ဩဂုတ် ၂ – ၂၀၂၄ GG (VOM) ဇူလိုင်လအတွင်းဖြစ်ပွားတဲ ရေကြီးရေလျှံမှုကြောင့် တနိုင်ငံလုံး အတိုင်းအတာ နဲ့ အခြေခံ ပညာစာသင်ကျောင်း ၁၇၄၉ ကျောင်း ပိတ်ထားရပြီး အဲဒီထဲကမှ ကျောင်းပေါင်း ၁၁၂၀ ထိခိုက်ပျက်စီး မှုရှိခဲ့တယ်လို့သိရပါတယ်။ ရေကြီးနစ်မြုပ် နေတဲ့ ပဲခူးတိုင်း၊ဧရာဝတီတိုင်း၊ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေး တိုင်းနဲ့ ရန်ကုန်တိုင်း တွေက ကျောင်းတွေပိတ်ထားရတာဖြစ်ပါတယ်။ ” ပဲခူးတိုင်းမှာကို ကျောင်းပိတ်ထားရတာ ၄၀၀ ကျော်ရှိတယ်။ပဲခူးကရေပြန်ကျတယ်ဆိုပေမယ့် ခုထိရေကစိုးရိမ်ရေမှတ်ကျော်နေတုန်းပဲ။စာမေးပွဲစစ်မယ့်ကျောင်းတွေကိုရှိတယ်။အကုန်ရက်ရွှေ့ထားတယ်။ရေလုံးလုံးကျပြီး သန့်ရှင်းရေးဘာညာလုပ်ပြီးမှသာ ပြန်ဖွင့်ကြမှာပါ။” လို့ ပဲခူးဒေသခံကပြောပါတယ်။ နစကဘက်ကတော့ လက်ရှိ ရေကြီးမှုကြောင့် ပိတ်ထားရတဲ့ ကျောင်းတွေမှာ သင်ကြားနေတဲ့ကျောင်းသားကျောင်းသူတွေကို ကျောင်း ယာယီပိတ်ထားရတဲ့ကာလအတွင်း ပညာသင်ကြားရေးနောက်မကျစေရေးအတွက် အစားထိုးသင်ကြားပေးမှာဖြစ်တယ်လို့ပြောပါတယ်။ ရေဘေးကြောင့် ပျက်စီးခဲ့တဲ့ ကျောင်းတွေရဲ့ ပျက်စီးမှုအခြေအနေကိုတော့ နစကဘက်က အသိပေးထားခြင်းမရှိပါဘူး။ ကျောင်းတွေပျက်စီးမှုနဲ့ပတ်သက်ပြီး…
Read MoreYear: 2024
ပေါက်ခေါင်း ပဲခူးရိုးမဘက်က လှည်းကူးရွာမှာ နေအိမ်၁၅လုံးမီးလောင်ပြီး လူနှစ်ယောက်မီးလောင်သေ
ဩဂုတ် ၂ – ၂၀၂၄ GG (VOM) ပဲခူးတိုင်းအနောက်ပိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ လှည်းကူးကျေးရွာအုပ်စုမှာ နေအိမ်၁၅လုံးမီးလောင်ခဲ့ပြီး လူနှစ်ယောက်လည်း မီးလောင်သေဆုံးခဲ့ရတယ်လို့သိရပါတယ်။ မီးလောင်သေဆုံးသူနှစ်ယောက်ကတော့ အမျိုးသားနှစ်ယောက်ဖြစ်ပြီး ဩဂုတ်လ ၁ ရက်နေ့မှာမီးလောင်သေဆုံးခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။ ” မနေ့ကဖြစ်တာပါ။ ဘယ်လိုပြောရမလဲရှို့မီးလို့သိရပေမယ့် ရိုးမဘက်ဆိုတော့လှမ်းတယ်ပေါ့ ။အဲ့ဘက်တွေက နယ်မြေမငြိမ်တော့ အသွားအလာသိပ်လုပ်လို့မရဘူး။ပေါက်ခေါင်းကနေအုတ်တွင်းကိုသွားတဲ့ ရိုးမတောင်တွေကိုဖြတ်ပြီးသွားရတဲ့ ပဲခူးရိုးမလမ်းကနေ အတွင်းကို (၉)မိုင်လောက်ဝင်ရတဲ့ရွာပါ။ သွားလာရေးခုကာလမလွယ်ဘူး။” လို့ ပေါက်ခေါင်းမြို့ဒေသခံတယောက်ကပြောပါတယ်။ မီးလောင်ကျွမ်းခဲ့တဲ့နေအိမ်တွေကတော့ သစ်၊ဝါးသုံးထားပြီးထရံကာအိမ်တွေများပြီး ဆိုင်ကယ်အချို့လည်းမီးလောင်ကျွမ်းဆုံးရှုံးမှုရှိခဲ့တယ်လို့သိရပါတယ်။ ပဲခူးရိုးမဘက်ခြမ်းမှာ နစကတပ်တွေနဲ့နယ်မြေခံpdf တွေအကြား မကြာခဏတိုက်ပွဲတွေဖြစ်ပွားလေ့ရှိတဲ့အတွက် ဒေသခံတွေသွားလာမလွယ်တဲ့အခြေအနေတွေဖြစ်ပါတယ်။ ဇူလိုင် ၁၀ ရက်တုန်းကလည်း ပေါက်ခေါင်းမြို့နယ်၊ကြိုပင်ဝိုင်းအုပ်စု၊ရွှေကူရွာနေ အုပ်ချုပ်ရေးမှူး ဝင်းနိုင် သေနတ်နဲ့ပစ်သတ်ခံခဲ့ရပါတယ်။ #Voiceofmyanmar #vom #ပေါက်ခေါင်း #ပဲခူးရိုးမ #အိမ်၁၅လုံးမီးလောင် #လူနှစ်ယောက်သေ
Read MoreThis Day in History
Voice of Myanmar အီရတ်တပ်ဖွဲ့ဝင် တသိန်းသည် ၁၉၉၀ ခုနှစ် ဩဂုတ် ၂ ရက်တွင် ကူဝိတ်ကို ကျူးကျော်တိုက်ခိုက်ခဲ့ပြီး တပ်ဖွဲ့ဝင်များ ရုပ်သိမ်းရန် သမ္မတဆက်ဒမ်ဟူစိန်က ငြင်းဆိုပြီးနောက် အမေရိကန်ဦးဆောင်သည့် နိုင်ငံတကာတပ်ဖွဲ့များက အီရတ်ကို အလျင်အမြန် ချေမှုန်းအနိုင်ယူခဲ့သည့် ပါရှန်ပင်လယ်ကွေ့စစ်ပွဲ စတင်ခဲ့လေသည်။ #Voiceofmyanmar #VOM #ThisDayInHistory #August2
Read Moreတနင်္သာရီမြို့နယ်မှာ စံချိန်တင် ရေကြီးနေပြီး စစ်ရေးလည်း တင်းမာနေတာကြောင့် ကူညီကယ်ဆယ်ရေး အခက်တွေ့နေ
ဩဂုတ် ၁ – ၂၀၂၄ SN (VOM) တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ စံချိန်တင် ရေကြီးနေပြီး စစ်ရေးလည်း တင်းမာနေတာကြောင့် ကူညီကယ်ဆယ်ရေး အခက်တွေ့နေရတယ်လို့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။ တနင်္သာရီမြို့နယ်ရှိ တချို့နေရာတွေမှာ ရွာလုံးကျွတ်နီးပါး ရေဘေးလွတ်ရာရှောင်တိမ်းနေရတယ်လို့ သိရပြီး ရေဘေးသင့်တဲ့ရွာခံတွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးပြတ်လပ်တာတွေအပြင် သောက်ရေရဖို့တောင် ခက်ခဲနေတဲ့ ဒေသတွေလည်း ရှိတယ်လို့ သိရပါတယ်။ “လတ်တလော စစ်ရေးအခြေအနေကြောင့် လမ်းပန်းဆက်သွယ်ရေးက သွားလို့လာလို့မရတဲ့ အနေအထားဖြစ်နေတယ်။ ကျေးရွာများဘက်ကို ရောက်ဖို့က မလွယ်ဘူး။ နောက်ပြီး ရိက္ခာသယ်ယူခွင့် အကန့်အသတ်တွေလည်း ရှိနေတော့ အဆင်မပြေဘူး ဖြစ်နေတယ်” လို့ ဒေသအခြေစိုက် လူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောပါတယ်။ အဲဒီဒေသမှာ ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်နေ့မှစတင်ကာ တနင်္သာရီမြစ်ရေ မြင့်တက်မှုကြောင့် မြို့ပေါ်ရပ်ကွက်တွေနည်းအတူ ကျေးရွာ ၁၀ ရွာထက်မနည်း…
Read Moreစစ်အေးခေတ်နောက်ပိုင်း ရုရှားနဲ့ အနောက်အုပ်စုတို့အကြား အကျဉ်းသားလဲလှယ်ရေး ပြုလုပ်
ဝါရှင်တန်၊ ဩဂုတ်-၂-၂၀၂၄ မျိုးဆက်(VOM) စစ်အေးခေတ်နောက်ပိုင်း ရုရှားနဲ့ အနောက်အုပ်စုနိုင်ငံများအကြား အကြီးမားဆုံး အကျဉ်းသားလဲလှယ်မှုကို ဩဂုတ် ၁ ရက်အစောပိုင်းက ပြုလုပ်ခဲ့ပြီး စုစုပေါင်း အကျဉ်းသား ၂၄ ယောက် ပြန်လည်လွတ်မြောက်ခဲ့ကြောင်း အမေရိကန်က အတည်ပြုပါတယ်။ ဝေါလ်စရိဂျာနယ်သတင်းထောက် အီဗန်ဂါရှ်ကိုဗစ်ချ်အပါအဝင် အမေရိကန်နဲ့ ဥရောပနိုင်ငံတွေမှ အကျဉ်းသား ၁၆ ယောက်ကို ရုရှားက ပြန်လွှတ်ပေးခဲ့ပြီး အပြန်အလှန်အားဖြင့် အမေရိကန်၊ နော်ဝေး၊ ဂျာမနီ၊ ပိုလန်နဲ့ စလိုဗေးနီးယားအကျဉ်းထောင်တွေရှိ ရုရှားအကျဉ်းသား ရှစ်ယောက်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။ သူတို့ထဲမှာ ထောက်လှမ်းရေးလုပ်ဆောင်မှုများကြောင့် ဖမ်းဆီးခံရတဲ့ ရုရှားထောက်လှမ်းရေးတွေလည်းပါဝင်ပြီး တူရကီနိုင်ငံ အန်ကာရာလေဆိပ်မှာ အကျဉ်းသားချင်း ဖလှယ်ခဲ့ကြတာဖြစ်ပါတယ်။ ရုရှားဘက်က လွှတ်ပေးလိုက်သူတွေထဲမှာ အမေရိကန်ဝါရင့် မရိန်တပ်သား ပေါလ်ဝီလန်၊ ရုရှား-အမေရိကန် သတင်းထောက် အယ်ဆူကူမာရှီဗာ၊ ရုရှား-ဗြိတိန် တက်ကြွလှုပ်ရှားသူ ဗလာဒီမာကာရာမာဇာတို့ ပါဝင်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က…
Read Moreယနေ့ ရွှေဈေး (ဩဂုတ် – ၂ ရက်၊ နံနက် ၁၀ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၄၅၂ ဒေါ်လာ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း – အကယ်ဒမီ မီးလင်းရွှေ တကျပ်သား ၄၇၆၄၃၉၃ ကျပ် ပြင်ပရွှေဈေးနှုန်း -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၆၉၅၀၀၀၀ ကျပ် ဝယ်ဈေး ၆၉၁၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၆၇၅၀၀၀၀ ကျပ် ဝယ်ဈေး ၆၇၁၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #vom #TodayGoldprice #ရွှေစျေး
Read Moreယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဩဂုတ် – ၂ ရက်)
