ဒီရက်ပိုင်းအတွင်း တရုတ်နယ်စပ်ဘက် ရောက်နေတဲ့ မြန်မာ လုပ်သားတွေ သေဆုံးမှု များပြားလာ

မေ ၁၀၊ ၂၀၂၄Shy V (VOM)ဒီရက်ပိုင်းအတွင်း တရုတ်နယ်စပ်ဘက် ရောက်နေတဲ့ မြန်မာ လုပ်သားတွေ သေဆုံးမှု များပြားလာတယ်လို့ တရုတ်နယ်စပ်ရောက် မြန်မာန်ုင်ငံသားတွေဆီက သိရပါတယ်။ဒီလို သေဆုံးရတာက အဓိက အချက် သုံးချက်ရှိတယ် လို့ ရွှေလီက မြန်မာနိုင်ငံသားတွေကို ကူညီပေးနေသူ မြန်မာနိုင်ငံသား တယောက် ကပြောပါတယ်။“ကျန်းမာရေးကြောင့်လည်းပါတယ်။ လုပ်ငန်းမကျွမ်းကျင်မှုတွေပါတယ်လေ။ တချို့ ကား မတော်တဆမှုကျတော့ ရုတ်တရက် မြန်မာ ပြည်ဘက်က ဝင်လာတယ်။ ဆောက်လုပ်ရေးအတွက် ဆိုရင်လည် သူတို့က ဆောက်လုပ်ရေး မကျွမ်းကျင်ဘူး။ ကျွမ်းကျင် ဝန်ထမ်း မဟုတ်ဘူးပေါ့။ ပြောရရင်။ မဟုတ်တော့ အဲလို ထိခိုက် ‌သေဆုံးမှုတွေ ဖြစ်တာ။ အရက်သေစာတွေ သောက်စားကြတာ။” လို့ သူက ရှင်းပြပါတယ်။မြန်မာ နိုင်ငံသား အများစုက တရုတ်ဘက်က ချမှတ်ထားတဲ့ ယာဉ်စည်းကမ်း လမ်းစည်းကမ်းကို နားမလည်တာကြောင့် ယာဉ်မ‌တော်တဆမှု…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (မေ – ၁၀ ရက်)

Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၉၉၀ ကျပ် ဝယ်ဈေး – ၃၉၅၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၉၅၀ ကျပ် ဝယ်ဈေး – ၂၈၇၅ ကျပ် -ယူရို ရောင်းဈေး – ၄၃၀၀ ကျပ် ဝယ်ဈေး – ၄၁၇၀ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၈.၅၉ ကျပ် ဝယ်ဈေး – ၁၀၆.၄၂ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၈၄၂ ကျပ် ဝယ်ဈေး – ၈၁၆ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၅၅၂ ကျပ် ဝယ်ဈေး – ၅၃၈ ကျပ် -ဂျပန်ယန်း ရောင်းဈေး –…

Read More

ယနေ့ ရွှေဈေး (မေ – ၁၀ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၃၄၆ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၈၅၀၀၀၀ ကျပ် ဝယ်ဈေး ၄၈၁၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၆၅၀၀၀၀ ကျပ် ဝယ်ဈေး ၄၆၁၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

အမ်းမြို့နယ် စွေ့ချောင်းရွာက မီးဘေးဒုက္ခသည်တွေ စားဝတ်နေရေးအတွက် အကူညီလိုအပ်နေ

မေ ၊ ၁၀ ၊ ၂၀၂၄TT (VOM)ပြီးခဲ့တဲ့ ဧပြီ ၂၆ ရက်က ရွာထဲကို လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး ရွာလုံးကျွတ်နီးပါး မီးကူးစက်လောင်ကျွမ်းခဲ့တဲ့ ရခိုင်ပြည်နယ် ၊ အမ်းမြို့နယ် ၊ စွေ့ချောင်းကျေးရွာက မီးဘေးဒုက္ခသည်တွေဟာ အခုအခါ စားဝတ်နေရေး အတွက် အကူညီတွေလိုအပ်နေတယ်လို့ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။” စွေ့ချောင်းရွာ မီးဘေးမှာ ဒုက္ခသည်တချို့က အမ်းမြို့ပေါ်နဲ့ မြေပုံမြို့ပေါ်ကို သွားရောက်ခိုလှုံတယ် ၊ အများစုကတော့ ဒုက္ကံကျေးရွာမှာ ခိုလှုံနေရတယ် ၊ ဒုက္ကံရွာမှာ ခိုလှုံနေတဲ့ ကလေး / လူကြီး လူဦးရေ ၂၅၀ လောက်ဟာ စားဝတ်နေရေးအတွက် အကူညီတွေလိုအပ်နေတယ် ၊ အဲ့ဒါကြောင့် အလှူရှင်တွေအနေနဲ့ ဒုက္ကံရွာက မီးဘေးဒုက္ခသည်တွေဆီ အဝတ်အထည်တွေ ၊ စားသောက်ကုန်တွေ လှူဒါန်းပေးကြဖို့ လိုတယ် ” လို့ ဒေသခံ…

