အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် ဟဇ်ဘိုလာထိပ်တန်းတပ်မှူး သေဆုံး

 

တဲလ်အဗစ်၊ ဇူလိုင်-၄-၂၀၂၄
မျိုးဆက်(VOM)

အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် လက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာထိပ်တန်းတပ်မှူးတယောက် သေဆုံးသွားကြောင်း ဟဇ်ဘိုလာအဖွဲ့က အတည်ပြုထုတ်ပြန်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဟဇ်ဘိုလာအဖွဲ့ကလည်း အစ္စရေးဘက်ကို ဒုံးကျည်တွေကို ပစ်ခတ်ပြီး တုံ့ပြန်ခဲ့ပါတယ်။ လက်ဘနွန်က ဟဇ်ဘိုလာတွေအပေါ် လိုအပ်တဲ့ဘယ်လိုအရေးယူမှုကိုမဆိုလုပ်ဖို့ အဆင့်သင့်ဖြစ်နေပြီလို့ အစ္စရေးကာကွယ်ရေးဝန်ကြီး ယော့ဗ်ဂယ်လ်လန့်က ပြောပါတယ်။

နှစ်ဘက်အကြား နယ်စပ်ပြန်ကျော် အပြန်အလှန်ပစ်ခတ်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေပြီး တင်းမာမှုတွေမြင့်တက်နေပါတယ်။ အစ္စရေးဟာ ဟဇ်ဘိုလာတွေအပေါ် စစ်ဆင်ရေးတွေလုပ်မယ့် ဆုံးဖြတ်ချက်ကို ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ချမှတ်ခဲ့ပါတယ်။

လက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာအဖွဲ့ဟာ ဂါဇာစစ်ပွဲစတင်ပြီးနောက် ဟားမတ်စ်တို့ကို ထောက်ခံကြောင်း ပြသတဲ့အနေနဲပ ပြီးခဲ့တဲ့ အောက်တိုဘာလကတည်းက အစ္စရေးနယ်စပ်ကို နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

လက်ရှိမှာတော့ အစ္စရေးဟာ ဂါဇာမှ စစ်ဆင်ရေးတွေကို အဆင့်လျှော့ချပြီး လက်ဘနွန်နဲ့ထိစပ်နေတဲ့ နိုင်ငံမြောက်ပိုင်းကို တပ်တွေ ပိုမိုဖြန့်ကြက်နေပြီး အရှေ့အလယ်ပိုင်းဒေသမှာ နောက်ထပ်ပဋိပက္ခဖြစ်လာနိုင်ခြေအပေါ် စိုးရိမ်ပူပန်မှုတွေလည်း မြင့်တက်နေပါတယ်။

Ref:AP
Photo:Getty Images

#Voiceofmyanmar #VOM #အစ္စရေး #ဟဇ်ဘိုလာ #ထိပ်တန်းတပ်မှူး #သေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW