ဆိုးလ်၊ ဒီဇင်ဘာ-၂၄-၂၀၂၄ရတီ(VOM)ယခုနှစ်ကုန်မှာ ကျင်းပဖို့စီစဉ်ထားတဲ့ မြောက်ကိုရီးယားအာဏာရပါတီရဲ့ အဓိကအစည်းအဝေးကာလမှာ မြောက်ကိုရီးယားဟာ ပဲ့ထိန်းဒုံးကျည် ပစ်ခတ်စမ်းသပ်နိုင်တယ်လို့ တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။မြောက်ကိုရီးယားဟာ လောင်စာခဲသုံး ပဲ့ထိန်းဒုံးကျည်တွေ ထုတ်လုပ်နေတာနဲ့ ရွှေ့ပြောင်းနေတာတွေကို အတည်ပြုနိုင်ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့က ပြောပါတယ်။မြောက်ကိုရီးယား အာဏာရပါတီရဲ့ ဗဟိုကော်မတီအစည်းအဝေးမတိုင်ခင် သို့မဟုတ် အစည်းအဝေးအပြီးမှာ အသံထက်မြန်တဲ့ တာလတ်ပစ်ပဲ့ထိန်းဒုံးကျည်ကို ပစ်လွှတ်နိုင်တယ်လို့ တောင်ကိုရီးယားစစ်တပ် တာဝန်ရှိသူတွေက ပြောပါတယ်။လာမယ့်လမှာ အမေရိကန်သမ္မတအဖြစ် ဒေါ်နယ်ထရန့် ကျမ်းသစ္စာကျိန်ဆိုတာအပါအဝင် ပြည်တွင်းနဲ့ နိုင်ငံတကာ ရေးရာတွေနဲ့ ချိန်ကိုက်သား ဒုံးကျည်စမ်းသပ်မှုပြုနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း မြောက်ကိုရီးယားရဲ့ ပြင်ဆင်နေတဲ့ အချက်အလက်တွေအရ ယခုနှစ်အတွင်းမှာ စစ်ထောက်လှမ်းရေးဂြိုဟ်တုကို လွှတ်တင်ဖို့ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။လာမယ့်နှစ်မှာတော့ မြောက်ကိုရီးယားဟာ တိုက်ချင်းပစ်ဒုံးကျည်ပစ်ခတ်တာအပါအဝင် အမေရိကန်နဲ့ ညှိနှိုင်းမှုပြုနိုင်တဲ့ အခြေအနေတည်ဆောက်ဖို့ နျူကလီးယားစမ်းသပ်မှုတွေနဲ့ ရန်စတာမျိုးတွေ ပြုလုပ်လာနိုင်တယ်လို့ တောင်ကိုရီးယား စစ်တပ်က သတိပေးထားပါတယ်။လက်ရှိမှာတော့ ရုရှားနဲ့ မြောက်ကိုရီးယားတို့ဟာ…
Read MoreYear: 2024
ရွှေကုက္ကိုလ်မှာ ဝမ်းရောဂါကူးစက်မှု ရာချီရှိနေ၊ မြဝတီမှာ မကူးစက်ရေး သတိပေး
ဒီဇင်ဘာ ၂၄- ၂၀၂၄ GG (VOM) ကရင်ပြည်နယ်၊ မြဝတီမြို့၊ ကာစီနို လောင်းကစားရုံတွေရှိတဲ့ ရွှေကုက္ကိုလ်မှာ ဝမ်းရောဂါကူးစက်မှုမြင့်နေတာကြောင့်မြဝတီမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက မြဝတီမြို့တွင်းပြည်သူတွေ ဝမ်းရောဂါကူးစက်မှုမရှိစေရေးရပ်ကွက်တွေအထိ ကျန်းမာရေး