စက်တင်ဘာ ၂၇၊ ၂၀၂၄ Shy V (VOM) ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့ပေါ်မှာ စက်တင်ဘာလ ၂၇ ရက်နေ့ ၃ နာရီခွဲေကျာ် ဝန်းကျင်မှာ လေကြောင်းနဲ့ ၃ ကြိမ် ထပ်မံ ဗုံးကြဲ တိုက်ခိုက်ခံရလို့ ၂ ယောက် သေဆုံးပြီး ၅ ဦး ထိခိုက် ဒဏ်ရာရရှိကြာင်း ကနဦးသတင်းတွေအရ သိရပါတယ်။ “ဒီမနက် ၃ နာရီခွဲ နဲ့ ၃ နာရီ ၅၀ မိနစ်အတွင်း လားရှိုးမြို့ေပါ် လေယာဥ်ဗုံး ၃ ကြိမ်ကြဲချသွားတယ်။ ရပ်ကွက် ၁ နဲ့ ရပ်ကွက် ၂ ဘက် လေယာဉ် ဗုံးကြောင့် ရပ်ကွက် ၁ နယ်မြေ ၈ ၊ ကျောက်ေတာင်ဘက်က ရန်တိုင်းအောင် ဘုရားအနီးမှာနေတဲ့ အမျိုးသား တယောက်နဲ့…
Read MoreYear: 2024
အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး ယနေ့အထိ နာလန်မထူနိုင်သေး
စက်တင်ဘာ ၂၇ – ၂၀၂၄ KG(VOM) နယ်စပ်ကုန်သွယ်ရေးမှာ အရေးပါတဲ့ အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးဟာ ယနေ့ကာလအထိ နာလန်ပြန်မထူနိုင်သေးဘူးလို့ နယ်စပ်ဒေသမှာရှိကြတဲ့ ကုန်သည်လုပ်ငန်းရှင်အသိုင်းအဝိုင်းထံကနေ သိရပါတယ်။ လက်ရှိကာလမှာ နယ်စပ်ဂိတ်တွေကိုပိတ်ပင်ထားမှုနဲ့ ကုန်စည်စီးဆင်းတဲ့ အပိုင်းမှာလည်းလမ်းပန်းဆက်သွယ်ရေးခက်ခဲမှုတွေကြောင့် အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးဟာ လုံးလုံးရပ်တန့်နေတဲ့အနေအထားမှာရှိ နေတယ်လို့ နယ်စပ်ကုန်သည်တွေက ပြောပါတယ်။ “အိန္ဒိယဘက်ကနယ်စပ်ဂိတ်တွေကို အခုထိပိတ်ထားတုန်းပဲ။ အခုကာလအထိကုန်သွယ်မှုကလုပ်လို့ကို မရသေးတာပေါ့။အရင်တုန်းက သူတို့နဲ့နားလည်မှုရယူပြီး နယ်စပ်ဂိတ်တွေကိုဝင်၊ထွက် ရောင်းဝယ် ဖောက်ကားတာတွေကိုလုပ်လို့ရသေးတယ်။ အခုက အဲဒီလိုတောင်လုပ်လို့မရတော့ဘူး။ မနက်ပိုင်း အချိန်ခဏလေးပဲဒီတမူးဘက်နေ အိန္ဒိယမိုးရေးဘက်ထဲကိုခေါင်းရွက်ဈေးသည်အချို့လောက်ပဲ ခိုးဝင်၊ခိုးထွက်ပြီးဈေးရောင်းကြရတာ။ လုံခြုံရေးတွေလာရင်ပြန်ထွက်ဒီလောက်လေးပဲရှိတယ်။ အရင်လိုကုန်သွယ်မှုကြီးကြီးမားမားကတော့ပြန်လုပ်လို့မရသေးဘူး”လို့ အိန္ဒိယ-မြန်မာနယ်စပ်ကုန်သည်တယောက်က VOM ကို ပြောပါတယ်။ ဒါပေမယ့် လက်ရှိကာလမှာ မြန်မာဘက်ကကုန်ပစ္စည်းတွေကို အိန္ဒိယဘက်ကအဝင်မခံပေမယ့် အိန္ဒိယဘက်က ကုန်စည်အချို့ကိုတော့ မြန်မာဘက်ကိုသွင်းနေတာတွေရှိတယ်လို့လည်း