အင်းတကော် ဆယ်မိုင်ကုန်းဆင်းမှာ တွဲကားနဲ့ အိမ်စီးကားတိုက်မိလို့ လူ သုံးဦးသေဆုံး

မေ ၁၃ ၊ ၂၀၂၄ TT (VOM) ပဲခူးတိုင်း ၊ အင်းတကော်မြို့နယ် ၊ဘူးလယ်အင်းကျေးရွာအနီး ၊ ပဲခူ – ရန်ကုန်ကားလမ်း ၊ ၁၀ မိုင်ကုန်းဆင်းနေရာမှာ မနေ့ မေ ၁၂ ရက်က ယာဥ်မတော်တဆမှုဖြစ်ပြီး ယာဥ်ပေါ်မှာလိုက်ပါလာတဲ့ လူသုံးယောက် သေဆုံးခဲ့တယ်လို့ ပဲခူးတိုင်း ယာဥ်ထိန်းရဲတပ်ဖွဲ့မှူးရုံးဆီက သိရပါတယ်။ ယာဥ်မှုစစ် အရာရှိတယောက်က ” ဖြစ်စဥ်က ရန်ကုန်ဘက်ကနေ ပဲခူးဘက်ကို မောင်းနှင်းလာတဲ့ Honda Acty အဖြူရောင် ကားတစီးဟာ အရှိန်မထိန်းနိုင်ပဲ လမ်းလယ်ကျွန်းကိုတိုက်မိပြီး ၊ တဖက်ယာဥ်ကြောပေါ်ကိုရောက်သွားတယ် ၊ အဲ့ဒီအချိန်မှာ တဖက်ယာဥ်ကြောပေါ်မှာ မောင်းနှင်လာတဲ့ ၂၂ ဘီး တွဲကားယာဥ်နဲ့ တိုက်မိတယ် ၊ အဲ့ဒါကြောင့် တဖက်ယာဥ်ကြောပေါ်ကို ရောက်လာတဲ့ ကားေလးကိုတိုက်မိတာကြောင့် ယာဥ်ပေါ်မှာလိုက်ပါလာသူ အမျိုးသား နှစ်ယောက်နဲ့ အမျိုးသမီး…

Read More

ပဲခူး မိုးယွန်းကြီးအင်းကွင်းမှာ မိုးသက်လေးပြင်းကျရောက်ပြီး မိုးကြိုးထိမှန်လို့ လူနဲ့ တိရစ္ဆာန်တွေသေဆုံး

မေ ၊ ၁၃ ၊ ၂၀၂၄TT (VOM)ပဲခူးတိုင်း ၊ ပဲခူးမြို့နယ် ၊ ဝမ်းဘဲအင်းကျေးရွာအုပ်စု ၊ ဝမ်းဘဲအင်းကျေးရွာ ၊ မိုးယွန်းကြီး အင်းကွင်းမှာ မေ ၁၂ ရက် မနေ့ ညနေပိုင်း ၅ နာရီခွဲ ဝန်းကျင်က မိုးသက်လေပြင်းကျရောက်တိုက်ခတ်တာကြောင့် မိုးကြိုးထိမှန်ပြီး လူနဲ့ တိရစ္ဆာန်တချို့ သေဆုံးတယ်လို့ ပဲခူးတိုင်း အစိုးရအဖွဲ့ ၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ ထူးခြားဖြစ်စဥ် သတင်း မှတ်တမ်းတွေအရ သိရပါတယ်။အစိုးရအဖွဲ့နဲ့ နီးစပ်သူတယောက်က” မနေ့က ညနေပိုင်းမှာ မိုးလေကျတဲ့အချိန် မိုးယွန်းကြီးအင်းကွင်းက လယ်ယာလုပ်ကိုင်းတဲ့သူတွေဟာ လှည်းကိုယ်စီးနဲ့ ရွာပြန်ကြတယ် ၊ အဲ့ဒီအချိန် လမ်းမှာ ရွာပြန်လာတဲ့ လှည်းတွေထဲက ရှေ့ဆုံးလှည်းကို မိုးကြိုးပစ်ခံရတယ် ၊ အဲ့ဒါကြောင့် လှည်းသမား ဦးလှမျိုးထွန်းဆိုသူနဲ့ လှည်းမှာ ကထားတဲ့ ကျွဲနှစ်ကောင် သေဆုံးတယ်…

