ဆူးငှက် ကျွန်တော်က ပန်းချီဝါသနာပါသည်။ ထိုအကြောင်းကို တဖွဖွ ပြောခဲ့ပြီးပါပြီ။ တကယ်တမ်း တက္ကသိုလ် ရောက်တော့ ပန်းချီနှင့်ပဲ စတင် ထိတွေ့ဖြစ်ပါသည်။ ကျွန်တော် တက္ကသိုလ်ရောက်သည့် ၁၉၇၆ခုနှစ်မှာပဲ ကျောင်းမှာ ပန်းချီပြပွဲ ပြုလုပ်သည်။ ထိုစဉ်ကာလ ကျွန်တော်က ဝါးတန်း ကောင်းမြင့် ပုံနှိပ်တိုက် အမှိုက်ပုံထဲက စွန့်ပစ် ပုံနှိပ်မင် ဘူးထွေထဲက ဆေးတွေနှင့် တောက်တိုမယ်ရ ဟိုရေးသည်ရေး လက်ဆော့နေသည့် အချိန် ဖြစ်သည်။ ထိုစဉ် ၂၆ဘီလမ်း ငှက်နီတိုက်က ဆီဆေးအတောင့်တွေ ရှားရှားပါးပါး ရောင်းတာ တွေ့လိုက်သည်။ ငှက်နီတိုက်က ပန်းချီဆရာကြီး ဦးလှပေါ်၏ တိုက်ဖြစ်သည်။ ဆီဆေးတောင့်ကို အခုမှ မြင်ဖူးသည်။ ထို့ကြောင့် စုထားသည့် မုန့်ဖိုးလေးနှင့် ဝယ်လိုက်သည်။ ဘာရောင်တွေ ညာရောင်တွေ မသိ။ မျက်စေ့ထဲ…
Read MoreDay: February 14, 2025
ထိုင်းနိုင်ငံကို မြန်မာလုပ်သားစေလွှတ်မှုယာယီရပ်ဆိုင်းထား
. ဖေဖော်ဝါရီ၁၄-၂၀၂၅ Ms(VOM) မြန်မာလုပ်သားအရေအတွက်အများဆုံးသွားရောက်အလုပ်လုပ်ကြတဲ့ ထိုင်းနိုင်ငံကို လုပ်သားစေလွှတ်မှုယာယီရပ်ဆိုင်းလိုက်ကြောင်း မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း(MOEAA)ကနေသိရပါတယ်။ အလုပ်သမားဝန်ကြီးဌာနအနေနဲ့ထိုင်းနိုင်ငံကို ပြည်ပလုပ်သားစေလွှတ်မှုကိုဖေဖော်ဝါရီလ၁၄ရက်မှစပြီးယာယီရပ်ဆိုင်းလိုက်ပြီလို့ကြေငြာတဲ့အကြောင်းကို မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း(MOEAA)က ပြည်ပအလုပ်အကိုင်အေဂျင်စီတွေထံလတ်တလောအကြောင်းကြားထားပြီလို့ဆိုပါတယ်။ “မနေ့ကပြည်ထောင်စုနေ့က ထိုင်းဘက်ပို့တဲ့အေဂျင်စီတွေနဲ့ အလုပ်သမားဝန်ကြီးဌာနကိစ္စလေးတွေဖြစ်သွားတယ်လို့ကြားတယ်။ဘာပြသနာဘာကိစ္စလဲတော့မပြောကြဘူး။အဲ့ဒါပြီးတဲ့နောက်မှာ ပြည်ပလုပ်သားစေလွှတ်တာရပ်မယ်လို့သတင်းထွက်တာပဲ။ပထမတော့ အခြားနိုင်ငံတွေပါစေလွှတ်ခွင့်ရပ်တယ်ဆိုပြီးထင်ကြသေးတာ နောက်တော့ထိုင်းတစ်ခုထဲလို့သိရတယ်။လက်ရှိသွားခွင့်ကြထားသူတွေရောပါလားဆိုတာတော့ သေသေချာချာမသိကြသေးဘူး။လေယာဉ်လက်မှတ်ဝယ်ပြီးလို့ သွားဖို့ရက်သေချာတဲသူတွေလည်းစိုးရိမ်ပြီးမေးနေကြတာတွေရှိပါတယ်”လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီတခုက တာဝန်ရှိသူတယောက်ကပြောပါတယ်။ အလုပ်သမားဝန်ကြီးဌာနအနေနဲ့ မြန်မာလုပ်သားတွေထိုင်းနိုင်ငံကိုစေလွှတ်ခွင့် လက်ရှိမှာယာယီရပ်ဆိုင်းကြောင်းအသိပေးထားပြီး