ဆိုင်ရာသတိပေးချက်တွေကိုလိုက်လံသတိပေးနေတယ်လို့သိရပါတယ်။ ” ဒီနေ့ မြို့မှာဆောင်ရန်ရှောင်ရန်တွေ လိုက်အသိပေးနေတယ်။ရပ်ကွက်အလိုက်ပါအသိပေးတာတွေလုပ်တယ်။ယင်နားစားတွေမစားဖို့၊အိမ်သာကထွက်တိုင်းလက်ကိုဆပ်ပြာနဲ့ဆေးဖို့ပေါ့။အစားမစားမီလက်ကိုဆေးဖို့ အစားအစာ တွေယင်မနားအောင်နဲ့ ဝမ်းပျက်ဝမ်းလျှောဖြစ်ရင်နီးစပ်ရာကျန်းမာရေးဌာနကိုပြသဖို့ လိုက်ပြီးသတိပေးတာပါ။ရွှေကုက္ကိုလ်မှာ တော်တော်ဖြစ်နေတော့ သတိလိုက်ပေးတဲ့သဘောပါ။” လို့မြဝတီမြို့ခံကပြောပါတယ်။ ရွှေကုက္ကိုလ်မြို့မှာ ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားမှုမြင့်တက်နေပြီး လက်ရှိမှာရောဂါကူးစက်သူ ၂၀၀ လောက်ရှိပြီး သေဆုံးသူတွေလည်းရှိလာနေတာကြောင့် ဝမ်းရောဂါ မြဝတီမြို့ကိုကူးစက်မှုရှိမလာစေရေးအတွက် ဆောင်ရန်ရှောင်ရန်တွေကို သတိပေးမှုပြုလုပ်လာတာဖြစ်တယ်လို့သိရပါတယ်။ “ရွှေကုက္ကိုလ်မှာက ဝမ်းရောဂါဖြစ်နေတာ လူတော်တော်များတယ်။လူ ၂၀၀ လောက်ရောဂါ ဖြစ်နေပြီး နှစ်ယောက်သေတယ် သိရတယ်။သူတို့ဘက်က သတင်းမထုတ်တော့အတိကျမသိရသေးဘူးပေါ့။အဲဒီဘက်ကဖြစ်ရင်ထိုင်းဘက်ကိုသွားကုတယ်။ မြဝတီမြို့ပေါ်မှာတော့ ကူးစက်မှုသိပ်မတွေ့ရသေးဘူး။နယ်စပ်က ကာစီနိုရုံတွေမှာတော့ဝမ်းရောဂါတွေဖြစ်နေတယ်။အဲဒီဘက်ကကာစီနိုရုံတွေက သူတို့ဆီမှာဆရာဝန်တွေငှားထားတယ်။ခုတော့ ဆေးဖြန်းတာတွေလုပ်ဖို့ဆိုပြီးဆက်သွယ်လာတာလည်းရှိတယ်။ခုသိရသလောက်ကာစီနိုရုံတွေမှာဖြစ်နေတယ်။သေဆုံးသူနှစ်ယောက်ရှိတယ်။” လို့ ဒေသခံကပြောပါတယ်။ လက်ရှိမှာတော့ ရွှေကုက္ကိုလ်မြို့အတွင်းဖြစ်ပွားနေတဲ့ ဝမ်းရောဂါကူးစက်ခံရသူတွေကိုကုသဖို့အတွက် ထိုင်းနိုင်ငံ…
Read Moreမင်းတပ်နဲ့ ဖလမ်းမှာ တိုက်ပွဲပြင်းထန်နေပြီး ဒေသခံတွေ မြို့လုံးကျွတ်နီးပါး နေရပ်စွန့်ခွာ
ဒီဇင်ဘာ ၁၄ – ၂၀၂၄ SS (VOM) ချင်းပြည်နယ်ရှိ ဖလမ်းနဲ့ မင်းတပ်မြို့တွေမှာ နစကတပ်နဲ့ ချင်းညီနောင်မဟာမိတ် ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး ဒေသခံတွေ မြို့လုံးကျွတ်နီးပါး နေရပ်စွန့်ခွာ တိမ်းရှောင်နေရတယ်လို့ စစ်ရှောင်အရေး