ဆူးငှက် မြန်မာအဘိဓာန်မှာ ‘စေတီ’ကို ရိုသေပူဇော်အပ်သော အရာ၊ ဓာတ်တော်မွေတော် စသည်တို့ကို ဌာပနာထားသော အဆောက်အအုံလို့ အဓိပ္ပာယ်ဖွင့်ပြီး ပါဠိမှာတော့ ‘စေတိယ’လို့ ဆိုပါတယ်။ မြန်မာ ဗုဒ္ဓဘာသာတို့ကိုးကွယ်တဲ့ စေတီရဲ့ ဗိသုကာ မှာ အစိတ်အပိုင်းပေါင်း ၁၉ မျိုးပါဝင်ကြောင်းလည်း မြန်မာ အဘိဓာန်မှာ ပုံနှင့်တကွ ပြဆိုထားပါတယ်။ ဒီ အစိအပိုင်းတွေထဲမှာ စေတီရဲ့ အထွတ်အမြတ်အဖြစ် စိန်ဖူး၊ ငှက်မြတ်နား၊ ထီးတော်တို့ ပါရှိပါတယ်။ တကယ်တော့ မြန်မာ့မြေပေါ်မှာ ဗုဒ္ဓသာသနာထွန်းကား ကတည်းက စေတီပုထိုးပူဇော်မှုဟာ တစ်ပြိုင်နက်တည်း ပေါ်ထွန်း လာတာ ဖြစ်တယ်။ စေတီပုထိုး တည်ထားမှုနဲ့အတူလည်း စေတီ ပုထိုးဆိုင်ရာ ဗိသုကာအတတ်ပညာ၊ အနုပညာတွေလည်း ဖွံ့ဖြိုးခဲ့ တာပါ။ ဒီကနေ့ အများဆုံးဖူးတွေ့နေရတဲ့ စေတီပုထိုးပုံစံတွေ ကတော့ ပုဂံခေတ်မှာမှ အများဆုံးတည်ထားခဲ့တဲ့…
Read MoreDay: February 8, 2025
အမေရိကန်မှာ လေယာဉ်တစင်းပျက်ကျမှုဖြစ်ပွားပြန်လို့ လိုက်ပါသူအားလုံး သေဆုံး
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၈-၂၀၂၅ ရတီ(VOM) အမေရိကန်နိုင်ငံ အလက်စကာမှာ မနေ့က ပျက်ကျပျောက်ဆုံးသွားတဲ့ လေယာဉ်ငယ်ရဲ့ အပျက်အစီးတွေကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။ မနေ့က မွန်းလွဲပိုင်းက ပျောက်ဆုံးသွားတဲ့ အဲဒီလေယာဉ်အတွင်းမှာ အခြားအလောင်း ခုနှစ်လောင်းရှိတယ်လို့ ယူဆရပေမယ့် လေယာဉ်အပျက်အစီးတွေရဲ့ အခြေအနေကြောင့် ဆယ်ယူလို့မရသေးပါဘူးလို့ ဆိုပါတယ်။ သေဆုံးသူသုံးယောက်ရဲ့အလောင်းတွေကိုတာ့ ဆယ်ယူထားပြီးဖြစ်ပါတယ်။ ကမ်းလွန်ပင်လယ်ပြင်ကနေ ၁၂ မိုင်အကွာမှာ ပျက်ကျခဲ့တဲ့ လေယာဉ်ပေါ်မှာ လူ ၁၀ ယောက်လိုက်ပါခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ လေယာဉ်အပျက်အစီးတွေဟာ နိုမီမြို့အရှေ့တောင်ဘက် ၃၄ မိုင်အကွာမှာ တွေ့ရှိခဲ့တာပါ။ လေယာဉ်ဟာ ရေဒါကနေမပျောက်ကွယ်မီ အမြင့်နဲ့ အရှိန်အလျင်အမြန်ကျဆင်းသွားခဲ့တယ်လို့ တာဝန်ရှိသူတွေက နောက်ပိုင်းမှာ ပြောပါတယ်။ လေယာဉ်ပေါ်မှာ လိုက်ပါသွားသူတွေကို အသေးစိတ်ထုတ်ပြန်တာမျိုးမရှိပေမယ့် မိသားစုကို အကြောင်းကြားပြီးဖြစ်တယ်လို့ ဆိုပါတယ်။ ရာသီဥတုဆိုးရွားမှုကြောင့် ရှာဖွေကယ်ဆယ်ရေးတွေ အဟန့်အတားဖြစ်နေပြီး လေယာဉ်ပေါ်မှာ လိုက်ပါသွားသူတွေမှာ ကိုးယောက်နဲ့ လေယာဉ်မှူးတယောက်တို့…
