တဲလ်အဗစ်၊ မတ်-၂၂-၂၀၂၅ မျိုးဆက်(VOM) ဂါဇာကမ်းမြှောင်ဒေသရှိ နောက်ထပ်နယ်မြေတွေကို သိမ်းယူဖို့ စစ်တပ်ကို အစ္စရေး ကာကွယ်ရေးဝန်ကြီးက အမိန့်ပေးထားပြီး ဟားမတ်စ်တို့ဖမ်းဆီးထားတဲ့ ကျန်ရှိနေသေးတဲ့ ဓါးစာခံတွေပြန်မလွှတ်ဘူးဆိုရင် ဂါဇာကို အပြီးအပိုင်း သိမ်းပိုက်မယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။ အသက်ရှင်နေသေးသူတွေနဲ့ သေဆုံးသွားတဲ့ ဓါးစာခံတွေအားလုံး ပြန်ရောက်တဲ့အထိ ဂါဇာမှာ မြေပြင်စစ်ဆင်ရေးတွေကို အပြင်းအထန်လုပ်ဆောင်သွားမယ်လို့ ကာကွယ်ရေးဝန်ကြီး ကက်ဇ်က သတိပေး ပြောဆိုထားပါတယ်။ ဟားမတ်စ်တို့ ဆက်လက်ငြင်းဆိုလေလေ နယ်မြေပိုမိုဆုံးရှုံးရလေဖြစ်လိမ့်မယ်လို့ အစ္စရေး ကာကွယ်ရေးဝန်ကြီးက ဆိုပါတယ်။ ဟားမတ်စ်တို့ကိဖြိုခွင်းနိုင်တဲ့ထိ ကြည်း၊ ရေ၊ လေ စစ်ဆင်သွားမယ်လို့ ပြောပါတယ်။ ဂါဇာကမ်းမြှောင်ဒေသမှာ ကျန်ရှိနေတဲ့ ဓါးစာခံ ၅၉ ယောက်အနက် ၂၄ ယောက်အသက်ရှင်နေသေးတယ်လို့ ယူဆရပြီး အပစ်အခတ်ရပ်စဲရေး ဒုတိယအဆင့် မအောင်မြင်သေးတာကြောင့် သူတို့ရဲ့ ကံကြမ္မာကတော့ ဝေဝါးနေဆဲဖြစ်ပါတယ်။ ဇန်နဝါရီလမှာ ရရှိခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး ပထမအဆင့် သက်တမ်းကုန်ပြီးနောက် အစ္စရေးဟာ…
Read MoreDay: March 22, 2025
တိုက်ပွဲတွေကြောင့်ပျက်စီးသွားတဲ့ ဆီဆိုင်မြို့မဈေးပြန်ဆောက်ပြီးလို့ မူလဈေးဆိုင်ခန်းပိုင်ရှင်တွေကို နေရာပြန်ချပေးမယ်
မတ် ၂၂၊ ၂၀၂၅ ZY(VOM) ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ရှိ မြို့နယ်စည်ပင်သာယာရေး ဌာနပိုင် မြို့မဈေးသစ်မှာ မူလဈေးဆိုင်ခန်းပိုင်ရှင်တွေကို လာမယ့်ဧပြီလအစပိုင်းမှာ နေရာပြန်ချပေးမှာဖြစ်တဲ့အတွက် လာရောက်မှတ်ပုံတင်ဖို့ ဖိတ်ခေါ်ထားတယ်လို့ သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။ မူလဆီဆိုင်မြို့မဈေးက မီးလောင်ပျက်စီးသွားတဲ့အတွက် အဲဒီနေရာမှာ ယာယီဈေးဆိုင်ခန်းတွေ တည်ဆောက်ထားပြီး ပြီးခဲ့တဲ့ မတ်လ၊ နောက်ဆုံးပါတ်မှာ ဆောက်လုပ်ပြီးစီးသွားပြီဖြစ်ရာ မူလဈေးဆိုင်ခန်း ပိုင်ရှင်တွေကို တဦးကို တခန်းနှုန်းနဲ့ ပြန်လည်နေရာချပေးမှာဖြစ်တယ်လို့ သိရပါတယ်။ “မနေ့ကစပြီး လာမှတ်ပုံတင်ဖို့ ခေါ်ထားတယ်။ မူလဈေးဆိုင်ခန်းတွေကို နေရာပြန်ပေးမှာ။ သွားပြီးတော့ မှတ်ပုံတင်တဲ့သူတွေလည်း အများကြီးပဲ။ ပိုနေတဲ့ ဆိုင်ခန်းတွေကိုပဲ တခြားလူကို ငှားပေးမှာ။ အေးအေးချမ်းချမ်းလည်း ဖြစ်နေပြီဆိုတော့ သွားပြီး မှတ်ပုံတင်ကြတာပေါ့။ တော်တော်လေးကို အရင်အတိုင်း ပြန်စည်ကားလာတော့မှာပါ”လို့ သတင်းရင်းမြစ်တယောက်က VOMကို ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်မှစပြီး…
Read Moreလားရှိုးမှာ ဒုစရိုက်မှုတွေ ပိုများလာ