Read More

မြစ်ကြီးနားထောင် ဆူပူမှုဖြစ်စဥ်ကြောင့် ထောင်ဝန်ထမ်း ၁၃ ဦး အပြစ်ပေးခံရ

မေ ၊ ၁၀ ၊ ၂၀၂၄TT(VOM)ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့ ၊ မြစ်ကြီးနား အကျဥ်းထောင်မှာ ပြီးခဲ့တဲ့ ဧပြီ ၁၈ ရက်ညနေပိုင်းက ဖြစ်ပွားခဲ့တဲ့ ထောင်တွင်းဆူပူမှုနဲ့ ပတ်သက်ပြီး ထောင်ဝန်ထမ်း ၁၃ ယောက်ကို ပြစ်ဒဏ်တွေချမှတ်လိုက်တယ်လို့ ထောင်ဝန်ထမ်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး အကျဥ်းထောင် အသိုင်းအဝိုင်းနဲ့ နီးစပ်သူတယောက်က” ထောင်ဆူပူမှုဖြစ်စဥ် ဖြစ်ပေါ်ပြီးနောက်ပိုင်း ထောင်ဝန်ထမ်းတချို့ ခုံဖွဲ့စစ်ဆေးနေတာတွေရှိတယ် ၊ အဲ့ဒီ ခုံဖွဲ့စစ်ဆေးခံရတဲ့ထဲက ဝန်ထမ်း ၁၃ ယောက်ကို ပြီးခဲ့တဲ့ မေ ၃ ရက်က ရုံးထုတ်စစ်ဆေးတယ် ၊ ကနဦးကြားရတာက အဲ့ဒီ ဝန်ထမ်း ၁၃ ယောက်ကို အကျဥ်းထောင် လက်စွဲ ဥပဒေပုဒ်မ ၄၂ အရ ၊ တားမြစ်ပိတ်ပင်ထားတဲ့ ပစ္စည်းတွေကို ထောင်ထဲမှာ ထုတ်သွင်းခြင်းဖြစ်စေ…

Read More

ခုရက်ပိုင်း မိုးရွာသွန်းမှုနဲ့အတူ မိုးကြိုးပစ် ၊မိုးသီးကြွေ၊ လေပြင်းတိုက်တာတွေ ဖြစ်နိုင်လို့ အန္တရာယ်တွေသတိပြုဖို့လို

