ပြုံးမယောင် မျက်နှာကလေးရဲ့ နုတဲ့ပါးပြင်ဆီ

    ဆူးငှက်     “မြို့မ ဗုဒ္ဓဝေယျာဝစ္စ တူရိယာအသင်း””ကို ၁၉၂၅ ခုနှစ်တွင် စတင်သ ေန္ဓတည်၍ ၁၉၂၈ ခုနှစ်တွင် အပီအပြင် ဖွဲ့စည်းရာ၌ ဓားတန်းဦးသန့်က လက်မွန်မဆွ ဦးဆောင်ပါဝင်ခဲ့သောကြောင့် ဖြစ်ပါ၏။ ဓားတန်းဦးသန့်(ကိုသန့်) အပါအဝင် ကိုဘညိန်း(မြို့မငြိမ်း)၊ ကိုဘငွေ၊ ကိုဘသက်၊ ကိုလှဒင်၊ ကိုမြသိန်း၊ ကိုရင်လေး၊ ကိုဘဒင်၊ ကိုဘကြင်၊ ကိုအုံး စသည့် လူငယ်များ စုစည်းတည်ထောင်သည့် မြို့မတူရိယာအသင်းသည် မူလက ဗုဒ္ဓဝေယျာဝစ္စ အပျော်တမ်းတူရိယာအသင်းဟု အမည်ပေးကာ တီးမှုတ် သီဆိုဖျော်ဖြေမှု အတွက်သာဟု ယူဆနိုင်သော်လည်း ဓားတန်းကိုသန့်နှင့် မြို့မငြိမ်းဖြစ်လာမည့် ကိုဘညိန်းတို့၏ ဂီတပါရမီနှင့် ဂီတလေ့လာအားများက ရေရှည်မျှော်ကြည့်သော အမြင်များရှိကြောင်း အသင်း၏ ရည်ရွယ်ချက်၆ရပ်တွင် တွေ့ရှိနိုင်သည်။       သည်ကတည်းက ၂၈လမ်း တရုတ်တန်းသား ကိုဘညိန်းနှင့်…

Read More

လကမ္ဘာပေါ်က ကျောက်သားနမူနာတွေရယူဖို့ စူးစမ်းလေ့လာရေးယာဉ် တရုတ်နိုင်ငံ စေလွှတ်

ပေကျင်း၊ မေ-၄-၂၀၂၄မျိုးဆက်(VOM)တရုတ်နိုင်ငံဟာ လကမ္ဘာရဲ့အစွန်အဖျားပိုင်းကနေ ကမ္ဘာ့ပထမဆုံးအကြိမ်အဖြစ် ကျောက်သားနမူနာတွေရယူဖို့ စူးစမ်းလေ့လာရေးယာဉ်ကို စေလွှတ်လိုက်ပါတယ်။Chang’e-6 စူးစမ်းလေ့လာရေးယာဉ်ကို တင်ဆောင်ထားတဲ့ ဒုံးပျံကို ဝမ်ချန် အာကာသစခန်းကနေ မေ ၃ ရက် ဒေသစံတော်ချိန် ၅ နာရီ ၂၇ မိနစ်မှာ လွှတ်တင်ခဲ့တာဖြစ်ပါတယ်။စူးစမ်းလေ့လာရေးယာဉ်ရဲ့ ၅၃ ရက်ကြာခရီးစဉ်အတွင်း လကမ္ဘာရဲ့ နေရောင်မကျတဲ့ အမှောင်ဘက်ခြမ်းကနေ နမူနာ နှစ်ကီလိုဂရမ်ကို ယူဆောင်လာဖို့ ရည်ရွယ်ထားပြီး ဒါဟာ မဆုံးအကြိမ်ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ဒါအပြင် စူးစမ်းလေ့လာရေးယာဉ်ဟာ လကမ္ဘာရဲ့ တောင်ဝန်ရိုးစွန်းက အေကန်လွင်ပြင် ချိုင့်ကြီးထဲကိုလည်း ဆင်းသက်ဖို့ စီစဉ်ထားတယ်လို့ တရုတ်အာကာသအေဂျင်စီ တာဝန်ရှိသူတွေက ပြောပါတယ်။ဒီခရီးစဉ်ဟာ ယခုဆယ်စုနှစ်အတွင်း တရုတ်နိုင်ငံက စီစဉ်ထားတဲ့ လူလိုက်ပါခြင်းမရှိတဲ့ လကမ္ဘာခရီးစဉ်တွေထဲက ပထမဆုံးသော ခရီးစဉ်လည်းဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ငါးနှစ်ကတော့ တရုတ်နိုင်ငံဟာ လကမ္ဘာရဲ့အမှောင်ဘက်ခြမ်းကို စူးစမ်းလေ့လာရေးယာဉ်စေလွှတ်နိုင်ခဲ့တဲ့ ပထမဆုံးနိုင်ငံဖြစ်လာပါတယ်။၂၀၃၀ ခုနှစ်မှာတော့ တရုတ်နိုင်ငံဟာ အာကာသယာဉ်မှူးတွေကို…

