ဆူးငှက် ကုန်လွန်ခဲ့သော ဆယ်စုနှစ် ၂စုကျော် ၂၀၀၀ခုနှစ် နိုဝင်ဘာလဆန်းရက်က မန္တလေး-လားရှိုးလမ်းမကြီးဘေး အောင်ချမ်းသာရွာစွန်ရှိ ဘုန်းကြီးကျောင်းတွင် ကထိန်ခင်းရန် ၂ညအိပ် ရောက်ရှိကြသည်။ ကျွန်တော်တို့ တည်းခိုကြသည့် ဘုန်းကြီးကျောင်းကလေးက ၂ပင် ၄ခန်းလောက်ပဲ ရှိမည်။ ခေါင်းရင်းတစ်ခန်းမှာ ဘုရားစင်အုတ်ပလ္လင်က နေရာ ယူထား၏။ “ပန်းစိုက်မြေ”မို့ ငွေ ပန်းစိုက်အိုးကြီးတွေမှာ ပန်းရောင်စုံနှင့် ကြည်နူးစရာကောင်းလှသည်။ ဆီမီးကိုးတိုင်ကား မနေ့က တစ်နေ့ခင်းလုံး၊ မနေ့ကတစ်ညလုံး၊ အခု မနက်ခင်းအထိ မီးမပြတ်ဘဲ ယိမ်းနွဲ့လင်းလက်။ ကြွေအိုးလေးများမှ အမွှေးတိုင် ရနံ့တို့လည်း ကြိုင်လှောက်နေသည်။ အုန်းပွဲ၊ ငှက်ပျောပွဲများကား ဆင်းတုတော်တိုင်းရှေ့တွင် စိမ်းစို ဝင်းဝါလျက်။ သင်္ကန်းကပ်ဖို့အချိန်က စောသေးသည်။ တချို့လည်း လမ်းလျောက်ထွက်ကြ၊ လက်ဖက်ရည်သောက် ထွက်ကြ၊ ကျွန်တော်တို့သာ ဝီရိယကြီးစွာ မနက်မလင်းခင်ကတည်းက မှောင်ကြီးမည်းမည်း ပိုးမကြောက်၊…
Read MoreDay: January 19, 2025
ကရင်ပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် စစ်ရှောင်မြင့်တက်
ဇန်နဝါရီ ၁၉ – ၂၀၂၅ SS (VOM) ကရင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ပြင်းထန်လာတဲ့အတွက် ဒေသခံ အများအပြား စစ်ဘေး တိမ်းရှောင်နေရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က မနေ့ ဇန်နဝါရီ ၁၈ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။ တိုက်ပွဲတွေကြောင့် ဇန်နဝါရီ ၆ ရက်ကနေ ၁၃ ရက်နေ့အထိ တပတ်အတွင်း ကြာအင်းဆိပ်ကြီးမြို့နယ်ကို တိမ်းရှောင်လာသူ ၁၂၀၃ ယောက်ရှိပြီး သံတောင်ကြီးမြို့နယ်ကို ၉၅ ယောက်၊ ဖာပွန်မြို့နယ်ကို ၉၉ ယောက် တိမ်းရှောင်ခဲ့တယ်လို့ အဲဒီ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ ကရင်ပြည်နယ်တွင်း နစကတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) ပူးပေါင်းတပ်တွေကြား တိုက်ပွဲ ဖြစ်ပွားနေတာဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေ အဆက်မပြတ် ရှိနေတဲ့အတွက် ကော့ကရိတ်၊ လေးကေ့ကော်၊ ဖာပွန်၊ မြဝတီ…
Read Moreမတ်ပဲတတင်းကို တသိန်းအောက်သာ ပေါက်စျေးရှိလို့ တောင်သူတွေဒုက္ခရောက်