Read Moreလူမှုကွန်ယက်မှာ မိန်းမလာတောင်းတယ်လို့ ယူဆရတဲ့ ဗီဒီယိုဖိုင်လွှင့်တင်ခဲ့တဲ့ တရုတ်နိုင်ငံသား၂ဦးနဲ့ စကားပြန်ကို လူကုန်ကူးမှုနဲ့ အရေးယူထား
ဖေဖော်ဝါရီ၈-၂၀၂၅ Ms(VOM) ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်တွင် တရုတ်မယားအဖြစ် လက်ထပ်ထိမ်းမြားရန် မိန်းမလာတောင်းတယ်လို့ ယူဆရတဲ့ ဗီဒီယိုဖိုင်လွှင့်တင်ခဲ့တဲ့ တရုတ်နိုင်ငံသား၂ဦးနဲ့ စကားပြန်တွေကို လူကုန်ကူးမှုနဲ့အရေးယူထားကြောင်းလူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရပါတယ်။ ဒလမြို့နယ်၊ ကမာကဆစ်ရပ်ကွက်မှာနေ ထိုင်တဲ့ အသက်မပြည့်သေးတဲ့ ဆယ်ကျော်သက်အရွယ်မိန်းကလေးငယ် တဦးကို tik tokမှ တဆင့် တွေ့ရှိကာ နေအိမ်ကို လာရောက်ခဲ့တာဖြစ်ကြောင်းနဲ့လက်ထပ်ယူလိုကြောင်းကို တရုတ်နိုင်ငံသားက ဗီဒီယိုရိုက်ကူးကာ လူမှုကွန်ယက်ပေါ်မှာတင်ပြီးစည်းရုံးမှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ တရုတ်မယားအဖြစ် ရယူလိုတဲ့ ဗီဒီယိုဖိုင်ဟာ လူမှုကွန်ယက်သုံးစွဲသူတွေကြားမှာ လူပြောများလာခဲ့ကာ ဝေဖန်မှုတွေလည်းရှိလာသလို မြန်မာအမျိုးသမီးငယ်တွေအတွက် စိုးရိမ်မှုတွေမြင့်တက်နေကြောင်း ပြောဆိုသူတွေများလာပါတယ်။ “ဘယ်သူမှ အလကားသက်သက် ကို့အိတ်ထဲကပိုက်ဆံအကုန်မခံပါဘူး ဒီတရုတ်က သူလိုချင်နေတာရှိလို့ သူသဘောကျနေတာရှိနေလို့ ခလေးမလေးရဲ့မိသားစုကိုပိုက်ဆံတွေပေးပြီး လာစည်းရုံးနေတာပါ မိဘတွေ စဥ်းစားဆင်ခြင်သင့်ပါတယ် ကလေးမလေးတွေကအမျိုးကောင်းသမီးလေးတွေပါ ငယ်ငယ်ရွယ်ရွယ်လေးနဲ့ တရုတ်လက်ထဲမရောက်စေချင်ဘူး””လို့ လူမှုကွန်ယက်သုံးစွဲသူ တဦးကဝေဖန်ရေးသားထားပါတယ်။ ထပ်မံပြီး လူမှုကွန်ယက် တွင် အွန်လိုင်းသုံးစွဲသူတဦးက “တရုတ် မယားရှာတာ…
Read Moreနိုင်ငံပိုင်အပါအဝင် ပုဂ္ဂလိက သတင်းစာ၊ ဂျာနယ်တွေရဲ့ရောင်းအား ၆ဝ ရာခိုင်နှုန်းထိ ကျဆင်းလာ
ဖေဖော်ဝါရီ ၈ – ၂ဝ၂၅ KKO(VOM) ယခုနှစ်ပိုင်းမှာ နိုင်ငံပိုင်သတင်းစာတွေ အပါအဝင်ပြည်တွင်းထုတ် ပုဂ္ဂလိက သတင်းစာ၊ဂျာနယ်၊စာစောင်တွေရဲ့ရောင်းအားဟာ ၆ဝ ရာခိုင်နှုန်းအထိ ကျဆင်းလာတယ်လို့ ဖြန့်ချိရေးလုပ်ငန်း လုပ်ကိုင်သူတွေထံကနေ သိရပါတယ်။ ဒါအပြင် လက်ရှိကာလမှာ ထုတ်လုပ်မှုစရိတ်နဲ့ အထွေထွေစရိတ်စကတွေ မြင့်မားလာလို့ပြည်တွင်းထုတ်ပုဂ္ဂလိက သတင်းစာတစောင်ရဲ့ရောင်းဈေးဟာ ဈေးကွက်မှာကျပ် ၁ဝဝဝ အထိဖြစ်လာပြီး ဝယ်ဖတ်သူလည်းမရှိဖြစ်နေတယ်လို့ ဖြန့်ချိရေးကိုယ်စား လှယ်တွေက