Read More

This Day in History

Voice of Myanmarအိန္ဒိယနိုင်ငံတွင် အကြမ်းမဖက်သောနည်းဖြင့် အာဏာဖီဆန်ရေးလှုပ်ရှားမှုကိုဦးဆောင်ခဲ့သည့် မဟတ္တမဂန္ဒီကို ၁၉၃၀ပြည့်နှစ် မေ ၄ ရက်တွင် ဗြိတိသျှအစိုးရက ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

Read More

ရွှေဘိုမှာ ဓားပြအဖွဲ့က ပစ်သတ်လို့ အိမ်ရှင် လင်မယား နှစ်ယောက်သေဆုံး

မေ ၊ ၃ ၊ ၂၀၂၄SP (VOM)စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့ ၊ အမှတ် ၉ ရပ်ကွက်မှာနေတဲ့ အိမ်တအိမ်မှာ ဒီကနေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင်က ဓားပြတိုက်ခံရပါတယ် ။ အဲဒီ ဓားပြမှုဖြစ်စဥ်မှာ ဓားပြအဖွဲ့တွေက ရွှေထည်ပစ္စည်းတွေနဲ့ ဆိုင်ကယ်တွေပါ လုယူသွားတဲ့အပြင် အိမ်ရှင်လင်မယားဖြစ်သူ လူနှစ်ယောက်ကိုလည်း သတ်ဖြတ်သွားတယ်လို့ ရွှေဘိုမြို့ခံတွေဆီက သိရပါတယ်။” ဒီမနက် ၁၀ နာရီလောက်ကဖြစ်သွားတယ် ၊ ဓားပြအဖွဲ့က သတ်လို့သေဆုံးသူ လင်မယားနှစ်ယောက်က ဦးဘိုးကေနဲ့ သူ့မိန်းမ မမြင့်မြင့်သန်း ဖြစ်တယ် ၊ ကနဦး သိရတာက ကြိုးတုပ်ပြီး သတ်သွားတာဖြစ်တယ် “လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ရွှေဘိုခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က” အိမ်ရှင်လင်မယားကို ပစ်သတ်ပြီး နေအိမ်အတွင်းမှာရှိတဲ့ ပိုက်ဆံနဲ့ ရွှေထည်ပစ္စည်းတွေ…

Read More

ယနေ့ ရွှေဈေး (မေ – ၃ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၂၉၉ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၇၃၅၀၀၀ ကျပ် ဝယ်ဈေး ၄၆၉၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၅၃၅၀၀၀ ကျပ် ဝယ်ဈေး ၄၄၉၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

