ဇူလိုင် ၂၉ – ၂၀၂၄ GG( VOM) လုံခြုံရေးအရ ဘုန်းကြီးကျောင်းကား နဲ့ အရပ်ဘက်ကားတွေကို လုံခြုံရေးအရတာဝန်ရှိသူတွေ စစ်ဆေးတဲ့အခါ စစ်ဆေးမှုခံယူကြဖို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က အသိပေးထားတယ်လို့သိရပါတယ်။ ကျောင်းတိုက်အမည်ပါ မော်တော်ယာဉ်၊ သာ- နံပါတ်ပါ မော်တော်ယာဉ် အပြင် အရပ်ဘက်ကားဖြစ်စေ စစ်ဆေးမှုခံယူကြဖို့ကို မဟနအဖွဲ့က အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇) ပါး စုံညီ သတ္တရသမအစည်းအဝေးမှာ ဆုံးဖြတ်ချက်ချပြီး တရားဝင်အသိပေးလာတာဖြစ်တယ်လို့သိရပါတယ်။ ” ဘုန်းကြီးကားပဲဖြစ်ဖြစ် အရပ်ဘက်ကားပဲဖြစ်ဖြစ် စစ်ဆေးရင် စစ်ဆေးခံဖို့ပေါ့။ဘုန်းကြီးပါတယ်ဆိုပြီးအစစ်ဆေးမခံဘဲ မောင်းတာမျိုးမလုပ်ဖို့ပါ။ဘုန်းကြီးတို့တော့ခုရက်ပိုင်းသိရတာပါ။အခုဘုန်းကြီးတို့အပြင်သွားရင်လည်း သူတို့စစ်ဆေးရေးဂိတ်မရောက်ခင်ထဲကအရှိန်လျှော့ပြီး အကျိူးကြောင်းပြောပါတယ်။စစ်ချင်တယ်ဆိုလည်းစစ်လို့ရတယ်။ဒါပေမယ့်ခုထိတော့ကားပေါ်အစစ်ခံရတာမရှိသေးဘူး။တခါတေလဘုန်းဘုန်းဘယ်ကြွမှာလဲလောက်တော့ မေးတယ်။ ” လို့ မြို့နယ်အဆင့်သံဃနာယကအဖွဲ့ဝင်ဆရာတော်တပါးကမိန့်ပါတယ်။ ပြီးခဲ့တဲ့ဇွန်လထဲမှာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော်ကြီးစီးနင်းလိုက်ပါတဲ့ အရပ်ဘက်ကားပစ်ခတ်ခံရပြီး မဟနဆရာတော်ကြီး ဝင်းနိမ္မိတာရုံဆရာတော် ပျံလွန်တော်ခဲ့ရတဲ့ဖြစ်စဥ် ဖြစ်ပွားပြီးနောက်မှာ မဟနအဖွဲ့အနေနဲ့အခုလို သတိပေးထုတ်ပြန်လာတာဖြစ်ပါတယ်။ ဆရာတော်ကြီးဟာ ဇွန်လ ၂၀ ရက်နေ့၊…
Read MoreMonth: July 2024
လားရှိုးထောင်ပွင့်သွားပြီး NLD ဗဟိုအလုပ်အမှုဆောင်၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် အပါအဝင် နိုင်ငံရေး အကျဉ်းသား ၃၀၀ ကျော် လွတ်မြောက်
ဇူလိုင် ၂၉၊ ၂၀၂၄ Shy V လားရှိုးထောင် ယမနခနေ့ ဇူလိုင်လ ဏ္ဍ၈ ရက်နေ့မှာ ပွင့်သွားပြီး NLD ဗဟိုအလုပ်အမှုဆောင်၊ ပြည်သူ့ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် အပါအဝင် နိုင်ငံရေး အကျဉ်းသား ၃၀၀ ကျော် လွတ်မြောက်သွားကြောင်း နိုင်ငံရေး အကျဉ်းသားတွေနဲ့ နီးစပ်သူတွေ ဆီက သိရပါတယ်။ “ဦးထွန်းထွန်းဟိန် အပါအဝင် နိုင်ငံရေး အကျဉ်းသား အမျိုးသား ၃၀၀ နဲ့ အမျိုးသမီး ၇၀ လွတ်သွားတယ်။ ရိားရိုး ါကျဉ်းသားတွေက ဘယ်လောက်လဲ မသိဘူး” လို့ နိုင်ငံရေး အကျဉ်းသားတွေနဲ့ နီးစပ်သူ အမျိုးသမီး တယောက်က ပြောပါတယ်။ တိုက်ပွဲ ဖြစ်ေနချိန် အကျဉ်းထောင် ပွင့်သွားတာကြောင့် အကျဉ်းသားတွေ လွတ်ကာ ပြေးထွက်ကုန်ကြတာ လို့ ဒေသခံတွေက ပြောပါတယ်။ “ထောင်ပွင့်သွားတယ်…
Read Moreလူ ၄၀၀၀ သေဆုံးခဲ့တဲ့ လစ်ဗျားဆည် ကျိုးပေါက်မှု တာဝန်ရှိသူတွေကို ၁၂ ယောက်ကို ထောင်ချ
ထရီပိုလီ၊ ဇူလိုင်-၂၉-၂၀၂၄ မျိုးဆက်(VOM) လစ်ဗျားနိုင်ငံမှာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက လူပေါင်း ၄၀၀၀ ကျော်သေဆုံးခဲ့တဲ့ ဆည်ကျိုးမှုကြောင့် ဖြစ်ပွားခဲ့တဲ့ ရေဘေးနဲ့ ပတ်သက်ပြီး လစ်ဗျားတာဝန်ရှိသူ ၁၂ ယောက်ကို အာဏာပိုင်တွေက ထောင်ဒဏ် ကိုးနှစ်ကနေ ၁၂ ထိ ချမှတ်လိုက်ပါတယ်။ ဆည်ကျိုးမှုကြောင့် ဒါနာမြို့ရှိ ရပ်ကွက်တစ်ခုလုံး ရေကြီးနစ်မြုပ်ခဲ့ပြီး ဘေးလွတ်ရာ ရွှေ့ပြောင်း ကြိုးပမ်းနိုင်ခြင်းမရှိခဲ့ပါဘူး။ ပြစ်ဒဏ်ချမှတ်ခံရသူတွေဟာ ရေအရင်းအမြစ် စီမံခန့်ခွဲဖို့နဲ့ ဆည်တွေကို ထိန်းသိမ်းဖို့ တာဝန်ရှိသူတွေဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေကို ပေါ့ဆမှု၊ လူသေစေမှု၊ ပြည်သူ့ဘဏ္ဍာဖြုန်းတီးမှုအပါအဝင် ရာဇဝတ်မှုဆိုင်ရာ စွဲချက်တွေနဲ့ တရားစွဲဆိုခဲ့ပြီး သူတို့ထဲက သုံးယောက်ကိုတော့ တရားသေပြန်လွှတ်ပေးခဲ့ပါတယ်။ ဆည်ကျိုးပေါက်မှုဟာ လစ်ဗျားမှာ ဆယ်စုနှစ်တခုကြာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအတွင်း ဆည်တွေကို ပြုပြင်ထိန်းသိမ်းညံ့ဖျင်းတာတွေရဲ့ တစိတ်တပိုင်းဖြစ်တယ်လို့ ဇန်နဝါရီလအတွင်းက ထုတ်ပြန်တဲ့ နိုင်ငံတကာ အစီရင်ခံစာတရပ်မှာ ဖော်ပြထားပါတယ်။ ဒါနာဆည်ကျိုးပေါက်မှုကြောင့်…
Read Moreလူ ၁၂ ယောက်သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုအပြီး ဟဇ်ဘိုလာအဖွဲ့ကို အစ္စရေးက လက်တုံ့ပြန်တိုက်ခိုက်
တဲလ်အဗစ်၊ ဇူလိုင်-၂၉-၂၀၂၄ မျိုးဆက်(VOM) အစ္စရေးတို့ သိမ်းပိုက်ထားတဲ့ ဂိုလန်ကုန်းမြင့်မှာ ဘောလုံးကစားနေစဉ် ဒုံးကျည်ကျရောက်မှုကြောင့် ကလေးနဲ့ လူငယ် ၁၂ ယောက်သေဆုံးပြီးနောက် လက်ဘနွန်ရှိ ဟဇ်ဘိုလာအဖွဲ့ရဲ့ ပစ်မှတ်တွေကို အစ္စရေးက တိုက်ခိုက်ခဲ့ပါတယ်။ ဒရူဇီမြို့မှာ စနေနေ့က