အီရန်နဲ့ စစ်သွေးကြွအဖွဲ့တွေ ပူးပေါင်းလက်တုံ့ပြန်နိုင်ကြောင့် အစ္စရေးစစ်တပ်ကို အမြင့်ဆုံး တပ်လှန့်

  တဲလ်အဗစ်၊ ဩဂုတ်-၂-၂၀၂၄ မျိုးဆက်(VOM) ဟားမတ်စ်နဲ့ ဟဇ်ဘိုလာခေါင်းဆောင်တွေ လုပ်ကြံခံရမှုအတွက် အီရန်နဲ့ သူ့ရဲ့ မဟာမိတ်စစ်သွေးကြွအဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်နိုင်တာကြောင့် အစ္စရေးစစ်တပ်ကို အမြင့်ဆုံး တပ်လှန့်ထားကြောင်း အစ္စရေးအခြေစိုက် သတင်းဌာတွေက ဖော်ပြထားပါတယ်။ ဟားမတ်စ်နိုင်ငံရေးခေါင်းဆောင် အစ္စမေးလ်ဟာနီယာဟာ အီရန်နိုင်ငံ တီဟီရန်မှာ ဗုဒ္ဓဟူးနေ့က အသတ်ခံခဲ့ရပြီး ဒီကိစ္စအပေါ် အီရန်ဘာသာရေးခေါင်းဆောင် ခါမေနီကတော့ အစ္စရေးလက်ချက်လို့ ပြောဆိုထားပြီး လက်တုံ့ပြန်မယ်လို့ ဆိုပါတယ်။ လက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာအဖွဲ့ ထိပ်တန်းတပ်မှူးတယောက်လည်း ဘေရွတ်မှာပြုလုပ်ခဲ့တဲ့ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ပါတယ်။ ဟဇ်ဘိုလာခေါင်းဆောင်ကတော့ ရန်သူဟာ လက်တုံ့ပြန်မယ့်အရေး ကြိုမျှော်လင့်ထားသင့်တယ်လို့ သတိပေးထားပါတယ်။ အီရန်ဟာ အစ္စရေးကို လက်တုံ့ပြန်ရေးအတွက် လာမယ့်ရက်များအတွင်း မျက်နှာစာများစွာမှ ထွက်ပေါ်နိုင်ကြောင်း အစ္စရေး သတင်းဌာနတခုက ဖော်ပြထားပါတယ်။ အစ္စရေးစစ်တပ်ပြောရေးဆိုခွင့်ရှိသူကတော့ အစ္စရေးတပ်တွေကို အမြင့်ဆုံး သတိပေးချက် ထုတ်ထားပြီး ဘယ်အခြေအနေအတွက်မဆို ကြိုတင်ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။ လက်တုံ့ပြန်တိုက်ခိုက်မှုတွေဟာ…

Read More

ပြည်တွင်းစစ်နဲ့ ပြန်လည်ထူထောင်ရေး

  မြန်မာ့အရေးလေ့လာသူတဦး လက်ရှိပြည်တွင်းစစ်မှာဘယ်နေရာ လက်လွှတ်လိုက်ရတယ်၊ ဘယ်နေရာက တပ်စခန်းကိုတိုက်လိုက်ပြီ၊ ဘယ်မြို့ကို သိမ်း လိုက်ပြီဆိုပေမယ့် အစိုးရဆိုတော့ ခဏကြာရင်ပြန်သိမ်းမှာလေ ၊ပြန်လည်သိမ်းနေ တာကို မြင်နေကြားနေရတာ ။ အိမ်နီးချင်းကြီးကလည်း အိန္ဒိယ သမုဒ္ဒရာ ထွက်ပေါက်ကို အပျက်ခံပြီးပြည်နယ်တွေ ခွဲထွက်တာ၊ လွတ်လပ်ရေးကြေညာတာကို အလိုအလျှောက် ဆန့်ကျင်ရမှာမို့ လက်ရှိမြောက်ပိုင်းလက်နက်ကိုင်တွေလည်း မမဆောင်း ပြောသလို ဖြစ်နေဦးမှာ။ မြို့တွေ၊ရွာတွေကို ဦးတည်တိုက် လိုက်တဲ့အတွက် မြို့ပျက်ရွာပျက်တာက ရလဒ် လိုဖြစ်လာတယ်။ အိုးမဲ့အိမ်မဲ့ စစ်ရှောင်တွေ တိုးလာမယ်။ ပြည်တွင်းစစ်၊ဒေသဆိုင်ရာစစ်ကြောင့် လူငယ်တွေလည်း ထိုင်းဖက်ကို နည်းမျိုးစုံနဲ့ ဝင်သွားရတယ်။ “ခင်ဗျားတို့နိုင်ငံမှာ ဖြစ်နေတာ ပြည်တွင်းစစ်ရဲ့ ဘေးထွက်ဆိုးကျိုးကို ခံစားရ​မှာ လူတိုင်းပါ” လို့ ထိုင်းမိတ်ဆွေ၊အိမ်နီးချင်း နိုင်ငံက ပညာရှင် တချို့ရဲ့မှတ်ချက်ကြောင့် ကြိုက်သည်ဖြစ်စေ မ ကြိုက်သည်ဖြစ်စေ သူတို့အမြင်ကို ရေးချင်လာတယ်။ ပြည်သူတွေက မိအေး၂ခါနာဖြစ်ရကြောင်းကို…

Read More

နစကလက်ထက်မှာ ဆန်စျေးသုံးဆလောက်အထိမြင့်တက်သွား

  ဩဂုတ် ၁ – ၂၀၂၄ GG (VOM) နစက တာဝန်ယူတဲ့ သုံးနှစ်ကျော်ကာလအတွင်းမှာ ပြည်တွင်းဆန်စျေးကွက်အခြေအနေက သုံးဆလောက်အထိမြင့်တက်သွားတယ်လို့ ဆန်ရောင်းဝယ်ရေးလုပ်ကိုင်သူတွေဆီကသိရပါတယ်။ နစက တာဝန်မယူခင် NLD အစိုးရလက်ထက် ၂၀၂၀ ခုနှစ် နှစ်ကုန်ကနေ ၂၀၂၁ ခုနှစ်ဇန်နဝါရီလအထိကိုပင် ပြည်တွင်းစားသုံးမှုရှိတဲ့ ဆန်ကြမ်းတပြည်ကိုမှ ငွေကျပ် ၈၀၀ ကျပ်သာရှိပြီး ဆန်၂၄ ပြည်တအိတ်ကိုမှ ၂၀၀၀၀ ဝန်းကျင်သာရှိခဲ့ပါတယ်။ အလားတူ အမြင့်ဆုံးဆန်ဖြစ်တဲ့ ရွှေဘိုပေါ်ဆန်းကိုမှ ၂၀၂၁ ခုနှစ်ဇန်နဝါရီလအထိကိုပင် ၅၀၀၀၀ ကျပ်အထက်သာရှိခဲ့ပြီး ဧရာဝတီတိုင်းကထွက်တဲ့ ပေါ်ဆန်းဆန်ကလည်း ၄၀၀၀၀ ကျပ်အောက်စျေးတန်းမှာပဲရှိခဲ့သလို မကွေးတိုင်းကထွက်တဲ့ ဧရာပဒေသာဆန်ကလည်း ၂၄ ပြည်တအိတ်ကိုမှ ၄၀၀၀၀ ကျပ်ဝန်း ကျင်သာရှိခဲ့ပါတယ်။ အဲဒီနောက် နစကတာဝန်ယူလိုက်တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကစပြီး ဆန်စျေးနူန်းတွေ တရိပ်ရိပ်မြင့်တက်ခဲ့ပြီး လက်ရှိ ၂၀၂၄ ခုနှစ် ၊ဩဂုတ်လမှာတော့…