ဘရာဇီးရေဘေး လူ ၃၀ သေဆုံးပြီး ၆၀ ကျော်ပျောက်ဆုံးနေ

ဘရာဆီးလီးယား၊ မေ-၃-၂၀၂၄မျိုးဆက်(VOM)ဘရာဇီးနိုင်ငံတောင်ပိုင်းမှာ ရက်အတန်ကြာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် လူ ၃၀ ထက်မနည်း သေဆုံးခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ရေကြီးရေလျှံမှုများအတွင်း ရီယိုဂရန်ဒီဒိုဆူလ်ပြည်နယ်မှာ လူ ၆၀ ကျော်ပျောက်ဆုံးနေပါတယ်။ ဒေသခံတွေဟာ ဧပြီ ၂၇ ရက်ကတည်းက သူတိုရဲ့ နေအိမ်များကို စွန့်ခွာနေခဲ့ရပြီး လူပေါင်းငါးသိန်းဟာ လျှပ်စစ်နဲ့ သန့်ရှင်းတဲ့ သောက်သုံးရေ ပြတ်လပ်နေပါတယ်။ကိုတီပိုရာနဲ့ ဘန်တိုဂွန်ကယ်ဗက်မြို့ကြားရှိ ရေကာတာတခုလည်း ကျိုးပေါက်ခဲ့ပြီး ခြောက်ပေကျော်မြင့်တဲ့ ရေလှိုင်းများဖြစ်ပေါ်ခဲ့ကာ ပြည်နယ်အတွင်း ပျက်စီးဆုံးရှုံးမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့ပါတယ်။လက်ရှိမှာတော့ ပျောက်ဆုံးနေသူတွေနဲ့ ပိတ်မိနေသူတွေကို ကယ်ဆယ်ဖို့ ရဟတ်ယာဉ်တွေလည်း စေလွှတ်ဖြန့်ကြက်ထားပြီး အချို့နေရာတွေမှာ အခြေအနေဆိုးရွားမှုကြောင့် ရဟတ်ယာဉ် ဆင်းသက်နိုင်ခြင်းမရှိကြောင်း ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။လာမယ့် ရက်များအတွင်း မိုးဆက်လက်ရွာသွန်းနိုင်ကြောင်း မိုးလေဝသပညာရှင်များက ခန့်မှန်းထားပါတယ်။ ပြီးခဲ့သည့်နှစ်ကလည်း ဒီပြည်နယ်မှာပဲ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် လူ ၃၀ ကျော် သေဆုံးခဲ့ပါတယ်။Ref:BBCPhoto:Reuters

Read More

ဂါဇာအရေးကြောင့် အစ္စရေးနဲ့ ကုန်သွယ်မှုအားလုံး တူရကီ ရပ်ဆိုင်း

အန်ကာရာ၊ မေ-၃-၂၀၂၄မျိုးဆက်(VOM)ဂါဇာကမ်းမြှောင်ဒေသကို အစ္စရေးရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုများအတွင်း ဆိုးရွားတဲ့ လူသားချင်းစာနာမှုဆိုင်ရာတွေ ဖြစ်ပေါ်မှုတွေကြောင့် တူရကီဟာ အစ္စရေးနဲ့ ကုန်သွယ်မှုအားလုံးကို ရပ်ဆိုင်းလိုက်ပါတယ်။ဂါဇာကမ်းမြှောင်ဒေသသို့ အထောက်အပံ့တွေ အနှောက်အယှက်ကင်းကင်းနဲ့ လုံလောက်စွာ စီးဆင်းမှုကို အစ္စရေးကခွင့်ပြုပေးတဲ့ အချိန်ထိ ကုန်သွယ်မှုတွေကို ရပ်ဆိုင်းထားမှာဖြစ်ကြောင်း တူရကီကုန်သွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။နှစ်နိုင်ငံအကြား ကုန်သွယ်မှုဟာ ယမန်နှစ်က ဒေါ်လာ ၇ ဘီလီယံန်ီးပါးထိရှိခဲ့ပါတယ်။ ဒီလုပ်တာဟာ တူရကီသမ္မတအာဒိုဂန်ရဲ့ အာဏာရှင်ဆန်တဲ့ အပြုအမူဖြစ်ကြောင်း အစ္စရေးနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။အာဒိုဂန်ဟာ တူရကီပြည်သူတွေနဲ့ စီးပွားရေးသမားတွေရဲ့ အကျိုးစီးပွားနဲ့ နိုင်ငံတကာ ကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက်တွေကို လျစ်လျူရှုထားကြောင်း အစ္စရေးတာဝန်ရှိသူတွေက ဝေဖန်ပြောဆိုထားပါတယ်။၁၉၄၉ ခုနှစ်မှာ တူရကီဟာ အစ္စရေးနိုင်ငံကို အသိအမှတ်ပြုခဲ့တဲ့ ပထမဆုံးသောမွတ်ဆလင်နိုင်ငံဖြစ်ပါတယ်။ ဒါပေမယ့်လည်း မကြာသေးမီ ဆယ်စုနှစ်များအတွင်း နှစ်နိုင်ငံအကြား ဆက်ဆံရေး ဆိုးရွားလာခဲ့ပါတယ်။Ref:ReutersPhoto:Getty Images

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (မေ – ၃ ရက်)

