ဝါရှင်တန်၊ ဒီဇင်ဘာ-၁၀-၂၀၂၄
မျိုးဆက်(VOM)
UnitedHealthcare ကျန်းမာရေးအာမခံကုမ္ပဏီအကြီးအကဲ ဘရိုင်ယန်သော်မဆင်ကို နယူးယောက်မြို့လယ်မှာ သေနတ်နဲ့ ပစ်သတ်သွားတဲ့ အသက် ၂၆ နှစ်အရွယ် အမျိုးသားတယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။
နယူးယောက်မြို့ အနောက်ဘက် မိုင် ၂၈၀ အကွာ ပင်ဆယ်ဗေးနီးယားပြည်နယ် ၊ အယ်လ်တိုနာမြို့ရှိ မက်ဒေါ်နယ်ဆိုင်တဆိုင်မှာ လာရောက်စားသုံးသူတယောက်က သေနတ်သမားကို မှတ်မိသတင်းပေးမှုကြောင့် ရဲတပ်ဖွဲ့က ဖမ်ဆီးနိုင်ခဲ့တာဖြစ်ပါတယ်။
လူအိဂျီမန်ဂျိုနီဆိုသူရဲ့ ကျောပိုးအိတ်အတွင်းမှ သရီးဒီပစ္စတိုတစ်လက်၊ အသံတိတ်ကိရိယာနဲ့ ၉ မမကျည်ခြောက်တောင့်ပါတဲ့ ကျည်ကဒ်တခုအပြင် စိတ်အားထက်သန်မှုနဲ့ သူ့အတွေးအမြင်တွေကို ရေးထားတဲ့ စာရွက်စာတမ်းတခုကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ကဆိုပါတယ်။
နောက်ပိုင်းမှာတော့ ပင်ဆယ်ဗေးနီးယားတရားရုံးက ကနဦးစွဲချက်ငါးခုနဲ့ စွဲချက်တင်ခဲ့ပြီး အာမခံကို ပယ်ချထားပါတယ်။ ဒီဇင်ဘာ ၉ ရက်မတိုင်မီထိ သံသယရှိသူစာရင်းမှာ သူမပါဝင်ခဲ့တာကြောင့် ဖမ်းဆီးမှုအပေါ် အံ့အားသင့်ခဲ့ကြောင်း စုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။
UnitedHealthcare ကျန်းမာရေးအာမခံကုမ္ပဏီအကြီးအကဲ ဘရိုင်ယန်သော်မဆင်ဟာ လွန်ခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်က နယူးယောက်ရှိ ဟီလ်တန်ဟိုတယ်မှာ ပြုလုပ်မယ့် ရင်းနှီးမြုပ်နှံသူများအစည်းအဝေးမတိုင်မီ ဟိုတယ်အပြင်မှာ သေနတ်နဲ့ ပစ်ခတ်ခံရပြီးနောက် သေဆုံးသွားခဲ့တာဖြစ်ပါတယ်။
Ref:BBC
Photo:Fox
Related posts
-
ထရန့်-ပူတင် ထိပ်သီးဆွေးနွေးပွဲ ဆော်ဒီနဲ့ ယူအေအီးမှာ ပြုလုပ်ဖွယ်ရှိ
မော်စကို၊ ဖေဖော်ဝါရီ-၄-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ရုရှားသမ္မတပူတင်တို့အကြား ထိပ်သီးဆွေးနွေးပွဲကို ဆော်ဒီအာရေဗျနဲ့ ယူအေအီးတို့မှာ... -
နိုင်ငံတကာအကူအညီပေးရေးအေဂျင်စီ (USAID) ကို ပိတ်ဖို့လုပ်နေတယ်လို့ အီလွန်မတ်ပြော
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၂၅ မျိုးဆက်(VOM) အမေရိကန် နိုင်ငံတကာအကူအညီပေးရေး အေဂျင်စီ(USAID) ကို ပိတ်ပစ်ဖို့ လုပ်ဆောင်နေတယ်လို့... -
ကနေဒါနဲ့ မက္ကဆီကိုတို့အပေါ် အမေရိကန်ရဲ့ အခွန်ကောက်ခံမှု ရက် ၃၀ ဆိုင်းငံ့ပေး
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၂၅ ရတီ(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ အိမ်နီးချင်းနှစ်နိုင်ငံနဲ့ နယ်စပ်လုံခြုံရေး၊ ရာဇဝတ်မှုတိုက်ဖျက်ရေးတွေနဲ့ပတ်သက်ပြီး လိုလျောညီထွေ...