ဖေဖော်ဝါရီလ၁၅ရက်မှာပြုလုပ်မယ့် ဝန်ကြီးဌာနနဲ့အေဂျင်စီတွေ တွေ့ဆုံမယ့် ဌာနရဲ့အစည်းအဝေးမှာတော့ ပြည်ပစေလွှတ်ခွင့်ကိစ္စကို တိတိကျကျအသိပေးနိုင်ကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီတွေထံကသိရပါတယ်။ မြန်မာနိုင်ငံကနေ ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်နေကြသူတွေအနေနဲ့ တရားဝင် MOUစနစ်နဲ့အပြင်တရားမဝင် နည်းလမ်းတွေနဲ့ပါ ထိုင်းနိုင်ငံမှာသွားရောက်အလုပ်လုပ်ကိုင်နေကြတာဖြစ်ပြီး မြန်မာလုပ်သားအရေအတွက် အနေနဲ့ ထိုင်းနိုင်ငံတွင်းမှာ၂သန်းကျော်ရှိနေကြောင်း ဒေသတွင်းသတင်းဖော်ပြမှုတွေအရသိရပါတယ်။ Photo:CJ
Read Moreနစကဥက္ကဌနဲ့ စစ်တပ်ထိပ်တန်းခေါင်းဆောင် ၂၃ ယောက်ကို အာဂျင်တီးနားတရားရုံး ဖမ်း၀ရမ်းထုတ်
ဗျူနိုအေရိစ်၊ ဖေဖော်ဝါရီ-၁၄-၂၀၂၅ ရတီ (VOM) ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုစွဲချက်တွေကြောင့် နစက ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ စစ်တပ်ထိပ်တန်းခေါင်းဆောင်အချို့ကို အာဂျင်တီးနားတရားရုံးက ဖမ်း၀ရမ်းထုတ်လိုက်ကြောင်း ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ BROUK က ပြောပါတယ်။ လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့ ၂၀၁၉ ခုနှစ်ကတည်းက လူ့အခွင့်အရေးအဖွဲ့တွေက အာဂျင်တီးနားတရားရုံးမှာ လျှောက်ထားခဲ့တာဖြစ်ပါတယ်။ ဒါဟာ ရိုဟင်ဂျာတွေအပါအဝင် မြန်မာပြည်သူတွေအတွက် တရားမျှတမှုအတွက် သမိုင်းဝင်ခြေလှမ်းဖြစ်ပြီး ဆယ်စုနှစ်များစွာ လူမျိုးတုန်းသတ်ဖြတ်မှုကို ကျူးလွန်ခံနေရတဲ့ ရိူဟင်ဂျာတွေနဲ့မိသားစုတွေအတွက် မျှော်လင့်ချက်ရောင်ခြည်ဖြစ်ပြီး ကမ္ဘာတဝန်းမှာ နို်ငငံတကာ ဥပဒေတွေကို ချိုးဖောက်မှုတွေကြီးထွားလာချိန်မှာ တရားမျှတမှုအတွက် အောင်ပွဲတခုဖြစ်တယ်လို့ မြန်မာရိုဟင်ဂျာအဖွဲ့ ဥက္ကဌ ဦးထွန်းခင်က ထုတ်ပြန်ချက်မှာ ပြောပါတယ်။ ဒီအမှုကို မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tomás Ojea Quintana ရဲ့ တရားဝင်ကိုယ်စားလှယ် ဦးထွန်းခင်နဲ့မြန်မာရိုဟင်ဂျာအဖွဲ့တို့က တင်သွင်းခဲ့တာဖြစ်ပြီး မြန်မာနို်ငငံဆိုင်ရာ ကုလသမဂ္ဂ လွတ်လပ်သောစုံစမ်းစစ်ဆေးရေး…
Read Moreရန်ကုန် – မော်လမြိုင်လမ်း မစောတံတားမှာ ဘေလီတံတား ဖျက်လိုက်တာကြောင့် ကားပိတ်ဆို့မှု ဆိုးရွားနေ
ဖေဖော်ဝါရီ ၁၄ – ၂၀၂၅ GG (VOM ) ရန်ကုန် – မော်လမြိုင်လမ်း၊ဘီးလင်း – ကျိုက္ကော်ကြားက မစောတံတားမှာ ထိုးထားတဲ့ ယာယီဘေလီတံတားကို ဖြုတ်ချလိုက်တာကြောင့် မြေသားလမ်းကနေသာ ကားတွေသွားလာနေရတဲ့အတွက် ကားအစီးရေအများအပြား ပိတ်မိပြီး ခရီးသွာတွေ အခက်အခဲကြုံနေရတယ်လို့ သိရပါတယ်။ ဘေလီတံတားထိုးထားတာကို ဖေဖော်ဝါရီ ၁၂ ရက်နေ့ကစပြီး ဖြုတ်ချလိုက်တာဖြစ်ကြောင်း ၊ အဲဒီနေ့ကတည်းက ကားတစီးသာသွားလာလို့ရတဲ့ မြေသားလမ်းကနေ ကားအားလုံးသွားလာနေရတာကြောင့် မစောတံတားရဲ့တဖက်တချက်လမ်းမတလျှောက်မှာ ကုန်ကား၊ခရီးသွားကား၊အိမ်စီးကားတွေ နာရီကြာမြင့်စွာပိတ်မိနေကြပြီး ညအိပ်စောင့်တန်းစီရတဲ့အထိပင် ကားပိတ်မှုဆိုးရွားနေတယ်လို့သိရပါတယ်။ ” မနက်ရောက်တဲ့ကားကတော့ညနေလောက်ဆိုလွတ်တယ်။ကျွန်တော်ဖြတ်လာတာ မနက် ၁၁ နာရီတန်းစီတာ ညနေ ၅ နာရီမှလွတ်တယ်။ကားက အခုမြေသားလမ်းက ကားတစီးပဲသွားရတယ်။ အဲဒါကိုဟိုဘက်ဒီဘက်မျှသွားနေရတာ။ဒီကြားထဲကားတွေကစည်းကမ်းမရှိမောင်းကြတော့ပိုပိတ်ကုန်တယ်။ဒီတံတားအသေးလေးကိုတောင်ခုထိသူတို့ မထိုးနိုင်ကြဘူး။အခုကားတွေတော်တော်ပိတ်တယ်။စားစရာရေမပါရင်ဒုက္ခရောက်မယ်။ညနေမှ မစောတံတားဖြတ်ရမယ်ဆိုရင်အဲဒီမှာညအိပ်စောင့်ရမှာပါ။”လို့ မစောတံတားဖြတ်လာသူကပြောပါတယ်။ ဘေလီတံတားကို ဖြိုချလိုက်ပေမယ့် ခုချိန်ထိ တံတားအသစ်တည်ဆောက်မှုလုပ်ငန်း စတင်ဆောင်ရွက်တာမျိုးမရှိသေးဘူးလို့ဆိုပါတယ်။ မစောတံတားကိုအမြန်ဆုံး အသစ်ပြန်လည်တည်ဆောက်နိုင်မှသာ ကားပိတ်ဆို့မှုအခြေအနေကို…
Read Moreလားရှိုးမှာ လမ်းဘေးမှာတင် နှစ်လုံး၊ သုံးလုံး ရောင်းချမှုတွေရှိနေပြီး လောင်းကစားနဲ့ မူးယစ်ဆေးဝါး ပိုမိုတိုးပွားလာ
ဖေဖော်ဝါရီ ၁၄၊ ၂၀၂၄-၂၀၂၅ Shy V (VOM) ကိုးကန့် MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမှာ လက်ရှိ နှစ်လုံး၊ သုံးလုံး ရောင်းသူတွေ လမ်းဘေး ဟင်းသီးဟင်းရွက် ရောင်းသလို ရောင်းလာနေကြကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “လားရှိုးကတော့ လွတ်လပ်တာလွန်သွားလို့ နှစ်လုံး၊ သုံးလုံး ချဲတွေဝောာင် လမ်းဘေးမှာ စားပွဲတွေနဲ့ တန်းစီပြီး ချရောင်းနေကြတာ။ လမ်းဘေးတွေမှာ စားပွဲတွေ ချထားပြီး ဘာတွေများလဲ လို့ သွားကြည့်လိုက်တော့ နှစ်လုံး၊ သုံးလုံးတွေ ချရောင်းနေတာ။ အဆင့်တွေ မြင့်လို့။ ကွန်ပြူတာတွေနဲ့ တခါထဲ ထုတ်ပေးတာ” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။ လောင်းကစားနဲ့ ပတ်သက်တာတွေ ၅ သိန်း ဆောင်ရင် တရားဝင် ခွင့်ပြုချက် ပေးထားတယ်လို့ သူက ပြောပါတယ်။ “လားရှိုးမြို့က ကိုးကန့်…