နယ်စပ်ကုန်သည်တွေက ဆိုပါတယ်။ “အခုဘယ်လိုဖြစ်လဲဆိုရင် သူတို့ဘက်ကကုန်ပစ္စည်းကျတော့သွင်းတယ်။ ဒီဘက်ကပစ္စည်းကျတော့သူတို့ထဲပေးမသွင်းဘူး။ အဲဒီလိုတွေလည်းရှိပါတယ်။ ဒီဘက်ကသွင်းတဲ့ကုန်စည်တွေကတရုတ်ဘက်ကပစ္စည်းတွေလည်းပါတော့အိန္ဒိယဘက်ကလည်းအခုတရုတ်ပစ္စည်းဆိုသိပ်လက်မခံချင်ဘူး။အဲ့လိုတွေဖြစ်တယ်။ အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးမှာ ဘယ်လိုကုန်စည်တွေတင်ပို့ကြလဲဆိုတော့ အထည်အလိပ်ပစ္စည်းများတယ်။ အခြားစားသောက်ကုန်ပိုင်းတွေရော၊…
Read Moreအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေထုတ်ပြန်
(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေ အမှတ် ၅၆ /၂၀၂၄)
Read Moreနိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ နစက ကမ်းလှမ်းဖိတ်ခေါ်
နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ နစက ကမ်းလှမ်းဖိတ်ခေါ် နေပြည်တော် စက်တင်ဘာ ၂၆-၂၀၂၄
Read Moreကလောမှာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် အကူအညီ လုံးဝ မရသေးတဲ့ ရွာတချို့ ရှိနေ
စက်တင်ဘာ ၂၆ – ၂၀၂၄ SN (VOM) ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကလောမြို့မှာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် အကူအညီ လုံးဝ မရသေးတဲ့ ကျေးရွာတချို့ ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲဒီ ကျေးရွာတွေကတော့ ကလောမြို့ တောင်ဘက်ခြမ်းက အင်းခေါင်း၊ ရေအေးချောင်း၊ စလယ်အင်း၊ တောင်ပွား စတဲ့ ရွာတွေဖြစ်ပြီး ရေကြီးမှု စတင်ဖြစ်ပွားခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်နေ့မှစတင်ကာ ဒီကနေ့ စက်တင်ဘာ ၂၆ ရက်အထိ အကူအညီ လုံးဝ မရရှိသေးဘူးလို့ သိရပါတယ်။ “အဲဒီရွာတွေမှာ အိမ်ခြေ ၁၀၀ ကျော်၊ လူဦးရေ ၄၀၀ လောက် ရှိတယ်။ အခု အချိန်အထိ ဘာအကူအညီမှ မရောက်သေးတဲ့ ရွာတွေပေါ့။ တောင်ကျရေတွေကြောင့် လမ်းတွေပိတ်နေတော့ အဲဒီနေရာတွေကို သွားဖို့ကလည်း အရမ်းခက်တယ်။ ဒီလို…
Read Moreကားဈေးကွက်မှာ လျှပ်စစ်ကား (EV)တွေ စျေးအပြောင်းအလဲ ဖြစ်လာဖွယ်ရှိ