Read More

ရန်ကုန် – မော်လမြိုင်လမ်းပေါ်က တံတားတစင်မိုင်းခွဲခံရ ဘီးလင်းမှာ ကားတွေသွားမရဖြစ်နေ

  ဩဂုတ် ၂ – ၂၀၂၄ GG (VOM) ရန်ကုန် – မော်လမြိုင် ကားလမ်းပေါ်က ဘီးလင်း-သထုံကြားရှိ ကမာဆိုင် ကွက်သစ်ကျော်တံတတား ဒီနေ့ဩဂုတ်လ ၂ ရက်နေ့မှာ မိုင်းခွဲခံရပြီး ပျက်စီးသွားတယ်လို့သိရပါတယ်။ ဒါကြောင့် လတ်တလောမှာ ရန်ကုန်-မော်လမြိုင် ကားလမ်းသွားလာလို့မရတော့တဲ့အခြေအနေဖြစ်တယ်လို့သိရပါတယ်။ ” တံတားမိုင်းခွဲခံရလို့ ခုမနက်မှသိရတာ။အခုတော့ ပြည်ထောင်စုလမ်းမကြီးကနေသွားမရဘူး။တံတားကအသေးဆိုပေမယ်လည်းလုံးလုံးပျက်စီးသွားတော့ သွားမရတဲ့အခြေအနေပါ ။တံတားကသံကူကွန်ကရစ်တံတားပါ။” လို့ သထုံ​ဒသခံကပြောပါတယ်။ အဆိုပါ တံတားဟာ အရင်တခါဖျက်ဆီးခံရတဲ့ မစောတံတားအနီးမှာရှိပြီး ရွာပတ်လမ်းတွေကနေသွားလို့ရပေမယ့် မိုးရွာသွန်းပြီး ရေကြီးထားတာကြောင့် လမ်းတွေပျက်စီးနေတဲ့အတွက် ကျေးရွာပတ်လမ်းကလည်းအဆင်မပြေနိုင်ဘူးလို့သိရပါတယ်။ ဒါကြောင့်လက်ရှိ ရန်ကုန် -မော်လမြိုင် ပြည်ထောင်စုလမ်းမကြီးပေါ်ရောက်ရှိတဲ့ကားတွေကတော့ သထုံမြို့ တဖက်တချက်မှာသွားလာမရဘဲပိတ်မိနေတယ်လို့သိရပါတယ်။ ဇူလိုင်လ ၁၇ ရက်နေ့ကလည်း ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမကြီးပေါ်ရှိ ကရင်လေးဆိပ်တံတား မိုင်းခွဲခံရပြီးပျက်စီးခဲ့ပါတယ်။ မေလထဲတုန်းကလည်း ရန်ကုန် – မော်လမြိုင်အဝေးပြေးကားလမ်းမပေါ်ရှိ ကျုံအိတ်တံတား မိုင်းခွဲဖျက်ဆီးခံခဲ့ရသလို မစောတံတားလည်း…

Read More

ရေဘေးကြောင့် စာသင်ကျောင်း ၁၂၀၀ လောက်ထိခိုက်ပျက်စီးမှုရှိ

ဩဂုတ် ၂ – ၂၀၂၄ GG (VOM) ဇူလိုင်လအတွင်းဖြစ်ပွားတဲ ရေကြီးရေလျှံမှုကြောင့် တနိုင်ငံလုံး အတိုင်းအတာ နဲ့ အခြေခံ ပညာစာသင်ကျောင်း ၁၇၄၉ ကျောင်း ပိတ်ထားရပြီး အဲဒီထဲကမှ ကျောင်းပေါင်း ၁၁၂၀ ထိခိုက်ပျက်စီး မှုရှိခဲ့တယ်လို့သိရပါတယ်။ ရေကြီးနစ်မြုပ် နေတဲ့ ပဲခူးတိုင်း၊ဧရာဝတီတိုင်း၊ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေး တိုင်းနဲ့ ရန်ကုန်တိုင်း တွေက ကျောင်းတွေပိတ်ထားရတာဖြစ်ပါတယ်။ ” ပဲခူးတိုင်းမှာကို ကျောင်းပိတ်ထားရတာ ၄၀၀ ကျော်ရှိတယ်။ပဲခူးကရေပြန်ကျတယ်ဆိုပေမယ့် ခုထိရေကစိုးရိမ်ရေမှတ်ကျော်နေတုန်းပဲ။စာမေးပွဲစစ်မယ့်ကျောင်းတွေကိုရှိတယ်။အကုန်ရက်ရွှေ့ထားတယ်။ရေလုံးလုံးကျပြီး သန့်ရှင်းရေးဘာညာလုပ်ပြီးမှသာ ပြန်ဖွင့်ကြမှာပါ။” လို့ ပဲခူးဒေသခံကပြောပါတယ်။ နစကဘက်ကတော့ လက်ရှိ ရေကြီးမှုကြောင့် ပိတ်ထားရတဲ့ ကျောင်းတွေမှာ သင်ကြားနေတဲ့ကျောင်းသားကျောင်းသူတွေကို ကျောင်း ယာယီပိတ်ထားရတဲ့ကာလအတွင်း ပညာသင်ကြားရေးနောက်မကျစေရေးအတွက် အစားထိုးသင်ကြားပေးမှာဖြစ်တယ်လို့ပြောပါတယ်။ ရေဘေးကြောင့် ပျက်စီးခဲ့တဲ့ ကျောင်းတွေရဲ့ ပျက်စီးမှုအခြေအနေကိုတော့ နစကဘက်က အသိပေးထားခြင်းမရှိပါဘူး။ ကျောင်းတွေပျက်စီးမှုနဲ့ပတ်သက်ပြီး…

Read More

ပေါက်ခေါင်း ပဲခူးရိုးမဘက်က လှည်းကူးရွာမှာ နေအိမ်၁၅လုံးမီးလောင်ပြီး လူနှစ်ယောက်မီးလောင်သေ

  ဩဂုတ် ၂ – ၂၀၂၄ GG (VOM) ပဲခူးတိုင်းအနောက်ပိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ လှည်းကူးကျေးရွာအုပ်စုမှာ နေအိမ်၁၅လုံးမီးလောင်ခဲ့ပြီး လူနှစ်ယောက်လည်း မီးလောင်သေဆုံးခဲ့ရတယ်လို့သိရပါတယ်။ မီးလောင်သေဆုံးသူနှစ်ယောက်ကတော့ အမျိုးသားနှစ်​ယောက်ဖြစ်ပြီး ဩဂုတ်လ ၁ ရက်နေ့မှာမီးလောင်သေဆုံးခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။ ” မနေ့ကဖြစ်တာပါ။ ဘယ်လိုပြောရမလဲရှို့မီးလို့သိရပေမယ့် ရိုးမဘက်ဆိုတော့လှမ်းတယ်ပေါ့ ။အဲ့ဘက်တွေက နယ်မြေမငြိမ်တော့ အသွားအလာသိပ်လုပ်လို့မရဘူး။ပေါက်ခေါင်းကနေအုတ်တွင်းကိုသွားတဲ့ ရိုးမတောင်တွေကိုဖြတ်ပြီးသွားရတဲ့ ပဲခူးရိုးမလမ်းကနေ အတွင်းကို (၉)မိုင်လောက်ဝင်ရတဲ့ရွာပါ။ သွားလာရေးခုကာလမလွယ်ဘူး။” လို့ ပေါက်ခေါင်းမြို့ဒေသခံတယောက်ကပြောပါတယ်။ မီးလောင်ကျွမ်းခဲ့တဲ့နေအိမ်တွေကတော့ သစ်၊ဝါးသုံးထားပြီးထရံကာအိမ်တွေများပြီး ဆိုင်ကယ်အချို့လည်းမီးလောင်ကျွမ်းဆုံးရှုံးမှုရှိခဲ့တယ်လို့သိရပါတယ်။ ပဲခူးရိုးမဘက်ခြမ်းမှာ နစကတပ်တွေနဲ့နယ်မြေခံpdf တွေအကြား မကြာခဏတိုက်ပွဲတွေဖြစ်ပွားလေ့ရှိတဲ့အတွက် ဒေသခံတွေသွားလာမလွယ်တဲ့အခြေအနေတွေဖြစ်ပါတယ်။ ဇူလိုင် ၁၀ ရက်တုန်းကလည်း ပေါက်ခေါင်းမြို့နယ်၊ကြိုပင်ဝိုင်းအုပ်စု၊ရွှေကူရွာနေ အုပ်ချုပ်ရေးမှူး ဝင်းနိုင် သေနတ်နဲ့ပစ်သတ်ခံခဲ့ရပါတယ်။ #Voiceofmyanmar #vom #ပေါက်ခေါင်း #ပဲခူးရိုးမ #အိမ်၁၅လုံးမီးလောင် #လူနှစ်ယောက်သေ