Read More

ယနေ့ ရွှေဈေး (မေ – ၁၂ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၃၆၀ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၈၆၀၀၀၀ ကျပ် ဝယ်ဈေး ၄၈၂၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၆၆၀၀၀၀ ကျပ် ဝယ်ဈေး ၄၆၂၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

ထားဝယ် – မြိတ် ကားလမ်းပိုင်း ရက်ရှည်ပိတ်နေလို့ မြိတ်မြို့မှာ ကုန်စိမ်းဈေး သုံးဆနီးပါးတက်

မေ ၁၂ – ၂၀၂၄SN (VOM)တိုက်ပွဲကြောင့် ထားဝယ် – မြိတ် ကားလမ်းပိုင်း ရက်ရှည်ပိတ်နေလို့ မြိတ်မြို့မှာ ကုန်စိမ်းဈေး သုံးဆနီးပါး မြင့်တက်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ပြီးခဲ့တဲ့ မေလ ၅ ရက်နေ့က သရက်ချောင်းမြို့နယ်၊ ပဲဒက်ကျေးရွာက နကစရဲ့ စခန်းကုန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက် တိုက်ခိုက်ချိန်ကစလို့ ရန်ကုန် – ထားဝယ် – မြိတ် – ကော့သောင်း လမ်းပိုင်း ပိတ်နေတာဖြစ်ပါတယ်။လက်ရှိအချိန်အထိ အဲဒီလမ်းပိုင်းမှာ နှစ်ဖက် အတက်၊ အဆင်းယာဉ် အစီးရေ ရာနဲ့ချီ ပိတ်မိနေတာမှာ အဲဒီယာဉ်တွေထဲ ကုန်စိမ်းကားတွေလည်း ပါဝင်နေတာကြောင့် ကုန်စည်စီးဆင်းမှု ခက်ခဲနေပြီး ကုန်စိမ်းစျေးနှုန်းတွေ မြင့်တက်လာခြင်းဖြစ်တယ်လို့ သိရပါတယ်။“ကုန်စိမ်းဈေးက သိသိသာသာကို တက်သွားတာ။ တခါမှ မကြုံဖူးတဲ့ဈေး ဖြစ်သွားပြီ။ ဂေါ်ဖီထုပ် တထုပ်ကိုတောင် ၇၀၀၀ ပေးဝယ်နေရတယ်။ ပဲသီးတောင့်…

Read More

နိုင်ဂျီးရီးယားမှာ သေနတ်သမားတွေက ရွာသုံးရွာကိုဝင်စီးပြီး လူ ၁၀၀ ကျော်ကို ပြန်ပေးဆွဲ