ဖြစ်ပွားခဲ့တဲ့ ဒီတိုက်ခိုက်မှုဟာ အီရန်ကျောထောက်နောက်ခံပြု ဟဇ်ဘိုလာအဖွဲ့ လက်ချက်လို့ အစ္စရေးက စွပ်စွဲထားပေမယ့် ဟဇ်ဘိုလာအဖွဲ့ကတော့ ပြင်းပြင်းထန်ထန် ပယ်ချထားပါတယ်။ ဒီအတွက် လက်တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးစစ်တပ်ဟာ လက်ဘနွန်ရှိ ဟဇ်ဘိုလာပစ်မှတ် ခုနှစ်ခုကို လေကြောင်းကနေတိုက်ခိုက်ခဲ့ပြီး သေဆုံးဒဏ်ရာရမှု အခြေအနေကို ရှင်းလင်းစွာမသိရသေးဘူးလို့ ထုတ်ပြန်ထားပါတယ်။ ဂါဇာရှိ ဟားမတ်စ်တို့ကို ထိုးစစ်စတင်ခဲ့တဲ့ ပြီးခဲ့တဲ့နှစ်အောက်တိုဘာလနောက်ပိုင်းမှစ၍ အစ္စရေးနဲ့ လက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာတို့ နယ်စပ်ဖြတ်ကျော်အပြန်အလှန်ပစ်ခတ်မှုတွေ မြင့်တက်လာပြီး အရှေ့အလယ်ပိုင်းမှာ နောက်ထပ်စစ်ပွဲဖြစ်လာမှာကို စိုးရိမ်ပူပန်မှုတွေရှိနေပါတယ်။ ဒရူဇီမြို့ ဘောလုံးကွင်းမှာ ဖြစ်ပွားခဲ့တဲ့ သေဆုံးမှုကတော့ ပြီးခဲ့တဲ့ အောက်တိုဘာလနောက်ပိုင်း အသေအပျောက်အများဆုံး…
Read Moreမိုးရွာသွန်းမှု များနေနိုင်သေးတာကြောင့် တိုင်းနဲ့ ပြည်နယ်တချို့ ရေကြီးရေလျှံမှု ဆက်လက်သတိပြုဖို့ လို
ဇူလိုင် ၂၉ – ၂၀၂၄ SN (VOM) လာမယ့် လေးရက်အတွင်း မိုးရွာသွန်းမှု များနေနိုင်သေးတာကြောင့် တိုင်းနဲ့ ပြည်နယ်တချို့မှာ ရေကြီးရေလျှံမှု ဆက်လက်သတိပြုဖို့ လိုအပ်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။ မုတ်သုံလေအားကောင်းနေတဲ့အတွက် ရခိုင်ကမ်းရိုးတန်း၊ မြစ်ဝကျွန်းပေါ်နဲ့ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့မှာ မိုးရွာသွန်းမှုတွေ ဆက်ရှိနေနိုင်ပြီး နေရာအနှံ့အပြား မိုးထစ်ချုန်းရွာကာ ဒေသအလိုက် မိုးကြီးနိုင်တယ်လို့ ဦးလှထွန်းက ပြောပါတယ်။ “ဒီနေ့ကနေ နောက်လေးရက်အထိ မိုးတွေဆက်ဦးမယ့်သဘောရှိတယ်။ ရေကြီးမှုက ရခိုင်ကမ်းရိုးတန်း၊ ရခိုင်ဘက်ရော၊ နောက် မြစ်ဝကျွန်းပေါ်။ မြစ်ဝကျွန်းပေါ်ကတော့ မိုးနည်းနည်းလေး မိုးပါးသွားမယ်၊ ပဲခူးရောပဲပေါ့။ တောင်ပိုင်း မွန်၊ ကရင်၊ တနင်္သာရီဘက်ကတော့ မိုးက ဆက်များမယ့်အနေအထားရှိတယ်။ အဲဒီနေရာတွေတော့ ဇူလိုင်လကုန်အထိ ဆက်ပြီး သတိထားရဦးမယ်။ ဩဂုတ်လကျရင်တော့…
Read Moreတရုတ်နဲ့ဆက်ဆံရေး ပြန်လည်စတင်မယ်လို့ အီတလီဝန်ကြီးချုပ် မယ်လိုနီ ကတိပြု