Read More

This Day in History

  Voice of Myanmar အီရတ်တပ်ဖွဲ့ဝင် တသိန်းသည် ၁၉၉၀ ခုနှစ် ဩဂုတ် ၂ ရက်တွင် ကူဝိတ်ကို ကျူးကျော်တိုက်ခိုက်ခဲ့ပြီး တပ်ဖွဲ့ဝင်များ ရုပ်သိမ်းရန် သမ္မတဆက်ဒမ်ဟူစိန်က ငြင်းဆိုပြီးနောက် အမေရိကန်ဦးဆောင်သည့် နိုင်ငံတကာတပ်ဖွဲ့များက အီရတ်ကို အလျင်အမြန် ချေမှုန်းအနိုင်ယူခဲ့သည့် ပါရှန်ပင်လယ်ကွေ့စစ်ပွဲ စတင်ခဲ့လေသည်။ #Voiceofmyanmar #VOM #ThisDayInHistory #August2

Read More

တနင်္သာရီမြို့နယ်မှာ စံချိန်တင် ရေကြီးနေပြီး စစ်ရေးလည်း တင်းမာနေတာကြောင့် ကူညီကယ်ဆယ်ရေး အခက်တွေ့နေ

  ဩဂုတ် ၁ – ၂၀၂၄ SN (VOM) တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ စံချိန်တင် ရေကြီးနေပြီး စစ်ရေးလည်း တင်းမာနေတာကြောင့် ကူညီကယ်ဆယ်ရေး အခက်တွေ့နေရတယ်လို့ လူမှုကူညီရေးအသင်း‌တွေဆီက သိရပါတယ်။ တနင်္သာရီမြို့နယ်ရှိ တချို့နေရာတွေမှာ ရွာလုံးကျွတ်နီးပါး ရေဘေးလွတ်ရာရှောင်တိမ်းနေရတယ်လို့ သိရပြီး ရေဘေးသင့်တဲ့ရွာခံတွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးပြတ်လပ်တာတွေအပြင် သောက်ရေရဖို့တောင် ခက်ခဲနေတဲ့ ဒေသတွေလည်း ရှိတယ်လို့ သိရပါတယ်။ “လတ်တလော စစ်ရေးအခြေအနေကြောင့် လမ်းပန်းဆက်သွယ်ရေးက သွားလို့လာလို့မရတဲ့ အနေအထားဖြစ်နေတယ်။ ကျေးရွာများဘက်ကို ရောက်ဖို့က မလွယ်ဘူး။ နောက်ပြီး ရိက္ခာသယ်ယူခွင့် အကန့်အသတ်တွေလည်း ရှိနေတော့ အဆင်မပြေဘူး ဖြစ်နေတယ်” လို့ ဒေသအခြေစိုက် လူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောပါတယ်။ အဲဒီဒေသမှာ ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်နေ့မှစတင်ကာ တနင်္သာရီမြစ်ရေ မြင့်တက်မှုကြောင့် မြို့ပေါ်ရပ်ကွက်တွေနည်းအတူ ကျေးရွာ ၁၀ ရွာထက်မနည်း…