ဇန်နဝါရီ ၁၉- ၂၀၂၅ CC (VOM) ပြည်ပပို့ကုန် ပဲစျေးကွက်မှာ မတ်ပဲစျေးနူန်းကဆက်တိုက်ကျဆင်းလာပြီး တစ်တန်ကိုသိန်း ၃၀ အောက်အထိပင်ကျဆင်းသွားတာကြောင့် တောင်သူတွေမှာ အကျိုးအမြတ်မရတဲ့အပြင်အရှုံးနဲ့ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ မတ်ပဲ FAQ တစ်တန်ကို ၂၉၉၅၀၀၀ ကျပ်သာ စျေးတန်းရှ်ပြီး နယ်ကုန်စည်ဒိုင်နဲ့ပွဲရုံတွေမှာဆိုရင်လည်း အရည်အသွေးကောင်း မတ်ပဲပိဿာ ၂၀ တတင်းကိုမှ ကျပ်၉၀၀၀၀ ကျော်သာရှိတော့တဲ့အတွက် တောင်သူတွေအရှုံးပေါ်နေရတာဖြစ်တယ်လို့သိရပါတယ်။ အရည်အသွေးညံ့ပြီး ပဲအလုံးသေးတဲ့မတ်ပဲတွေဆိုရင် ပိဿာ၂၀ တတင်းကို၇၀၀၀၀ ၊၈၀၀၀၀ ဝန်းကျင်သာ စျေးပေးဝယ်ယူနေကြတယ်လို့သိရပါတယ်။ ” မတ်ပဲစျေးကတော့ ကျွန်တော်တို့ကိုအသေသတ်နေသလိုပဲ။စျေးကဆက်တိုက်ကျတယ်။အခု၉၀၀၀၀ ကျော်ဆိုတာ သူတို့ကြိုက်တယ်ဆိုတဲ့ပဲမျိုးမှပေးတာ။မဟုတ်ရင်မရပါဘူး။အခုကပဲရွေးနေတယ်။မနှစ်ကထက်ကိုအခြေအနေဆိုးပါတယ်။ခုနှစ် စိုက်ပျိုးစရိတ်တွေပိုပြီးသုံးရ ကုန်ကျတဲ့နှစ်မှစျေးကကျနေတော့ ကျွန်တော်တို့ရှုံးတာပေါ့။ ပဲမရောင်းပဲလှောင်ထားနိုင်ရင်တော့ အတိုင်းအတာတခုအထိတော်အုံးမယ်။” လို့ မတ်ပဲစိုက်တောင်သူ ကပြောပါတယ်။ ခုနှစ်မှာ မတ်ပဲစိုက်ခင်းတွေမှာ ရောဂါပိုးကျရောက်မှုတွေများတာကြောင့် စိုက်ပျိုးရေးဆေးသုံးစွဲရမှုက အရင်နှစ်ထက်ကုန်ကျမှုများတဲ့အပြင် လယ်ထွန်စက်ငှားရမ်းခ၊အလုပ်သမားငှားရမ်းခ၊ပဲမျိုးစျေး စတဲ့အထွေထွေကုန်ကျသရိတ်တွေမြင့်လာတာကြောင့် မတ်ပဲတတင်းကို ၁၅၀၀၀၀ ကျပ်နူန်းရောင်းရမှသာ တောင်သူတွေမှာအကျိုးအမြတ်ခံစားခွင့်ရှိမှာဖြစ်တယ်လို့သိရပါတယ်။ ”…
Read Moreအီရန်တရားရုံးချုပ် တရားသူကြီးနှစ်ယောက် တရားရုံးထဲ ဝင်ပစ်သတ်ခံရ
တီဟီရန်၊ ဇန်နဝါရီ-၁၉-၂၀၂၅ မျိုးဆက်(VOM) အီရန်တရားရုံးချုပ် တရားသူကြီးနှစ်ယောက် ပစ်သတ်ခံခဲ့ရကြောင်း အီရန်နိုင်ငံပိုင် သတင်းဌာနက ထုတ်ပြန်ဖော်ပြပါတယ်။ မြို့တော်တီဟီရန်ရှိ တရားရုံးထဲကို စနေ့နေ့မနက်ပိုင်းက လက်နက်ကို်ငအမျိုးသားတယောက် ဝင်ရောက်လာပြီးနောက် တရားသူကြီး အလီရာဇီနီနဲ့မိုဟာမက်မိုဟီဆာချ်တို့ သေဆုံးခဲ့တာလို့ အီရန်တရားရေးဌာနကလည် ထုတ်ပြန်ထားပါတယ်။ တိုက်ခိုက်မှုအတွင်း သက်တော်စောင့်တယောက်လည်း ဒဏ်ရာရရှိခဲ့ပြီး သေနတ်သမားဟာ အခင်းဖြစ်ရာနေရာကနေ ထွက်ပြေးပြီးနောက် ကိုယ့်ကိုကိုယ် အဆုံးစီရင်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ တိုက်ခိုက်မှုရဲ့ အကြောင်းရင်းကို ရှင်းလင်းစွာမသိရသေးပေမယ့် သေဆုံးသွားတဲ့ တရားသူကြီးနှစ်ယောက်စလုံးဟာ ၁၉၉၀နဲ့ ၁၉၉၀ ခုနှစ်များအတွင်း အီရန်အစိုးရဆန့်ကျင်သူတွေကို နှိပ်စက်ညဉ်းပမ်း သတ်ဖြတ်မှုတွေမှာ ပါဝင်ခဲ့ကြသူတွေလို့ သတင်းတွေက ဆိုပါတယ်။ ဒါဟာ ကြိုတင်ကြံစည်တိုက်ခိုက်မှုဖြစ်တယ်လို့ အီရန်တရားရေးဌာနကို ကိုးကားပြီး နိုင်ငံပိုင် အိုင်အာအင်န်အေ သတင်းဌာနက ဆိုပါတယ်။ သေဆုံးသွားတဲ့ တရားသူကြီးဖြစ်တဲ့ ရာဇီနီဟာ ၁၉၉၈ ခုနှစ်ကလည်း လုပ်ကြံသတ်ဖြတ်မှုနဲ့ ကြုံခဲ့ရပြီး အသက်ဘေးက လွတ်မြောက်လာသူဖြစ်ပါတယ်။…
Read Moreမြန်မာ့သနပ်ခါးလိမ်းချယ်တဲ့ဓလေ့ကို ယူနက်စကိုစာရင်းတင်သွင်းမယ်
ဇန်နဝါရီ၁၉-၂ဝ၂၅ Ms(VOM) မြန်မာ့သနပ်ခါးလိမ်းချယ်တဲ့ ဓလေ့ကို ယူနက်စကိုရဲ့ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် အဖြစ်သတ်မှတ်နိုင်ရန်”မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့”ခေါင်းစဉ်နဲ့ UNESCO တွင် စာရင်းဝင်နိုင်ရန် ရေးသားပြုစုနေပြီဖြစ်တယ်လို့ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနက နေသိရပါတယ်။ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနက “မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့”ကို UNESCO ရဲ့ Representative List of the Intangible Cultural Heritage of Humanity တွင် စာရင်းဝင်နိုင်ရန် တင်ပြဖို့စီစဉ်နေပြီး သနပ်ခါးလိမ်းတဲ့ယဉ်ကျေးမှုတွေအကြောင်းတင်ပြမယ့်Nomination Form ( ICH-02) ကို အချိန်မီတင်သွင်းဖို့ ရေးသားမှုတွေရှိနေတာလို့ဆိုပါတယ်။ ” သနပ်ခါးနဲ့ပတ်သက်တဲ့ မြန်မာကရိုးရာဓလေ့တွေ ယဉ်ကျေးမှုအကြောင်းတွေကို အခုရေးသားပြုစုနေကြတယ်။အဲ့ဒါကို မြန်မာလို၊အင်္ဂလိပ်လို၊ပြင်သစ်လိုဘာသာ၃မျိုးနဲ့ ရေးသားနေတယ်။အဲ့ဒါကို စာတမ်းဖောင်တင်သွင်းမယ့်မတ်လမတိုင်မှီ ကောင်းမွန်အောင်ရေးသားနေပါတယ်။လို့ သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေး ဟောင်းသုတေသန ဦးစီးဌာန မှဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းကြိုင် ကပြောပါတယ်။ “မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့” စာတမ်းကို ယူနက်စကို အဖွဲ့ထံ တင်သွင်းရန် ၂၀၂၅ခုနှစ်မတ်လ ၃၁ရက်မတိုင်မှီ နောက်ဆုံးထားဆောင်ရွက်နေရာမှာ စာတမ်းရေးသားပြုစုရေးလုပ်ငန်းအဖွဲ့’က အမျိုးသားပြတိုက်(နေပြည်တော်)ရေးသားဆောင်ရွက်တာတွေရှိနေတယ်လို့ဆိုပါတယ်။…
