အမေရိကန်က သတိပေးပေမယ့် ရာဖာကို ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ဆက်လုပ်မယ်လို့ အစ္စရေးပြော

တဲလ်အဗစ် ၊ မေ-၁၀-၂၀၂၄
မျိုးဆက်(VOM)
အစ္စရေးရဲ့ ကိုယ့်ကိုကိုယ်ကာကွယ်မှုလုပ်ရပ်တွေကို ဘယ်လိုဖိအားမျိုးကမှ ရပ်တန့်နိုင်မှာမဟုတ်ဘူးကြောင်းနဲ့ ဂါဇာရှိ ရာဖာမြို့မှာ စစ်ဆင်ရေးတွေ ဆက်လုပ်သွားမှာဖြစ်တယ်လို့ အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟုက ပြောပါတယ်။
“ လိုအပ်ရင် ငါတို့တနိုင်ငံတည်းရပ်တည်မယ်။ လိုအပ်ရင် ငါတို့လက်သည်းတွေနဲ့ပါ တို်ကခိုက်ပစ်မယ်” လို့ ဝန်ကြီးချုပ်နေတန်ဟာဟုက ပြောပါတယ်။
ရာဖာမြို့ကို ထိုးစစ်ဆင်မယ်ဆိုရင် မစ္စရေးအတွက် အမြှောက်ကျည်တွေအပါအဝင် လက်နက်တွေပေးပို့မှုကို ရပ်ဆိုင်းမယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောဆိုပြီးနောက် နေတန်ယာဟုက အခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။
အရပ်သားတွေ သေဆုံးမှုကို စိုးရိမ်ပူပန်တာကြောင်း အမေရိကန်က အခုလို ရပ်ဆိုင်းထားတာဖြစ်ပါတယ်။ ဒီမြို့ဟာ ဟားမတ်စ်တို့ရဲ့ နောက်ဆုံးအမာခံနယ်မြေလည်း ဖြစ်ပါတယ်။
“ လွန်ခဲ့တဲ့ ၇၆ နှစ်က လွတ်လပ်ရေးတိုက်ပွဲကို ပြန်အမှတ်ရစေပါတယ်။ ကျွန်တော်တို့ကို ထောက်ခံသူအနည်းစုပါပဲ၊ အဲဒီအချိန်က အစ္စရေးကို လက်နက်ထောက်ပံ့မှုတွေ ပိတ်ပင်ထားတာရှိပေမယ့် စိတ်ဓါတ်ခွန်အား စည်းလုံးညီညွတ်မှုအပြည့်နဲ့ အောင်ပွဲခံနိုင်ခဲ့တယ်” လို့ နေတန်ယာဟုက ပြောပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့ကတည်းက ရာဖာမြို့ကို အစ္စရေးဗုံးကြဲတိုက်ခိုက်မှုများကြောင့် ရာဖာမြို့မှ လူပေါင်း ရှစ်သောင်းကျော် ဘေးလွတ်ရာ ထွက်ပြေးခဲ့ရကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။
အနီးဝန်းကျင်မှ အကူအညီများ မရောက်ရှိတာကြောင့် မြို့တွင်းမှာ ခိုလှုံနေသူ တသန်းကျော်ဟာ စားနပ်ရိက္ခာနဲ့ လောင်စာဆီကုန်သွားပြီလို့ ကုလသမဂ္ဂက သတိပေးထားပါတယ်။
Ref:BBC
Photo:Reuters/AFP

Related posts

Leave a Comment

VOM News

FREE
VIEW