H5N2 ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ် လူကိုပထမဆုံးအကြိမ် ကူးစက်ပြီး သေဆုံးမှုဖြစ်ပွား

 

နယူးယောက်၊ ဇွန်-၇-၂၀၂၄
မျိုးဆက်(VOM)

H5N2 ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ် လူကိုပထမဆုံးအကြိမ် ကူးစက်ပြီး သေဆုံးမှုဖြစ်ပွားခဲ့တယ်လို ကမ္ဘာ့ကျန်းမာရေးအဖွဲက ပြောပါတယ်။

မက္ကဆီကိုမှ အသက် ၅၉ နှစ်အရွယ်လူတယောက်ဟာ ဖျားနာခြင်းနဲ့ အသက်ရှူကြပ်ခြင်းစတဲ့ ရောဂါလက္ခဏာတွေ ခံစားရပြီးနောက် သေဆုံးသွားတယ်လို ကမ္ဘာ့ကျန်းမာရေးအဖွဲက ပြောပါတယ်။

မက္ကဆီကို ကျန်းမာရေးအာဏာပိုင်တွေဟာ လူနာဆီကနေ နမူနာတွေရယူပြီး စစ်ဆေးကြည့်ရာမှာတော့ H5N2 ဗိုင်းရပ်စ်ကူးစက်နေတာကို တွေ့ရှိခဲ့ရပြီး ဒီဗိုင်းရပ်စ်ဟာ ယခင်က လူကိုကူးစက်မှုမရှိဖူးသေးကြောင်း ကျွမ်းကျင်သူတွေက ပြောပါတယ်။

သေဆုံးသူဟာ ဗိုင်းရပ်စ်ဘယ်လိုကူးစက်ခဲ့တယ်ဆိုတာ မက္ကဆီကိုအာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေကြပါတယ်။ ဒီကူးစက်မှုကလွဲပြီး ဗိုင်းရပ်စ်ဟာ လူတွေကို နောက်ထပ်ကူးစက်မှုမရှိသေးကြောင်းနဲ့ လက်ရှိအခြေအနေအရ အများပြည်သူကျန်းမာရေးအပေါ် အန္တရာယ်နည်းတယ်လို ကမ္ဘာ့ကျန်းမာရေးအဖွဲက ပြောပါတယ်။

၂၀၀၃ ခုနှစ်ကလည်း H5N1 ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ် ပြန့်နှံခဲ့ပြီး အဓိကအားဖြင့် အာရှနဲ့ အာဖရိကဒေသအပါအဝင် လူ ၈၀၀ ကျော် ကူးစက်ခံခဲ့ရပြီး ၄၆၀ ကျော်သေဆုံးခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲက ထုတ်ပြန်တဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

Ref:NHK
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW