ရန်ကုန်မှာ အငှားယဥ်ေမာင်းသူတွေ အသတ်ခံရတာ အဖြစ်များလာပြီးနောက် လုံခြုံရေး အဆင့်မြှင့်တင်



မေ ၊ ၉ ၊ ၂၀၂၄
TT (VOM)

ရန်ကုန်မှာ အငှားယာဥ်မောင်း (တက္ကစီကားသမား) အသတ်ခံရတာ အဖြစ်များလာပြီးနောက် ၊ ယာဥ်မောင်းသူရဲ့ အသက်အန္တရာယ် လုံခြုံရေးအတွက် ယာဥ်မောင်းခုံနောက်ကျောနဲ့ ခရီးသည်ကြား သံဇကာတွေ တပ်ဆင်လာတယ်လို့ ကားသမားတွေဆီက သိရပါတယ်။

” ခရီးသည် (ဒုစရိုက်သမား) က နောက်ခန်းက လိုက်လာပြီး ၊ ကားသမားရဲ့ လည်ပင်းကို နောက်ကနေညှစ်တယ် ၊ နောက်ပြီး ကားသမားကိုသတ်ပြီး ကားလုခံရတဲ့ ဖြစ်စဥ်တွေရှိတယ် ၊ အဲ့ဒါကြောင့် ကားသမားနဲ့ ခရီးသည်ကြား သံဇကာတွေ တပ်ဆင်ရတာဖြစ်တယ် ၊ ကားတစီးကို ပစ္စည်းဖိုး လက်ခပါပြီး ငါးသောင်းကျော်လောက်ကုန်ကျတယ် ” လို့ တက္ကစီကားမောင်းသူ တယောက်က ပြောပါတယ်။

ရန်ကုန်တိုင်း ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က
” ပြီးခဲ့တဲ့ သုံးနှစ်တာကာလအတွင်း အငှားယာဥ် လုယက် လူသတ်မှုဖြစ်စဥ် အရေအတွက် နှစ်ဆယ်ကျော်ဝန်းကျင်ရှိမယ် ၊ ယာဥ်နဲ့ ယာဥ်မောင်း အခုထိ အစပျောက်နေတဲ့ ဖြစ်စဥ်တွေလည်းရှိတယ် ၊ ခရီးသည်က ရန်ပြုလို့ သေဆုံးရတဲ့ ယာဥ်မောင်းတွေလည်းရှိတယ် ၊ ဒီနှစ်ထဲမှာ ကားသမားတချို့ လူသတ် လုယက်ခံရတဲ့ ဖြစ်စဥ် လေးငါးခုလောက်ရှိတယ် ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက်ညက အရှေ့မြင်းပြိုင်ကွင်းလမ်းထိပ် ၊ အမှတ် ၁၆၄ လမ်းမှာ အငှားယာဥ် တက္ကစီးမောင်းသမား ဓားထိုးခံရလို့ သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက် ညနက်ပိုင်းက တာမွေမြို့နယ် ၊ ယုဇနပလာဇာနားမှာ တက္ကစီယာဥ်မောင်း ဓားထိုးခံရပြီး ၊ ကားလုယက်ခံရတဲ့ ဖြစ်စဥ် တခုဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်ယာဥ်မှုစစ်အရာရှိတယောက်က
” ရန်ကုန်တိုင်းက ကညနရုံးမှာ မှတ်ပုံတင်ထားတဲ့ တက္ကစီ အစီးရေ ခြောက်သောင်းဝန်းကျင် (၅၉၀၀၀) ရှိတယ် ၊ ဒါ့အပြင် YRTC မှတ်ပုံတင်ထားတဲ့ ယာဥ်အစီးရေ ငါးသောင်းသုံးထောင်ရှိတယ် ၊ စီးတီးတက္ကစီယာဉ်တွေကို အဝါရောင်လိုင်း စတေကာကပ်ခြင်းဟာ ၊ ပုဂ္ဂလိက တဦးချင်းပိုင် ယာဥ်တွေကို စုစည်းပြီး အငှာယာဥ် တက္ကစီယာဥ်မှန်းသိအောင် ၊ကွဲပြားခြားနားအောင် နိုင်ငံတကာ တက္ကစီယာဥ်တွေလို ပြုလုပ်ထားတာဖြစ်တယ် ” လို့ ပြောပါသေးတယ်။

ဓာတ်ပုံ ၊ တက္ကစီယာဥ်တွေ ပြုပြင်ထားတဲ့ မြင်ကွင်း (ဒေသခံ ကားသမားတယောက်)

Related posts

Leave a Comment

VOM News

FREE
VIEW