တပတ်အတွင်း ရွှေ၊ ဒေါ်လာ၊ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်ဈေးကွက်

ဖေဖော်ဝါရီ ၁၀ – ၂၀၂၅ SS (VOM) ဒီတပတ် ပြည်တွင်းရွှေဈေးကွက်မှာတော့ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေကထက် အခေါက်ရွှေဈေး အနည်းငယ် မြင့်တက်လာကို တွေ့ရပါတယ်။ အမေရိကန်ဒေါ်လာဈေးကတော့ ၄၄၀၀ ကျော်ဝန်းကျင်ကို ရောက်ရှိ‌နေပြီး ဈေးအနည်းငယ် ပြန်ကျလာပါတယ်။ စက်သုံးဆီ ဈေးကွက်မှာတော့ ဒီတပတ်မှာ စက်သုံးဆီ အမျိုးအစားအားလုံး ဈေးပြန်ကျနေပါတယ်။ အခြေခံစားသောက်ကုန် ဈေးကွက်ထဲမှာတော့ ကုန်စိမ်းဈေးတွေ ဆက်ကျနေပြီး တခြားကုန်စည် အများစုကတော့ အမြင့်ဈေးအတိုင်း ရှိနေဆဲဖြစ်ပါတယ်။ #ပြည်တွင်းရွှေဈေးနှုန်း ပြည်တွင်းက ပြင်ပရွှေဈေးနှုန်းဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေက တကျပ်သား ၆၄ သိန်းဝန်းကျင်မှာ ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒီတပတ်မှာတော့ ၆၅ သိန်းကျော်ဝန်းကျင်နဲ့ အနည်းငယ် တက်ရိပ်ပြလာပါတယ်။ တပတ်တာအတွင်း အနိမ့်ဆုံးဈေးကတော့ ဖေဖော်ဝါရီ ၃ ရက်နေ့၊ ညနေပိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ‌ကျပ် ခြောက်ဆယ့်သုံးသိန်း ရှစ်သောင်းဈေးပါ။ ဒါပေမယ့်…

Read More

မိုးကုတ် လေကြောင်းတိုက်ခိုက်မှု ငါးယောက်သေပြီး ၂၀ ထက်မနည်း ဒဏ်ရာရ

ဖေဖော်ဝါရီ ၁၀ – ၂၀၂၅ GG (VOM) မိုးကုတ်မြို့နယ် အနောက်ပိုင်းမှာ ပြီးခဲ့တဲ့ညက လေကြောင်းကနေတိုက်ခိုက်ခံရပြီး လူ ငါးယောက်သေဆုံးပြီး လူ၂၀ လောက်လည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေဆီက သိရပါတယ်။ ဖေဖော်ဝါရီ ၁၀ ရက်နေ့ ၊မနက် ၁ နာရီမထိုးခင်လောက်မှာ လေကြောင်းတိုက်ခိုက်ခံခဲ့ရတာဖြစ်ကြောင်း၊ မိုးကုတ်မြို့အနောက်ပိုင်း ဝင်းထရံလုပ်ကွက်ထဲကိုဗုံးကြဲချခံရတာဖြစ်ပြီး ကနဦးသိရှိချက်အရ သေဆုံးသူငါးယောက်ရှိထားကာ ဒဏ်ရာရသူတွေကိုဆေးကုသမှုပေးနေတယ်လို့သိရပါတယ်။ ဗုံးကြဲချတိုက်ခိုက်ခံရတဲ့ ဝင်းထရံကျောက်မျက်လုပ်ကွက်က ပြည်ခိုင်ဖြိုးပါတီဝင် ပလောင် အမတ်ဦးဘိုဌေး ပိုင်တဲ့ လုပ်ကွက်ဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။ ” ည ၁၂ ထိုးပြီး လောက်ကစပြီးဗုံးကြဲတာပဲ။နာရီဝက်လောက်ကြာတယ်။ ဘော်ဗဒါန်းနားကမဟုတ်ဘူး။ ကသည်းကျောက်ဆောင်နဲ့ပြောင်းပြင်ကြားထဲက ဝင်းထရံကျောက်မျက် လုပ်ကွက်ထဲကိုကျတာ အခုသိရသလောက်ငါးယောက်ရှိပြီ။ဒဏ်ရာရသူလည်းများတယ်။ဗုံး ကြဲတာတော့ အလုံး၂၀ ကျော်တယ်။ဝင်းထလုပ်ကွက်တခုထဲပဲထိတာ။” လို့ ဒေသခံကပြောပါတယ်။ မိုးကုတ်မြို့ကိုထိန်းချုပ်ထားတဲ့ TNLA ကတော့ မိုးကုတ်မြို့မှာ လေကြောင်းတိုက်ခိုက်ခံရတာ မှန်ကန်ကြောင်းနဲ့ထိခိုက်မှုအခြေအနေကိုတော့ အသေးစိတ်ဖော်ပြခြင်း မရှိသေးပါဘူး။ နစကဘက်ကတော့ အဆိုပါလေကြောင်းတိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး…

Read More

မုန့်ပျားသလက်၊ မုန့်ပဲဆုပ်၊ မုန့်ဦးနှောက်၊ မုန့်ဖက်ထုပ်

      ဆူးငှက် တကယ်တော့ မုန့်ပျားသလက်သည် မြန်မာ့ရိုးရာအစား အစာ စစ်စစ်ဖြစ်ပါ၏။ အညာဒေသထွက် ပဲနှင့် ဆန်မှုန့်တို့ကို အဓိကထား၍ မြေပဲဆီ၊ နှမ်းဆီ စစ်စစ်အသုံးပြုကာ မြန်မာ့မြေအိုး ကင်းတွင် ထင်းမီးဖြင့်ပြုလုပ်ရသော မုန့်ဖြစ်သည်။ ပျားကောင်၏ ပျားသလက်နှင့် တူသောကြောင့် မုန့်ပျားသလက်ဟု ခေါ်ဆို သလို မုန့်ပစ်သလက်ဟုလည်း သုံးစွဲခေါ်ဝေါ်ကြသည်။ မုန့်ပျား သလက်၏ မူလပုံစံမှာ ဆန်မုန့်ရည်ပျစ်ပျစ်ကို ထန်းစေ့မှုတ်ဖြင့် ခပ်ပြီး မြေပဲဆီ၊ နှမ်းဆီပုတ်ထားသော မြေအိုးကင်းအနေတော် စောက်တွင် ထည့်ကာ စားတော်ပဲ၊ ပဲလွန်းပြုတ် စသည်တို့ကို ဖြောက်ဖြောက်ဖြူးပြီး မြေအိုးဖုံးဖြင့်ဖုံး၍ ကျက်လောက်လျှင် အပေါ်မှ ဆီဖြင့်ထပ်၍ပုတ်ပြီး နှမ်းထောင်းဖြူး၍ စားရသည်။   မုန့်ပျားသလက်နှင့် မတ်ပဲ ဘယာကြော်မှာ အလိုက် ဖက်ဆုံး အစားအသောက်ဖြစ်သည်။ နောက်ပိုင်း၌ အနေတော် စောက်ရှိ မြေအိုးကင်းအစား…

Read More

ကာရေဘီယံပင်လယ်မှာ အင်အားပြင်းမြေငလျင်ကြောင့် နိုင်ငံအများအပြားက ဆူနာမီသတိပေးချက် ထုတ်ပြန်

ဝါရှင်တန်၊ ဖေဖော်ဝါရီ-၉-၂၀၂၅ မျိုးဆက်(VOM) ကာရေဘီယံပင်လယ်မှာ ရစ်ချ်တာစကေး ၇ ဒဿမ ၆ အဆင့်ရှိ အင်အားပြင်းမြေငလျင်လှုပ်ခတ်မှုကြောင့် နိုင်ငံအများအပြားဟာ ဆူနာမီသတိပေးချက်တွေ ထုတ်ပြန်ခဲ့ကြောင်း အမေရိကန်ဘူမိလေ့လာရေးဌာနက ပြောပါတယ်။ ငလျင်ရဲ့ဗဟိုချက်ဟာ ဟွန်းဒူးရပ်စ်နိုင်ငံမြောက်ဘက် မိုင် ၂၀ အကွာနဲ့ ကေမန်ကျွန်းစုအနောက်တောင်ဘက် မိုင် ၁၃၀ အကွာမှာ ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ငလျင်ကြောင့် ကိုလံဘီယာ၊ ကေမန်ကျွန်း၊ ကော်စတာရီကာ၊ ဟွန်ဒူးရပ်စ်၊ နီကာရာဂွါ နဲ့ ကျူးဘားတို့အပါအဝင် ဒေသတွင်းနိုင်ငံတွေဟာ ဆူနာမီ သတိပေးချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။ ပွာတိုရီကိုနဲ့ အမေရိကန်ဗာဂျင်ကျွန်းစုတို့မှာ ဖြစ်ပေါ်လာနိုင်တဲ့ ဆူနာမီလှိုင်းတွေအတွက် သတိပေးချက်ထုတ်ပြန်ခဲ့ပေမယ့် ၄၅ မိနစ်အကြာမှာ ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။ ဒါပေမယ့်လည်း ပုံမှန်မဟုတ်ဘဲ ပြင်းထန်တဲ့ ရေစီးကြောင်းတွေ ဖြစ်ပေါ်နိုင်ခြေကြောင့် ကမ်းရိုးတန်းဒေသနေသူတွေ သတိထားဖို့ လိုအပ်တယ်လို့ အမျိုးသားဆူနာမီစင်တာက သတိပေးထားပါတယ်။ ကေမန်ကျွန်းစု အစိုးရကတော့ ဆူနာမီသတိပေးချက်…

Read More

မြန်မာအမျိုးသမီးတွေဟာ တရုတ်မယား ဈေးကွက်အတွက် ပစ်မှတ်ဖြစ်နေပြီလား

Shy V (VOM) ပြည်တွင်းမှာ ဝင်ငွေကနည်း အလုပ်ကရှားနေချိန်မို့ တရုတ်ပြည်မှာ အလုပ်သွားလုပ်ကြတဲ့ လူငယ်တွေများလာတဲ့အထဲမှာ မြန်မာမိန်းကလေးငယ်တွေဟာ တရုတ်တွေရဲ့ မယားအဖြစ်နေပေးဖို့ ရှာဖွေပေးသူတွေရဲ့ ပစ်မှတ်တွေဖြစ်လာနေပါတယ်။ တချို့တွေဟာ အလိုတူအလိုပါ တရုတ်မယားအဖြစ် ကိုယ်တိုင်က ကျေနပ်လက်ခံသူရှိသလို တချို့ကတော့ တရုတ်မယားအဖြစ် ရောင်းစားခံရမှန်းမသိ ရောင်းစားခံရပြီး အချိန်လွန်မှ ကူပါကယ်ပါနဲ့ ဖြစ်ကုန်ရသူတွေများလာပါတယ်။ လက်ရှိမှာတော့ တရုတ်နိုင်ငံသားတွေက လူကုန်ကူးတာတွေကို နယ်စပ်ဂိတ် ကနေတင် မဟုတ်ပဲ လေကြောင်းခရီးနဲ့ တရားဝင် ဗီဇာနဲ့ ရန်ကုန်၊ မန္တလေးကို လာရောက်ပြီး မြန်မာ မိန်းကလေးတွေကို လာရောက်ဝယ် ယူတာတွေ ခေတ်စားလာပါတယ်။ တရုတ်နိုင်ငံသား တရုတ်တွေက ကိုယ်တိုင် လက်ထပ် ယူဖို့က လူနည်းစု ဖြစ်ပြီး အများစုက လူကုန်ကူးမယ့် ပွဲစားတွေဖြစ်ပါတယ်။ ဒီလို မြန်မာ မိန်းကလေးတွေကို ဝယ်ယူဖို့ ပေါ်ပေါ်တင်တင် လုပ်လာတာဖြစ်ပြီး ဈေးကွက်…

Read More

မိတ္ထီလာမှာ ၂နှစ်အရွယ်ကလေးကို ရိုက်သတ်ခဲ့တဲ့ မိခင်ဖြစ်သူနဲ့ ပထွေး အဖမ်းခံရ

ဖေဖော်ဝါရီ ၉ – ၂၀၂၅ GG (VOM) မန္တလေးတိုင်း၊မိတ္တီလာမြို့နယ်၊ရတနာမာန်အောင်ရပ်ကွက်၊နယ်မြေ ၄ ထဲမှာ အသက်၂ နှစ်အရွယ်ကလေးငယ်ကို သူရဲ့မိခင်အရင်းဖြစ်သူနဲ့ပထွေးက ရိုက်သတ်မှု ဖြစ်ပွားခဲ့တယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ကသိရပါတယ်။ ကလေးငယ်ကို ဖေဖော်ဝါရီ ၇ ရက်နေ့ညပိုင်းမှာ ရိုက်သတ်ခဲ့ပြီးနောက်ညတွင်းချင်း နေအိမ်ကိုပြန်သယ်လာပြီး ဖေဖော်ဝါရီ ၈ ရက်နေ့မနက်ပိုင်းမှာမှ ကလေးအအေးပတ်ပြီးသေဆုံးသွားတယ်ဆိုပြီး ပတ်ဝန်းကျင်ကိုလိမ်ညာအသိပေးကာ မိခင်ရင်းနဲ့ပထွေးက တိမ်းရှောင်ထွက်ပြေးသွားတာဖြစ်တယ်လို့သိရပါတယ်။ ဒါကြောင့် ရဲတပ်ဖွဲ့မှ မသင်္ကာသဖြင့်လိုက်လံစစ်ဆေးရာမှ ကလေးငယ်က ရိုက်နှက်အသတ်ခံခဲ့ရတာကိုသိရှိခဲ့ရပြီး ပထွေးကိုတော့ ဖေဖော်ဝါရီ ၈ ရက်နေ့ညနေပိုင်းမှာပဲ ဖမ်းဆီးရမိခဲ့ပြီး မိခင်ဖြစ်သူကိုတော့ ညပိုင်းမှာထပ်မံဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။ ” ပတ်ဝန်းကျင်ကိုသူတို့က ကလေးအအေးပတ်လို့သေတယ်ပြောတယ်။အလှူငွေပါကောက်ပြီးသဂြိုလ်ပေးလိုက်တယ်။အဲဒီနောက်မှာ ရဲက စုံစမ်းပြီးသတင်းရတာ ကလေးကိုသီးနှံကုန်စိမ်းတန်းမှာ သတ်ခဲ့တာ။သတ်ပြီးကလေးကိုသယ်လာပြီးအိမ်မှာပဲ ဘာမှမဖြစ်သလိုအိပ်ထားတယ်။မိုးလင်းမှပတ်ဝန်းကျင်ကိုပြောအအေးပတ်လို့သေတယ်ဆိုပြီး သူတို့ကစည်းဝါးကိုက်ထားတာပေါ့။သူတို့ကအရင် ၁၀ ရက်လောက်တုန်းကလည်းကလေးကိုရိုက်နှက်လို့ဆိုပြီး ပတ်ဝန်းကျင်ကတိုင်လို့ ရုံးမှာခေါ်ပြီး နောက်နောင်မဖြစ်ဖို့သတိပေးပြောခဲ့တယ်။ ပထွေးလည်းနောက်မရိုက်စေရပါဘူးဆိုပြီးပြောသွားတာ။ညက နှစ်ယောက်လုံးလည်းဝန်ခံပါပြီ။ကျွန်တော်ကိုယ်တိုင်တရားလိုလုပ်တိုင်ကြားထားတာပါ။ “လို့ ရပ်ကွက်အုပ်ချုပ်ရေးဥက္ကဌကပြောပြပါတယ်။ ပထွေးနဲ့မိခင်းအရင်းရဲ့ရိုက်နှက်ခံရပြီးသေဆုံးခဲ့ရတဲ့ အသက်၂နှစ်အရွယ်ကလေးမလေးနာမည်က…

Read More

တိုက်ပွဲကြောင့် စလင်းမြို့နယ်မှာ စစ်ရှောင် ၇၀၀၀ ကျော်ထိ ရှိလာ

ဖေဖော်ဝါရီ ၉ – ၂၀၂၅ SN (VOM) မကွေးတိုင်း၊ စလင်းမြို့နယ်မှာ တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတာကြောင့် ဒေသခံတွေ စစ်ဘေး တိမ်းရှောင်နေရပြီး လက်ရှိမှာတော့ စစ်ရှောင်အရေအတွက် ၇၀၀၀ ကျော်အထိ ရှိလာနေပြီဖြစ်တယ်လို့ ကူညီပေးနေသူတွေဆီက သိရပါတယ်။ စလင်းမြို့နယ်မှာ နစကတပ်ဖွဲ့တွေနဲ့ ဒေသတွင်း လက်နက်ကိုင် ပူးပေါင်းတပ်တွေကြား တိုက်ပွဲ ဖြစ်ပွားနေပြီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်မှုတွေနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် စစ်ဘေးရှောင်အရေအတွက် တိုးလာနေခြင်းဖြစ်ကာ အခြေခံ စားသောက်ကုန်တွေအပြင် ဆေးဝါးနဲ့ အဝတ်အထည်တွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။ “ဆင်ဖြူကျွန်းမြို့ကို လက်နက်ကိုင် ပူးပေါင်းတပ်တွေ ဝိုင်းထားတာကြောင့် ခြေလျင်တပ်ရင်း ခလရ ၂၅၃၊ ၂၅၄၊ ၂၅၅ စတဲ့တပ်တွေက အနီးနားက ကျေးရွာတွေကို နယ်မြေရှင်းလင်းရေး လုပ်နေတာ။ အဲဒါကြောင့် ဒေသခံတွေ ဘေးလွတ်ရာကို ရှောင်နေရတယ်။ တချို့က စစ်ရှောင်နေတာ…

Read More

ဘုရားသုံးဆူ ကာစီနိုနဲ့ ဂိမ်းဆိုင်တွေမှာ အလုပ်လုပ်နေတဲ့တရုတ်နိုင်ငံသား​တွေ မြို့ကနေထွက်ခွာဖို့ DKBA သတိပေး

ဖေဖော်ဝါရီ ၉ – ၂၀၂၅ GG (VOM) ကရင်ပြည်နယ်၊ ဘုရားသုံးဆူ မြို့ထဲမှာတရားမဝင် ရောက်ရှိနေထိုင်ပြီး ကာစီနိုရုံနဲ့စားသောက်ကုန်ရောင်းချခြင်း၊ဂိမ်းဆိုင်ဖွင့်လှစ်လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားအားလုံး ဖေဖော်ဝါရီလကုန် ၂၈ ရက်နေ့နောက်ဆုံးထားပြီး မြို့ထဲကနေထွက်ခွာဖို့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ အမှတ် (၂) နည်းဗျူဟာကဒီနေ့ဖေဖော်ဝါရီ ၉ ရက်မှာသတိပေးထုတ်ပြန်လိုက်ပါတယ်။ သတ်မှတ်ရက်အတွင်း ထွက်ခွာဖို့သတိပေးချက်အပေါ် လိုက်နာမှု မရှိပါက ထိရောက်စွာအရေးယူ ဆောင်ရွက် သွားမှာ ဖြစ်ကြောင်းနဲ့ တရုတ်နိုင်ငံသားတွေ ဘုရားသုံးဆူ မြို့ထဲထပ်ပြီး ဝင်ရောက်မှုမရှိအောင်လည်း တားမြစ်ပိတ်ပင်သွားမယ်လို့သိရပါတယ်။ DKBAရဲ့ထုတ်ပြန်ချက်အပေါ် မြို့ခံတယောက် က ” မီးပြတ်ပြီးကတည်းက ကာစီနိုရုံနဲ့ဂိမ်းဆိုင်တွေတော့ပိတ်ထားတာတွေ့တယ်။တရုတ်တွေ မြို့ကထွက်မထွက်တော့မသိဘူး။မြို့မှာတရုတ်တွေချည်းပဲ။မဖြစ်နေထွက်ခိုင်းလို့ထွက်ကြ လည်း မကြာဘူးပြန်ရောက်လာကြမှာပဲ။DKBA လည်းအပြောပဲရှိတယ်။တကယ်လုပ်မှာမဟုတ်ဘူး။ဘာလို့ဆို ဒီလုပ်ငန်းတွေကရတဲ့ အခွန်တွေနဲ့ပဲ သူတို့က ရပ်တည်ရတာပဲလေ။” လို့ ပြောပါတယ်။ DKBA ကတော့ ဘုရားသုံးဆူမြို့အတွင်း တရားမဝင် အွန်လိုင်းငွေကြေးလိမ်လည်မှု လုပ်ငန်းနဲ့ အွန် လိုင်း…

Read More

စစ်တွေမြို့အနီးထိ AA က လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေကြောင့် တိုက်ပွဲဖြစ်လာမှာကို ဒေသခံတွေ စိုးရိမ်နေ

ဖေဖော်ဝါရီ ၉ – ၂ဝ၂၅ KKO(VOM) စစ်တွေမြို့အနီးကို အာရက္ခတပ်တော် AA ပစ်က ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကျည် တလုံးကျလာလို့ မြို့ပေါ်အထိတိုက်ပွဲတွေဖြစ်ပွားလာမှာကို စိုးရိမ်နေကြတယ်လို့ ဒေသခံတွေက VOM ကိုပြောပါတယ်။ ဒေသတွင်းသတင်းတွေအရ AA က စစ်တွေမြို့အနီးအနားထိ တိုက်ခိုက်မှုတွေရှိနေပြီး အခုဖေဖော်ဝါရီလ ၇ ရက်နေ့ကစလို့ စစ်တွေမြို့ရှိရာဘက်နဲ့ နစက တပ်အခြေစိုက်စခန်းတွေရှိရာဘက်ကို လက်နက် ကြီးတွေနဲ့ ပစ်ခတ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။ သို့သော်လည်း စစ်တွေမြို့ပေါ်မှာတော့ ဒီကနေ့ ဖေဖော်ဝါရီ ၉ ရက်၊နံနက်ပိုင်းအချိန်အထိ တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်း ပုံမှန်အတိုင်းရှိနေတယ်လို့ စစ်တွေမြို့ဒေသခံတွေက VOM ကို ပြောပါတယ်။ “စစ်တွေမြို့အပြင်ဘက်ကို လက်နက်ကြီးတလုံးကျတယ်လို့လည်းပြောတယ်။တပ်ရင်း (၁)ရှေ့မှာ ကျတယ်ပြောတယ်။ဒီဘက်ကိုလှမ်းပစ်တာ လက်နက်ကြီးတလုံးကျတယ်လို့ ပြောနေကြတယ် ။ရသေ့တောင်ဘက်မှာလည်း လေကြောင်းတိုက်ခိုက်မှုတွေရှိတယ်လို့ သတင်းတွေကြားနေရပေမယ့်၊ဒါကိုအတည်ပြုလို့ တော့မရသေးဘူး၊တချို့ဒေသခံတွေကလည်း မသိကြဘူး။စစ်တွေနဲ့ ပတ်သက်ပြီး လက်ရှိသတင်းအားလုံးက မှန်တာရှိသလို၊ မမှန်တာလည်းရှိပါတယ်။သတင်းအားလုံးကတော့ မှန်တာမဟုတ်ပါဘူး။ဒီနေ့…

Read More

ထီးတော်တင်လှူပွဲ

    ဆူးငှက်   မြန်မာအဘိဓာန်မှာ ‘စေတီ’ကို ရိုသေပူဇော်အပ်သော အရာ၊ ဓာတ်တော်မွေတော် စသည်တို့ကို ဌာပနာထားသော အဆောက်အအုံလို့ အဓိပ္ပာယ်ဖွင့်ပြီး ပါဠိမှာတော့ ‘စေတိယ’လို့ ဆိုပါတယ်။ မြန်မာ ဗုဒ္ဓဘာသာတို့ကိုးကွယ်တဲ့ စေတီရဲ့ ဗိသုကာ မှာ အစိတ်အပိုင်းပေါင်း ၁၉ မျိုးပါဝင်ကြောင်းလည်း မြန်မာ အဘိဓာန်မှာ ပုံနှင့်တကွ ပြဆိုထားပါတယ်။ ဒီ အစိအပိုင်းတွေထဲမှာ စေတီရဲ့ အထွတ်အမြတ်အဖြစ် စိန်ဖူး၊ ငှက်မြတ်နား၊ ထီးတော်တို့ ပါရှိပါတယ်။   တကယ်တော့ မြန်မာ့မြေပေါ်မှာ ဗုဒ္ဓသာသနာထွန်းကား ကတည်းက စေတီပုထိုးပူဇော်မှုဟာ တစ်ပြိုင်နက်တည်း ပေါ်ထွန်း လာတာ ဖြစ်တယ်။ စေတီပုထိုး တည်ထားမှုနဲ့အတူလည်း စေတီ ပုထိုးဆိုင်ရာ ဗိသုကာအတတ်ပညာ၊ အနုပညာတွေလည်း ဖွံ့ဖြိုးခဲ့ တာပါ။ ဒီကနေ့ အများဆုံးဖူးတွေ့နေရတဲ့ စေတီပုထိုးပုံစံတွေ ကတော့ ပုဂံခေတ်မှာမှ အများဆုံးတည်ထားခဲ့တဲ့…

Read More
VOM News

FREE
VIEW