အဘူဂျာ၊ မေ-၁၂-၂၀၂၄မျိုးဆက်(VOM)နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းမှာ သေနတ်သမားတွေက ရွာသုံးရွာကို ဝင်ရောက်စီးနင်းပြီး လူ ၁၀၀ ကျော်ကို ပြန်ပေးဆွဲသွားတယ်လို့ ခရိုင်အကြီးအကဲနဲ့ ဒေသခံတွေက ပြောပါတယ်။ရွာတွေ၊ အဝေးပြေးလမ်းတွေနဲ့ စာသင်ကျောင်းကနေ လူတွေကို ပြန်ပေးဆွဲပြီး ရွေးနှုတ်ငွေတောင်းခံလေ့ရှိတဲ့ လက်နက်ကိုင်း ပြန်ပေးဂိုဏ်းတွေကြောင့် အထူးသဖြင့် နိုင်ငံအနောက်မြောက်ပိုင်းမှာ ပိုမိုဖြစ်ပွားလေ့ရှိပါတယ်။ရွာသုံးရွာကို သေနတ်သမားတွေ စီးနင်းတိုက်ခိုက်ပြီးနောက်မှာ အမျိုးသား ၃၈ ယောက်နဲ့ အမျိုးသမီ ၇၆ ယောက် ပျောက်ဆုံးနေပြီး ပြန်ပေးဆွဲခံရတဲ့အရေအတွက် ဒီထက်ပိုများနိုင်တယ်လို့ ဇမ်ဖာရာပြည်နယ် ဘာနင်မက်ဂါဂျီခရိုင်အကြီးအကဲ အယ်လ်ဟာဂျီဘာလာက ပြောပါတယ်။ဇမ်ဖာရာပြည်နယ်ဟာ တိုက်ခိုက်မှုတွေလုပ်ဆောင်ပြီးနောက် ပြန်လည်ဆုတ်ခွာအခြေချဖို့ ပြန်ပေးဂိုဏ်းတွေရဲ့ စခန်းတွေရှိနေပြီး နိုင်ဂျီးရီးယား စစ်တပ်က စခန်းအချို့ကို ဗုံးကြဲတိုက်ခိုက်မှုတွေလုပ်ခဲ့ပေမယ့် ဆက်လက်တည်ရှိနေပါတယ်။သေနတ်သမားတွေဟာ ဆိုင်ကယ်တွေနဲ့ ရွာတွေကိုရောက်လာခဲ့ပြီး လူတွေကို ပြန်ပေးမဆွဲခင် ပစ်ခတ်မှုတွေလုပ်ခဲ့တယ်လို့ ရွာသူကြီးတယောက်ဖြစ်တဲ့ အာမီနူကဆိုပါတယ်။ ဒါက ကျွန်တော်တို့နဲ့ ဓါးပြတွေအကြား ငြိမ်းချမ်းရေးသဘောတူညီချက်ကို ချိုးဖောက်တာဖြစ်တယ်။ ကျွန်တော်တို့နယ်မြေတွေကို…

Read More

မန္တလေး ကုန်စည်ဒိုင် ၁၂ – ၅-၂၀၂၄ အရောင်းအဝယ်စျေးကွက်အခြေအနေ

မန္တလေး- ၁၂ – ၅-၂၀၂၄(VoiceOfMyanmar)ဂျုံစေ့အမျိုးမျိုးဂျုံ (တောင်ဘက်/ငါန်းဇွန်/မြို့သာ) – ၆၀ ပိဿာ – 155000/ 160000ဂျုံ (မုံရွာ/ဘုတလင်) – ၆၀ ပိဿာ – 155000/160000/ဂျုံ (စဈိကိုငျး/ဆားတောင်/ရွှေဘို) – ၆၀ ပိဿာ – 155000/ 160000ဂျုံ (မြင်းမူ/မြောင်) – ၆၀ ပိဿာ – 155000/ 160000ဂျုံ (ကလေး) – ၆၀ ပိဿာ – 125000/ 130000ဂျုံ (ရှမ်း) – ၆၀ ပိဿာ – 135000/ 140000ဂျုံ (အထွက်တိုး) – ၆၀ ပိဿာ – 135000/ 140000ဂျုံ (AUS) – ၁ ပိဿာ – 3300 (ygn)ဂျုံဖွဲ –…

Read More

အင်ဒိုနီးရှားမှာ ကျောင်းဆုပေးပွဲအပြန် ဘတ်စ်ကားမတော်တဆမှုကြောင့် လူ ၁၁ ယောက်သေဆုံး