စက်တင်ဘာ၂၆ ၊ ၂၀၂၄MS(VOM)လျှပ်စစ်ယာဉ် (EV) တင်သွင်းခြင်းကို ဦးစားပေးအဆင့်မှ လျှော့ချသတ်မှတ်လိုက်တဲ့ သတင်းတွေ ထွက်ပေါ်မှု က ကားဈေးကွက်မှာ တော့ EV ကားတွေဈေးအပြောင်းအလဲ ဖြစ်လာနိုင်ဖွယ်ရှိတယ်လို့ မော်တော်ယာဉ် ရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်သူတွေ ထံကသိရပါတယ်။ပြည်ပကနေ လျှပ်စစ်ကားတင်သွင်းခြင်းကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း လတ်တလောမှာ သတင်းအချို့ ထွက်ပေါ်နေတာကြောင့် ပြည်တွင်းကားဈေးကွက် အတွင်း EV ယာဉ်တွေနဲ့ပတ်သက်ပြီး ဝေဖန်သုံးသပ်မှုတွေရှိနေတာပါ။” EVကား တင်သွင်းဖို့ လျှော့ချတာက ကားလောကအနေနဲ့ကြည့်ရင်တော့အရမ်းကြီး သက်ရောက်မှုရှိမနေဘူး ။ ဒါပေမယ့် အချို့EVကားဦးစားပေးတင်သွင်းထားတဲ့ ကုမ္ပဏီတွေကတော့ တချို့လည်း ရှိထားပြီးသားကားတွေ ထပ်ဝင်မလာနိုင်တော့ ဈေးနှုန်းတက်တာ စတဲ့အပြောင်းအလဲတွေရှိတယ်။ တချို့ကျပြန်တော့လည်း သဘောမတွေ့ကြဘူး။ ဘာလို့လဲဆိုတော့ ကားတွေကိုမှာထားပြီး မှ ဒီဘက်ကိုရောက်မလာသေးတဲ့ အနေအထားမှာ အခုသတင်းထွက်တော့ ဘာလုပ်ရမှန်းမသိဖြစ်ကုန်တာတွေလည်းရှိတော့ ။ သက်ဆိုင်ရာကသေချာတဲ့ မူဝါဒတွေပေးထားဖို့လိုပါတယ်။ လက်ရှိဦးစားပေးတင်သွင်းဖို့ လျော့တယ်ဆိုတာကလည်း တရားဝင်ဖြစ်မဖြစ် ကြေညာတာမရှိသေးတော့အခုပြောတာက…
Read Moreထိုင်းအစိုးရက ပြည်သူတွေရဲ့ ဒစ်ဂျစ်တယ်ပိုက်ဆံအိတ်ထဲကို ဘတ်တသောင်းစီ ထည့်ပေး
ဘန်ကောက်၊ စက်တင်ဘာ-၂၆-၂၀၂၄ ရတီ (VOM) ထိုင်းအစိုးရဟာ ကျဆင်းနေတဲ့ နိုင်ငံစီးပွားရေးကို လှုံ့ဆော်ဖို့ရည်ရွယ်ပြီး အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံတန်ဖိုးရှိ ဒစ်ဂျစ်တယ်ပိုက်ဆံအိတ် အစီအစဉ်ကို စက်တင်ဘာ ၂၅ ရက် မနေ့က စတင်ပေးအပ် လိုက်ပြီး ဒီနေ့မှာတော့ ပြည်သူတွေဟာ ငွေသားထုတ်ယူမှုတွေ ပြုလုပ်နေကြပါတယ်။ အစီအစဉ် ကနဦးအဆင့်အရ လူမှုဖူလုံရေးကတ်ကိုင်ဆောင်ထားသူတွေနဲ့ မသန်စွမ်း ၁၄ ဒသမ ၅ သန်းအတွက် ဒစ်ဂျစ်တယ်ပိုက်ဆံအိတ်ထဲကို တယောက်ကို ဘတ်တသောင်းထည့် ဖြန့်ဝေသွားမှာဖြစ်ပြီး ယခုလကုန်မှာ အပြီးသတ်ဖွယ်ရှိပါတယ်။ ပြည်သူတွေကို အခုလိုပေးအပ်တာဟာ အသုံးစရိတ်ပိုမိုသုံးစွဲလာနိုင်စေဖို့ဖြစ်ပြီး စီးပွားရေလှုံ့ဆော်မှု အစီအစဉ်တွေကို ပိုမိုလုပ်ဆောင်မှာဖြစ်ကာ ဒစ်ဂျစ်တယ်ပိုက်ဆံအိတ် မူဝါဒကိုလည်း ဆက်လက်အကောင်အထည်ဖော်သွားမယ်လို့ ဝန်ကြီးချုပ် ပေတောင်ထရန်ရှင်နာဝပ်ထရာက ပြောပါတယ်။ လာမယ့်ခြောက်လအတွင်း ထိုင်းပြည်သူသန်း ၅၀ နီးပါးအတွက် တယောက်ကို ဘတ်တသောင်းထည့်ပေးမယ့် သွားမှာဖြစ်တယ်လို့ ဝန်ကြီးချုပ်က ယခုလဆန်းပိုင်းမှာ ပြောဆိုခဲ့ပါတယ်။ ဒီအစီအစဉ်နဲ့ပတ်သက်ပြီး…
