တိုကျို၊ ဒီဇင်ဘာ-၂၆-၂၀၂၆
မျိုးဆက်(VOM)
ဂျပန်လေကြောင်းလိုင်းဟာ ဒီကနေ့ ဒီဇင်ဘာ ၂၆ ရက်က ဆိုက်ဘာတိုက်ခိုက်မှုကြုံခဲ့ရတာကြောင့် လေယာဉ်ခရီးစဉ်တွေ နှောင့်နှေးခဲ့ရတယ်လို့ အဲဒီလေကြောင်းလိုက်က ထုတ်ပြန်လိုက်ပြီး ဒီပြသနာကို ဖြေရှင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
လေကြောင်းလိုင်းရဲ့ ခရီးဆောင်အိတ်တွေကို စစ်ဆေးတဲ့စနစ်မှာ ပြသနာတွေကြုံခဲ့ရတာကြောင့် ဂျပန်လေဆိပ်အများအပြားမှာ လေယာဉ်ခရီးစဉ် တဒါဇင်ကျော်နှောင့်နှေးခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း ခရီးစဉ်တွေ ဖျက်သိမ်းလိုက်ရတာမျိုးတော့ မရှိသေးဘူးလို့ ပြောပါတယ်။
ဂျပန်လေကြောင်းလိုင်းသည် အောနီပွန်လေကြောင်းလိုင်းပြီးရရင် ဂျပန်နိုင်ငံမှာ ဒုတိယမြောက် အကြီးဆုံးလေကြောင်းလိုင်းလည်းဖြစ်ပါတယ်။ ပြသနာရဲ့ အဓိကအကြောင်းရင်းကို ရှာဖွေဖြေရှင်းနိုင်ခဲ့ပြီး အခြေအနေတွေကို ပြန်လည်စစ်ဆေးနေတယ်လို့ ဂျပန်လေကြောင်းလိုင်းက ထုတ်ပြန်ပါတယ်။
ဆိုက်ဘာတိုက်ခိုက်မှုကြောင့် ပြည်တွင်းနဲ့ နိုင်ငံတကာလေကြောင်းခရီးစဉ် ရောင်းချမှုတွေကို ခေတ္တရပ်ဆိုင်းထားပြီး အဆင်မပြေမှုများအတွက် တောင်းပန်ကြောင်း လေကြောင်းလိုင်းက ထုတ်ပြန်ထားပါတယ်။
ဆိုက်ဘာတိုက်ခိုက်မှုဟာ ဒီကနေ့မနက် ၆ နာရီ ၂၄ မိနစ်မှာ စတင်ကြုံတွေ့ခဲ့ရပြီး မနက် ၉ နာရီဝန်းကျင်မှာတော့ အနှောက်အယှက်ဖြစ်နေတဲ့ ကွန်ရက်ကို ယာယီခွဲထုတ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီဖြစ်စဉ်ကြောင့် လေကြောင်းလိုင်းရဲ့ ရှယ်ယာတွေ ၂ ဒသမ ၅ ရာခိုင်နှုန်းထိ မနက်ပိုင်းမှာ ကျဆင်းခဲ့ပြီး နောက်ပိုင်းမှာ ပြန်လည်တည်ငြိမ်ခဲ့ပါတယ်။
ဒီကနေ့မွန်းတည့်ချိန်ထိ ပြည်တွင်းခရီးစဉ်လေယာဉ် ၂၄ စင်းဟာ မိနစ် ၃၀ ကနေ ၈၅ မိနစ်ထိ နှောင့်နှေးခဲ့ရပြီး အချို့သောနိုင်ငံတကာခရီးစဉ်များလည်း နှောင့်နှေးခဲ့ကာ ဂျပန်လေကြောင်းလိုင်းရဲ့ အက်ပလီကေးရှင်းကိုတော့ သက်ရောက်မရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။
RefAFP
Photo:AFP
Related posts
-
ဒဏ်ရာရ မြောက်ကိုရီးယားစစ်သားနှစ်ယောက်ကို ယူကရိန်းဖမ်းဆီးရမိ
ကိဗ်ယက်၊ ဇန်နဝါရီ-၁၂-၂၀၂၅ မျိုးဆက်(VOM) ရုရှားနိုင်ငံကာ့စ်ဒေသမှာ ဒဏ်ရာရ မြောက်ကိုရီးယားစစ်သားနှစ်ယောက်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့တယ်လို့ ယူကရိန်းသမ္မတ... -
ကုန်းလမ်းခရီး သွားလာရခက်တဲ့ ဒေသတွေမှာ လေယာဉ်လက်မှတ်ခ ဈေးနှုန်းတွေ ထပ်မံ မြင့်တက်လာ
ဇန်နဝါရီ ၁၂ – ၂၀၂၅SS (VOM)ပြည်တွင်းက ကုန်းလမ်းခရီး သွားလာရခက်တဲ့ ဒေသတွေမှာ လေယာဉ်လက်မှတ်ခ... -
ရန်ကုန်မှာ ကလေး၊ သက်ကြီး၊ ကိုယ်ဝန်ဆောင်နဲ့ မသန်စွမ်းတွေကို ထောက်ပံ့ကြေးပေးဖို့ စာရင်းကောက်နေ
ဇန်နဝါရီ ၁၀ – ၂၀၂၅KKO(VOM)ရန်ကုန်တိုင်းအတွင်းက မြို့နယ်/ရပ်ကွက်အချို့မှာ ထောက်ပံ့ကြေးငွေ ပေးအပ်ဖို့ စာရင်းကောက်ယူမှု တွေရှိနေတယ်လို့...