ဆိုးလ်၊ ဇွန်-၆-၂၀၂၄
မျိုးဆက်(VOM)
အမေရိကန်နဲ့ တောင်ကိုရီးယားစစ်တပ်တိုဟာ နှစ်နိုင်ငံမှ ဘီ-၁ဘီ ဗုံးကြဲလေယာဉ်တွေ၊ တိုက်လေယာဉ်တွေပါဝင်တဲ့ စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခဲ့ကြောင်း နှစ်နိုင်ငံစစ်တပ်က ထုတ်ပြန်ပါတယ်။
အမှိက်များပါဝင်တဲ့ မိုးပျံပူပေါင်းတွေကို မြောက်ကိုရီးယားက တောင်ကိုရီးယားဘက်ကို လွှတ်တင်မငတွေကြောင့် နှစ်နိုင်ငံစစ်ရေးသဘောတူညီချက်ကို အပြည့်အ၀ရပ်ဆိုင်းကြောင်း တောင်ကိုရီးယားက ကြေညာပြီးနောက် တရက်အကြာတွင် အမေရိကန်နဲ့အတူ ဗုံးကြဲစစ်ရေးလေ့ကျင့်မှု ထွက်ပေါ်လာတာဖြစ်ပါတယ်။
B-1B ဗုံးကြဲလေယာဉ်တွေဟာ တိုက်လေယာဉ်တွေနဲ့အတူ ကိုရီးယားကျွန်းဆွယ်ကို ဖြတ်သန်းပျံသန်းကာ ပဲ့ထိန်းဗုံးတွေကို သတ်မှတ်နေရာ အတိအကျ ဗုံးကြဲလေ့ကျင့်မှု ပြုလုပ်ခဲ့တယ်လို တာဝန်ရှိသူတွေက ပြောပါတယ်။
ဒါဟာ ခုနှစ်နှစ်တာကာလအတွင်း အမေရိကန်ဗုံးကြဲလေယာဉ်တွေ ကိုရီးယားကျွန်းဆွယ်မှာ ပထမဆုံးအကြိမ် ဗုံးကြဲစစ်ရေးလေ့ကျင့်မှုလည်း ဖြစ်ပါတယ်။ B-1B ဗုံးကြဲလေယာဉ်တွေဟာ ဂူအမ်ရှိ အမေရိကန်လေတပ်အခြေစိုက်စခန်းကနေ ပျံတက်ပါက နှစ်နာရီအတွင်း ကိုရီးယားကျွန်းဆွယ်တလျှောက် ဖြန့်ကြက်နိုင်ကြောင်း တောင်ကိုရီးယား သတင်းဌာနတွေကက ဖော်ပြထားပါတယ်။
အဆိုပါ ပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ဒုံးကျည်ခြိမ်းခြောက်မှုတွေကို ဆန့်ကျင်တဲ့ ခိုင်မာတဲ့ ပေါင်းစပ်ကာကွယ်ရေးပုံစံကို ပြသခြင်းဖြစ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Ref:NHK
Photo: Korea Ministry of Defense