Voice of Myanmar-အမေရိကန်ဒေါ်လာရောင်းဈေး – ၃၉၆၀ ကျပ်ဝယ်ဈေး – ၃၉၀၀ ကျပ်-စင်္ကာပူဒေါ်လာရောင်းဈေး – ၂၈၇၀ ကျပ်ဝယ်ဈေး – ၂၈၂၀ ကျပ်-ယူရိုရောင်းဈေး – ၄၃၀၁ ကျပ်ဝယ်ဈေး – ၄၂၁၀ ကျပ်-ထိုင်းဘတ်ရောင်းဈေး – ၁၀၇.၅၃ ကျပ်ဝယ်ဈေး – ၁၀၅.၂၆ ကျပ်-မလေးရှားရင်းဂစ်ရောင်းဈေး – ၈၈၇ ကျပ်ဝယ်ဈေး – ၈၇၇ ကျပ်-တရုတ်ယွမ်ရောင်းဈေး – ၅၄၀ ကျပ်ဝယ်ဈေး – ၅၃၀ ကျပ်-ဂျပန်ယန်းရောင်းဈေး – ၂၅.၉၁ ကျပ်ဝယ်ဈေး – ၂၅.၃၆ ကျပ်-အိန္ဒိယရူပီးရောင်းဈေး – ၄၇.၃၇ ကျပ်ဝယ်ဈေး – ၄၆.၃၇ ကျပ်-ကိုရီးယားဝမ်ရောင်းဈေး – ၂.၉၀ ကျပ်ဝယ်ဈေး – ၂.၈၄ ကျပ်-စတာလင်ပေါင်ရောင်းဈေး – ၄၈၈၇ ကျပ်ဝယ်ဈေး…

Read More

ယနေ့ ရွှေဈေး (မေ – ၃ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar-ကမ္ဘာ့ရွှေဈေးတအောင်စ ၂၃၀၄ ဒေါ်လာ-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)ရောင်းဈေး ၄၇၅၀၀၀၀ ကျပ်ဝယ်ဈေး ၄၇၁၀၀၀၀ ကျပ်-၁၅ ပဲရည် တကျပ်သားရောင်းဈေး ၄၅၅၀၀၀၀ ကျပ်ဝယ်ဈေး ၄၅၁၀၀၀၀ ကျပ်“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

တောင်ကိုရီးယားသံရုံးတွေကို မြောက်ကိုရီးယားက တိုက်ခိုက်နိုင်ခြေကြောင့် လုံခြုံရေးသတိပေးချက် တိုးမြှင့်

ဆိုးလ်၊ မေ-၃-၂၀၂၄မျိုးဆက်(VOM)တောင်ကိုရီးယားအစိုးရရဲ့ ပြည်ပရှိသံရုံးတွေကို မြောက်ကိုရီးယားက အန္တရာယ်ပြုလာနိုင်ကြောင်း ထောက်လှမ်းရေးသတင်းအချက်အလက်များကြောင့် သံရုံးငါးခုရဲ့ အကြမ်းဖက်သတိချက်အဆင့်ကို တောင်ကိုရီးယား အာဏာပိုင်တွေက မြှင့်တင်လိုက်ပါတယ်။အခုသီတင်းပတ်အတွင်းမှာ ပြုလုပ်တဲ့ အစိုးရရဲ့ အကြမ်းဖက်တိုက်ဖျက်မှု အစည်းအဝေးမှာ အခုလိုဆုံးဖြတ်လိုက်တာလို့ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။လုံးခြုံရေးသတိပေးချက် တိုးမြှင်လိုက်တဲ့ သံရုံးငါးခုကတော့ ကမ္ဘောဒီးယား၊ လာအိုနဲ့ ဗီယက်နမ်ရှိ တောင်ကိုရီးယား သံရုံးတွေနဲ့ တရုတ်အရှေ့မြောက်ပိုင်းနဲ့ ရုရှားရှေ့ဖျားပိုင်းရှိ ကောင်စစ်ဝန်ရုံးတွေ ဖြစ်ပါတယ်။မြောက်ကိုရီးယားဟာ အဲဒီသံတမန်ရေးရာဌာနတွေကို အန္တရာယ်ပြုဖို့ကြုံစည်နေတယ်လို့ တောင်ကိုရီးယား ထောက်လှမ်းရေးအဖွဲ့က အချက်အလက်တွေရရှိထားတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။တောင်ကိုရီးယား သံတမန်တွေနဲ့ နိုင်ငံသားတွေကို မြောက်ကိုရီးယားက အကြမ်းဖက်တိုက်ခိုက်ဖို့ ကြံစည်နေတယ်ဆိုတဲ့ အရိပ်လက္ခဏာတွေ များစွာတွေ့ထားရကြောင်း တောင်ကိုရီးယားထောက်လှမ်းရေး အဖွဲ့က ပြောပါတယ်။Ref;NHKPhoto:Getty Images

Read More
VOM News

FREE
VIEW