ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၂၅ မျိုးဆက်(VOM) အမေရိကန် နိုင်ငံတကာအကူအညီပေးရေး အေဂျင်စီ(USAID) ကို ပိတ်ပစ်ဖို့ လုပ်ဆောင်နေတယ်လို့ အစိုးရစွမ်းဆောင်ရည်ဌာနကို ဦးဆောင်နေတဲ့ အီလွန်မတ်က ပြောပါတယ်။ တက်စ်လာနဲ့ စပေ့အိတ်စ် ကုမ္ပဏီတွေရဲ့ စီအီးအိုဖြစ်သူ အီလွန်မတ်ဟာ အမေရိကန်အစိုးရရဲ့ ကုန်ကျစရိတ်တွေကို လျှော့ချရေးအဖွဲ့ကို ဦးဆောင်ဖို့ ဒေါ်နယ်ထရန့်က တာဝန်ပေးထားတာဖြစ်ပါတယ်။ ရီပတ်ဘလစ်ကန်သမ္မတလောင်းဟောင်း Vivek Ramaswamy ၊ အထက်လွှတ်တော်အမတ် Joni Ernst တို့ပါဝင်တဲ့ စကားဝိုင်းတခုမှာ အီလွန်မတ်က အမေရိကန် နိုင်ငံတကာအကူအညီပေးရေး အေဂျင်စီကို ပိတ်ပစ်ဖို့ လု်ပဆောင်နေတယ်လို့ ထုတ်ဖော်ပြောကြားလာတာဖြစ်ပါတယ်။ ဒီဌာနကို ပြုပြင်ပြောင်းလဲဖို့ထက် ကျော်လွန်နေပြီး ပိတ်ပစ်သင့်တယ်ဆိုတာ သမ္မတထရန့်က သဘောတူကြောင်း အီလွန်မတ်က ဆိုပါတယ်။ သူ့ဌာနက ကိုယ်စားလှယ်တွေကို USAID ရဲ့ အဆောက်အအုံကန့်သတ်နေရာတွေကို ဝင်ရောက်ခွင့် တားဆီးပြီးနောက် လုံခြုံရေးတာဝန်ရှိသူနှစ်ယောက် ဖယ်ရှားခံခဲ့ရတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။ မနေ့ကစပြီး…
Read MoreMonth: February 2025
ကနေဒါနဲ့ မက္ကဆီကိုတို့အပေါ် အမေရိကန်ရဲ့ အခွန်ကောက်ခံမှု ရက် ၃၀ ဆိုင်းငံ့ပေး
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၂၅ ရတီ(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ အိမ်နီးချင်းနှစ်နိုင်ငံနဲ့ နယ်စပ်လုံခြုံရေး၊ ရာဇဝတ်မှုတိုက်ဖျက်ရေးတွေနဲ့ပတ်သက်ပြီး လိုလျောညီထွေ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့အတွက် ကနေဒါနဲ့ မက္ကဆီကိုတို့အပေါ် အခွန်ကောက်ခံမှုကို ရက် ၃၀ ဆိုင်းငံ့လိုက်ပါတယ်။ နယ်စပ်မှာ လူဝင်မှုကြီးကြပ်ရေးနဲ့ မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှုတွေကို နှိမ်နင်းဖို့ ဒေါ်နယ်ထရန့်ရဲ့ တောင်းဆိုမှုကို တုံ့ပြန်တဲ့အနေနဲ့ နယ်စပ်လုံခြုံရေးဆိုင်ရာ အစီအမံတွေကို မြှင့်တင်ဖို့ သဘောတူခဲ့ကြောင်း ကနေဒါဝန်ကြီးချုပ်နဲ့ မက္ကဆီကို သမ္မတတို့က ပြောပါတယ်။ ဒါကြောင့် အခွန် ၂၅ ရာခိုင်နှုန်း စတင်ကောက်ခံမယ့် အစီအစဉ်ကို ရက် ၃၀ ကြာ ဆိုင်းငံ့ခဲ့တာလို့ ဆိုပါတယ်။ ကနေဒါဟာ နယ်စပ်တလျှောက်မှာ နည်းပညာနဲ့ ဝန်ထမ်းအသစ်တွေ ထပ်မံဖြန့်ကြက်ပြီး ရာဇဝတ်မှု၊ ဖန်တနိုင်းမူးယစ်ဆေးဝါး မှောင်လိုမှု၊ ငွေကြေးခဝါချမှုတို့ကို တိုက်ဖျက်ရေး ပိုမိုအားထုတ်လုပ်ဆောင်ဖို့ သဘောတူခဲ့ပါတယ်။ မက္ကဆီကိုကလည်း တရားမဝင် ရွှေ့ပြောင်းဒုက္ခသည်တွေနဲ့ မူးယစ်ဆေးဝါး မှောင်ခိုမှုတွေကို…