ဆောင်ရွက်နေသူတွေဆီက သိရပါတယ်။ ဖလမ်းနဲ့ မင်းတပ်မြို့ပေါ်က နစကတပ်စခန်းတွေကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်နေ့ကတည်းက ချင်းညီနောင်အဖွဲ့က ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်ပြီး နေအိမ်၊ အဆောက်အအုံတွေ မီးလောင်တာ၊ လူသေဆုံး၊ ဒဏ်ရာရတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ “မြို့တွေထဲမှာတော့ နေထိုင်သူ လုံးဝ မရှိသလောက်ပဲ။ နိုဝင်ဘာလ ၉ ရက်နေ့မှာ တိုက်ပွဲစဖြစ်တာဆိုတော့ နိုဝင်ဘာ ၁၁ ရက်လောက်မှာတော့ မြို့လုံးကျွတ်အားလုံးနီးပါး စစ်ဘေးရှောင်ကြတာ။ သက်ကြီးရွယ်အိုတွေနဲ့ ကျန်းမာရေး မကောင်းတဲ့သူတွေ၊ ရွှေ့ပြောင်းဖို့ အဆင်မပြေတဲ့သူတွေလောက်ပဲ ကျန်တယ်။ တချို့ တိုက်ပွဲကြား ပိတ်မိနေတာရှိတယ်”…
Read Moreစစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့ သမ္မတရဲ့တာဝန်တွေကို တောင်ကိုရီးယားလွှတ်တော်က ဆိုင်းငံ့လိုက်ပြီ
ဆိုးလ်၊ ဒီဇင်ဘာ-၁၄-၂၀၂၄ မျိုးဆက်(VOM) စစ်အုပ်ချုပ်ရေးကြေညာခဲ့တဲ့ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးလ်ကို စွပ်စွဲပြစ်တင်ဖြုတ်ချဖို့ တောင်ကိုရီးယား လွှတ်တော်မှာ မဲခွဲဆုံးဖြတ်မှုအောင်မြင်ခဲ့ပြီးနောက် ယွန်းဆွတ်ခ်ယိုးလ်ရဲ့ သမ္မတာဝန်တွေကို ဆိုင်းငံ့လိုက်ပါတယ်။ သူ့နေရာမှာ ဝန်ကြီးချုပ်က ယာယီသမ္မတအဖြစ် တာဝန်ထမ်းဆောင်သွားမှာဖြစ်ပြီး စွပ်စွဲပြစ်တင်မှုနဲ့ပတ်သက်ပြီး အခြေခံဥပဒေခံရုံးက လာမယ့်ခြောက်လအတွင်း စီရင်ချက် ချမှတ်မှာဖြစ်ပါတယ်။ ဒီနေ့ စွပ်စွဲပြစ်တင်မှုကို ပါလီမန်အမတ် ၂၀၄ ယောက် ထောက်ခံမဲပေးခဲ့တာဖြစ်ပါတယ်။ သမ္မတအပေါ် ပြီးခဲ့တဲ့ သီတင်းပတ်က စွပ်စွဲပြစ်တင်မှုဟာ ပွတ်ကာသီကာ ရှုံးနိမ့်သွားတာကြောင့် ဒါဟာ ဒုတိယအကြိမ်ဖြစ်ပြီး ယွန်းခ်ဆွတ်ခ်ယိုးလ်ကတော့ ရာထူးကဆင်းပေးဖို့ တောင်းဆိုချက်တွေကို ပယ်ချထားခဲ့ပါတယ်။ သူရာထူးကမဆင်းမချင်း စနေနေ့တိုင်း စွပ်စွဲပြစ်တင်မှုအဆိုတင်သွင်းနေမယ်လို့ အတိုက်အခံလွှတ်တော်အမတ်တွေက ပြောဆိုထားပြီး အဆိုအောင်မြင်ဖို့အတွက် လွှတ်တော်အမတ်တွေရဲ့ သုံးပုံနှစ်ပုံ ထောက်ခံမှုရရှိဖို့လိုအပ်ပါတယ်။ ဒီနေ့ စွပ်စွဲပြစ်တင်မှုအောင်မြင်တာဟာ ပြည်သူတွေရဲ့အောင်ပွဲလို့ အတိုက်အခံပါတီခေါင်းဆောင်က ပြောပါတယ်။ တောင်ကိုရီးယားလွှတ်တော် အမတ် ၃၀၀ မှာ ထောက်ခံမှု ၂၀၀…