Read More

စစ်အေးခေတ်နောက်ပိုင်း ရုရှားနဲ့ အနောက်အုပ်စုတို့အကြား အကျဉ်းသားလဲလှယ်ရေး ပြုလုပ်

  ဝါရှင်တန်၊ ဩဂုတ်-၂-၂၀၂၄ မျိုးဆက်(VOM) စစ်အေးခေတ်နောက်ပိုင်း ရုရှားနဲ့ အနောက်အုပ်စုနိုင်ငံများအကြား အကြီးမားဆုံး အကျဉ်းသားလဲလှယ်မှုကို ဩဂုတ် ၁ ရက်အစောပိုင်းက ပြုလုပ်ခဲ့ပြီး စုစုပေါင်း အကျဉ်းသား ၂၄ ယောက် ပြန်လည်လွတ်မြောက်ခဲ့ကြောင်း အမေရိကန်က အတည်ပြုပါတယ်။ ဝေါလ်စရိဂျာနယ်သတင်းထောက် အီဗန်ဂါရှ်ကိုဗစ်ချ်အပါအဝင် အမေရိကန်နဲ့ ဥရောပနိုင်ငံတွေမှ အကျဉ်းသား ၁၆ ယောက်ကို ရုရှားက ပြန်လွှတ်ပေးခဲ့ပြီး အပြန်အလှန်အားဖြင့် အမေရိကန်၊ နော်ဝေး၊ ဂျာမနီ၊ ပိုလန်နဲ့ စလိုဗေးနီးယားအကျဉ်းထောင်တွေရှိ ရုရှားအကျဉ်းသား ရှစ်ယောက်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။ သူတို့ထဲမှာ ထောက်လှမ်းရေးလုပ်ဆောင်မှုများကြောင့် ဖမ်းဆီးခံရတဲ့ ရုရှားထောက်လှမ်းရေးတွေလည်းပါဝင်ပြီး တူရကီနိုင်ငံ အန်ကာရာလေဆိပ်မှာ အကျဉ်းသားချင်း ဖလှယ်ခဲ့ကြတာဖြစ်ပါတယ်။ ရုရှားဘက်က လွှတ်ပေးလိုက်သူတွေထဲမှာ အမေရိကန်ဝါရင့် မရိန်တပ်သား ပေါလ်ဝီလန်၊ ရုရှား-အမေရိကန် သတင်းထောက် အယ်ဆူကူမာရှီဗာ၊ ရုရှား-ဗြိတိန် တက်ကြွလှုပ်ရှားသူ ဗလာဒီမာကာရာမာဇာတို့ ပါဝင်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က…

Read More

ယနေ့ ရွှေဈေး (ဩဂုတ် – ၂ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၄၅၂ ဒေါ်လာ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း – အကယ်ဒမီ မီးလင်းရွှေ တကျပ်သား ၄၇၆၄၃၉၃ ကျပ် ပြင်ပရွှေဈေးနှုန်း -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၆၉၅၀၀၀၀ ကျပ် ဝယ်ဈေး ၆၉၁၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၆၇၅၀၀၀၀ ကျပ် ဝယ်ဈေး ၆၇၁၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #vom #TodayGoldprice #ရွှေစျေး

Read More
VOM News

FREE
VIEW