Voice of Myanmar -မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း အမေရိကန် တဒေါ်လာ – ၂၁၀၀ ကျပ် -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၅၄၅၀ ကျပ် ဝယ်ဈေး – ၅၃၅၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၃၉၀၀ ကျပ် ဝယ်ဈေး – ၃၇၉၀ ကျပ် -ယူရို ရောင်းဈေး – ၅၇၁၂ ကျပ် ဝယ်ဈေး – ၅၄၆၇ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၄၉.၂၅ ကျပ် ဝယ်ဈေး – ၁၄၂.၈၆ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၁၁၆၀ ကျပ် ဝယ်ဈေး – ၁၁၁၀ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၇၃၁ ကျပ်…
Read Moreသောင်ရင်းမြစ်ဘေးက ဒုက္ခသည် ငါးထောင်ကျော် ရေဘေးဒုက္ခခံစားနေရ
ဩဂုတ် ၂ – ၂၀၂၄ SN (VOM) ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ထိုင်း – မြန်မာနယ်စပ်မှာ သောင်ရင်းမြစ်ရေ မြင့်တက်လာတာကြောင့် မြစ်နံဘေးမှာရှိတဲ့ ဒုက္ခသည် ငါးထောင်ကျော် ရေဘေးသင့်နေပြီး စားနပ်ရိက္ခာနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ လိုအပ်နေတယ်လို့ ကူညီပေးနေသူတွေဆီက သိရပါတယ်။ သောင်ရင်းမြစ် (ခေါ်) မိုရေးမြစ်က တောင်ကျရေတွေတက်လာတဲ့အတွက် အဲဒီ နယ်စပ်ရှိ ပလော့တပို့ စစ်ဘေးဒုက္ခသည်စခန်းမှာ ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်ကနေ ၂၈ ရက်နေ့အထိ မြစ်ရေကြီးပြီး ကမ်းပါးတိုက်စားတာတွေကြောင့် အိမ်ခြေ အလုံး ၂ဝ လောက် ပျက်စီးသွားတယ်လို့ သိရပါတယ်။ “တောင်ကျရေ ရုတ်တရက်ကျလာတော့ ချက်ချင်းပြောင်းရွှေ့ဖို့ အဆင်မပြေဘူး ဖြစ်သွားတယ်။ စခန်းက သောင်ရင်းမြစ်ဘေးမှာလေ။ ကမ်းက တော်တော် ပြိုသွားတာ။ တချို့အိမ်တွေဆို ရွှေ့တောင်ရွှေ့ပေးရတယ်။ စားဝတ်နေရေး အခြေအနေကလည်း…
Read Moreအစ္စရေးနဲ့ ပဋိပက္ခ အဆင့်သစ်တခုကိုရောက်နေပြီး တုံ့ပြန်မှုတွေနဲ့ ရင်ဆိုင်ရမယ်လို့ ဟဇ်ဘိုလာခေါင်းဆောင် သတိပေး
ဘေရွတ်၊ ဩဂုတ်-၂-၂၀၂၄ မျိုးဆက်(VOM) အစ္စရေးရဲ့ လေကြောင်းကနေ ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် ဟဇ်ဘိုလာ ထိပ်တန်းတပ်မှူး ဖော့ဒ်ရှူကရာ သေဆုံးသွားပြီးနောက် အစ္စရေးပဋိက္ခဟာ အဆင့်သစ်တခုရောက်သွားပြီဖြစ်ကြောင်း ဟဇ်ဘိုလာခေါင်းဆောင်က သတိပေးလိုက်ပါတယ်။ အစ္စရေးစစ်တပ်ရဲ့ အဆိုအရ ရှူကရာဟာ ပြီးခဲ့တဲ့ စနေနေ့က ဂိုလန်ကုန်းမြင့်ရှိ ဘောလုံးကွင်းမှာ ကလေးငယ်တွေနဲ့ ဆယ်ကျော်သက် ၁၂ ယောက်သေဆုံးခဲ့တဲ့ တိုက်ခို်ကမှုအတွက် တာဝန်ရှိတယ်လို့ ဆိုပါတယ်/ သူဟာ ဩဇာညောင်းပြီး ကာလရှည်ကြာ ဟဇ်ဘိုလာခေါင်းဆောင်ဖြစ်နေတဲ့ အယ်လ်ဟာ့ဂျ်မိုဆင်လို့ လူသိများတဲ့ ဟတ်ဆန်နာစရယ်လာရဲ့ အနီးကပ်အကြံပေးတယောက်လည်းဖြစ်ပါတယ်။ ဟဇ်ဘိုလာတို့ကတော့ အနီးနားရှိ အစ္စရေးစစ်အခြေစိုက်စခန်းကို တိုက်ခိုက်ခဲ့ပြီး ဒီဖြစ်စဉ်မှာ ပါ-ဝင်ပတ်သက်တာမရှိဘူးလို့ ငြင်းဆိုထားပါတယ်။ ဒါဟာ ပစ်မှတ်လွဲသွားတာဖြစ်နိုင်တယ်လို့ ထင်ကြေးပေးမှုတွေလည်း ထွက်ပေါ်လာပါတယ်။ “အစ္စရေးနဲ့ ပဋိပက္ခက အဆင့်သစ်ကို ရောက်သွားပြီ။ ရန်သူက မျဉ်းနီကိုဖြတ်လာတာကြောင့် ရှောင်လွှဲမရတဲ့ တုံ့ပြန်မှုကို စောင့်ရမယ်”လို့ ဟဇ်ဘိုလာခေါင်းဆောင် ဟတ်ဆန်နာစရယ်လာက ပြောပါတယ်။…
Read Moreဂျပန်နိုင်ငံရဲ့ ဇူလိုင်လအပူချိန် ၁၂၆ နှစ်အတွင်း အမြင့်ဆုံးစံချိန်တင်
တိုကျို၊ ဩဂုတ်-၂-၂၀၂၄ မျိုးဆက်(VOM) ဂျပန်နိုင်ငံမှာ ပြီးခဲ့တဲ့ဇူလိုင်လာဟာ နှစ်ပေါင်း ၁၂၆ နှစ်အတွင်း နိုင်ငံရဲအပူပြင်းဆုံးလအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း ဂျပန်မိုးလေဝသအေဂျင်စီက ပြောပါတယ်။ ပစိဖိတ်သမုဒ္ဒရာမှာဖြစ်ပေါ်နေတဲ့ ရာသီဥတုအခြေအနေဟာ ဇူလိုင်လမှ ပိုမိုပြင်းထန်လာပြီး နိုင်ငံတဝန်း အပူချိန်များ မြင့်တက်ကာ အန္တရာယ်ရှိတဲ့ အဆင့်ထိ ရောက်ရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဇူလိုင်လမှာ ဂျပန်တနိုင်ငံလုံးရဲ့ ပျှမ်းမျှအပူချိန်ဟာ ပုံမှန်ထက် ၂ ဒသမ ၁၆ ဒီဂရီစင်တီဂရိတ်ထိ မြင့်တက်ခဲ့ပြီး ဒါဟာ ၁၈၉၈ ခုနှစ်မှာ မှတ်တမ်းတွေ ထားရှိပြီးနောက်ပိုင်း အမြင့်ဆုံးဖြစ်ပါတယ်။ ဂျပန်တောင်ပိုင်း၊ ကာဂိုရှီးမားစီရင်စုရှိ အာမာမီဒေသနဲ့ အိုကီနာဝါစီရင်စုတို့မှာ ပျှမ်းမျှအပူချိန်ဟာ ၁၉၄၆ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးဖြစ်ခဲ့ပါတယ်။ ဂျပန်အနောက်ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေဟာလည်း အပူချိန် မြင့်တက် ဒုတိယမြောက် စံချိန်တင်ခဲ့ပါတယ်။ ကမ္ဘာကြီးပူနွေးလာမှု ဆက်လက်မြင့်တက်လာပါက ဂျပန်နိုင်ငံဟာ ထိခိုက်ခံစားရမယ့် နိုင်ငံတွေစာရင်းမှာ ထိပ်ဆုံးက…
Read More