ဗြိတိန်တက္ကသိုလ် ၁၀ ခုမှာ အစ္စရေး ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ဖြစ်ပွား

လန်ဒန်၊ မေ-၉-၂၀၂၄ မျိုးဆက်(VOM) ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးရဲ့ တိုက်ခိုက်မှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ အမေရိကန်တက္ကသိုလ်တွေမှာ ဆက်လက်ဖြစ်ပွားချိန်မှာပဲ ဗြိတိန်နိုင်ငံတဝန်းရှိ တက္ကသိုလ် ၁၀ ခုမှာလည်း အစ္စရေးဆန့်ကျင်ရေးဆန္ဒပြပွဲတွေ ဖြစ်ပွားနေပါတယ်။ ဆန္ဒပြမှုတွေအတွင်း လူအများအပြားကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ ကိန်းဘရစ်ချ်တက္ကသိုလ်မှ ကျောင်းသားတွေနဲ့ ဝန်ထမ်းတွေဟာ ယာယီတဲအလုံး ၅၀ နီးပါးနဲ့ စခန်းချ ဆန္ဒပြနေကြပါတယ်။ အစ္စရေးကို လက်နက်ထောက်ပံ့နေတဲ့ ကုမ္ပဏီတွေနဲ့ တက္ကသိုလ်များအကြား ဆက်နွယ်မှုတွေကို ဖြတ်တောက်ဖို့နဲ့ အဲဒီလုပ်ငန်းတွေက ထောက်ပံ့တဲ့ ရန်ပုံငွေတွေကို လက်မခံသင့်ကြောင်း ဆန္ဒပြသူတွေက ပြောပါတယ်။ တောင်းဆိုချက်တွေကို လိုက်လျောတဲ့ထိ ဆန္ဒပြမှုတွေ ဆက်လက်လုပ်ဆောင်မယ်လို့ ဆန္ဒပြ တက္ကသိုလ်ကျောင်းသားတွေကပြောပါတယ်။ ပညာရေးဆိုင်ရာတက္ကသိုလ်တွေမှာ အခုလို ဘာသာ ကိုးကွယ်ယုံကြည်မှုနဲ့ဆက်နွယ်တဲ့ ဆန့်ကျင်မှုတွေ မြင့်တက်နေတာဟာ ခက်ခံဖွယ်မရှိကြောင်း ဗြိတိန်ဝန်ကြီးချုပ် ဆူနက်ခ်က အစိုးရအဖွ့ဲအစည်းအဝေးမှာ ပြောပါတယ်။ လက်ခံနိုင်ဖွယ်ရှိတဲ့ ဆန္ဒပြမှုတွေနဲ့ ပတ်သက်ပြီး…

Read More

ဘရာဇီးရေဘေး သေဆုံးသူ ၁၀၀ ကျော်ရှိလာပြီး ၁၂၈ ယောက် ပျောက်ဆုံးနေ

ဘရာဆီးလီးယား၊ မေ-၉-၂၀၂၄ မျိုးဆက်(VOM) ဘရာဇီးနိုင်ငံတောင်ပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် သေဆုံးသူအရေအတွက်ဟာ ၁၀၀ ကျော်ထိ မြင့်တက်လာကြောင်း အာဏာပိုင်တွေက အတည်ပြုထုတ်ပြ်ပါတယ်။ လက်ရှိချိန်ထိ လူ ၁၀၀ ကျော်သေဆုံးပြီး ၁၂၈ ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း တာဝန်ရှိသူတွေက ထုတ်ပြန်ထားပြီး ရေဘေးသင့် ဒေသအချို့မှာ လုယက်မှုများကြောင့် လုံခြုံရေးစိုးရိမ်ပူပန်မှုတွေရှိနေကြောင်း ဒေသခံတွေကပြောပါတယ်။ ရေဘေးကြောင့် လူပေါင်း တသိန်းခြောက်သောင်းကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားရပြီး လျှပ်စစ်နဲ့ ရေပြတ်လပ်သူ ဒေသခံ ၁ ဒသမ ၄၅ သန်းရှိတယ်လို့ ဒေသန္တရ တာဝန်ရှိသူတွေကပြောပါတယ်။ ရီယိုဂရန်ဒီဒိုဆူလ်ပြည်နယ်ဟာ ဘရာဇီးနိုင်ငံရဲ့ ဆန်ရေစပါး ၇၀ ရာခိုင်နှုန်းကို ထုတ်လုပ်ပေးနေတဲ့ ပြည်နယ်တခုဖြစ်ပါတယ်။ ဘရာဇီးသမ္မတ လူလာကတော့ လိုအပ်ရင် ဆန်နဲ့ အခြားပစ္စည်းတွေကို တင်သွင်းမယ်လို့ ပြောဆိုထားပါတယ်။ ဧပြီနှောင်းပိုင်းမှာ စတင်ခဲ့တဲ့ မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် ရီယိုဂရန်ဒီဒိုဆူလ် ပြည်နယ်တဝန်းမှာ ရေကြီးရေလျှံမှုတွေ အကြီးအကျယ်…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (မေ – ၉ ရက်)