Read Moreပြည်ပအလုပ်အတွက် စာချုပ်ချုပ်ထားခြင်းမရှိတဲ့ အမျိုးသားတွေကို OWIC ကတ် မထုတ်ပေးတော့ဘူးလို့ သိရ
ဖေဖော်ဝါရီ ၁၄ – ၂၀၂၅ SN (VOM) ပြည်ပအလုပ်အကိုင်အတွက် ဇန်နဝါရီ ၃၀ ရက် မတိုင်ခင်အထိ စာချုပ် ချုပ်ဆိုထားခြင်း မရှိတဲ့ အမျိုးသားတွေကို ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (Overseas Worker Identification Card – OWIC) မထုတ်ပေးတော့ဘူးလို့ လိုင်စင်ရ အေဂျင်စီတွေဆီက သိရပါတယ်။ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိ အမျိုးသားတွေ ပြည်ပထွက် အလုပ်လုပ်ဖို့အတွက် အလုပ်သမားဝန်ကြီးဌာနမှာ ဇန်နဝါရီ ၃၀ ရက်အထိ စာချုပ်ချုပ်ထားသူတွေကိုသာ လက်ရှိမှာ စေလွှတ်ခွင့် ပေးနေတာဖြစ်ပြီး အဲဒီနောက်ပိုင်း စာချုပ် ချုပ်ဆိုထားသူတွေကိုတော့ OWIC ကတ် ထုတ်ပေးခွင့် ရပ်ဆိုင်းထားတယ်လို့ သိရပါတယ်။ “အခုကတော့ ဇန်နဝါရီ ၃၀ ရက်အထိ စာချုပ်ချုပ်ထားတဲ့ အသက် ၁၈ ကနေ ၃၅…
Read MoreOSC နဲ့ကောင်းဆေးရုံ ပိတ်မှာမှန်ပြီး ဂရန်းဟံသာ နဲ့ဆာကူရာဆေးရုံပိတ်မယ်ဆိုတာ သတင်းအမှားလို့ ဆေးရုံကဆို
ဖေဖော်ဝါရီ ၁၄ -၂၀၂၅ GG (VOM) ရန်ကုန်မြို့က ဂရန်းဟံသာ ပုဂ္ဂလိကဆေးရုံကြီးနဲ့ OSC ဆေးရုံအပါအဝင် ဆေးရုံ ၉ ခုကို ယာယီပိတ်သိမ်းခြင်းနဲ့ အပြီးပိတ်သိမ်းခြင်း ပြစ်ဒဏ်တွေချမှတ်လိုက်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဂရန်းဟံသာဆေးရုံကို တနှစ်၊ ဆာကူရာဆေးရုံကို ခြောက်လ၊ OSC ဆေးရုံကို တနှစ်၊ ကောင်းဆေးရုံကို သုံးလ၊ သမိုင်းဆေးရုံကို သုံးလ၊ ကောင်းစုအောင် ဆေးရုံကို သုံးလ ပြစ်ဒဏ်ချမှတ်ပြီး ချမ်းမြေ့ဆေးရုံ၊ မြတ်တော်ဝင်ဆေးရုံနဲ့ ကျန်းမာသုခဆေးရုံတို့ကိုတော့ အပြီးပိတ်သိမ်းခံရတယ်ဆိုပြီးသတင်းတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။ အဆိုပါဆေးရုံတွေ ပြစ်ဒဏ်ချမှတ်ခံရတယ်ဆိုတဲ့သတင်းအပေါ် VOM မှ စုံစမ်းခဲ့ရာ OSC ဆေးရုံနဲ့ ကောင်းဆေးရုံ တို့ကတော့ ယာယီပိတ်ထားမှာမှန်ကြောင်း သိရှိရပါတယ်။ OSC မှာ ဆေးရုံတက်ရောက်ကုသမှုခံယူနေသူက ” ဆေးရုံပိတ်မယ်လို့ပြောတယ်။ကျန်တာဘာမှမသိရသေးဘူး။ဘယ်နေ့စပိတ်မယ်ဆိုတာလည်းမသိသေးဘူး။အခုအမတို့လည်းဆေးရုံမှာ။လူနာတွေလည်းရှိနေတယ်။” လို့ ပြောပါတယ်။ ဂရန်းဟံသာ ဆေးရုံကြီးနဲ့ဆာကူရာဆေးရုံကတော့ သူတို့ဆေးရုံတွေ ပိတ်မယ်ဆိုတာ…
Read More