ကိုယ်သွားမယ့် လမ်းကြောင်း ပေါ်မှာလည်း မူတည်တယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။
“လမ်းမှာ တည အိပ်ရတယ်။ အတက်နဲ့ အဆင်း ကားခ အတူတူပဲ။ တန်ဆာကတော့ 1 Kg ကို ၂၀၀၀ ပါ။ ကုန်ပွတွေ ကျတော့ ကုန်ပေါ်မှာ မူတည်ပြီး ပြန်ဖြတ်တာ။ လူပါရင်တော့ ကားသမားတွေ ကြည့်ကြက်ပြီး ဖြတ်ပေးတယ် ကုန်ကျတော့လေ။” လို့ နောက်ထပ် ကားဂိတ် တခုက ဂိန်တာဝန်ရှိ အမျိုးသမီး တယောက်က ပြောပါတယ်။
မူဆယ် – မန္တလေး ကားခ လူတယောက်ကို အံစာတုံးကား ဆိုရင် ၂ သိန်း၊ ကားလေး တွေဆိုရင် ၂ သိန်းခွဲ၊ ပါဂျဲရိုဆိုရင် ၃ သိန်း ရှိပြီး အဖွဲ့လိုက်ဆိုရင် ဈေးညှိနှိုင်းပေးတယ်လို့ သူက ရှင်းပြပါတယ်။
လက်ရှိမှာတော့ မူဆယ် – နမ့်ခမ်း – နမ့်ဖတ်ကာ – ကွတ်ခိုင် – သိန္နီ – မိုင်းပါ – မိုင်းရင် – နမ္မတူ – မန္တလေး ရဲ့ လမ်း အပိုင်းဖြစ်တဲ့ သိန္နီ – မိုင်းပါ – မိုင်းရင် – နမ္မတူ လမ်းပိုင်းကို မိုးရွာတာကြောင့် မေလ ၂၁ ရက်နေ့ က‌နေ ၅ ရက် ခေတ္တ လမ်းပိတ် ထားကြောင်း ကားသမားတွေ ဆီက သိရပါတယ်။
“လမ်းက ရက်စက်တယ်။ တခေါက် ဆိုပေမယ် တာယာကို စုတ်ပြတ်သွားတာပဲ။ တာယာ လဲလဲ နေရတာ မလွယ်ဘူး။ ဒီကြားထဲ ကားပျက်ရင် ပိုဆိုးပြီ။ ငွေ ကျန်ဖို့ နေ‌ေနသာသာ ပြန်တောင် စိုက်ရသေးတယ်။ ကားခ ဈေးများတာပဲ ပြောနေကြတာ။ လမ်းအခြေအနေကိုလည်း ကြည့်အုံးလေ။ သွားဖူးတဲ့ သူမှ သိမယ်” လို့ မူဆယ်က ကားသမား တယောက်က ပြောပါတယ်။
အရင်က တရက် ခရီးပေါက်တဲ့ လမ်းခရီးကို လက်ရှိမှာတော့ လမ်းမှာ အိပ်ရပြီး ကားသမားတွေ အနေနဲ့ အခွန်၊ ဆက်ကြေး၊ လမ်းကြေးတွေ ပေးရတယ်။ ကားအတွက် တနှစ်စာ ဆောင်ရပေမယ့် ကုန်တွေ အတွက် အဆင်း အတက် အခေါက်တိုင်း ပေးဆောင်ရကာ ကိုယ်သွားမယ့် လမ်းကြောင်းပေါ်မူတည်ပြီး အစိုးရ အပြင် လက်နက်ကိုင်အဖွဲ့ အစည်းတွေကို အခွန်ပေးဆောင်ရတယ်လို့ဆိုပါတယ်။
Photo Crd# မိုးထက်မြင့်သူ၊ Abo Shai

Related posts

Leave a Comment

VOM News

FREE
VIEW