Read Moreစက်တင်ဘာ ၂၉ ရက်ကစပြီး ကမ္ဘာမှာ လနှစ်စင်း ထွက်တော့မယ်
ဝါရှင်တန်၊ စက်တင်ဘာ-၂၆-၂၀၂၄မျိုးဆက်(VOM)လာမယ့် စက်တင်ဘာ ၂၉ ရက်ကစပြီး နိုဝင်ဘာ ၂၅ ရက်ထိ ကမ္ဘာမှာ လနှစ်စင်းထွက်မယ်လို့ သိပ္ပံပညာရှင်တွေက အတည်ပြုပြောဆိုလိုက်ပါတယ်။သေးငယ်တဲ့ ဂြိုဟ်သိမ်တခုဟာ ကမ္ဘာမြေဆွဲငင်အားကြောင့် ယာယီလအဖြစ် မြင်တွေ့ရမှာဖြစ်ပြီး လအနည်းငယ်ကြာတဲ့အထိလည်း တွေ့မြင်နိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။ဒီဂြိုဟ်သိမ်ဂြိုဟ်မွှားကိုတော့ နာဆာရဲ့ Asteroid Terrestrial-Impact Last Alert System (ATLAS) စနစ်ကတော့ ဩဂုတ် ၇ ရက်မှာ ပထမဆုံး ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။2024 PT5 လို့ပညာရှင်တွေက အမှတ်သညာပြုထားတဲ့ အဲဒီဂြိုဟ်သိမ်ဂြိုဟ်မွှားဟာ ကမ္ဘာနဲ့အတော်လေးဆင်တူတဲ့ ပတ်လမ်းရှိတဲ့ အာဂျူနာဂြိဟ်သိမ်ခါးပတ်ကနေ ပဲ့ထွက်လာတာဖြစ်ပါတယ်။တခါတရံ အဲဒီလို ဂြိုဟ်သိမ်ဂြိုဟ်မွှားတွေဟာ ကမ္ဘာဂြိဟ်ကနေ မိုင်ပေါင်း ၂ ဒသမ ၈ သန်းအကွာထိ ရှိနေတတ်ပါတယ်။ သုတေသီတွေရဲ့အဆိုအရ ဂြိဟ်သိမ်ဂြိုဟ်မွှားဟာ တနာရီ မိုင် ၂၂၀၀ ဝန်းကျင်နဲ့ နှေးကွေးစွာ ရွေ့လျားနေမယ်ဆိုရင် ကမ္ဘာမြေဆွဲငင်အားဟာ ဒီအပေါ်ကို…
Read Moreအကဲဆတ်တဲ့ ထိုင်ဝမ်ရေလက်ကြားကို ဂျပန်စစ်သင်္ဘောတစင်း ပထမဆုံးအကြိမ် ဖြတ်သန်းခုတ်မောင်း
တိုကျို ၊ စက်တင်ဘာ-၂၆-၂၀၂၄ရတီ (VOM)ဂျပန်စစ်သင်္ဘောတစင်းဟာ တရုတ်နဲ့ထိုင်ဝမ်အကြား ပိုင်းခြားထားတဲ့ အကဲဆတ်တဲ့ ထိုင်ဝမ်ရေလက်ကြားကို ပထမဆုံးအကြိမ် ဖြတ်သန်းခုတ်မောင်းခဲ့တယ်လို့ ဂျပန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားပါတယ်။ရေတပ်ဖျက်သင်္ဘော ဂျေအက်စ် ဆာဇာနာမီဟာ မြောက်ကနေ တောင်ဘက်ကို စက်တင်ဘာ ၂၅ ရက် နေ့လယ်ပိုင်းက ဩစတြေးလျ ၊ နယူဇီလန် စစ်သင်္ဘောတွေနဲ့အတူ ရေလက်ကြားကို ဖြတ်သန်းခုတ်မောင်းခဲ့တာပါ။ဂျပန်စစ်သင်္ဘောဟာ တောင်တရုတ်ပင်လယ်အတွင်း စစ်ရေးလေ့ကျင့်မှုမှာပါဝင်ဖို့ သွားရောက်နေတယ်လို့ ဂျပန်တာဝန်ရှိသူတွေကလည်း ပြောပါတယ်။ အခုလို ဖြတ်သန်းမှုနဲ့ပတ်သက်ပြီး ဂျပန်၊ ထိုင်ဝမ်နဲ့ တရုတ်တို့က မှတ်ချက်ပြုပြောဆိုတာမျိုး မရှိသေးပါဘူး။ထိုင်ဝမ်နဲ့ ထိုင်ဝမ်ရေလက်ကြားကို ပိုင်ဆိုင်တယ်လို့ အခိုင်အမာပြောဆိုထားတဲ့ တရုတ်နိုင်ငံနဲ့ တင်းမာမှုတွေ မဖြစ်စေရေးအတွက် ဂျပန်ဟာ ရေလက်ကြားမှာ သင်္ဘောတွေဖြတ်သန်းတာမျိုးကို ယခင်က ရှောင်ကျဉ်ခဲ့ပါတယ်။ရေလက်ကြားမှာ ဂျပန်စစ်သင်္ဘော ခုတ်မောင်းဖြတ်သန်းမှု လမ်းကြောင်းတလျှောက်လုံးကို ခြေရာခံစောင့်ကြည့်မှုတွေ ပြုလုပ်ခဲ့ပြီး အခြေအနေကို ထိန်းချုပ်နိုင်ခဲ့ကြောင်း အမည်မဖော်လိုတဲ့ တရုတ်အစိုးရ တာဝန်ရှိသူကို…
Read Moreလက်ဘနွန်ကို မြေပြင်ထိုးစစ် ဆင်နွှဲနိုင်ကြောင်း အစ္စရေးစစ်ဦးစီးချုပ် ပြော
တဲလ်အဗစ်၊စက်တင်ဘာ-၂၆-၂၀၂၄မျိုးဆက်(VOM)လက်ဘနွန်ကို မြေပြင်ထိုးစစ်ဆင်နိုင်ကြောင်း အစ္စရေးစစ်ဦးစီးချုပ်က အစ္စရေးမြောက်ပိုင်းရှိ တပ်တွေကို တွေ့ဆုံမိန့်ခွန်းပြောရာမှာ အရိပ်အမြွတ် ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ဟဇ်ဘိုလာတို့ဟာ အစ္စရေးအလယ်ပိုင်းထိ ပစ်ခတ်တိုက်ခိုက်မှုတွေ ပြုလုပ်ပြီး တဲလ်အဗစ်ဆင်ခြေဖုံးရှိ အစ္စရေးမော့ဆက်ထောက်လှမ်းရေးဌာနချုပ်ကိုလည်း ပဲ့ထိန်းဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့တယ်လို့ အခို်ငအမာဆိုပါတယ်။အစ္စရေးကလည်း လက်ဘနွန်တဝန်းရှိ ဟဇ်ဘိုလာပစ်မှတ်တွေကို လေကြောင်းကနေ အပြင်းအထန်တိုက်ခိုက်ခဲ့ပြီး မကြာသေးမီက တိုက်ခိုက်မှုအတွင်း လူ ၅၀၀ ကျော်သေဆုံးခဲ့တယ်လို့ လက်ဘနွန်တာဝန်ရှိသူတွေက ပြောပါတယ်။မနေ့ကလည်း ဟဇ်ဘိုလာတို့ရဲ့ ဒုံးကျည်ပစ်ခတ်ရာနေရာတွေအပါအဝင် ပစ်မှတ် ၂၈၀ ကို လေကြောင်းကနေ အစ္စရးက တိုက်ခိုက်ခဲ့တာကြောင်း လူ ၅၀ ကျော် ထပ်မံသေဆုံးခဲ့ပါတယ်။ဟဇ်ဘိုလာတို့နဲ့ စစ်ပွဲဟာ အဆင့်သစ်တခုကို ရောက်ရှိနေပြီလို့ အစ္စရေးစစ်တပ်က ကြေညာခဲ့ပြီး နယ်စပ်အနီး စစ်ဆင်ရေးအတွက် အရန်တပ်မနှစ်ခုမှ တပ်ဖွဲ့ဝင်တွေကို ဆင့်ခေါ်ထားပါတယ်။ဒီအတောအတွင်း နှစ်ဖက်အကြား ၂၁ ရက်ကြာ အပစ်အခတ်ရပ်စဲဖို့နဲ့ တင်းမာမှုတွေ လျှော့ချဖို့ အမေရိကန်၊ ဗြိတိန်နဲ့ အီးယူအပါအဝင် နိုင်ငံပေါင်း၂၁ နိုင်ငံက…
Read More