ဂျကာတာ၊ မေ-၁၂-၂၀၂၄မျိုးဆက်(VOM)အင်ဒိုနီးရှားနိုင်ငံမှာ ဆုပေးပွဲအခမ်းအနားအတွက် အထက်တန်းကျောင်းသားတွေကို တင်ဆောင်လာတဲ့ ဘတ်စ်ကားတစီး မတော်မဆမှုကြောင့် လူ ၁၁ ယောက်သေဆုံးပြီး ဒါဇင်များစွာဒဏ်ရာရရှိသွားတယ်လို့ ရဲတပ်ဖွဲ့က မေ ၁၂ ရက်မှာ ပြောပါတယ်။ဘတ်စ်ကားဟာ မေ ၁၁ ရက် ညနေ ၆ နာရီ မိနစ် ၄၀ ဝန်းကျင်မှာ မတော်တဆမှုဖြစ်ပွားခဲ့တာဖြစ်ပြီး အခင်ဖြစ်ချိန်မှာ ကျောင်းသားနဲ့ ဆရာ ၆၀ ကျော်ကို တင်ဆောင်ပြီး ဂျာဗားကျွန်းရှိ ဒီပို့ခ်မှာ နာမည်ကြီးခရီးသွားနေရာဖြစ်တဲ့ လန်ဘန်ကို သွားရောက်နေတာဖြစ်ပါတယ်။ကျောင်းသားတွေဟာ ဘွဲ့နှင်းသဘင် အခမ်းအနားပြီးနောက် ပျှော်ပါးအောင်ပွဲခံနေကြပြီး ဘတ်စ်ကားဟာ ရုတ်တရက်အရှိန်မထိန်းနိုင်ပဲ ဘယ်ဘက်ခြမ်းမှာရှိတဲ့ ကားနဲ့ ဆိုင်ကယ်သုံးစီးကို ဝင်တိုက်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။သေဆုံးသူတွေထဲမှာ ကိုးယောက်က ကျောင်းသားတွေဖြစ်ပြီး တယောက်ကတော့ ဆရာဖြစ်တယ်လို့ ဆိုပါတယ်။ ဆိုင်ကယ်စီးသူတယောက်လည်း သေဆုံးခဲ့ပြီး ၁၃ ယောက်အပြင်းအထန်ဒဏ်ရာရရှိခဲ့ကာ ကျန်တဲ့အယောက် ၄၀ ကတော့…

Read More

မဟာမိတ်တွေ သတိပေးပေမယ့် ဂါဇာတောင်ပိုင်း ရာဖာမြို့ကို အစ္စရေးရဲ့မြေပြင်ထိုးစစ် အရှိန်မြှင့်တော့မယ်

တဲလ်အဗစ်၊ မေ-၁၂-၂၀၂၄မျိုးဆက်(VOM)ဂါဇာကမ်းမြှောင်ဒေသ တောင်ပိုင်းမှာ စစ်ဆင်ရေးတွေအရှိန်မြှင့် တိုက်ခိုက်မှာကြောင့် ရာဖာမြို့ကနေ ဘေးလွတ်ရာထွကခွာဖို့ သောင်းနဲ့ချီတဲ့ ပါလက်စတိုင်းတွေကို အစ္စရေးက ညွှန်ကြားလိုက်ပါတယ်။ရာဖာက ပါလက်စတိုင်းတွေအနေနဲ့ မြို့ရဲ့ အရှေ့ဘက် ကျဉ်းမြောင်းတဲ့ ကမ်းရိုးတန်းဒေသဖြစ်တဲ့ အယ်မာဝါစီကို သွားရောက်ကြဖို့ ရာဖာအရှေ့ပိုင်းက ဒေသခံတွေဆီကို ဝေဟင်ကနေ သတိပေးစာရွက်တွေ ကြဲချခဲ့ပါတယ်။မကြာသေးမီရက်ပိုင်းအတွင်းက ဒေသခံတွေနဲ့ စစ်ရှောင်တွေပြည့်နှက်နေတဲ့ ရာဖာမြို့ဟာ လက်ရှိမှာတော့ တစ္ဆေမြို့တစ်ခုလို ဖြစ်နေပါတယ်။ မြေပြင်ထိုးစစ်ကြောင့် အရပ်သားအများအပြား သေဆုံးမှုနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းဖြစ်စေနိုင်ကြောင်း အမေရိကန်နဲ့ မဟာမိတ်တွေက သတိပေးနေပေမယ့် စစ်ဆင်ရေးကို ဆက်လုပ်မယ်လို့ အစ္စရေးက အခိုင်အမာဆိုပါတယ်။ဒါပေမယ့်လည်း ဟားမတ်စ်တို့က ဓါးစာခံတွေ ပြန်လွှတ်ပေးမယ်ဆိုရင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်က ချက်ချင်းဖြစ်နိုင်တယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောပါတယ်။အောက်တိုဘာ ၇ ရက်က အစ္စရေးကို ဟားမတ်စ်တို့ရဲ့ နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုအတွင်း လူ ၁၂၈ ယောက်ကို ဓါးစာခံအဖြစ် ဖမ်းဆီးသွားခဲ့ပြီး…

