ယူကရိန်းအတွက် ဒေါ်လာ ၂၂၅ သန်းတန်ဖိုးရှိ စစ်ရေးအကူအညီတွေ အမေရိကန် ထပ်ပေးမယ်

 

ပါရီ ၊ ဇွန်-၇-၂၀၂၄
မျိုးဆက်(VOM)

အမရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ ယူကရိန်းသမ္မတ ဇီလန်စကီးနဲ့ ပြင်သစ်နိုင်ငံ ပါရီမြိုမှာ တွေ့ဆုံခဲ့ပြီး အမေရိကန်အနေနဲ့ ယူကရိန်းအတွက် နောက်ထပ်စစ်ရေးအကူအညီ ဒေါ်လာ ၂၂၅ သန်းဖိုးပေးမယ်လို ပြောပါတယ်။

.ယူကရိန်းအတွက် အမေရိကန်အစိုးရက စစ်ရေးအကူအညီတွေထပ်ပေးဖိုအတွက် ရီပတ်ဘလီကန်အတိုက်အခံတွေနဲ့ အခြေအနေဖြစ်နေရချိန် ဒီဇင်ဘာလအတွင်း အမေရိကန်ကို ဇီလန်စကီး သွားရောက်ပြီးနောက်မှာ ဂျိုးဘိုင်ဒင်နဲ့ ပထမဆုံးအကြိမ် လူချင်းတွေ့ဆုံဆွေးနွေးတာလည်းဖြစ်ပါတယ်။

အမေရိကန်က ထောက်ပံ့မယ့် ဒေါ်လာ ၂၂၅ သန်းတန်ဖိုးရှိ စစ်ရေးအကူအညီသစ်ထဲမှာ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေနဲ့ အမြောက်ကျည်တွေ ပါဝင်မယ်လို သတင်းရင်းမြစ်တွေက ပြောပါတယ်။

လက်ရှိမှာတော့ ယူကရိန်းနယ်စပ်ကျေးရွာတွေကို ရုရှားက ထိုးစစ်ဆင် သိမ်းပိုက်မှုတွေလုပ်ဆောင်နေပြီး အနောက်နိုင်ငံတွေအနေနဲ့ ယူကရိန်းကို အထောက်အပံ့တွေပေးဖို ဆုံးဖြတ်ချက်အမြန်ချသင့်ပြီးလို ယူကရိန်းသမ္မ တဇီလန်စကီးက ပြောပါတယ်။

ယူကရိန်းအတွက် လက်နက်လိုအပ်ချက်တွေကို ပြည့်မီအောင် အမေရိကန်က ကြိုးစားနေတယ်လို အမေရိကန်အမျိုးသားလုံခြုံရေး လက်ထောက်အကြံပေး ဂျွန်ဖီနာက ဆိုပါတယ်။ ဂျိုးဘိုင်ဒင်ကတော့ ပြင်သစ်နိုင်ငံ နော်မန်ဒီမှာ ဒီဒေး အထိမ်းအမှတ်မိန့်ခွန်းပြောကြားခဲ့ပြီး ဒုတိယကမ္ဘာစစ်အတွင်း အာဏာရှင်ကို တိုက်ထုတ်ခဲ့မှုနဲ့ ရုရှား-ယူကရိန်းစစ်ပွဲကို ခိုင်းနှိင်းခဲ့ပြီး ရုရှားသမ္မတပူတင်ကို အာဏာရှင်လို ခေါ်ဝေါ်သုံးစွဲခဲ့ပါတယ်။

Ref:Reuters
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW