အောက်တိုဘာ ၁၅၊ ၂၀၂၄Shy V (VOM)ကချင်ပြည်နယ် ချီဖွေခရိုင်၊ ချီဖွေမြို့နယ်၊ ပန်ဝါတရုတ် မြန်မာနယ်စပ်မြို့အနီးက လုပီရွာ အခြေစိုက် အမှတ် ၁၀၀၂ နယ်ခြားစောင့် တပ်စခန်းကို အောက်တိုဘာလ ၁၅ ရက်နေ့ နေ့လယ်မှာ KI A နဲ့ ပူးပါင်း တပ်ဖွဲ့က အပြီးသတ်ထိန်းချုပ်လိုက် ကြောင်း ဒေသခံတွေဆီက သိရပါတယ်။“လုပီ ၁၀၀၂ နယ်ခြားစောင့်တပ်ကို ဒီနေ့ နေ့လယ် ၁၂ နာရီ ခွဲကျော် လောက်က အပြီးသတ် သိမ်းလိုက်ပြီလို့ ကြားတယ်။” လို့ ဒေသခံ တယောက်က ပြောပါတယ်။အရင်ရက်ေတွ ကတည်းက လမ်းတွေ ပိတ်တော့မယ်လို့ ကြားရပြီး မနေ့ ကတော့ ပန်ဝါ ပါထိုက်ဟော် ကနေ နေရပ်ပြန် ပြည်သူတွေ အလံဖြူထောင်ပြီး ဆိုင်ကယ်နဲ့ ပြန်တာ တွေ့ရပေမယ့် မပြန်ရဲသူတွကတော့ လမ်းပိတ်သွားတော့…
Read MoreDay: October 15, 2024
ဟဇ်ဘိုလာတွေကို အညှာအတာကင်းကင်း တိုက်ခိုက်တော့မယ်လို့ အစ္စရေးဝန်ကြီးချုပ် ကတိပြု
တဲလ်အဗစ်၊ အောက်တိုဘာ-၁၅-၂၀၂၄မျိုးဆက်(VOM)အစ္စရေးကို ဟဇ်ဘိုလာတွေရဲ့ ဒုံးကျည်တိုက်ခိုက်မှုကြောင့် အစ္စရေးစစ်သား လေးယောက်သေပြီး တခြားလူ ၆၀ ကျော်ဒဏ်ရာရပြီးနောက်မှာ ဟဇ်ဘိုလာတွေကို အညှာအတာကင်းကင်းနဲ့ တိုက်ခိုက်သွားမယ်လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ကတိပြုပြောဆိုလိုက်ပါတယ်။အစ္စရေးမြောက်ပိုင်း ဆာဖက်ဒ်မြို့ကို ပြီးခဲ့တဲ့နေ့ ညနေပိုင်းက ဒုံးကျည်တွေနဲ့ မတိုက်ခိုက်ခင် ဟိုင်ဖာအနီး အစ္စရေး ရေတပ်စခန်းကို ဒုံးကျည်တွေနဲ့ ပစ်လွှတ်တိုက်ခိုက်ခဲ့တယ်လို့ အီရန်ကျောထောက်နောက်ခံပြု ဟဇ်ဘိုလာအဖွဲ့က ပြောပါတယ်။ဒါဟာ ဘေရွတ်ကို အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် လူ ၂၂ ယောက်သေဆုံးခဲ့တဲ့အပေါ် လက်တုံ့ပြန်တာလို့ ဟဇ်ဘိုလာအဖွဲ့က ပြောပါတယ်။ဘေရွတ်အပါအဝင် လက်ဘနွန်အစိတ်အပိုင်းတွေအားလုံးမှာ ဟဇ်ဘိုလာတွေကိူ အညှာအတာ အကင်းကင်းနဲ့ဆက်လက်တိုက်ခိုက်သွားမယ်လို့ ဒုံးကျည်တိုက်ခိုက်ခံရမှုအပြီး ဟိုင်ဖာမြို့တောင်ဘက် စစ်အခြေစိုက်စခန်းကို လာရောက်တဲ့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပြောပါတယ်။ဝန်ကြီးချုပ်ရဲ့ မှတ်ချက် မထွက်ပေါ်မီ မနေ့ညကလည်း လက်ဘနွန်နယ်စပ်ရှိ ပစ်မှတ်တွေကို အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၂၁ ယောက်သေဆုံးခဲ့ပြီး အောက်တိုဘာ ၂၃…