ရန်ကုန် ၊ မေ ၁၀ – ၂၀၂၄GG (VOM)ခုရက်ပိုင်းအတွင်း မိုးရွာမှုနဲ့အတူ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်း၊လေပြင်းတိုက်ခြင်း၊ လျှပ်စီးလက်ခြင်းတွေပါ ဖြစ်ပေါ် နိုင်တာကြောင့် သတိထားဖို့လိုအပ်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနနဲ့ မိုးလေဝသပညာရှင်တွေက သတိပေးထားပါတယ်။အရှေ့ဘက်မှရွေ့လျားလာတဲ့ လေပွေလှိုင်းက ထိုင်းနိုင်ငံမြောက်ပိုင်းကိုရောက်ရှိလာတဲ့ဖြစ်စဥ်ကြောင့် နဲ့ အပူချိန်မြင့်တက်ပြီး မိုးရွာသွန်းနိုင်တာဖြစ်လို့ မိုးကြိုး အန္တရာယ်ကို သတိပြုဖို့လိုအပ်တာဖြစ်တယ်လို့ ဆိုပါတယ်။” အရှေ့လေပွေလှိုင်းတခုရွေလျားလာမှုကြောင့် မိုးမျှော်နေရာတဲ့ ရန်ကုန်တိုင်းအပါအဝင် နောက် ၂၂နာရီအတွင်း ထစ်ချုန်းမိုးများ ရွာသွန်းလာနိုင်တယ်။အပူချိန်မြင့်တက်နေစဥ် ရွာမယ့်မိုးဖြစ်လို့ ရန်ကုန်တိုင်း၊ ကရင်ပြည်နယ်၊မွန်ပြည်နယ်၊ ပဲခူးတိုင်းအရှေ့ပိုင်းမှာဆိုရင် မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနဲ့ လေပြင်းတိုက်ခတ်ခြင်းစတဲ့ အန္တရာယ်အနည်းငယ်ရှိလာနိုင်တာကိုသတိပြုဖို့လိုပါတယ် ” လို့ လေကြောင်းမိုးလေဝသဌာနမှူး ဦးဝေဖြိုးဟန်ကပြောပါတယ်။မိုးရွာသွန်းနိုင်တဲ့နေရာတွေကတော့ ရန်ကုန်တိုင်း၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်းအထက်ပိုင်းတို့မှာနေရာကျဲကျဲ မိုးအသင့်အတင့်ရွာသွန်းနိုင်ပြီ းစစ်ကိုင်းတိုင်းအောက်ပိုင်း၊ နေပြည်တော်၊ ကရင်ပြည်နယ်၊မွန်ပြည်နယ်၊ ပဲခူးတိုင်းအရှေ့ပိုင်းနဲ့ တနင်္သာရီတိုင်းမှာနေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်တယ်လို့ သိရပါတယ်။အလားတူ မိုးလေဝသနှင့်ဇလဗေဒညွှန့်ကြားမှုဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူး…

Read More

အမေရိကန်က သတိပေးပေမယ့် ရာဖာကို ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ဆက်လုပ်မယ်လို့ အစ္စရေးပြော

တဲလ်အဗစ် ၊ မေ-၁၀-၂၀၂၄ မျိုးဆက်(VOM) အစ္စရေးရဲ့ ကိုယ့်ကိုကိုယ်ကာကွယ်မှုလုပ်ရပ်တွေကို ဘယ်လိုဖိအားမျိုးကမှ ရပ်တန့်နိုင်မှာမဟုတ်ဘူးကြောင်းနဲ့ ဂါဇာရှိ ရာဖာမြို့မှာ စစ်ဆင်ရေးတွေ ဆက်လုပ်သွားမှာဖြစ်တယ်လို့ အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟုက ပြောပါတယ်။ “ လိုအပ်ရင် ငါတို့တနိုင်ငံတည်းရပ်တည်မယ်။ လိုအပ်ရင် ငါတို့လက်သည်းတွေနဲ့ပါ တို်ကခိုက်ပစ်မယ်” လို့ ဝန်ကြီးချုပ်နေတန်ဟာဟုက ပြောပါတယ်။ ရာဖာမြို့ကို ထိုးစစ်ဆင်မယ်ဆိုရင် မစ္စရေးအတွက် အမြှောက်ကျည်တွေအပါအဝင် လက်နက်တွေပေးပို့မှုကို ရပ်ဆိုင်းမယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောဆိုပြီးနောက် နေတန်ယာဟုက အခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။ အရပ်သားတွေ သေဆုံးမှုကို စိုးရိမ်ပူပန်တာကြောင်း အမေရိကန်က အခုလို ရပ်ဆိုင်းထားတာဖြစ်ပါတယ်။ ဒီမြို့ဟာ ဟားမတ်စ်တို့ရဲ့ နောက်ဆုံးအမာခံနယ်မြေလည်း ဖြစ်ပါတယ်။ “ လွန်ခဲ့တဲ့ ၇၆ နှစ်က လွတ်လပ်ရေးတိုက်ပွဲကို ပြန်အမှတ်ရစေပါတယ်။ ကျွန်တော်တို့ကို ထောက်ခံသူအနည်းစုပါပဲ၊ အဲဒီအချိန်က အစ္စရေးကို လက်နက်ထောက်ပံ့မှုတွေ ပိတ်ပင်ထားတာရှိပေမယ့် စိတ်ဓါတ်ခွန်အား စည်းလုံးညီညွတ်မှုအပြည့်နဲ့…

Read More

This Day In History

Voice of Myanmarအမေရိကန် အက်ဖ်ဘီအိုင်အေးဂျင့် ရောဘတ်ဟန်ဆန်သည် ရုရှားအတွက် သူလျှိုလုပ်ကြောင်း ဝန်ခံပြီးနောက် ၂၀၀၂ ခုနှစ် မေ ၉ ရက်တွင် ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခံခဲ့ရပြီး ၎င်းသည် ဆိုဗီယက်ယူနီယံနှင့် ရုရှားအတွက် နှစ်ထပ်ကွမ်း သူလျှိုများထဲတွင် တန်ဖိုးအရှိဆုံးနှင့် အက်ဖ်ဘီအိုင်သို့ ထိုးဖောက် ဝင်ရောက်လာသမျှထဲတွင် အဆိုးရွားဆုံး သူလျှိုတဦးလည်းဖြစ်သည်။

Read More

မဏိပူရ်ပြည်နယ်မှာ ခိုလှုံနေတဲ့ မြန်မာနိုင်ငံသား ငါးထောင်ကျော်ကို မြန်မာဘက်လွဲပြောင်းပေးမယ်လို့ မဏိပူရ်ပြည်နယ် ဝန်ကြီးချုပ်ပြော

မေ ၊ ၁၀ ၊ ၂၀၂၄ TT (VOM) အိန္ဒိယနိုင်ငံ ၊ မဏိပူရ်ပြည်နယ်ထဲမှာ ခိုလှုံနေထိုင်နေတဲ့ မြန်မာနိုင်ငံသား ငါးထောင်ကျော်ကို နေရပ်ပြန်နိုင်ဖို့အတွက် နကစ အဖွဲ့ထံ လွှဲပြောင်းပေးတော့မယ်လို့ မြန်မာ – အိန္ဒိယ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းရှင်တွေဆီက သိရပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး မိုးရေးမြို့ခံ စီးပွားရေးလုပ်ငန်းရှင် ဦးဂျမားက ” ပြီးခဲ့တဲ့ မေ ၈ ရက်တုန်းက မဏိပူရ်ပြည်နယ် အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဘီရန်ဆင်းက သူ့ရဲ့လူမှုကွန်ရက် X ခေါ် တွစ်တာပေါ်မှာ ရေးသားဖော်ပြထားတယ် ၊ ဝန်ကြီးချုပ် ရေးထားတာကမဏိပူရ်ပြည်နယ်ထဲကို တရားမဝင် ပြောင်းရွှေ့နေထိုင်လာတဲ့ မြန်မာနိုင်ငံသား ၅၄၅၇ ယောက်ရှိတဲ့အနက်က ၅၁၇၃ ယောက်ရဲ့ ကိုယ်ရေးအချက်အလက်နဲ့ ဇီဝဆိုင်ရာ အချက်အလက်တွေကို မဏိပူရ်ပြည်နယ် အစိုးရအဖွဲ့က ကောက်ယူထိန်းသိမ်းထားပြီးဖြစ်တယ် ၊…

Read More

မုံရွာမှာ နစက ကင်းပုန်းအဖွဲ့နဲ့ PDF အဖွဲ့တွေ တိုက်ခိုက်မှု နှစ်ကြိမ်ဖြစ်လို့ ထိခိုက်သေဆုံးသူတွေရှိ

မေ ၊ ၁၀ ၊ ၂၀၂၄ SP ( VOM) စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် ၊ ရွှေဇလုတ်ကျေးရွာနားနဲ့ ညောင်ဖြူပင်ကျေးရွာ ငြိမ်းမယ်တော် တံတားနားမှာ မနေ့ မေ ၉ ရက် မနက်ပိုင်းက ၊ နစက လုံခြုံရေး ကင်းပုန်းအဖွဲ့တွေနဲ့ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” မနေ့ မနက်ပိုင်းက ရွှေဇလုတ်ရပ်ကွက်နားမှာ ပစ်ခတ်မှုတွေဖြစ်တယ် ၊ ကားတွေနဲ့ ဆိုင်ကယ်တွေ ပစ်ခံရတယ် ၊ နောက်ပြီး မုံရွာမြို့နယ်ရဲ့ တောင်ဘက်မှာရှိတဲ့ ညောင်ဖြူပင်ရွာ – မုံရွာလမ်း ငြိမ်းမယ်တော်တံတားနားမှာ ပစ်ခတ်မှုတွေ ဆက်ပြီးဖြစ်တယ် ၊ အဲ့ဒီ ပစ်ခတ်မှုမှာ လူသေဆုံးတာတွေရှိတယ် ” လို့ ဒေသခံ တယောက်က ပြောပါတယ်။…

Read More
VOM News

FREE
VIEW