Read Moreယူကရိန်း စွမ်းအင်အဆောက်အအုံတွေကို ရုရှားက ဒုံးကျည်တွေ ၊ ဒရုန်းတွေနဲ့ အကြီးအကျယ် တိုက်ခိုက်ပြန်
ဝါရှင်တန်၊ ဒီဇင်ဘာ-၁၄-၂၀၂၄မျိုးဆက်(VOM)ရုရှားဟာ ယူကရိန်းရဲ့ စွမ်းအင်အခြေခံအဆောက်အအုံတွေကို လေကြောင်းကနေ အပြင်းအထန်တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။ရုရှားကတော့ ဒါဟာ ရရှားပိုင်နက်ထဲကို အနောက်အုပ်စုနိုင်ငံတွေက ထောက်ပံ့ထားတဲ့ တာဝေးပစ်ဒုံးကျည်တွေနဲ့ ယူကရိန်းက တိုက်ခိုက်ခဲ့တဲ့အပေါ် တုံ့ပြန်တာလို့ ပြောပါတယ်။ရုရှာဟာ မြောက်ကိုရီးယားလုပ် ဒုံးကျည်တစင်းထက်မနည်းအပါအဝင် ခရုဇ်ဒုံးကျည်၊ ပဲ့ထိန်းနဲ့ အခြားဒုံးကျည် ၉၃ စင်းနဲ့ ပစ်ခတ်ခဲ့ပြီး ဒုံးကျည် ၈၁ စင်းကို ကြားဖြတ်ပစ်ချနိုင်ခဲ့တယ်လို့ ဇီလန်စကီးကပြောပါတယ်။ ဒီထဲက ၁၁ စင်းကိုတော့ အနောက်မဟာမိတ်တွေ ထောက်ပံ့ပေးထားတဲ့ အက်ဖ်-၁၆ တိုက်လေယာဉ်တွေ သုံးပြီး ကြားဖြတ်ခဲ့တာလို့ ဆိုပါတယ်။ဒီတိုက်ခိုက်မှုအတွင်း ရုရှားဟာ ဒရုန်းအစင်းပေါင်း ၂၀၀ ကိုလည်း အသုံးပြုခဲ့ပြီး ဒါဟာ ယူကရိန်းစွမ်းအင်အခြေခံအဆောက်အအုံတွေကို အပြင်းထန်ဆုံး တိုက်ခိုက်မှုတွေထဲက တခုဖြစ်တယ်လို့ ယူကရိန်းသမ္မတက ပြောပါတယ်။ယခုနှစ်အတွင်း ယူကရိန်းရဲ့ မဟာဓါတ်အားလိုင်းကို ရုရှားက အကြီးစားတိုက်ခိုက်မှု ၁၂ ကြိမ်ထိ ပြုလုပ်ခဲ့တယ်လို့…
Read Moreပြည်ပအလုပ်သမားတွေ ငွေပြန်လွှဲမှု တနေ့ကို အေဂျင်စီ ၅၀ နှုန်းနဲ့ ရက်ပိုင်းအတွင်း ခေါ်ယူစစ်ဆေးမယ်
ဒီဇင်ဘာ ၁၄ – ၂၀၂၄GG (VOM)ပြည်ပကို အလုပ်သွားရောက်လုပ်ကိုင်နေတဲ့ အလုပ်သမား ၆၀၀၀၀ နီးပါးက တရားဝင်လမ်းကြောင်းကနေ မိသားစုထံ လစာရဲ့ ၂၅ရာခိုင်နူန်း ငွေလွှဲပို့မှုရှိမရှိနဲ့ပတ်သက်ပြီး စေလွှတ်ခဲ့တဲ့ ပြည်ပအလုပ်အကိုင် အေဂျင်စီတွေကို အလုပ်သမားဝန်ကြီးဌာနက အခုရက်ပိုင်းအတွင်းမှာပဲ စစ်ဆေးမှုပြုလုပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။အလုပ်သမားတွေကို စေလွှတ်ခဲ့တဲ့ ပြည်ပအလုပ်အကိုင်အေဂျင်စီပေါင်း ၄၂၉ ခုရှိပြီး လချုပ်စာရင်းတွေပေးပို့ခြင်းမရှိတာကြောင့် အလုပ်သမားတွေငွေလွှဲပို့မှုအခြေအနေ၊အထောက်အထားတွေကို ဒီဇင်ဘာလ ၁၆ ရက်နေ့ကစပြီး ရန်ကုန်တိုင်း အလုပ်သမားရုံးမှာ တရက်ကို အေဂျင်စီ ၅၀ ခေါ်ယူစစ်ဆေးမှာဖြစ်တယ်လို့သိရပါတယ်။” ကျွန်တော်တို့လွှတ်ခဲ့တဲ့ အလုပ်သမားတွေက သူ့အိမ်ကိုငွေပြန်လွှဲမလွှဲကို စစ်မှာပေါ့။သူတို့ငွေပြန်လွှဲအောင်လည်းကျွန်တော်တို့ကတာဝန်ယူရမယ်ဆိုပြီးပြောထားတော့ အခုကျွန်တော်တို့ကိုဒီကိစ္စနဲ့ပတ်သက်လို့ခေါ်စစ်တဲ့သဘောပေါ့။လွှဲထားရင်လည်းအထောက်အထားတင်ပြရမယ်။မလွှဲရင်လည်းမလွှဲကြောင်းကိုသူတို့သမှတ်ရက်မှာတင်ပြရမယ်ပေါ့။သူတို့ပြောတာသိပ်လွယ်တယ်ဗျာ။နိုင်ငံခြားရောက်သွားတဲ့သူရဲ့လုပ်ခလစာကိုကျွန်တော်တို့သွားပြီးစီမံလို့မရဘူးလေ။ငွေလွှဲဖို့တော့ ဒီမှာကတည်းက သေချာပြောလိုက်တာပဲ။သူတို့လည်းလက်ခံတာပဲ။ဟိုရောက်မှပြန်မလွှဲတာကို ကျွန်တော်တ ို့အေဂျင်စီတွေကိုပဲဖိအားပေးလုပ်နေတာအဆင်မပြေဘူး။ဒီပုံစံဆို အေဂျင်စီလုပ်ငန်းတွေ ရပ်နားမှုများလာနိုင်တယ်။” လို့ ခေါ်ယူစစ်ဆေးခံရမယ့်အထဲပါဝင်တဲ့ အေဂျင်စီတခုမှ ပြောပါတယ်။အဆိုပါအလုပ်သမားတွေက ၂၀၂၄ ခုနှစ် မေလကနေ သြဂုတ်အထိ လေးလအတွင်း ဂျပန်၊ ကိုရီးယား၊ စင်ကာပူ၊ မလေးရှား၊ ထိုင်း၊…
Read MoreThis Day in History
Voice of Myanmarအီရတ် ရုပ်သံသတင်းထောက် Muntadhar al-Zaidi သည် ၂၀၀၈ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်က ဘဂ္ဂဒက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ခု၌ အီိရတ်စစ်ပွဲနှင့် ပတ်သက်၍ အမေရိကန်သမ္မတ ဂျော့ချ်ဒဗလျူဘုရှ်ကို ဖိနပ်ဖြင့် ပစ်ပေါက်ခဲ့သည်။
Read Moreဗန်းမော်မှာ တိုက်ပွဲဆက်လက် ပြင်းထန်နေပြီး ဒေသခံတွေအတွက် အကူအညီတွေ လိုအပ်နေ
ဒီဇင်ဘာ ၁၃ – ၂၀၂၄ SN (VOM) ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ တိုက်ပွဲဆက်လက် ပြင်းထန်နေဆဲဖြစ်ပြီး စစ်ဘေး တိမ်းရှောင်သူတွေနဲ့ မြို့ထဲ ကျန်ရှိနေတဲ့ ဒေသခံတွေအတွက် အကူအညီများစွာ လိုအပ်နေတယ်လို့ အဲဒီဒေသခံတွေကို ကူညီပေးနေသူတွေဆီက သိရပါတယ်။ ဗန်းမော်မြို့ကို KIA ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့မှ စတင်ကာ ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး လက်ရှိမှာတော့ တိုက်ပွဲကာလ ၁၀ ရက်ခန့် ကြာမြင့်လာပြီဖြစ်ပါတယ်။ “ဗန်းမော်က ပြည်သူအများစုကတော့ စစ်ရှောင်နေကြပေမယ့် ကျန်တဲ့သူကတော့ ကျန်နေသေးတယ်။ စစ်ရှောင်က သောင်းဂဏန်းလောက်၊ မြို့ထဲ ကျန်တဲ့သူက ထောင်ဂဏန်းလောက် ရှိမယ်။ ကျန်နေတဲ့သူတွေ ဘေးလွတ်ရာထွက်နိုင်ဖို့လည်း အကူအညီတွေ လိုသလို စစ်ရှောင်လာကြတဲ့ ပြည်သူတွေ ဘေးကင်းရာကို လုံလုံခြုံခြုံနဲ့ ရောက်ရှိနိုင်ဖို့လည်း အကူအညီတွေ အများကြီးလိုပါတယ်။ ကားအကူအညီ၊ ဆီဖိုး၊ လမ်းခရီးအတွက် လိုအပ်တဲ့စရိတ်စက၊…
Read Moreထိုင်ဝမ်အနီး စစ်ရေးလေ့ကျင့်ခြင်းပြု၊မပြု ဆုံးဖြတ်သွားမယ်လို့ တရုတ်စစ်တပ် ထုတ်ပြန်
ပေကျင်း၊ ဒီဇင်ဘာ-၁၃-၂၀၂၄ရတီ (VOM)ထိုင်ဝမ်သမ္မတ လိုင်ချင်းတီရဲ့ မကြာသေးမီက အမေရိကန်မှာ ရပ်နားတာအပါအဝင် ပစိဖိတ်ခရီးစဉ်ကို တုံ့ပြန်တဲ့အနေနဲ့ ထိုင်ဝမ်အနီးမှာ စစ်ရေးလေ့ကျင့်မှု ပြု၊မပြုကို ဆုံးဖြတ်သွားမယ်လို့ တရုတ်နိုင်ငံက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ဒါဟာ နိုင်ငံရဲ့ လိုအပ်ချက်နဲ့ အခြေအနေတွေအရ နည်းဗျူဟာနဲ့ အခြေအနေတွေ အမြဲတမ်းပြောင်းလဲနေတယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ ၀ူချန်းက ပြောပါတယ်။ စစ်ရေးလေ့ကျင့်မှု ပြုလုပ်တာဖြစ်စေ မပြုလုပ်တာဖြစ်စေ တရုတ်စစ်တပ်အနေနဲ့ ခွဲထွက်ရေးကို တားဆီးဖို့နဲ့ ပေါင်းစည်းရေးကို မြှင့်တင်ရေးတို့မှာ အမြဲပါဝင်နေမယ်လို့ သူက ဆိုပါတယ်။ဒီအတောအတွင်း တရုတ်နိုင်ငံဟာ နှစ် ၃၀ ကာလအတွင်း ဒေသတွင်းမှာ အကြီးများဆုံးသော ရေတပ်ဖြန့်ကြက်မှုကို လုပ်ဆောင်နေပြီး ဒါဟာ ထိုင်ဝမ်ကို ယခင်ကထက် သိသာထင်ရှားတဲ့ ခြိမ်းခြောက်မှုဖြစ်တယ်လို့ ထိုင်ဝမ်ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။ဂျပန်တောင်ပိုင်း ကျွန်းစုများမှ တောင်တရုတ်ပင်လယ်ထိ လက်ရှိရေတပ်ဖြန့်ကြက်မှုဟာ ၁၉၉၆ ခုနှစ် ထိုင်ဝမ်ရွေးကောက်ပွဲမတိုင်မီ ထိုင်ဝမ်တဝိုက်မှာပြုလုပ်ခဲ့တဲ့ တရုတ်ရဲ့…
