တိုကျို၊ စက်တင်ဘာ-၂၇-၂၀၂၄
ရတီ (VOM)
ဂျပန်အာဏာရပါတီ ခေါင်းဆောင်အဖြစ် ဂျပန်ကာကွယ်ရေးဝန်ကြီးဟောင်း ရှီဂီရူအိုင်ရှီဘာကို ဒီနေ့မှာ ရွေးချယ်လိုက်ပြီး သူဟာ ဂျပန်ဝန်ကြီးချုပ်သစ် ဖြစ်လာတော့မှာဖြစ်ကြောင်း သိရပါတယ်။
လက်ရှိဝန်ကြီးချုပ် ကီရှီဒါဟာ ပါတီခေါင်းဆောင်အဖြစ် ပြန်လည်ရွေးချယ်ခံတော့မှာမဟုတ်ကြောင်း ကြေညာပြီးနောက် ပါတီခေါင်းဆောင်နေရာအတွက် ကိုယ်စားလှယ်လောင်း ကိုးယောက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။
အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီဟာ ပါလီမန်မှာ အမတ်နေရာ အများစု ရရှိထားတဲ့အတွက် ပါတီခေါင်းသစ် အိုင်ရှီဘာကို လာမယ့်သီတင်းပတ်မှာ ဝန်ကြီးချုပ်သစ်ခန့်အပ်ဖို့ ရှိနေပါတယ်။
ရန်ပုံငွေအရှုပ်တော်ပုံတွေနဲ့ ပြည်တွင်းစီးပွားရေးအခြေအနေတွေကြောင့် လူထုထောက်ခံမှုနှုန်း ကျဆင်းနေချိန်မှာ အာဏာရပါတီရဲ့ ခေါင်းဆောင်အပြောင်းအလဲ ထွက်ပေါ်လာတာဖြစ်ပါတယ်။ အသက် ၆၇ နှစ်အရွယ် အိုင်ရှီဘာဟာ ပါတီခေါင်းဆောင်နေရာအတွက် ငါးကြိမ်မြောက် ယှဉ်ပြိုင်မှုလည်းပြီး ဒါဟာ နောက်ဆုံးအကြိမ် ဝင်ပြိုင်တာလို့ သူကဆိုပါတယ်။
သူဟာ ၁၉၈၆ ခုနှစ် အသက် ၂၉ နှစ်မှာ ဂျပန်လွှတ်တော်အမတ်အဖြစ် ပထမဆုံးရွေးချယ်ခံခဲ့ရပြီး အသက်အငယ်ဆုံး လွှတ်တော်အမတ်ဖြစ်လာပါတယ်။ အဲဒီနောက် သူဟာ ကာကွယ်ရေးဝန်ကြီးအပါအဝင် အခြားဝန်ကြီးရာထူးတွေနဲ့ ပါတီမှာလည်း အမှုဆောင်ရာထူးတွေကို ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။
Ref:BBC
Photo:AFP
Related posts
-
အမေရိကန်နဲ့ စစ်ရေးလေ့ကျင့်မယ့်အစီအစဉ် ရုရှားရဲ့ကန့်ကွက်မှု ဂျပန် ပယ်ချ
မော်စကို၊ အောက်တိုဘာ-၁၂-၂၀၂၄မျိုးဆက်(VOM)အမေရိကန်နဲ့ ဂျပန်စစ်တပ်တို့ ယခုလနှောင်းပိုင်းမှာ ပြုလုပ်မယ့် အကြီးစားစစ်ရေးလေ့ကျင့်မယ် အစီအစဉ်ကို ရုရှားက ကန့်ကွက်ပေမယ့်... -
စားနပ်ရိက္ခာ ပြတ်လပ်မှုကြောင့် သံတွဲမြို့ရှိ စစ်ဘေးရှောင် တသောင်းကျော် ထမင်းနပ်မမှန် ဖြစ်နေ
အောက်တိုဘာ ၁၂ – ၂၀၂၄ SS (VOM) လက်ရှိ ရခိုင်ပြည််နယ်အတွင်း ဖြစ်ပွားနေတဲ့... -
အင်းလေးဒေသမှာ ခရမ်းချဉ်သီးဈေး ၁၅ ဆကျော်ထိ ရုတ်တရက်မြင့်တက်လာ
အောက်တိုဘာ ၁၂၊ ၂၀၂၄ZY(VOM)မိုးသည်းထန်ရွာစွာသွန်းပြီး ရေကြီးရေလျှံမှု၊ နေအိမ်တွေ ရေနစ်မြှုပ်မှု၊ စိုက်ခင်းတွေ ရေနစ်မြှုပ်မှုကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း၊...