Read More

ကချင်ပြည်နယ်မှာ မနေ့က KTV ဆိုင် မိုးကြိုးပစ်ခံရ ဒီရက်ပိုင်းအတွင်း မိုးကြိုးပစ်တဲ့ ဖြစ်စဥ်တွေ အဖြစ်များလာ

မေ ၊ ၁၁ ၊ ၂၀၂၄SP (VOM)ပြီးခဲ့တဲ့ မေ ၁ ရက်ကနေ မေ ၁၁ ရက်အတွင်း ကချင်ပြည်နယ်မှာ မိုးကြိုးပစ်တဲ့ ဖြစ်စဥ်ပေါင်း အကြိမ် ၂၀ ထက်မကရှိပြီး ထိခိုက်သေဆုံးမှုနဲ့ ပျက်စီးဆုံးရှုံးမှုတွေရှိတယ်လို့ ဒေသခံ တွေဆီက သိရပါတယ်။ဖားကန့်မြို့ခံတယောက်က” မနေ့က ညနေပိုင်း ၂ နာရီဝန်းကျင်က ဖားကန့်မှာ မိုးကြိုးပစ်ခံရလို့ KTV ဆိုင် တခု မီးလောင်တယ် ၊ မိုးကြိုးပစ်ခံရတဲ့ KTV ဆိုင်က မရှီကထောင်ရပ်ကွက်၊ သီလရှင်ကုန်းမှာရှိတဲ့ ဆိုင်ဖြစ်တယ် ၊ ဆိုင်နာမည်က စိတ်ငြိမ် လို့ခေါ်ကြတယ် ၊ မိုးကြိုးလျှပ်စီးဖြစ်ပေါ်တာကြောင့် အဲ့ဒီ ဆိုင်ရဲ့ DJ စင်မှာ ဝါယာရှော့တွေဖြစ်တယ် ၊ အဲ့ဒီကနေ တဆင့် မီးကူးစက် လောင်တာ ” လို့ ပြောတယ်။အဲ့ဒီ မီးလောင်မှုဖြစ်စဥ်ကြောင့်…

Read More

ရန်ကုန်မှာ တာမွေက ရွှေဆိုင်ဓားပြတိုက်ခံရပြန်

မေ ၊ ၁၂ ၊ ၂၀၂၄TT (VOM)ရန်ကုန်းတိုင်း ၊ တာမွေမြို့ ၊ မေတ္တာညွှန့်ရပ်ကွက် ၊ ပုညဝတီလမ်းမှာရှိတဲ့ TK အမည်ရှိ ရွှေရတနာဆိုင်ကို မနေ့ မေ ၁၁ ရက် ၊ ညနေပိုင်း ၃ နာရီခွဲဝန်းကျင်လောက်က ဓားပြတိုက် လုယက်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။အဲ့ဒီ ရွှေဆိုင်နဲ့ ရင်းနှီးသူတယောက်က” မနေ့က ညနေပိုင်း ဆိုင်ပိုင်ရှင် တယောက်တည်းရှိပြီး ဆိုင်သိမ်းဖို့ ပစ္စည်းတွေ သိမ်းနေတဲ့အချိန် ဘက္ထရီဆိုင်ကယ် တစီးနဲ့ အမည်မသိ (စုံစမ်းဆဲ) သေနတ်(အတို) ကိုင် လူသုံးယောက်က ဆိုင်ထဲကို ဝင်ရောက်လာတယ် ၊ အဲ့ဒီနောက် သူတို့သုံးဦးထဲက တယောက်က သေနတ်ထုတ်ပြီး ခြိမ်းခြောက်တယ် ၊ ကျန်တဲ့ လူနှစ်ယောက်က ရွှေထည်ပစ္စည်းနဲ့ ပိုက်ဆံတွေကိုလုယူတယ် ၊ ရွှေထည်ပစ္စည်းမျိုးစုံ ၁၉ ကျပ်သားနဲ့…

Read More
VOM News

FREE
VIEW