Read Moreနိုင်ဂျီးရီးယားမှာ လောင်စာကားတိမ်းမှောက် မီးလောင်မှုကြောင့် လူ ၇၇ ယောက်သေဆုံး
အဘူဂျာ၊ ဇန်နဝါရီ-၁၉-၂၀၂၅ မျိုးဆက်(VOM) နိုင်ဂျီးရီးယားနိုင်ငံမှာ လောင်စာဆီကားတစီး တိမ်းမှောက်ပြီး မီးလောင်ပေါက်ကွဲမှုကြောင့် လူ ၇၇ ယောက်သေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေ့ ပြောပါတယ်။ သေဆုံးသူအများစုဟာ တိမ်းမှောက်နေတဲ့ ယာဉ်ကနေ ယိုဖိတ်နေတဲ့ လောင်စာတွေကို ရယူဖို့ ကြိုးပမ်းကြုသူတွေဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီလောင်စာဆီကားဟာ နိုင်ဂျာပြည်နယ် ဆူလီဂျာဒေသမှာ မနေ့က တိမ်းမှောက်ခဲ့တာဖြစ်ပြီး လောင်စာတွေယိုဖိတ်ပေါက်ကွဲကာ အချိန်အတော်ကြာ မီးလောင်ခဲ့ပြီး ကယ်ဆယ်ရေးသမားတွေအပါအဝင် အခြား ၂၅ ယောက်လည်း ဒဏ်ရာရရှိခဲ့ပါတယ်။ ပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူတွေကို အနီးနားက ဆေးရုံတွေမှာ ကုသပေးနေတယ်လို့ အရေးပေါ်စီမံခန့်ခွဲရေးဌာနက ပြောပါတယ်။ နိုင်ဂျီးရီးယားနိုင်ငံမှာ လမ်းတွေညံ့ဖျင်းမှုနဲ့ ယာဉ်ကြံ့ခိုင်မှုအားနည်းတာတွေကြောင့် လောင်စာဆီကားတွေ တိမ်းမှောက်မီးလောင်မှုတွေ မကြာခဏ ဆိုသလို ဖြစ်ပွားလေ့ရှိပါတယ်။ လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်ကလည်း လောင်စာကားတစီး တိမ်းမှောက်မှုကြောင့် လူငါးယောက်သေဆုံးခဲ့ပြီး အောက်တိုဘာလအတွင်းကလည်း လောင်စာကားတစီးကနေ ယိုဖိတ်နေတဲ့ ဓါတ်ဆီတွေ ရယူဖို့ ကြိုးပမ်းစဉ်…
Read Moreစစ်ရှောင်တွေကို ထောက်ပံ့ဖို့ နစက စာရင်းကောက်နေ
ဇန်နဝါရီ ၁၉ – ၂ဝ၂၅ KKO(VOM) ယာယီနေရပ်စွန့်ခွာနေကြရတဲ့ စစ်ဘေးရှောင် ပြည်သူတွေကိုထောက်ပံ့မှုတွေပြုလုပ်ပေးနိုင်ဖို့ စာရင်းကောက်ယူနေတယ်လို့ နစက အစိုးရအဖွဲ့ရဲ့သတင်းထုတ်ပြန်မှုတွေအရ သိရှိရပါတယ်။ ယာယီနေရပ်စွန့်ခွာနေကြရတဲ့ ပြည်သူတွေအတွက် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ရန်ပုံငွေ ကနေ လိုအပ်တဲ့ထောက်ပံ့မှုတွေကိုဆောင်ရွက်ပေးဖို့ စီစဉ်နေတယ်လို့ နစက ဥက္ကဌ က ယခုဇန်နဝါရီ ၁၇ ရက်နေ့က နေပြည် တော်မှာ ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာလည်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးရန်ပုံငွေကနေ လိုအပ်တဲ့ထောက်ပံ့မှုတွေကို ဆောင်ရွက်ပေးနိုင်ဖို့ တိုင်းဒေသကြီးနဲပြည်နယ်တွေအလိုက် စာရင်းတွေကိုကောက်ယူ ဆောင်ရွက်နေတယ်လို့လည်းနစက ဥက္ကဌ က ပြောပါတယ်။ ဒါအပြင် နိုင်ငံ့စီးပွားတိုးတက်ရေး၊အခြေခံပြည်သူလူထုတွေရဲ့သက်သာချောင်ချိရေးတို့အတွက် မိမိတို့အစိုးရအဖွဲ့ အနေနဲ့ မဖြစ်မနေကြိုးပမ်းဆောင်ရွက်ကြဖို့ လိုတယ်လို့ နစက ဥက္ကဌ က သူ့အစိုးရ အဖွဲ့ကို တိုက်တွန်းပြောကြားမှုတွေလည်းရှိခဲ့တာဖြစ်ပါတယ်။ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျူ (ISP Myanmar) ကတော့ ‘စစ်ဆင်ရေး ၁၀၂၇’နောက်…
Read Moreအုတ်တွင်းမှာ အုပ်ချုပ်ရေးမှူးနဲ့လုံခြုံရေးအဖွဲ့ တိုက်ခိုက်ခံလို့ ခြောက်ယောက်သေဆုံး
ဇန်နဝါရီ ၁၉ – ၂၀၂၅GG (VOM) ပဲခူးတိုင်း၊တောင်ငူခရိုင်၊အုတ်တွင်းမြို့နယ်မှာ ဇန်နဝါရီ ၁၈ ရက်နေ့ညက ရှမ်းရွာအုပ်ချုပ်ရေးမှူးနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေပါတဲ့အဖွဲ့တိုက်ခိုက်ခံရပြီး အုပ်ချုပ်ရေးမှူးအပါအဝင်ခြောက်ယောက်သေဆုံးခဲ့တယ်လို့ဒေသခံတွေဆီကသိရပါတယ်။ “ဟုတ်ပါတယ်။ညက၈ နာရီကျော်လောက်မှာ ဖြစ်သွားတာပါ။အုပ်ချုပ်ရေးမှူးလည်းနေရာမှာပဲသေတယ်။စစ်သားနဲ့ရဲငါးယောက်လည်းသေသွားတယ်။အုပ်ချုပ်ရေးမှူးဦးမောင်က စိတ်သဘောကတော့တကယ်ကောင်းတဲ့သူပါ။ဘယ်လိုဖြစ်ပြီးခုလောက်ထိဖြစ်ကုန်လည်းမသိပါဘူး။စိတ်မကောင်းဖြစ်ရပါတယ်။” လို့ ဒေသခံကပြောပါတယ်။ အသတ်ခံရတဲ့အုပ်ချုပ်ရေးမှူးက ရှမ်းရွာအုပ်ချုပ်ရေးမှူးဦးသိန်းထွေး ခေါ်ကိုမောင်ဆိုသူဖြစ်ကြောင်း ၊အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ဟာ သံတိုင်ခင်ရွာကနေပြန်လာချိန်မှာ ပစ်ခတ်တိုက်ခိုက်ခံရတာဖြစ်တယ်လို့သိရပါတယ်။ အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကို ဒေသတွင်းလက်နက်ကိုင်အဖွဲ့ကပြုလုပ်ခဲ့တာဖြစ်ပြီး ပစ်ခတ်မှုအတွင်း MA 3 (၁)လက်၊ MA 11 (၁)လက်၊ G3 (၂)လက်၊အူစီ (၁)လက်နဲ့အတူ MA ကျည်ဘောက် (၅)ဘောက်၊ G3ကျည်ဘောက် (၄)ဘောက်၊ အူစီကျည်ဘောက် (၁)ဘောက် လက်ပစ်ဗုံး (၁)လုံး၊ဓါးမြှောင်(၂)ချောင်း ရရှိခဲ့ကြောင်း သူတို့ရဲ့လူမှုကွန်ယက်ကနေထုတ်ပြန်ထားပါတယ်။ ပြည်သူတွေကို စစ်မှုထမ်းဖို့အတွက် နစကနဲ့ပူးပေါင်းဆောင်ရွက်နေတာကြောင့် ရှင်းလင်းခဲ့တာဖြစ်တယ်လို့ ဒေသတွင်းလက်နက်ကိုင်အဖွဲ့က အသိပေးမှုအရသိရပါတယ်။ ပစ်ခတ်တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တဲ့အုပ်ချုပ်ရေးမှူးနဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေကညတွင်းချင်း လာရောက်သယ်ဆောင်သွားတယ်လို့သိရပါတယ်။ ဒီဇင်ဘာလ ၂၂…
Read More