Read Moreမြင်းခြံ တလုပ်မြို့ကျေးရွာမှာ တိုက်ပွဲ ပြင်းထန်နေ၊ လူထိခိုက် သေဆုံးတွေလည်း ရှိ
ဖေဖော်ဝါရီ ၄ – ၂၀၂၅ SS (VOM) မန္တလေးတိုင်း၊ မြင်းခြံမြို့ရဲ့မြောက်ဘက် ၈ မိုင်နီးပါးက တလုပ်မြို့ကျေးရွာမှာ တိုက်ပွဲ ပြင်းထန်နေပြီး လူထိခိုက်၊ သေဆုံးမှုတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တလုပ်မြို့ကျေးရွာမှာ အထိုင်ချထားတဲ့ နစကတပ်ကို ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့၊ မနက်အစောပိုင်း ၅ နာရီဝန်းကျင်ကစပြီး ဝင်ရောက် တိုက်ခိုက်ခဲ့တာကြောင့် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေခြင်းဖြစ်တယ်လို့ သိရပါတယ်။ “နစကဘက်က လက်နက်ကြီးရော၊ လေကြောင်းပစ်ကူတွေရော အဆက်မပြတ် အသုံးပြုနေတယ်။ ဖေဖော်ဝါရီ ၁ ရက်နေ့ကရော၊ ၂ ရက်နေ့ကရော လေကြောင်း တိုက်ခိုက်မှုတွေ ရှိတယ်။ လူထိခိုက်၊ သေဆုံးမှုတွေ၊ နေအိမ် ပျက်စီးတာတွေလည်း ရှိတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် လက်ရှိအချိန်အထိ ငါးယောက် သေဆုံးကာ…
Read Moreဂွမှာ စစ်ကျန်ဗုံးသီးပေါက်ကွဲလို့ ကလေးအပါအဝင် သုံးယောက်သေပြီး နှစ်ယောက်ဒဏ်ရာရ
ဖေဖော်ဝါရီ ၄ – ၂၀၂၅ GG (VOM) ရခိုင်ပြည်နယ် ၊ဂွမြို့နယ်၊တိုင်ကျိုးကျေးရွာမှာ ဖေဖော်ဝါရီ ၃ ရက်နေ့က စစ်ကျန်လက်နက်ပစ္စည်းဗုံးသီး ပေါက်ကွဲပြီး လူသုံးယောက်သေဆုံးကာနှစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ ဗုံးပေါက်ကွဲမှုကြောင့်သေဆုံးသူတွေထဲမှာ အသက် ၅ နှစ်အရွယ်ကလေး ပါဝင်ပြီး နောက်ထပ်အသက် ၂၀ အရွက်မိန်းကလေးနဲ့ အသက်၄၀ အရွယ်အမျိုးသားတို့သေဆုံးခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ” တိုင်ကျိုးရွာ-အုန်းတောဘက်အခြမ်းမှာပါ။ စစ်ကျန်လက်နက်ပစ္စည်းဗုံးသီးကို ဆော့ကစားရာကနေ ပေါက်ကွဲပြီး ကလေးငယ်ကျားတယောက်ဉမတယောက်နဲ့လူကြီးကျားတယောက် သေဆုံးခဲ့တယ်။” လို့ စစ်ရှောင်အရေးကူညီပေးနေသူကပြောပါတယ်။ သေဆုံးသူသုံးယောက်ကို ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့က ပို့ဆောင်သဂြိုလ်ပေးခဲ့ပြ ထိခိုက်ဒဏ်ရာရရှိသူတွေကို လည်း ဆေးကုသဖို့အတွက်ပို့ဆောင်ကာ အကူအညီတွေပေးနေတယ်လို့သိရပါတယ်။ အရင်လ ဇန်နဝါရီ ၁၈ ရက်ကလည်း ဂွမြို့နယ် ကင်းပုံရွာမှာ စစ်ကျန်လက်နက်ကိုတွေ့ရှိပြီး ဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပြီး အသက် ၄ နှစ်အရွယ်ကလေးငယ်သေဆုံးခဲ့တယ်လို့သိရပါတယ်။ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နဲ့၁၇ ရက် နေ့ကလည်း…
Read Moreတရုတ် နိုင်ငံသား ကျောင်းသူ၊ ကျောင်းသားတွေ ငွေလိမ်ဂိုဏ်းတွေဆီ ရောင်းစားခံရတာ ပိုများလာ
ဖေဖော်ဝါရီ ၄၊ ၂၀၂၅ Shy V (VOM) တရုတ် နိုင်ငံသား ကျောင်းသူ၊ ကျောင်းသား တွေ မြန်မာဘက်က ငွေလိမ်ဂိုဏ်းတွေဆီ ရောင်း ခံရတာ ပိုများလာတာတွေ့ရတယ်လို့ ကျားဖြန့် ငွေလိမ် ကုမ္ပဏီကနေ လွတ်မြောက်လာသူတွေဆီက သိရပါတယ်။ “အခု ခေါ်လာတဲ့လူတွေဆို ကလေး ငယ်ငယ်လေးတွေကြီးပဲ။ အသက် ဆယ်နှစ်ကျော်၊ တွေကြီးပဲ။ ကျောင်းသူ၊ ကျောင်သားတွေကိုပဲ လိမ်ခေါ်လာပြီးတော့ နေ့ရော ညပါ ရိုက်နှက် နှိပ်စက်နေတာ ဘယ်သူက ခံနိုင်မှာလဲ။ ပိုက်ဆံ မလိမ်နိုင်လို့လေ။” လို့ ဝ ထိန်းချုပ် နယ်မြေရှိ ငွေလိမ် ကုမ္ပဏီ တခုကနေ လွတ်မြောက်လာတဲ့ မြန်မာ နိုင်ငံသား တယောက်က ပြောပါတယ်။ အသက်ကြီးပိုင်း သူတွေက သိကုန်တော့ ကျောင်းသား လူငယ်တွေကို တလ တရုတ်ငွေ သိန်းချီရမယ်ဆိုပြီး လိမ်လည်…
Read Moreနောက်ပိုင်း ဇာတ်ထုပ်
ဆူးငှက် ကျွန်တော့်အဖေက ဇာတ်ဆိုလျှင်လည်း ရှေ့ပိုင်းက အော်ပရာတွေ၊ ပြဇာတ်တွေ နှစ်ပါးသွားတွေ ကြိုက်တာမဟုတ်။ နှစ်ပါးသွား အပြီး မင်းသား မင်းသမီး စခန်းချသည်မှ နောက်ပိုင်းဇာတ်ထုပ်ကိုပဲ ကြည့်သည်။ နှစ်ပါးသွားအပြီး စခန်းချသည်က နာရီပြန် ၃ချက်တီးလောက်မှ ဖြစ်မှာပေါ့။ ထိုစဉ်က ဇာတ်ကြီးများသည် နောက်ပိုင်း ဇာတ်ထုပ်ကို သမားစဉ်အပြည့် ခမ်းခမ်းနားနား ကကြလို့ ၃နာရီလောက် စခန်းချကာ မနက်မိုးလင်းထိ နောက်ပိုင်းဇာတ်ထုပ် ကို ကပြလေ့ရှိသည်။ ထု့ိကြောင့် အဖေက အိမ်ရှိ သံပတ်ပေးနာရီလေးကို နာရီပြန်၂ချက်ထိုးတွင် သံပတ်ပေးထားပြီး ကျွန်တော့်ကို စောစော အိပ်ရာဝင်ခိုင်းသည်။ နှစ်နှစ်ချိုက်ချိုက် အိပ်မောကျနေချိန်တွင် နာရီနှိုးစက် ခေါင်းလောင်းသံက ဆူဆူညံမြည် သောအခါ မထချင်ထချင်ထပြီး မျက်နှာသစ်ကာ အဖေကခေါင်းပေါင်းပေါင်းပြီး ၄နှစ်သားကျွန်တော်နှင့် သားအဖ နှစ်ယောက် ဇာတ်သံကြားရာ သုတ်သုတ်သုတ်နှင့်…
Read Moreအင်းတော်တိုက်ပွဲ ဆက်လက် ပြင်းထန်နေ
ဖေဖော်ဝါရီ ၃ – ၂၀၂၅ SS (VOM) စစ်ကိုင်းတိုင်း၊ အင်းတော်မြို့မှာ နစကတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေကြား တိုက်ပွဲ ဆက်လက် ပြင်းထန်နေဆဲ ဖြစ်တယ်လို့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၇ ရက်နေ့မှ စတင်ကာ အင်းတော်မြို့ရှိ နစကတပ်ရဲ့ နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ ဂျပန်လှိုဏ်ဂူကုန်းရှိ စခန်း နှစ်ခုကို KIA ပူးပေါင်းတပ်တွေက အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်တယ်လို့ သိရပါတယ်။ အဲဒီ စခန်းတွေကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့ကတည်းက KIA တပ်ဖွဲ့တွေက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲတွေ ခေတ္တခဏ ရပ်နားသွားပြီးနောက် အခု ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့မှ စတင်ကာ တကျော့ပြန် ထိုးစစ်ဆင်နေခြင်းဖြစ်တယ်လို့ သိရပါတယ်။…
Read Moreတပတ်အတွင်း ရွှေ၊ ဒေါ်လာ၊ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်ဈေးကွက်
ဖေဖော်ဝါရီ ၃ – ၂၀၂၅ SN (VOM) ဒီတပတ်မှာလည်း ပြည်တွင်းရွှေဈေး အနည်းငယ် ဆက်ကျနေပါတယ်။ အဲဒီလိုပဲ အမေရိကန်ဒေါ်လာဈေးဟာလည်း ပြီးခဲ့တဲ့တပတ်ကထက် အနည်းငယ် ကျဆင်းနေတာကို တွေ့ရပါတယ်။ စက်သုံးဆီ ဈေးကွက်ထဲမှာတော့ ဓာတ်ဆီဈေးတွေ ဆက်တက်နေပြီး ဒီဇယ်ဈေးတွေပြန်ကျနေပါတယ်။ အခြေခံစားသောက်ကုန် ဈေးကွက်ထဲမှာတော့ ကုန်စိမ်းဈေးတွေကျနေပြီး တခြားကုန်စည် အများစုကတော့ အတက်ဘက်မှာ ရှိနေဆဲဖြစ်ပါတယ်။ #ပြည်တွင်းရွှေဈေးနှုန်း ပြီးခဲ့တဲ့ တပတ်ကစပြီး ၆၄ သိန်းကျော်ဝန်းကျင်ကို ပြန်လည် ကျဆင်းလာခဲ့တဲ့ ပြည်တွင်းရွှေဈေးဟာ ဒီတပတ်မှာလည်း အဲဒီ ဈေးတန်းမှာပဲ ဆက်ရှိနေပါတယ်။ တပတ်တာအတွင်း အနိမ့်ဆုံးဈေးကတော့ ဇန်နဝါရီ ၂၈ ရက်နေ့၊ ညနေပိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ကျပ် ခြောက်ဆယ့်သုံးသိန်း ခုနစ်သောင်းဈေးဖြစ်ပြီး အမြင့်ဆုံးဈေးကတော့ ဇန်နဝါရီ ၃၁ ရက်နေ့နဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ မနက်ပိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ၆၅…
Read Moreယခုနှစ်ရွှေစက်တော်ဘုရားပွဲ ခရီးသွားဝင်ရောက်မှုနည်းပါးပြီး တည်းခိုခန်း နဲ့စျေးဆိုင်ခန်းတွေဖွင့်နိုင်မှု ထက်ဝက်လျော့နည်း
ဖေဖော်ဝါရီ ၃ -၂၀၂၅ GG (VOM) မင်းဘူး၊မန်းရွှေစက်တော်ဘုရားပွဲကို မနေ့ကဖေဖော်ဝါရီ ၂ ရက်နေ့မှာ စတင်ဖွင့်လှစ်လိုက်ပြီး ဘုရားဖူးခရီးသွားဧည့်သည်ဝင်ရောက်မှု လျော့နည်းနေသလို တည်းခိုဆောင်နဲ့ စျေးဆိုင်ခန်းတွေလည်း ထက်ဝက်လောက်လျော့ကျခဲ့တယ် လို့ဒေသခံတွေဆီက သိရပါတယ်။ ဒီနှစ်ရွှေစက်တော်ဘုရားပွဲတော်ကာလမှာ ညအိပ်တည်းခိုနိုင်တဲ့ တည်းခိုခန်း နဲ့ စျေးဆိုင်ခန်းပေါင်း ၁၄၀၀ ကျော်ဆောက်လုပ်ဖို့လျာထားပေမယ့်လည်း မြေပြင်မှာ တည်းခိုခန်းဆောင် ၃၀၀ ကျော်နဲ့ စျေးဆိုင်ခန်းပေါင်း ၃၅၀ ဝန်းကျင်သာ တည်ဆောက်နိုင်ခဲ့တယ်လို့သိရပါတယ်။ နှစ်စဥ် ရွှေစက်တော်ဘုရားပွဲတော်ဖွင့်ပွဲရက်နဲ့ပွဲတော်ကာလတလျှောက်မှာဆိုရင် ဘုရားဖူးခရီးသွားဧည့်သည်အများအပြားဝင်ရောက်ပြီးစည်ကားမှုရှိသလို တည်းခိုဆောင်ဆိုရင်လည်း ၆၀၀ လောက်တည်ဆောက်လေ့ရှိပြီး စျေးဆိုင်ခန်းပေါင်း ၈၀၀ မှ ၁၀၀၀ ကြားတည်ဆောက်လေ့ရှိတာဖြစ်တယ်လို့သိရပါတယ်။ ” မနေ့ကဖွင့်ပွဲရက်မှာတောင်လူသိပ်မရှိဘူး။ အဝေးကားတွေ လာတာတွေရှိတယ်။ မများဘူး။ခရီးသွားသိပ်မရှိဘူး။နောက်တခုကခုနှစ် တည်းခိုခန်းငှားရမ်းလုပ်သူလည်း နည်းတယ်။စျေးဆိုင်တွေလည်းနည်းတယ်။တချို့ကလည်း ခုဖြစ်နေတဲ့မတည့်ငြိမ်တဲ့အခြေအနေတွေကြောင့် အခန်းမငှားရဲကြဘူး။ဒါကြောင့်ခုနှစ် ဆိုင်ခန်းရောတည်းခိုခန်းရော တဝက်လောက်လျော့တော့ကြည့်ရတာတောင် မလှဘူး။ဘယ်လိုပြောရမလဲ ခရီးသွားမယ့်သူတွေကလည်းအခြေအနေစောင့်ကြည့်နေတဲ့သဘောရှိတာပေါ့။” လို့မင်းဘူးဒေသခံကပြောပါတယ်။ ရွှေစက်တော် ဘုရားအနီးပတ်ဝန်းကျင်မှာရှိတဲ့ ကျေးရွာအချို့မှာ…
Read Moreသရုပ်ဆောင်တွေရဲ့ လှူဒါန်းမှုဟာ အကယ်ဒမီကြောင့် မဟုတ်ဘူးလို့ ရုပ်ရှင်အစည်းအရုံး ဒုဥက္ကဋ္ဌ ပြော
ဖေဖော်ဝါရီ ၃ – ၂၀၂၅ SN (VOM) လက်ရှိ သရုပ်ဆောင်တွေရဲ့ လှူဒါန်းမှုဟာ အကယ်ဒမီကြောင့် မဟုတ်ဘူးလို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးက ပြောပါတယ်။ လက်ရှိမှာ တချို့သော မီဒီယာတွေဟာ “ရုပ်ရှင်ထူးချွန်ဆုပေးကာနီးတွင် ရုပ်ရှင်သရုပ်ဆောင်များ ရုပ်ရှင်အစည်းအရုံးသို့ အပြိုင်အဆိုင်လှူဒါန်းကြ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ပရိသတ်အထင်မှားစရာ၊ အထင်သေးစရာ သတင်းဆိုးတွေကို ဖော်ပြလျက်ရှိတယ်လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး က ထုတ်ပြန် အသိပေးထားပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ ဦးအေးကြူလေးက “လှူတာက ဆန်၊ ဆီဝေတဲ့ကိစ္စ လှူတာလေ။ အကယ်ဒမီပေးပွဲနဲ့ နည်းနည်းနီးတဲ့အခါကျတော့ လူတွေက အကယ်ဒမီကြောင့် လှူတယ်ဆိုပြီး ပြောနေကြတာ။ တကယ်က လုပ်လို့မှမရတာ။ လှူလည်း သူ့ဘာသာသူ လှူတာပဲရှိတာပဲ။ ကျွန်တော်တို့ဒီဘက်က ဘုတ်အဖွဲ့က ၂၀ ကျော်ရှိတယ်။ အဲဒီ ၂၀ ကျော်မဲနဲ့ သွားတာလေ။…
Read More