Read Moreရုရှားနဲ့ အနာဂတ်ပဋိပက္ခအတွက် လုံလောက်တဲ့ပြင်ဆင်မှု မရှိသေးကြောင်း နေတိုးအကြီးအကဲ သတိပေး
ဘရပ်ဆဲလ်၊ ဒီဇင်ဘာ-၁၃-၂၀၂၄မျိုးဆက်(VOM)နေတိုးမဟာမိတ် အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ရုရှားနဲ့ အနာဂတ်ပဋိပက္ခဖြစ်မယ့် အန္တရာယ်အတွက် လုံလောက်တဲ့ ကြိုတင်ပြင်ဆင်မှုမရှိသေးကြောင်း နေတိုးအဖွဲ့အကြီးအကဲ မာ့ရူတီက သတိပေးပြောကြားလိုက်ပါတယ်။စစ်အတွင်း အတွေးအခေါ်ပြောင်းလဲရမယ့် အချိန်ဖြစ်တယ်လို့လည်း သူကပြောပါတယ်။ ရုရှားဟာ ယူကရိန်း၊ မိမိတို့နဲ့အတူ ကာလရှည်ကြာ ထိပ်တိုက်ပဋိပက္ခအတွက် ပြင်ဆင်နေပြီး လက်ရှိလုံခြုံရေးအခြေအနေဟာ သူ့သက်တမ်းမှာ အဆိုးရွားဆုံးဖြစ်တယ်လို့ နေတိုးအကြီးအကဲက ပြောပါတယ်။လေးနှစ်ကနေ ငါးနှစ်အတွင်း ဖြစ်လာမယ့်အရာတွေအတွက် မိမိတို့အဆင်သင့်ဖြစ်မနေသေးကြောင်း၊ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ကာကွယ်ရေးအသုံးစရိတ်တွေ မြှင့်တင်ကြဖို့ အောက်တိုဘာလမှ နေတိုးအကြီးအကဲဖြစ်လာပြီးနောက် ပထမဆုံးမိန့်ခွန်းမှာသူက တိုက်တွန်းထားပါတယ်။ကာကွယ်ရေးအသုံးစရိတ် လုံလောက်အောင်မသုံးတဲ့အဖွဲ့ဝင်နိုင်ငံတွေကို အမေရိကန်က မကာကွယ်ဘူးလို့ ထုတ်ဖော်ပြောဆိုထားတဲ့ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့် ရာထူးမထမ်းဆောင်မီ နေတိုးအကြီးအကဲရဲ့ သတိပေးချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။နေတိုးအဖွဲ့ဝင်နိုင်ငံတွေဟာ ၂၀၂၄ ခုနှစ်မှာ တနှစ်ကို ကာကွယ်ရေးအသုံးစရိတ်အတွက် ဂျီဒီပီရဲ့ ၂ ရာခိုင်နှုန်းသုံးစွဲမယ်လို့ ကတိပြုထားပါတယ်။ ဒါပေမယ့်လည်း ရုတ်တရက်ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကြောင့် နောက်ထပ် လိုအပ်လာလိမ့်မယ်လို့ နေတိုးအကြီးအကဲက သတိပေးထားပါတယ်။Ref:BBCPhoto:Reuters
Read More