ပေကျင်း၊ ဇူလိုင်-၂၉-၂၀၂၄ မျိုးဆက်(VOM) အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာမယ်လိုနီဟာ ဝန်ကြီးချုပ်တာဝန်ယူပြီးနောက် ပထမဆုံးအကြိမ်အဖြစ် တရုတ်နိုင်ငံကို ရောက်ရှိနေပြီး တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးပြန်လည်စတင်ဖို့ ကတိပြုပြောဆိုလိုက်ပါတယ်။ သူ့ရဲ့ ငါးရက်ကြာ တရုတ်နိုင်ငံခရီးစဉ်အစမှာတော့ တရုတ်ဝန်ကြီးချုပ် လီချန်းနဲ့ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေဖို့ သုံးနှစ်စီမံကိန်း သဘောတူညီချက်တရပ်ကိုလည်း လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ခရီးစဉ်ဟာ တရုတ်နဲ့ အီတလီနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ပြန်လည်စတင်ဖို့ အဆင့်တခုဖန်တီးမယ့် ဆန္ဒကို ဖော်ပြခြင်းဖြစ်ကြောင်း အီတလီဝန်ကြီးချုပ်က ပြောပါတယ်။ လျှပ်စစ်ကားနဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့ရည်ရွည်တဲ့ စာချုပ်ကို လက်မှတ်ထိုးခဲ့တယ်လို့ သူကဆိုပါတယ်။ နှစ်နိုင်ငံအကြား သင်္ဘောတည်ဆောက်မှု၊ အာကာသ၊ စွမ်းအင်၊ ဉာဏ်ရည်တုနည်းပညာနဲ့ အသေးစားအလတ်စားလုပ်ငန်းတွေ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့လည်း ရည်ရွယ်ထားကြောင်း အီတလီဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ထားပါတယ်။ တရုတ်နိုင်ငံရဲ့ ပိုးလမ်းမသစ်စီမံကိန်းမှာ ပါဝင်မှုငနေ အီတလီနိုင်ငံနှုတ်ထွက်ပြီးနောက် နှစ်နိုင်ငံအကြား ယခုသဘောတူညီချက်ရရှိခဲ့တာဖြစ်ပြီး…
Read Moreရွှေပြင်ပပေါက်ဈေး ကျပ် ၆၅ သိန်းနီးပါး၊ ဒေါ်လာ ကျပ် ၅၂၀၀ ကျော်ဝန်းကျင်အထိ အတက်ကြမ်းနေ
ဇူလိုင် ၂၉ – ၂၀၂၄ SN (VOM) ပြင်ပဈေးကွက်အတွင်း အခေါက်ရွှေ တကျပ်သား ကျပ် ၆၅ သိန်းနီးပါး ရောက်ရှိနေပြီး အမေရိကန် တဒေါ်လာ ကျပ် ၅၂၀၀ ကျော်ဝန်းကျင်အထိ အတက်ကြမ်းနေတယ်လို့ ရွှေလုပ်ငန်းရှင်တွေဆီက သိရပါတယ်။ ပြည်တွင်း အခေါက်ရွှေဈေးဟာ ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက်က တကျပ်သား ၆၂ သိန်းဝန်းကျင် ရှိခဲ့တာကနေ နှစ်ရက်အတွင်း ကျပ် သုံးသိန်းနီးပါး ထပ်မံမြင့်တက်လာကာ လက်ရှိမှာတော့ ကျပ် ခြောက်ဆယ့်လေးသိန်း ကိုးသောင်းဝန်းကျင်ကို ရောက်ရှိနေတာဖြစ်ပါတယ်။ “ရွှေဈေးက ကြိုက်ရောင်းကြိုက်ဝယ် မှောင်ခိုဈေးဖြစ်နေတာ ကြာပြီ။ ၁၆ ပဲရည် တကျပ်သား သိန်း ၂၀၊ ၃၀၊ ၄၀၊ ၅၀ ဆိုပြီး စံချိန် တခုပြီးတခု ချိုးလာလိုက်တာ အခုဆိုရင် သိန်း ၆၀…
Read Moreဂါဇာအလယ်ပိုင်း စာသင်ကျောင်းကို အစ္စရေးရဲ့တိုက်ခိုက်မှု လူ ၃၀ သေပြီး ၁၀၀ ကျော်ဒဏ်ရာရ
ဂါဇာစီးတီး၊ ဇူလိုင်-၂၈-၂၀၂၄ မျိုးဆက်(VOM) ဂါဇာအလယ်ပိုင်း အီယာအယ်လ်ဘယ်လာအနီးရှိ စာသင်ကျောင်းတကျောင်းကို အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၃၀ သေဆုံးပြီး ၁၀၀ ကျော်ဒဏ်ရာရရှိသွားကြောင်း ဟားမတ်စ်တာဝန်ရှိသူတွေက ပြောပါတယ်။ ဟားမတ်စ်တို့ရဲ့ ကွပ်ကွဲမှုနဲ့ ထိန်းချုပ်ရေးဌာနဟာ အဲဒီစာသင်ကျောင်းထဲမှာရှိနေတယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ ဒီနေရာဟာ ဟားမတ်စ်တို့ရဲ့ တိုက်ခို်ကမှုတွေကို ညွှန်ကြားရာနေရာနဲ့ လက်နက်တွေ သိမ်းဆည်းတဲ့နေရာဖြစ်တယ်လို့ ဆိုပါတယ်။ သေဆုံးသူတွေထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေပါဝင်တယ်လို့ ဟာမတ်စ်တာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီစာသင်ကျောင်းဟာ ဒုက္ခသည်တွေကို ခိုလှုံခွင့်ပေးထားတဲ့နေရာဖြစ်တယ်လို့ ဆိုပါကြပါတယ်။ ဒီနေရာကို မတိုက်ခိုက်မီ သင့်လျော်တဲ့ လက်နက်ခဲယမ်းအသုံးပြုမှု ၊ ဝေဟင်ကင်းထောက်မှုနဲ့ ထောက်လှမ်းရေးအချက်အလက်တွေကို အခြေခံပြီး အရပ်သားတွေ ထိခိုက်မှုအနည်းဆုံးဖြစ်အောင် လုပ်ဆောင်ခဲ့တယ်လို့ အစ္စရေးကတော့ ပြောပါတယ်။ လက်ရှိတိုက်ခိုက်ခံရတဲ့ ဒီယာအယ်လ်ဘယ်လာနဲ့ ခန်းယွန်နစ်မြို့တို့ကို အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် မနေ့ကမနက်ပိုင်းနောက် လူ ၅၃ ယောက်သေဆုံးပြီး…
Read Moreဧရာဝတီတိုင်းထွက် ကွမ်းရွက်စျေး တပိဿာ ၄၅၀၀၀ အထိမြင့်တက်ပေမယ့် ခြံတွေပျက်စီးလို့အရှုံးပေါ်
ဇူလိုင် ၂၈ – ၂၀၂၄ GG (VOM) ဧရာဝတီတိုင်းမှာ ရေကြီးနစ်မြုပ်ပြီး ကွမ်းခြံတွေထဲရေတွေ ပျက်စီးလို့ ကွမ်းအထွက်နူန်းလျော့ကျသွားတာကြောင့် တပတ်အတွင်းမှာတင် ကွမ်းတပိဿာကို ၃၀၀၀၀ ကျပ် လောက်မြင့်တက်သွားတယ်လို့သိရပါတယ်။ ဧရာဝတီတိုင်းမှာ မိုးဆက်တိုက်ရွာပြီး ကွမ်းခြံတွေရေနစ်ပြီးနောက်ဇူလိုင်လ ၂၁ ရက်ကစလို့ ကွမ်းရွက်စျေးက ဆက်တိုက်မြင့်တက်လာတာ ဒီနေ့အထိ ဖြစ်တယ်လို့သိရပါတယ်။ ” ညောင်တုန်း၊ပန်းတနော်ကွမ်းကစျေးကွက်ဝင်တယ်။ရန်ကုန်မှာအဓိကပဲ။ဒီတော့ရန်ကုန်စျေးကွက်ကပစ္စည်းလိုသလောက်မရတော့စျေးကိုမြှင့်ဝယ်လာကြတာပေါ့။မတ္တရာကွမ်းကကွမ်းနုဝါဆိုပေမယ့်ရန်ကုန်ကစားသုံးသူမရှိဘူး။သူ့စျေးကွက်နဲ့သူပေါ့။အခုက ကွမ်းခြံတွေ ရေနစ်တောခြံတွေပျက်စီး၊အထွက်လျော့တော့စျေးကရက်ပိုင်းအတွင်းကိုထိုးတက်လာတာ။စျေးတက်လာလည်း ကွမ်းကသိပ်မရှိတော့ဘူး။ကွမ်းကောင်ူရှားတယ်။အရင် ထိုင်ဝမ်ရိုးနီအကြမ်းဆို၂၀၀၀ လောက်ရတာကိုအခု ၁၇၀၀၀ လောက်စျေးရှိတယ်။” လို့ ညောင်တုန်းမြို့နယ် ကွမ်းစိုက်ပိုင် ရှင်ကပြောပါတယ်။ ဧရာဝတီတိုင်းက ထွက်တဲ့အဓိကစျေးကွက်ဝင် ညောင်တုန်း -ပန်းတနော်(ရိုးညို)(ရိုးစိမ်း) ကွမ်းရွက်စျေးနူန်းဟာ ဇူလိုင်လ ၂၀ ရက်က ကွမ်းရွက်အရည်အသွေးပေါ်လိုက်ပြီး တပိဿာကိုမှ အနိမ့်ဆုံး ၅၀၀၀ ကျပ်ကနေ အမြင့်ဆုံး ၁၅၀၀၀ ကျပ်အထိသာရှိခဲ့တာဖြစ်ပါတယ်။ ညောင်တုန်း-ပန်းတနော်-ကျောင်းကုန်း-မအူပင်(ထိုင်ဝမ်ရိုးနီ)တွေကလည်း ဇူလိုင်လ ၂၀ ရက်တုန်းက ကွမ်းရွက်အရည်အသွေးပေါ်လိုက်ပြီး…
Read Moreသာပေါင်း၊ ရေကြည်နဲ့ လေးမျက်နှာမြို့နယ်ရှိ ကျေးရွာ ၁၀၀ ဝန်းကျင် ရေမြုပ်နေပြီး ကြံခင်း-ပုသိမ် ရထားပြေးဆွဲမှု ရပ်နားထားရ
ဇူလိုင် ၂၈ – ၂၀၂၄ SN (VOM) ဧရာဝတီတိုင်း သာပေါင်း၊ ရေကြည်နဲ့ လေးမျက်နှာမြို့နယ်တွေမှာ ကျေးရွာပေါင်း ၁၀၀ ဝန်းကျင် ရေနစ်မြုပ်နေပြီး ကြံခင်း-ပုသိမ် ရထားပြေးဆွဲမှုတွေကိုလည်း ယာယီရပ်နားထားကြောင်း ဒေသခံတွေနဲ့ လူမှုကူညီရေးအသင်းတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။ “ကြံခင်း-ပုသိမ် ရထား၂၅ ရက်နေ့လောက်ကစပြီး မထွက်နိုင်တော့တာ။ မြစ်ရေကတော့ တန့်သွားပါပြီ။ တာကျော်အောင်မတက်သေးဘူး ။ တောရေလို့ခေါ်မှာပေါ့ ။ မိုးများတာနဲ့ မမြတို့ ၊ ကွန်ချောင်းတို့လိုဆည်တွေက ရေပိုတချို့ဖောက်ထုတ်တာကြောင့် ရထားလမ်း ရေမြုပ်နေတာ။ ထူးကြီးအကျော် မယ်ဇလီကုန်းမှာလည်း ကားလမ်းရေကျော်လို့ ကားတွေသွားမရဖြစ်သေးတယ်။ ခုတော့ ကားကြီးတွေ သွားရနေပြီ” လို့ ကြံခင်းမြို့တယောက်ကပြောပါတယ်။ ငဝန်မြစ်ရေ မြင့်တက်လာမှုကြောင့် သာပေါင်းမြို့နယ်က ကျေးရွာ ၄၀ နီးပါး၊ ရေကြည်မြို့နယ်က ကျေးရွာ ၄၀ နီးပါး၊ လေးမျက်နှာမြို့နယ်က ကျေးရွာ…
Read More