အာဖဂန်အရေး ကုလဆွေးနွေးပွဲ တာလီဘန်အဖွဲ့ ပထမဆုံးအကြိမ် တက်ရောက်မယ်လို့ အတည်ပြု

 

ကဘူးလ်၊ ဇွန်-၂၉-၂၀၂၄
မျိုးဆက်(VOM)
အာဖဂန်နစ္စတန်အခြေအနေနဲ့ပတ်သက်ပြီး ကုလသမဂ္ဂဦးဆောင်တဲ့ ဆွေးနွေးပွဲကို တာလီဘန်အဖွဲ့က ပထမဆုံးအကြိမ် တက်ရောက်မယ်လို့ အဖွဲ့ပြောရေးဆိုခွင့်ရှိသူက အတည်ပြုပြောဆိုပါတယ်။
ဒီဆွေးနွေးပွဲကို ကာတာနိုင်ငံ ဒိုဟာမြို့မှာ မနက်ဖြန်စတင်ကျင်းပမှာဖြစ်ပြီး အာဖဂန်အရေးနဲ့ သုံးကြိမ်မြာက်နိုင်ငံတကာဆွေးနွေးပွဲဖြစ်ပါတယ်။ ကုလသမဂ္ဂလက်ထောက်အတွင်းရေးမှူးချုပ် ရို့မေရီဒီကာလိုက သဘာပတိအဖြစ် ဆောင်ရွက်မှာဖြစ်ပြီး အာဖဂန်နစ္စတန်ပြသနာများကို အမေရိကန်၊ ဂျပန်၊ ဥရောပနိုင်ငံတွေနဲ့အတူ ဆွေးနွေးသွားမှာဖြစ်ပါတယ်။

နှစ်ရက်ကြာကျင်းပမယ့် အဲဒီဆွေးနွေးပွဲကို တာလီဘန်ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာမူဂျာဟစ်အပါအဝင် ထိပ်တန်း တာဝန်ရှိသူတွေ တက်ရောက်မယ်လို့ တာလီဘန်အဖွဲ့ကပြောပါတယ်။

အာဖဂန်နစ္စတန်မှာ အမျိုးသမီးတွေကို မူလတန်းကျောင်းသာ တက်ရောက်ခွင့်ပေးခြင်းအပါအဝင် လူ့အခွင့်အရေးအခြေအနေတွေ ဆက်လက်ဆိုးရွားနေတဲ့အပေါ် နိုင်ငံတကာက ဝေဖန်ပြစ်တင်မှုများလည်း ပြင်းပြင်းထန်ထန်ထွက်ပေါ်နေပါတယ်။

ဒါပေမယ့် အခုဆွေးနွေးပွဲမှတော့ အာဖဂန်အမျိုးသမီးများအရေး ပါဝင်နိုင်ဖွယ်မရှိကြောင်း သံတမန်သတင်းရင်းမြစ်တွေက ပြောပါတယ်။ အာဖဂန်မှာ တာလီဘန်တို့ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုဒဏ်ကို အပြင်းထန်ဆုံးခံရတ့ အမျိုးသမီးအခွင့်အရေးတွေနဲ့ပတ်သက်ပြီး အခုဆွေးနွေးပွဲမှာ ဖယ်ထုတ်ခံရတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ပြောပါတယ်။

Ref: Arab News
Photo:Reuters

#Voiceofmyanmar #VOM #အာဖဂန်နစ္စတန် #ကုလဆွေးနွေးပွဲ #တာလီဘန် #တက်ရောက်မယ်

Related posts

✕
VOM News

FREE
VIEW