Voice of Myanmar-အမေရိကန်ဒေါ်လာရောင်းဈေး – ၃၉၉၀ ကျပ်ဝယ်ဈေး – ၃၉၅၀ ကျပ်-စင်္ကာပူဒေါ်လာရောင်းဈေး – ၂၉၄၅ ကျပ်ဝယ်ဈေး – ၂၈၇၀ ကျပ်-ယူရိုရောင်းဈေး – ၄၂၉၀ ကျပ်ဝယ်ဈေး – ၄၁၆၀ ကျပ်-ထိုင်းဘတ်ရောင်းဈေး – ၁၀၈.၀၂ ကျပ်ဝယ်ဈေး – ၁၀၅.၈၆ ကျပ်-မလေးရှားရင်းဂစ်ရောင်းဈေး – ၈၄၁ ကျပ်ဝယ်ဈေး – ၈၁၅ ကျပ်-တရုတ်ယွမ်ရောင်းဈေး – ၅၅၂ ကျပ်ဝယ်ဈေး – ၅၃၈ ကျပ်-ဂျပန်ယန်းရောင်းဈေး – ၂၅.၆၅ ကျပ်ဝယ်ဈေး – ၂၄.၈၈ ကျပ်-အိန္ဒိယရူပီးရောင်းဈေး – ၄၇.၈၁ ကျပ်ဝယ်ဈေး – ၄၆.၃၈ ကျပ်-ကိုရီးယားဝမ်ရောင်းဈေး – ၂.၉၁ ကျပ်ဝယ်ဈေး – ၂.၈၂ ကျပ်-စတာလင်ပေါင်ရောင်းဈေး – ၄၈၈၇ ကျပ်ဝယ်ဈေး…

Read More

ရာဖာမြို့ကို အစ္စရေးထိုးစစ်ဆင်ရင် လက်နက်ထောက်ပံ့မှုတွေ ရပ်မယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ပြော

ဝါရှင်တန် ၊ မေ-၉-၂၀၂၄မျိုးဆက်(VOM)အစ္စရေးအနေနဲ့ ရာဖာမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်မယ်ဆိုရင် အမေရိကန်က လက်နက်အချို့ထောက်ပံ့မှုကို ရပ်ဆိုင်းသွားမှာဖြစ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က သတိပေးပြောဆိုလိုက်ပါတယ်။“ အစ္စရေးတပ်တွေ ရာဖာထဲရောက်သွားရင် ကျွန်တော်တို့ရဲ့ လက်နက်တွေ ထုတ်ပေးမှာ မဟုတ်ပါဘူး” လို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က စီအင်န်အင်န်နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဆိုပါတယ်။အမေရိကန်ဘက်က ခိုင်မာပြတ်သားတဲ့ ကန့်ကွက်မှုတွေရှိနေပေမယ့် အစ္စရေးကတော့ ရာဖာကို အကြီးအကျယ်ထိုးစစ်ဆင်ဖို့ အသင့်ဖြစ်နေပုံရပါတယ်။ ဂါဇာတောင်ပိုင်းရှိ လူစည်ကားတဲ့ ဒီမြို့ဟာ ဟားမတ်စ်တို့ရဲ့ နောက်ဆုံးအမာခံမြေလည်းဖြစ်ပါတယ်။ဂါဇာကမ်းမြှောင်အခြားဒေသတွေက ဒုက္ခသည်အများအပြားပါ ခိုလှုံနေတဲ့ရာဖာကို အစ္စရေးက စစ်ဆင်ရေးလုပ်မယ်ဆိုရင် အရပ်သားအသေအပျောက် များပြားနိုင်တယ်လို့ အမေရိကန်တာဝန်ရှိသူတွေက သတိပေးထားပါတယ်။“ ဒီလိုလုပ်မယ်ဆိုရင် လက်နက်တွေနဲ့ အမြောက်ကျည်တွေ ထောက်ပံ့ပေးမှာ မဟုတ်တော့ပါဘူး။ ဒါကို နေတန်ယာဟုနဲ့ အစ္စရေးစစ်ဝန်ကြီးအဖွဲ့ကို ရှင်းရှင်းလင်းလင်း ပြောပြထားတယ်” လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောပါတယ်။အမေရိကန်အနေဖြင့် ရာဖာမြို့ကို စစ်ဆင်ရေးနယ်မြေအဖြစ် ယူဆမထားကြောင်းနဲ့ ဂါဇာအရပ်သားတွေ သေဆုံးမှုမှာ…

Read More

This Day In History

Voice of Myanmarတောင်အာဖရိက ပါလီမန်သစ်သည် နိုင်ငံ၏ ပထမဆုံးသော လူမည်းသမ္မတအဖြစ် နယ်လ်ဆင်မင်ဒဲလားကို ၁၉၉၄ ခုနှစ် မေ ၉ ရက်တွင် ကန့်ကွက်သူမရှိ အတည်ပြုရွေးချယ်ခဲ့ကြသည်။

Read More

ရန်ကုန်မှာ အငှားယဥ်ေမာင်းသူတွေ အသတ်ခံရတာ အဖြစ်များလာပြီးနောက် လုံခြုံရေး အဆင့်မြှင့်တင်

မေ ၊ ၉ ၊ ၂၀၂၄TT (VOM)ရန်ကုန်မှာ အငှားယာဥ်မောင်း (တက္ကစီကားသမား) အသတ်ခံရတာ အဖြစ်များလာပြီးနောက် ၊ ယာဥ်မောင်းသူရဲ့ အသက်အန္တရာယ် လုံခြုံရေးအတွက် ယာဥ်မောင်းခုံနောက်ကျောနဲ့ ခရီးသည်ကြား သံဇကာတွေ တပ်ဆင်လာတယ်လို့ ကားသမားတွေဆီက သိရပါတယ်။” ခရီးသည် (ဒုစရိုက်သမား) က နောက်ခန်းက လိုက်လာပြီး ၊ ကားသမားရဲ့ လည်ပင်းကို နောက်ကနေညှစ်တယ် ၊ နောက်ပြီး ကားသမားကိုသတ်ပြီး ကားလုခံရတဲ့ ဖြစ်စဥ်တွေရှိတယ် ၊ အဲ့ဒါကြောင့် ကားသမားနဲ့ ခရီးသည်ကြား သံဇကာတွေ တပ်ဆင်ရတာဖြစ်တယ် ၊ ကားတစီးကို ပစ္စည်းဖိုး လက်ခပါပြီး ငါးသောင်းကျော်လောက်ကုန်ကျတယ် ” လို့ တက္ကစီကားမောင်းသူ တယောက်က ပြောပါတယ်။ရန်ကုန်တိုင်း ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က” ပြီးခဲ့တဲ့ သုံးနှစ်တာကာလအတွင်း အငှားယာဥ် လုယက် လူသတ်မှုဖြစ်စဥ် အရေအတွက် နှစ်ဆယ်ကျော်ဝန်းကျင်ရှိမယ် ၊…

Read More

စံပြဈေးအနီး လူကူးခုံးတံတားပေါ်က လူငယ်တယောက် ခုန်ချမှုဖြစ်ပွား

မေ ၈ – ၂၀၂၄SN (VOM)ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ စံပြဈေးအနီး လူကူးခုံးတံတားပေါ်ကနေ ဒီကနေ့ မေ ၈ ရက်က လူငယ်တယောက် ခုန်ချမှုဖြစ်ပွားခဲ့တယ်လို့ မျက်မြင်‌တွေ့ရှိသူတွေဆီက သိရပါတယ်။အဲဒီဖြစ်စဥ်ဟာ ဒီကနေ့ နေ့လယ် ၁ နာရီခွဲဝန်းကျင်မှာ ဖြစ်ပွားခဲ့တာလို့ သိရပြီး ခုံးတံတားပေါ်က‌ ခုန်ချခဲ့သူဟာ အသက် ၂၀ ကျော်အရွယ် လူငယ် အမျိုးသားတယောက် ဖြစ်တယ်လို့ သိရပါတယ်။“ကောင်လေးက သွေးတွေကတော့ အများကြီး ထွက်နေတာ။ ခဏနေတော့ လူမှုကူညီရေးအသင်းကား ရောက်လာပြီး ခေါ်သွားတာတွေ့တယ်” လို့ မျက်မြင်‌တွေ့ရှိသူက ပြောပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ အသေးစိတ်အချက်အလက် သိရှိလိုတာကြောင့် သွားရောက်ကူညီခဲ့တဲ့ လူမှုကူညီရေးအသင်းဆီ VOM က ဖုန်းနဲ့ ဆက်သွယ် မေးမြန်းရာမှာတော့ မဖြေဆိုခဲ့ပါဘူး။လက်ရှိကာလအတွင်း အလားတူ ဖြစ်စဉ်တွေ မကြာခဏဆိုသလို ဖြစ်ပွားလျက်ရှိတာမှာ ပြီးခဲ့တဲ့ ဧပြီ ၂၆ ရက်နေ့ကလည်း ရန်ကုန်တိုင်း၊…

Read More

ဘုတ်ပြင်း-တနင်္သာရီလမ်းပိုင်း ပြန်မဖွင့်သေးလို့ ကုန်ပစ္စည်းတင်ပို့မှု အခက်တွေ့

မေ ၈ – ၂၀၂၄ SN (VOM) တိုက်ပွဲကြောင့် ဘုတ်ပြင်း-တနင်္သာရီလမ်းပိုင်း ပြန်မဖွင့်သေးလို့ ကုန်ပစ္စည်းတင်ပို့မှုအပါအဝင် သွားရေးလာရေးကအစ အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေနဲ့ ကုန်တင်ကား မောင်းနှင်သူတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၂၉ ရက်နေ့ကစပြီး ဘုတ်ပြင်းနဲ့ တနင်္သာရီနယ်စပ်ရှိ နစကရဲ့ ၁၀၂၀ ပွိုင့်ကုန်းကို တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်တာမှာ ဒီကနေ့ မေ ၇ ရက်အထိ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ ဒီတိုက်ပွဲကြောင့် ဘုတ်ပြင်း-တနင်္သာရီလမ်းပိုင်းကို နစကဘက်ကရော တော်လှန်တပ်ဖွဲ့တွေဘက်ကပါ ပိတ်ထားတဲ့အတွက် ကားအစီးရေ ၇၀ ဝန်းကျင်လောက် တနင်္သာရီမြို့နယ်အတွင်း ပိတ်မိနေပြီး ကုန်စည်စီးဆင်း‌မှု အခက်အခဲတွေလည်း ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ “အခုက အတက်အဆင်းကားတွေ အကုန်ပိတ်မိနေတာ။ အစီးရေ ၇၀ ဝန်းကျင်လောက်တော့ ရှိမယ်။ လူတွေကတော့ ခန့်မှန်းခြေ နှစ်ရာကျော်လောက်တော့ ရှိမယ်ထင်တယ်။…

Read More

ယနေ့ ရွှေဈေး (မေ – ၈ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၃၀၄ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၇၈၅၀၀၀ ကျပ် ဝယ်ဈေး ၄၇၄၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၅၈၅၀၀၀ ကျပ် ဝယ်ဈေး ၄၅၄၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

ကုမ္ပဏီ ၅၀၀ ဝန်းကျင် မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခံရသလို နိုင်ငံခြား ငွေလဲကောင်တာ ၆၅ ခုထက်မနည်း အရေးယူခံရ

မေ ၈ – ၂၀၂၄SN (VOM)မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေအရ နှစ်စဉ်အစီရင်ခံစာ (Annual Return-AR) တင်ပြဖို့ ပျက်ကွက်ခဲ့တဲ့ ကုမ္ပဏီပေါင်း ၅၀၀ ဝန်းကျင် မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခံခဲ့ရသလို နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေပါ အချက်တွေကို လိုက်နာခြင်းမရှိတဲ့ နိုင်ငံခြားငွေလဲကောင်တာ ၆၅ ခုထက်မနည်း အရေးယူခံရတယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေပုဒ်မ ၉၇ (က) အရ ကုမ္ပဏီအားလုံးဟာ ဖွဲ့စည်းတည်ထောင်တဲ့နေ့မှ နှစ်လအတွင်းနဲ့ အဲဒီနောက်ပိုင်းကာလအတွက် နှစ်စဉ် အနည်းဆုံး တကြိမ် (ဒါမှမဟုတ်) နှစ်ပတ်လည်ကာလ ကုန်ဆုံးပြီးနောက် တလထက်နောက်မကျစေဘဲ ကုမ္ပဏီရဲ့ အသေးစိတ် ဖော်ပြချက်တွေပါရှိတဲ့ နှစ်စဉ်အစီရင်ခံစာ (AR) ကို သတ်မှတ်ပုံစံနဲ့ မှတ်ပုံတင်အရာရှိထံကို တင်ပြရမှာဖြစ်တယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) က အသိပေးထားပြီး ဖြစ်ပါတယ်။AR တင်ပြရမယ့်ရက်ထက် ၂၈ ရက်…

Read More
VOM News

FREE
VIEW