ပုပ်ရဟန်းမင်းကြီးဖရန့်စစ် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကြောင့် ဆေးရုံတင်ထားရ

ဗာတီကန်၊ ဖေဖော်ဝါရီ-၁၈-၂၀၂၅ ရတီ (VOM) ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာနဲ့ပတ်သက်ပြီး ဆေးရုံဆက်လက်တက်ရောက်နေရကြောင်း ဗာတီကန်က ထုတ်ပြန်လိုက်ပါတယ်။ ပုပ်ရဟန်းမင်းကြီးဟာ ဖေဖော်ဝါရီ ၁၄ ရက်ကတည်းက ရောမမြို့ရှိ ဆေးရုံတတရုံမှာ လည်ချောင်းနာခြင်းအတွက် ကုသမှုများခံယူခဲ့ရပြီး စစ်ဆေးမှုရလဒ်တွေအရ အသက်ရှူလမ်းကြောင်းကူးစက်မှုဆိုင်ရာတွေ တွေ့ရှိခဲ့တာကြောင့် သင့်လျော်တဲ့ ကုထုံးတွေ ပြောင်းလဲခံယူဖို့ လိုအပ်တယ်လို့ ဗာတီကန်က ပြောပါတယ်။ ဆေးရုံဘယ်လောက်ကြာအောင်တက်ရမယ်ဆိုတာ မသိသေးပေမယ် ပုပ်ရဟန်းမင်းကြီးဟာ အဖျားဝေဒနာမရှိဘဲ တည်ငြိမ်တဲ့ အခြေအနေတွင်ရှိနေပြီး စာဖတ်တာ၊ အနားယူတာနဲ့ နေ့စဉ်တာဝန်တွေ လုပ်ဆောင်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အသက် ၈၈ နှစ်အရွယ် ပုပ်ရဟန်းမင်းကြီးဟာ ဆေးရုံမတက်ရမီခင်ကလည်း ရက်အတန်ကြာ လည်ချောင်းနာ ဝေဒနာခံစားခဲ့ရပြီး အခမ်းအနားတွေမှာ ဖတ်ကြားရမယ့် မိန့်ခွန်းတွေကို အခြားတာဝန်ရှိသူတွေထံ လွှဲပြောင်းခဲ့ရတယ်လို့ ဆိုပါတယ်။ လာမယ့် တနင်္ဂနွေနေ့မှာ စိန့်ပီတာရင်ပြင် အပတ်စဉ်ပုံမှန်ဆုတောင်းပွဲနဲ့ အထူးစုဝေးပွဲတခုကို ပုပ်ရဟန်းမင်းကြီး ဦးဆောင်နိုင်မှာမဟုတ်ဘူးလို့…

Read More

အ.ထ.က (၁) လသာ ကျောင်းဝန်းထဲမှာ အထက်တန်းပြကျောင်းဆရာ ကြိုးဆွဲချသတ်သေမှု ဖြစ်ပွား

ဖေဖော်ဝါရီ ၁၈ – ၂၀၂၅ GG (VOM) ရန်ကုန်တိုင်း၊ လသာမြို့နယ် ၊ အမှတ်(၁၀)ရပ်ကွက်ရှိ ၊ အထက(၁)လသာကျောင်းက အထက်တန်းပြကျောင်းဆရာ မိမိကိုယ်ကိုကြိုးဆွဲချ အဆုံးစီရင်မှု ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ ကျောင်းဆရာက ဒီနေ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့ မနက်အစောပိုင်းမှာ အထက(၁)လသာကျောင်းဝန်းအတွင်းထဲက သူနေထိုင်ရာနေအိမ်အတွင်းမှာပဲ ကြိုးဆွဲချအဆုံးစီရင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ” ကြိုးဆွဲချသေနေတာကို မနက် ၆ နာရီကျော်လောက်မှာမှ တွေ့ကြတာ။ သူကကျောင်းဝန်းထဲမှာပဲနေတဲ့သူပါ။ ဘယ်လိုကြောင့် ခုလိုလုပ်သွားသလဲဆိုတာတော့ မသိကြဘူးပြောတယ်။ ကျွန်တော်တို့ကလည်း သေချာမသိဘူး။ပို့ဆိုလို့ပို့ပေးရုံပဲ။မိသားစု တွေ အကြောင်းကြားထားတယ်တော ့သိရတယ်။ရဲကတော့သေမှုသေခင်းဖွင့်ထားတယ်။ ” လို့ လူမှုကူညီရေးအဖွဲ့ဝင်ကပြောပါတယ်။ မိမိကိုယ်ကို အဆုံးစီရင်ခဲ့တဲ့ အထက်တန်းပြ ကျောင်းဆရာက အသက် ၃၆ နှစ်အရွယ် ဦးမျိုးမင်းဦး ဆိုသူဖြစ်ပြီး လက်ရှိမှာရုပ်အလောင်းကိုတော့ ရန်ကုန်ဆေးရုံကြီးကိုပို့ဆောင်ထားတယ်လို့သိရပါတယ်။ ဖေဖော်ဝါရီ ၁၇ ရက်နေ့ကလည်း မြောက်ဒဂုံမြို့နယ်၊ ၄၃ ရပ်ကွက်မှာနေထိုင်တဲ့…

Read More

ဂေါဝိန်နှင့် ခိုတောင်မုန့်တီ

      ဆူးငှက်   ၃၅လမ်းရဲ့ အဆုံးသတ်ရာ မြစ်ကမ်းရိုးပေါ်က အနောက်ဘက်ဆီ မျှော်ကြည့် လိုက်တော့ မင်းဝံတောင်ရိုးက တိမ်စိုင် တိမ်လိပ်ကြီးတွေကို စုတ်ချက်ထူထူနဲ့ ကလနားသပ် ပြေးနေတယ်။။ လှိုင်းအနည်းငယ် ရှိတဲ့ ဧရာဝတီမြစ်ပြင်မှာ’ခိုတောင်’ ရွာဆီ ဦးတည်တဲ့ လှေကလေးက စုန်မှာလေလား၊ ဆန်မှာလေလား ခွဲခြား သိဖို့ ခက်ခဲလှဘိ။ တာရိုးအောက်ခြေ တည့်တည့်မှာ ကျောက်ချထားတဲ့ ပင်လုံ နှစ်ထပ်သင်္ဘောကြီးက ဣန္ဒြေရရ ငိုက်မျဉ်းနေလို့။ သူ့ပေါ်ကနေ ဒိုင်ဗင်ထိုးကာ ရေကူးနေသူတွေ။ နှီးပုံးလေးနှင့် အခေါက်ခေါက် အခါအခါ ရေခပ်နေသူတွေ။ သူ့ဝမ်းဗိုက်ဘေးမှာ တဗုံးဗုံး ထုနှက် အဝတ်လျှော်နေသူတွေကို ဂရုမစိုက်အားသေး …။   ဟို … တောင်ဘက် ချော်ဆိပ်ဘက်ဆီမှာ သဲမှုန်တွေ လေအဝှေ့ အုံကြွ ထလို့်။ သဲကားတစ်စီး ကမ်းပေါ် တအိအိတက်လာတယ်။…

Read More

ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ရုရှား-အမေရိကန် ဆွေးနွေးတော့မယ်

ကိဗ်ယက်၊ ဖေဖော်ဝါရီ-၁၇-၂၀၂၅ မျိုးဆက်(VOM) ယူကရိန်းစစ်ပွဲအဆုံးသတ်ဖို့ ရည်ရွယ်ပြီး လာမယ့်ရက်အတွင်း ဆော်ဒီအာရေဗျမှာကျင်းပမယ့် ရုရှား-အမေရိကန်ဆွေးနွေးပွဲကို ယူကရိန်းတက်ရောက်မှာမဟုတ်ကြောင်း အစိုးရသတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒီဆွေးနွေးပွဲအတွက် ယူကရိန်းကို ဖိတ်ကြားထားတာမရှိဘူးလို့ ဆိုထားပြီး ကိုယ်စားလှယ်စေလွှတ်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။ ယူကရိန်းရဲ့ ဆန္ဒမပါဘဲ ရရှိတဲ့ ယူကရိန်းငြိမ်းချမ်းရေး သဘောတူညီချက်ကို လက်သင့်ခံမှာမဟုတ်ဘူးလို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ကြိမ်ဖန်များစွာ ပြောဆိုပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ နိုင်ငံခြားရေးမူဝါဒ အဓိကအကြံပေးတွေဖြစ်တဲ့ မာကိုရူဘီအို၊ မိုက်ဝေါ့ဇ်နဲ့ စတိဝှခ်အော့တို့ဟာ ဒီနေ့ညမှ ဆော်ဒီအာရေဗျကို သွားရောက်မှာဖြစ်ပါတယ်။ ရုရှား-အမေရိကန်ဆွေးနွေးပွဲအပေါ် တုံပြန်တဲ့အနေနဲ့ ဥရောပခေါင်းဆောင်တွေဟာ မနက်ဖြန် ပြင်သစ်မှာ အရေးပေါ်အစည်းအဝေး ကျင်းပဖို့ရှိနေပါတယ်။ ယူကရိန်းအတွက် လိုအပ်ပါက မြေပြင်တပ်တွေ စေလွှတ်ပြီး လုံခြုံရေးအာမခံချက်အတွက် ပါဝင်ကူညီဖိုပ ပြင်ဆင်ထားကြောင်း အစည်းအဝေးမတိုင်ခင်မှာ ဗြိတိန်ဝန်ကြီးချုပ် စတာမာက ပြောပါတယ်။ ယူကရိန်းမှာ ထာ၀ရငြိမ်းချမ်းရေးရဖို့အတွက် ပူတင်ကိုနောက်ထပ်ရန်လိုမှုတွေကနေ ဟန့်တားဖို့လိုတယ်လို့…

Read More

မုံရွာ – မန္တလေး – ချောင်းဦးကားလမ်းကို ချောင်းဦး PDF က ယာယီပိတ်

ဖေဖော်၀ါရီ ၊ ၁၇ ၊ ၂၀၂၅ ကျော်ဟိန်း (VOM) မနေ့က ဖြစ်ပွားခဲ့တဲ့ စစ်ကိုင်းတိုင်း မုံရွာခရိုင် ၊ ချောင်းဦးမြို့နယ် ကင်မွန်းတော် တိုက်ပွဲမှာ ထိခိုက် သေဆုံးသူများပြားတာကြောင့် မုံရွာ – မန္တလေး- ချောင်းဦး ကားလမ်းပိုင်းကို ဖြတ်သန်းသွားလာခြင်း မပြုလုပ်ကြဖို့ ဒေသတွင်း လက်နက်ကိုင်အဖွဲ့ CHU – PDF က လူမှုကွန်ယက်ပေါ်မှာ မနေ့က ထုတ်ပြန်ထားတယ်လို့ မုံရွာ – မန္တလေး ခရီးသည် သယ်ယူပို့ဆောင်ရေး လုပ်ငန်းရှင်တွေဆီက ​သိရပါတယ်။ “ညက ရန်ကုန် – မုံရွာအတက်ကားတွေ ထွက်လာကြတယ် ၊ပုံမှန်အချိန်တော့ ရောက် မရောက်မသိရသေးဘူး၊ လမ်းကြောင်း အခြေနေရတော့ ပိတ်ထားတယ်လို့ သိရတယ် ” လို့ ရန်ကုန် – မုံရွာ နေ့စဥ်ပြေးဆွဲနေတဲ့ ကားလုပ်ငန်းရှင် တယောက်က…

Read More

မွေးမြူရေးစရိတ် ကြီးမြင့်လာပြီး ကြက်ဈေးကျလာလို့ ရှမ်း/တောင်က ကြက်မွေးမြူရေး လုပ်ငန်းရှင်တွေ အရှုံးပေါ်

ZY(VOM) ဖေဖော်ဝါရီ ၁၇၊ ၂၀၂၅ မွေးမြူရေးကုန်ကျစရိတ် မြင့်တက်လာပေမယ့် ကြက်ခြံဖမ်းစျေးက လက်ရှိဖေဖော်ဝါရီလအတွင်း ကျဆင်းလာတာကြောင့် ရှမ်းပြည်နယ်တောင်ပိုင်းဒေသအတွင်းက ကြက်မွေးမြူရေးလုပ်ငန်းရှင်တွေ အရှုံးပေါ်နေရတယ်လို့ လုပ်ငန်းရှင်တွေထံကနေ သိရပါတယ်။ ကုမ္ပဏီထုတ် မွေးမြူရေးအစာစျေးတွေ အပါအဝင် ကြက်ပေါက်စျေးမြင့်တက်လာသလို စက်သုံးဆီဈေး မြင့်တက်လာတာကြောင့် သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်တွေ မြင့်တက်လာပေမယ့် လက်ရှိကာလမှာ ကြက်ပေါက်ဖွားမှုနှုန်း လျော့ကျနေတဲ့အပြင် ကြက်ခြံဖမ်းစျေးကလည်း ကျဆင်းနေတာကြောင့် အရှုံးပေါ်နေတာဖြစ်တယ်လို့ သိရပါတယ်။ “ရှေ့လတုန်းကတော့ ခြံဖမ်းဈေးက တပိဿကို ၁၂၀၀၀လောက် ရတယ်။ အခုက ၁၁၀၀၀ ဝန်းကျင်ပဲ ရတော့တယ်။ ကြက်တစ်ပိဿအတွက် မွေးမြူရေးကုန်ကျစရိတ်က ၁၃၀၀၀ကျော်လောက် ရှိတော့ တပိဿကို ၂၀၀၀လောက် ရှုံးနေပြီ။ ဒီကြားထဲ ကြက်ပေါက်နှုန်းက မဖြစ်ရင် ပိုဆိုးတာပေါ့”လို့ တောင်ကြီးမြို့နယ်မှ ကြက်မွေးမြူရေးလုပ်ငန်းရှင်တယောက်က VOMကို ပြောပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ကြက်အစာစျေးနူန်းတွေအနေနဲ့ အမျိုးအစားအလိုက် တအိတ်ကို ၉၀၀၀၀ ကျပ်ဝန်းကျင်ကနေ…

Read More

ရေဘေးကြောင့် ပုံးအင်းဒေသ ကျေးရွာပေါင်း ၂၅ ရွာမှာ မျိုးစပါး အကူအညီ လိုအပ်နေ

ဖေဖော်ဝါရီ ၁၇၊ ၂၀၂၅ ZY (VOM) ရေဘေးကြောင့် စပါးမျိုးတွေ ပျက်စီးသွားတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပုံးအင်းဒေသက ကျေးရွာပေါင်း ၂၅ရွာဟာ လက်ရှိအချိန်မှာ မျိုးစေ့အတွက် အကူအညီ လိုအပ်နေပြီး စပါးစိုက်တောင်သူတွေအနေနဲ့ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ဒေသခံတောင်သူတွေထံကနေ သိရပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ဆန်စပါးအများဆုံးထွက်ရှိပြီး စပါးကျည်လို့ ခေါ်ဝေါ်ကြတဲ့ ပုံးအင်းဒေသဟာ တောင်ကြီး၊ ဆီဆိုင်၊ ဟိုပုံးစတဲ့မြို့နယ် ၃ခုထဲမှာ ပါဝင်သလို အဲဒီဒေသမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ၊ ဒုတိယပါတ်အတွင်းက မိုးသည်းထန်စွာရွာသွန်းကာ ရေကြီးရေလျှံကာ ရေလွှမ်းမိုးမှုဖြစ်ပေါ်ခဲ့တာကြောင့် လာမယ့် စပါးစိုက်ရာသီအတွက် သိမ်းဆည်းထားတဲ့ စပါးမျိုးစေ့ တင်းပေါင်းသိန်းချီ ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။ ဟိုပုံးနဲ့ ဆီဆိုင်မြို့နယ်ဖက်အခြမ်းကတော့ ဒေသဦးစီးအဖွဲ့ကို စာတင်ထားတယ်။ တောင်ကြီးဖက် အခြမ်းကတော့ စိုက်ပျိုးရေးဦးသီးဌာနကို စာတင်ထားတယ်။ ပြီးခဲ့တဲ့ လကတည်းက တင်ထားတာ၊ အခုထိတော့ အကြောင်းမပြန်လာသေးဘူး။ နွေစပါးက စိုက်ရတော့မှာဆိုတော့…

Read More

ထိုင်ဝမ်ရေလက်ကြားမှာ ကနေဒါစစ်သင်္ဘောဖြတ်သန်းပြီးနောက် ကျွန်းအနီးကို စစ်လေယာဉ် ၂၄ စင်း တရုတ်စေလွှတ်

ပေကျင်း၊ ဖေဖော်ဝါရီ-၁၇-၂၀၂၅ မျိုးဆက်(VOM) တရုတ်နဲ့ ထိုင်ဝမ်အကြား အကဲဆတ်တဲ့ ထိုင်ဝမ်ရေလက်ကြားကို ကနေဒါစစ်သင်္ဘောတစင်း ဖြတ်သန်းခုတ်မောင်းပြီးနောက် ကျွန်းအနီးကို တရုတ်စစ်တပ်က စစ်လေယာဉ် ၂၄ စင်း စေလွှတ်ခဲ့ပါတယ်။ ဒါဟာ ယခုနှစ်အတွင်း ကနေဒါစစ်သင်္ဘောတစင်း ပထမဆုံးအကြိမ် ဖြတ်သန်းခဲ့ခြင်းဖြစ်ပြီး ရေလက်ကြားကို အမေရိကန်စစ်သင်္ဘောနှစ်စင်း ဖြတ်သန်းခုတ်မောင်းပြီးနောက် ရက်ပိုင်းအကြာမှာ ဖြတ်သန်းခဲ့တာလို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ တိုက်လေယာဉ်တွေ ၊ မောင်းသူမဲ့လေယာဉ်တွေအပါအဝင် တရုတ်စစ်လေယာဉ် ၂၄ စင်းဟာ စစ်သင်္ဘောတွေနဲ့အတူ ကျွန်းအနီးမှာ ပူးတွဲတိုက်ခိုက်ရေး အဆင်သင့်ပုံစံတွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ပါတယ်။ ကနေဒါစစ်သင်္ဘောဖြတ်သန်း ခုတ်မောင်းမှုကိုလည်း လမ်းကြောင်း ပြောင်းဖို့တရုတ်စစ်တပ်က သတိပေးခဲ့တယ်လိုပ ထိုင်ဝမ်အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားပါတယ်။ အမေရိကန်နဲ့ မဟာမိတ်တွေဟာ နိုင်ငံတကာရေပိုင်နက်ဆိုကာ ထိုင်ဝမ်ရေလက်ကြားကို ပုံမှန်ဖြတ်သန်းခုတ်မောင်းမှုတွေ ပြုလုပ်ခဲ့ပြီး ဒီကိစ္စအပေါ် တရုတ်နိုင်ငံက အမျက်ဒေါသထွက်နေပါတယ်။ တရုတ်ဟာ ထိုင်ဝမ်ကျွန်းကို ပိုင်ဆိုင်တယ်လို့ အခိုင်အမာဆိုထားပြီး ပြန်လည်ပေါင်းစည်းရေးအတွက်…

Read More

ပြည်ပအလုပ်အကိုင်ရှာဖွေရေး လုပ်ငန်းလုပ်ကိုင်သူတယောက် ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ အဆုံးစီရင်မှု ဖြစ်ပွား

ဖေဖော်ဝါရီ ၁၇ – ၂ဝ၂၅ KKO(VOM) ရန်ကုန်မြို့၊မြောက်ဒဂုံမြို့နယ်မှာ ပြည်ပအလုပ်အကိုင်ရှာဖွေရေး လုပ်ငန်းလုပ်ကိုင်သူ အမျိုးသားတယောက် ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ အဆုံးစီရင်မှု ဖြစ်ပွားခဲ့တယ်လို့ နယ်မြေခံ လူမှုကူညီရေးအသင်းက ဒီကနေ့ ဖေဖော်ဝါရီ ၁၇ ရက်မှာ ပြောပါတယ်။ “ဒီနေ့ရဲ့ဒုတိယမြောက် ကူညီမှုလမ်းကြောင်းက နာရေးလမ်းကြောင်းပါ။ မြောက်ဒဂုံ (၄၃)ရပ်ကွက်မှ ကြိုးဆွဲချ သေဆုံးသူရဲ့ရုပ်အလောင်းကို မြောက်ဥက္ကလာဆေးရုံကို ပို့ဆောင်ကူညီပေးခဲ့တာပါ။သေဆုံးသူက ပြည်ပအလုပ် အကိုင်ရှာဖွေပေးသူဖြစ်ပြီး သူရဲ့ နေအိမ်မှာ ပါတ်စပို့စာအုပ် (၇၀)ခန့်တွေ့ရှိရပါတယ်”လို့ ဝန်းရံမှူး လူမှုကူညီရေးအသင်းက တာဝန်ရှိသူတယောက်က ပြောပါတယ်။ ယခုသေဆုံးသွားသူဟာ မြောက်ဒဂုံမြို့နယ်၊(၄၃)ရပ်ကွက်မှာနေထိုင်သူဖြစ်တယ်လို့ သိရပြီး သူဟာ အလုပ် အကိုင်အဆင်မပြေမှုတွေကြောင့် အခုလိုမိမိကိုယ်ကို စီရင်သွားသူဖြစ်နိုင်တယ်လို့ ခန့်မှန်းရတယ်လို့ နယ်ခံလူမှုကူညီရေးသမားတွေက ဆိုပါတယ်။လက်ရှိမှာလည်း သေဆုံးရဲ့ မိသားစုဝင်တွေနဲ့ အဆက်အသွယ်ရရှိပြီဖြစ်တယ်လို့ သိရပါတယ်။ “အလုပ်အကိုင်အဆင်မပြေမှုတွေကြောင့် မိမိကိုယ့်ကိုယ် အဆုံးစီရင်သွားသူဖြစ်ပါတယ်။သူရဲ့မိသားစုဝင်တွေနဲ့လည်းအဆက် အသွယ်ရပါပြီ”လို့ ဝန်းရံမှူး လူမှုကူညီရေးအသင်း…

Read More

မင်းသမီးက ခါးမပါဘူး တဲ့

ဆူးငှက်   ကုန်လွန်ခဲ့တဲ့ နှစ်၄၀လောက်က မန္တလေးမှာ အငြိမ့်တစ်ခေတ် တကျော့တပြန် ခေတ်စားလာပါတယ်။ ခေတ်အဆက်ဆက် ထွန်းကားခဲ့တဲ့ မန္တလေးအငြိမ့်ဟာ ရတနာပုံခေတ်က မယင်းတော်တို့ မကြေးမျှင် (ခေါ်) ဆင်ခိုးမလေးတို့ မထွေးလေးတို့ ဆီကနေ ဆင်းသက်လာပြီး မြခြေကျင်းမငွေမြိုင်တို့ လေဘာတီမမြရင်တို့ သြဘာသောင်းတို့ ဥက္ကလာအေးကြည်တို့ ခေတ်အထိ လက်ဆင့်ကမ်းခဲ့ကြပါတယ်။ ဒီလက်ဆင့်ကမ်းမှုဟာ “အငြိမ့်” ဆိုတဲ့ ဝေါဟာရအတိုင်း တီးတော့လည်း ငြိမ့်ငြိမ့်၊ ဆိုတော့လည်း ငြိမ့်ငြိမ့်၊ က တော့လည်း ငြိမ့်ငြိမ့် ပါပဲ။ ရွှေနန်းတွင်းက သက်ဆင်းခဲ့လေတော့ ရိုင်းလို့မရပါဘူး။ ကြမ်းလို့မရပါဘူး။ ခုန်လို့ ပေါက်လို့ အော်လို့ ဟစ်လို့ မရပါဘူး။   ဒီအစဉ်အလာအတိုင်း အငြိမ့် က ဖြစ်တည်လာလိုက်တာ ကိုလိုနီခေတ်ဦးရောက်တော့ အချိုးအကွေ့တစ်ခု ရောက်ရပါပြီ။ သီချင်းတွေ တေးသွားတွေမှာ အင်္ဂလန် က ဘင်သံတွေ ဝင်လာပါပြီ။…

Read More
VOM News

FREE
VIEW