Read Moreအိန္ဒိယနဲ့ ကနေဒါတို့ သံတမန်တွေကို အပြန်အလှန်နှင်ထုတ်ပြီး ဆက်ဆံရေး ပိုတင်းမာလာ
တိုရွန်တို၊ အောက်တိုဘာ-၁၅-၂၀၂၄မျိုးဆက်(VOM)အိနိ္ဒယသံရုံး မဟာမင်းကြီးအပါအဝင် သံတမန်ခြောက်ယောက်ကို ကနေဒါနိုင်ငံ နှင်ထုတ်လိုက်ပြီး ကနေဒါရောက် ဆစ်ခ်ခွဲထွက်ရေးလှုပ်ရှားမှုနဲ့ အိန္ဒိယအတိုက်အခံတွေကို ပစ်မှတ်ထားမှုတွေကို အိန္ဒိယက ပိုမိုအားထုတ်လာတယ်လို့ ကနေဒါအာဏာပိုင်တွေက စွပ်စွဲလိုက်ပါတယ်။အခုလို သံတမန်တွေကို နှင်ထုတ်တဲ့လုပ်ရပ်အပေါ် အိန္ဒိယက ဝေဖန်လိုက်ပြီး ကနေဒါသံရုံး ယာယီမဟာမင်းကြီးအပါအဝင် ကနေဒါသံတမန်ခြောက်ယောက်ကို နှင်ထုတ်ဖို့ အမိန့်ပေးပြီး လက်တုံ့ပြန်လိုက်ပါတယ်။အိန္ဒိယ ဆစ်ခ်ခွဲထွက်ရေးခေါင်းဆောင်တယောက် ကနေဒါမြေမှာ လုပ်ကြံသတ်ဖြတ်ခံရမှုမှာ အိန္ဒိယထောက်လှမ်းရေးတွေ ပါဝင်ပတ်သက်တဲ့ အထောက်အထားတွေရှိတယ်လို့ ကနေဒါဝန်ချုပ် ဂျက်စတင်ထရူးဒိုးက ပြီးခဲ့တဲ့နှစ်မှာ ထုတ်ဖော်ပြောဆိုခဲ့ပြီးကတည်းက နှစ်နိုင်ငံအကြား သံတမန်ရေးအရာ အငြင်းပွားမှုနဲ့ တင်းမာမှုတွေ ဆက်လက်မြင့်တက်ခဲ့ပါတယ်။လက်ရှိမှာတော့ အိန္ဒိယအစိုးရအေးဂျင့်တွေဟာ အများပြည်သူဘေးကင်းရေးကို သိသိသာသာ ခြိမ်းခြောက်မှုဖြစ်စေတဲ့ လှုပ်ရှားမှုတွေမှာ ဆက်လက်ပါဝင်ပတ်သက်နေတယ်ဆိုတာ ရှင်းလင်းခိုင်လုံတဲ့ သက်သေအထောက်အထားတွေရှိတယ်လို့ ကနေဒါဝန်ကြီးချုပ်က မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ဒီလှုပ်ရှားမှုတွေထဲမှာ လျှို့ဝှက်သတင်းအချက်အလက် စုဆောင်းခြင်း၊ အတင်းအကျပ်ခြိမ်းခြောက်မှုနဲ့ အိန္ဒိယ-ကနေဒါ နိုင်ငံသားတွေကို ပစ်မှတ်ထား သတ်ဖြတ်မှုအပါအဝင် လုပ်ရပ်ပေါင်းတဒါဇင်ကျော်ရှိတယ်လို့ ဝန်ကြီးချုပ်က…
Read Moreတာချီလိတ်မှာ ရေကြီးပြန်လို့ ကြိုတင်ကာကွယ်ရေး အစီအမံတွေအပေါ် ဒေသခံတွေ ဝေဖန်
အောက်တိုဘာ ၁၅၊ ၂၀၂၄ ZY(VOM) ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ အောက်တိုဘာလ ၁၄ရက်၊ ညပိုင်းအချိန်ကနေ ဒီကနေ့ မနက်အစောပိုင်းအချိန်ထိ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မယ်ဆိုင်ချောင်းရေမြင့်တက်မှု ထပ်မံဖြစ်ပေါ်ခဲ့တာကြောင့် သွားလာရေး အခက်အခဲဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ ဒီကနေ့ မနက်ပိုင်းအချိန်မှာတော့ ရေအနည်းငယ်ပြန်ကျသွားပေမယ့် ရွံ့နွံတွေ ကျန်ရစ်ခဲ့မှုခဲ့ကြောင့် ကား၊ ဆိုင်ကယ်လမ်းချော်မှုတွေ ရှိနေသလို ဗိုလ်ချုပ်လမ်းမကြီးပေါ်မှာ ရေတက်ခဲ့တာကြောင့် ကား၊ ဆိုင်ကယ်နဲ့ လူတွေဟာ ရေထဲကနေ ဖြတ်သန်းသွားလာနေရတယ်လို့ သိရပါတယ်။ “တချို့ရပ်ကွက်တွေဆိုရင် ကား၊ ဆိုင်ကယ်ဝင်ဖို့ တော်တော်ခက်ခဲနေတယ်။ ရေကပြန်ကျသွားရင် ရေနဲ့ ပါလာတဲ့ အမှိုက်တွေ၊ ရွံ့တွေက ကျန်ခဲ့တယ်လေ။ တာချီလိတ်မြို့ကြီးက အရင်က စီးပွားရေးမြို့ကြီး တမြို့ကနေ အခုဆိုရင် ဖုန်တွေ ရွံ့တွေနဲ့ ကား၊ ဆိုင်ကယ် စီးရတာ ရွာလမ်းဖြတ်မောင်းရနေသလိုပဲ။ ရွံတွေ ဗွက်တွေနဲ့အတူ တနေ့ကုန် နေနေရပါတယ်။ ဒီထက်ဆိုးတာက…
Read Moreဂျူပီတာဂြိုလ်ရဲ့ လတစင်းပေါ်မှာ နာဆာက သက်ရှိတွေ ရှာဖွေတော့မယ်
ဝါရှင်တန်၊ အောက်တိုဘာ-၁၅-၂၀၂၄ မျိုးဆက်(VOM) ဂျူပီတာဂြိုဟ်ရဲ့ ဂြိုလ်ရံလတစင်းပေါ်မှာ သက်ရှိတွေရဲ့ အထောက်အထားနဲ့ ရေရှိမရှိရှာဖွေမယ့် မစ်ရှင်ကို အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်ကနေ နာဆာက လွှတ်တင်လိုက်ပါတယ်။ ဟာရီကိန်းမုန်တိုင်း မီလ်တန်ကြောင့် ဒီမစ်ရှင်ကို ပြီးခဲ့တဲ့သီတင်းပတ်က ရွှေ့ဆိုင်းခဲ့ရပြီး အောက်တိုဘာ ၁၄ ရက်မှာတော့ စပေ့အက်စ်ရဲ့ ဖယ်လ်ကွန်အကြီးစားဒုံးပျံနဲ့ စူးစမ်းလေ့လာရေယာဉ် ယူရိုပါကလစ်ကို တင်ဆောင်ပြီး ဒေသစံတော်ချိန် မွန်းတည့် ၁၂ နာရီမှာ လွှတ်တင်ခဲ့တာပါ။ ယူရိုပါကလစ်ယာဉ်ဟာ လျို့ဝှက်ချက်တွေပြည့်နေတဲ့ ဂျူပီတာဂြိုလ်ရဲ့ ဂြိုလ်ရံလဖြစ်တဲ့ ယူရိုပါကို ရောက်ရှိဖိုပ မိုင်ပေါင်း ၁ ဒသမ ၈ ဘီလီယံခရီးနှင်ရမှာဖြစ်ပြီး အချိန်အားဖြင့် ၂၀၃၀ ခုနှစ်အလွန်မှာ ရောက်ရှိနိုင်ပေမယ့် စူးစမ်းလေ့လာမှုတွေဟာ နေအဖွဲ့အစည်းအတွင်း လူသားတွေသိထားသမျှအရာတွေကို ပိုမိုအထောက်အကူပြု ပြောင်းလဲစေနိုင်ဖွယ်ရှိပါတယ်။ လွှတ်တင်ပြီးနောက် စူးစမ်းလေ့လာရေးယာဉ်နဲ့ အချက်ပြဆက်သွယ်မှု ကောင်းမွန်စွာရရှိထားပြီး ဂြိုဟ်ဝန်းကျင်းမှာ အားနည်းသော နေရောင်ခြည်ကို ရယူနိုင်ဖို့ ကြီးမားသော…
Read Moreတောင်ကိုရီးယားနဲ့ တင်းမာနေချိန် ချက်ချင်းလုပ်ရမယ့် စစ်ရေးအစီအစဉ်တရပ် ကင်ဂျုံအန် ညွှန်ကြား
ပြုံးယမ်း၊ အောက်တိုဘာ-၁၅-၂၀၂၄မျိုးဆက်(VOM)တောင်ကိုရီးယားနဲ့ တင်းမာမှုတွေမြင့်တက်နေချိန် မြောက်ကိုရီးယား အမျိုးသားလုံခြုံရေး ထိပ်သီးအစည်းအဝေး ကျင်းပခဲ့ပြီး ချက်ချင်းလုပ်ဆောင်ရမယ့် စစ်ရေးအစီအစဉ်တရပ်ကို ကင်ဂျုံအန်က ညွှန်ကြားခဲ့ပါတယ်။ပြုံးယမ်းမှာ ပြုလုပ်တဲ့ အဲဒီအစည်းအဝေးကို မြောက်ကိုရီးယားစစ်တပ် အကြီးအကဲ၊ လုံခြုံရေးနဲ့ ကာကွယ်ရေးဝန်ကြီးတွေအပြင် အခြားထိပ်တန်းတာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။အစည်းအဝေးမှာတော့ ကင်ဂျုံအန်ဟာ နိုင်ငံရေးနဲ့ စစ်ရေးအရ တင်းမာတဲ့ ရပ်တည်ချက်တွေကို ထုတ်ဖော်ပြောဆိုခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် ကေစီအင်န်အေသတင်းဌာနက ဖော်ပြထားပါတယ်။စစ်ရေးအဟန့်အတားနဲ့ ကိုယ့်ကိုကိုယ့် ခုခံကာကွယ်ပိုင်ခွင့်တွေမှာ စစ်ရေးအရ ချက်ချင်းတုံ့ပြန်မှုတွေနဲ့ အရေးကြီးတာဝန်တွေကို ပြီးမြောက်စေဖို့ ညွှန်ကြားခဲ့တယ်လို့ အဲဒီ သတင်းဌာနက ဖော်ပြထားပါတယ်။မကြာသေးမီက မြောက်ကိုရီးယားလေပိုင်နက်ထဲကို တောင်ကိုရီးယားဒရုန်းတွေ ၀င်ရောက်တယ်လို့ စွပ်စွဲထားပြီး နယ်စပ်ကို အင်အားဖြည့်တင်းနေပြီး နောက်ထပ်ဝင်ရောက်လာပါက စစ်ကြေညာခြင်းလို့ သတိပေးထားပါတယ်။ တောင်ကိုရီးယားဘက်ကလည်း မြောက်ကိုရီးယားကို တုံ့ပြန်ဖို့ အသင့်ရှိတယ်လို့ ဆိုပါတယ်။ဒရုန်းတွေ ဝင်ရောက်မှုမှာ ပါဝင်ပတ်သက်ခြင်းမရှိဘူးလို့ တောင်ကိုရီးယားစစ်တပ်က အစောပိုင်းမှာ ထုတ်ပြန်ထားပါတယ်။ တောင်ကိုရီးယားဘက်က တက်ကြွလှုပ်ရှားသူတွေဟာ မြောက်ကိုရီးယားအစိုးရ…
Read MoreThis Day in History
Voice of Myanmarတရုတ်နိုင်ငံသည် ၎င်း၏ ပထမဆုံးသော လူလိုက်ပါသည့် အာကာသမစ်ရှင် Shenzhou 5 ကို ၂၀၀၃ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် လွှတ်တင်ခဲ့ပြီး ၂၁ နာရီပျံသန်းစဉ်အတွင်း ကမ္ဘာကို ၁၄ ကြိမ်လှည့်ပတ်ခဲ့ကာ လူလိုက်ပါသည့် အာကာသယာဉ်ကို အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့သည့် တတိယမြောက်နိုင်ငံ ဖြစ်လာသည်။