ပြောပါတယ်။ “သတင်းစာကိုယ်စားလှယ်တွေ လက်ပွေ့ သမားတွေ အရောင်းဆိုင်တွေကို အခုဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး စံတော်ချိန်သတင်းစာတစောင်ကို ကိုယ်စားလှယ်ပေးဈေး ၇၅၀ အထိဖြစ်လာတယ်။နောက် Daily Eleven က တစောင်ကိုကိုယ်စားလှယ်ပေးဈေး ၈၀၀ အထိဖြစ်လာတယ်။အခုဈေးကွက်မှာ လက်လီရောင်းဈေးက ၁၀၀၀ အထိဖြစ်လာတယ်။ဘောလုံးဂျာနယ်တောင်တစောင်ကို ၁၅ဝဝ လောက်အထိဈေးဖြစ်လာတယ်။အရင်က ပြည်တွင်းထုတ် ပုဂ္ဂလိကထသတင်းစာတစောင်မှကျပ် ၂ဝဝ လေ၊အခုဈေးနဲ့ဆိုအများကြီးကွာသွားတာပေါ့။ပြည် တွင်းထုတ် နေ့စဉ်သတင်းစာတွေကို အခုဘယ်သူ့မှဝယ်မဖတ်ကြတော့ဘူး။ယခင်ကတည်းက သတင်းစာ၊ဂျာနယ်၊စာစောင်ဈေးကွက်ကယိုင်နဲ့နဲ့ဖြစ်နေတာပါ။အခုတော့ပိုဆိုးတော့မယ့်အခြေအနေဖြစ်နေပါပြီ”လို့ ရန်ကုန်မြို့က…
Read Moreယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ဒေါ်နယ်ထရန့်နဲ့ ဇီလန်စကီးတို့ လာမယ့်အပတ်မှာ ဆွေးနွေးတော့မယ်
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၈-၂၀၂၅ မျိုးဆက်(VOM) ယူကရိန်းစစ်ပွဲ ရပ်တန့်ဖို့နဲ့ပတ်သက်ပြီး ယူကရိန်းသမ္မတ ဇီလန်စကီးနဲ့ လာမယ့်အပတ်မှာ ဆွေးနွေးမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ထုတ်ဖော်ပြောဆိုလိုက်လိုပါတယ်။ ဒီဆွေးနွေးမှုဟာ မျက်နှာချင်းဆိုင် ဒါမှမဟုတ် အွန်လိုင်းဗီဒီယိုကွန်ဖရင့်စနစ်နဲ့လုပ်မလားဆိုတာ အသေးစိတ်တော့မပြောပေမယ့် အိမ်ဖြူတော်မှာ လုပ်နို်ငတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ သူကတော့ ယူကရိန်းကို မသွားဘူးလို့ ထရန့်ကဆိုပါတယ်။ သမ္မတဇီလန်စကီးနဲ့လာမယ့်အပတ်မှာ တွေ့ဆုံဆွေးနွေးပွဲဖြစ်နိုင်ပြီး ရုရှားသမ္မတ ပူတင်နဲ့လည်း ဆွေးနွေးဖို့ ဆန္ဒရှိတယ်လို့ သူက အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောပါတယ်။ သုံးနှစ်ကြာ ယူကရိန်းစစ်ပွဲ အဆုံးသတ်တာမြင်ချင်ပြီလို့ ထရန့်ကပြောပါတယ်။ ဒါဟာ ရယ်စရာကောင်းတဲ့ စစ်ပွဲတပွဲလို့လည်း သူကဝေဖန်ပါတယ်။ နှစ်ဖက်ဆွေးနွေးမှုမှာတော့ ယူကရိန်းကို စစ်ရေးထောက်ပံ့မှုတွေအတွက် မြေရှားသတ္တုလို ယူကရိန်းတွင်းထွက်ဆိုင်ရာ သဘောတူညီချက်အတွက် ဇီလန်စကီးနဲ့ ဆွေးနွေးလိုတယ်လို့ သူက ပြောပါတယ်။ သူသမ္မတဖြစ်တာနဲ့ ယူကရိန်းစစ်ပွဲ အမြန်ဆုံးရပ်ရမယ်လို့ ထရန့်က ကတိခံထားတာဖြစ်ပါတယ်။ ယူကရိန်းအရေးနဲ့ပတ်သက်ပြီး ဆွေးနွေးမှုတွေပါဝင်မယ့်…
Read More