Read Moreအင်းလေးဒေသ၊ ခေါင်တိုင်မှာ ဒုတိယအကြိမ် ရေထပ်ကြီးလို့ အရေးပေါ် တိမ်းရှောင်ရပြန်
အောက်တိုဘာ ၁၅၊ ၂၀၂၄ သတင်း-ZY(VOM) ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ ခေါင်တိုင်ကျေးရွာမှာ ဒီကနေ့ အောက်တိုဘာလ ၁၄ရက်၊ ညနေပိုင်းက စတင်ပြီး ချောင်းရေဝင်ရောက်မှုကြောင့် နေအိမ်တွေ နှစ်မြုပ်ကုန်တာကြောင့် ဒေသခံတွေဟာ အရေးပေါ်တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၉ ရက်ကနေ ၁၇ရက်နေ့အထိ ရေဆက်တိုက်ဝင်ရောက်မှုဖြစ်ပွားခဲ့သလို အောက်တိုဘာလ၊ ပထမပါတ်မှသာ ရေပြန်ကျသွားတဲ့ ခေါင်တိုင်ကျေးရွာဟာ ဒီကနေ့မှာတော့ တောင်ကျချောင်းရေအလုံးအရင်းနဲ့ ဝင်ရောက်လာတာကြောင့် ဒုတိယအကြိမ်ရေဘေးဒဏ် ခံနေရတယ်လို့ ဆိုပါတယ်။ “ချောင်းရေမကျသေးလို့ လုပ်စားကိုင်စားရတာ ဒုက္ခရောက်ပါတယ်ဆိုမှ ချောင်းရေ ဒုတိယအကြိမ် ထပ်ဝင်တာ။ ဘယ်လိုတွေ လုပ်ကိုင်စားသောက် ရတော့မလဲ မသိဘူး။ ပထမအကြိမ်ရေဝင်ထားတာကို သန့်ရှင်းရေးလုပ်ပြီးရုံရှိသေးတယ်။ ခုထပ်ဝင်တာက ပထမတစ်ခေါက်ထက် ပိုဆိုးတယ်”လို့ ခေါင်တိုင်ဒေသခံ မလဲ့လဲ့စံက VOMကို ပြောပါတယ်။ ခေါင်တိုင်တောင်ရွာမှာ အိမ်ခြေက ၃၀၀ခန့်ရှိပြီး လက်ရှိမှာ အနိမ့်ပိုင်းရပ်ကွက်ရှိ…
Read Moreလားရှိုးမှာ လေကြောင်းနဲ့ ထပ်မံ တိုက်ခိုက်ခံရပြန်
အောက်တိုဘာ ၁၅၊ ၂၀၂၄ SHV(VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ ရပ်ကွက် ၁၊ နားမခါ်ကားကွင်းအနီး ရွှေတောင်ကြားလမ်းဘက်မှာ လေကြောင်းနဲ့ ထပ်မံ တိုက်ခိုက်ခံရလို့ ဆိုင်ကယ်စီးလာသူေတွထိမှန်ကာ တယောက်သေဆုံးပြီး တယောက် ထိခိုက် ဒဏ်ရာရကြောင်း ဒေသခံတွဆီက သိရပါတယ်။ “လေယာဉ် ဗုံးက ဆိုင်ကယ်စီးလာနေသူ နှစ်ယောက်ပေါ် တည့်တည့်ကျတာ။ တယောက်က ပွဲချင်းပြီး သေသွားတယ်။ တယောက်က ဒဏ်ရာ ပြင်းထန်တယ်” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ ဗုံးကျတဲ့ေနရာဟာ လားရှိုးကနေ မန္တလေး အထွက်လမ်းဘက် ဖြစ်ပြီး လျှပ်စစ်ရုံးလည်းထိမှန်ကြောင်းနဲ့ မီးတွပါ ပျက်ကုန်တယ်လို့ သူက ပြောပါတယ်။ “ပေါင် ၅၀၀ ဗုံး လို့ပြောတယ်။ သုံးလုံးကြဲသွားတယ်။ မြို့ထဲမှာ စစ်ရှောင်ေတွက ပြန်လာကြ တာ အတော်များနေပြီ။ လေကြောင်းနဲ့ မကြာခဏ ဗုံးကြဲ တိုက်ခိုက်ခံရလို့…
Read More