မတ် ၂၂၊ ၂၀၂၅ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့် MNDAA ထိန်းချုပ်ရာ လားရှိုးမြို့မှာ ဒုစရိုက်မှုတွေ ပိုမိုများလာနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “မထိန်းနိုင်ဘူး။ အမှုတွေများလာတယ်။ လုံခြုံရေးညံ့တယ်။ ခက်တာက လုံခြုံရေးထဲက သူခိုးတွေ၊ လူမိုက်တွေ၊ ဘာတွေက ပါသေးတယ်။ အရင်က လူမိုက်တွေကို ထိန်းတဲ့ သဘောနဲ့ လုံခြုံရေး ပြန်ခန့်ထားတာ။” လို့ဒေသခံ တယေက်က ပြောပါတယ်။ လားရှိုးမှာ သေနတ် ကိုင်ထားတဲ့ လူမိုက်အဖွဲ့ တဖွဲ့ ရှိ နေတယ်လို့ ကြားသိရပြီး ပြန်ပေးဆွဲတာတွေ၊ ဓားပြတိုက်တာတွေ လုပ်ကြတယ်လို့ ကြားတယ်လို့ သူက ပြောပါတယ်။ မတ်လ ၂၀ ရက်နေ့ ညနေစောင်းချိန်က ဖုန်းဆိုင် တဆိုင်ကို လူ လေး ယောက်က ဓားပြ တိုက်မှု ဖြစ်ပွားကြောင်း ဒေသခံတွေဆီက…
Read Moreရခိုင်ပြည် ခြောက်မြို့နယ်မှာ သောက်သုံးရေ ရှားပါးနေ
မတ် ၂၂ – ၂၀၂၅ SS (VOM) ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ မြို့နယ် ခြောက်မြို့နယ်မှာ သောက်သုံးရေ ရှားပါးမှုတွေ ဖြစ်ပေါ်နေတယ်လို့ ကူညီပေးနေသူတွေဆီက သိရပါတယ်။ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ရသေ့တောင်၊ မောင်တော၊ ပေါက်တော၊ မင်းပြား စတဲ့ မြို့နယ်တွေမှာ သောက်သုံးရေ ရှားပါးမှု ဖြစ်ပေါ်နေတာဖြစ်ပြီး တိုက်ပွဲတွေကြောင့် ထွက်ပြေးခိုလှုံသူတွေ များပြားလာတာကြောင့် အခက်အခဲ ပိုပြီး ကြုံတွေ့ရတယ်လို့ သိရပါတယ်။ “ဒီအချိန်၊ ဒီကာလမှာ သောက်သုံးရေ ရှားပါးတာက နှစ်စဉ်နှစ်တိုင်း ကြုံတွေ့နေကျပါ။ ဒါပေမယ့် ဒီနှစ်ကတော့ ပိုဆိုးလာတယ် ပြောရမယ်။ အထူးသဖြင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ၊ ၁၀၂၇ စစ်ဆင်ရေး ဖြစ်ပေါ်လာပြီး နောက်ပိုင်းမှာ စစ်ဘေးရှောင်အရေအတွက်တွေ ပိုတိုးလာတယ်။ ပုံမှန်ဆိုရင် နွေရာသီရောက်မှ ရေရှားတာလေ။ ဒါပေမယ့် အခုက နွေရာသီအစပဲ ရှိသေးတယ်။…
Read Moreဆူဒန် သမ္မတနန်းတော်ကို ပြည်သူ့စစ်တွေလက်ကနေ စစ်တပ်ပြန်သိမ်း
ခါတွမ်၊ မတ်-၂၂-၂၀၂၅ ရတီ(VOM) နှစ်နှစ်နီးပါးကြာ တိုက်ပွဲတွေဖြစ်ပွားပြီးနောက် ဆူဒန်စစ်တပ်ဟာ သမ္မတနန်းတော်ကို အာအက်စ်အက်ဖ်ပြည်သူ့စစ်တွေလက်ကနေ ပြန်လည်သိမ်းပိုက်လိုက်တယ်လို့ ဆူဒန်စစ်တပ်က ထုတ်ပြန်ပါတယ်။ မကြာသေးမီ လတွေအတွင်း အာအက်စ်အက်ဖ်ပြည်သူ့စစ်အဖွဲ့ကို ထိုးစစ်သိသိသာသာဆင်နေတဲ့ ဆူဒန်စစ်တပ်တွက် အဓိကအောင်ပွဲတရပ်ဖြစ်ပါတယ်။သမ္မတနန်းတော်ကို ပြန်လည်ထိန်းချုပ်ပြီးနောက် စစ်သားတွေ အောင်ပွဲခံနေတဲ့ ရုပ်သံနဲ့ ဓါတ်ပုံတွေက လူမှုကွန်ရက်မှာ ထွက်ပေါ်နေပါတယ်။ ဒါပေမယ့်လည်း မြို့တော်ခါတွမ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေလားဆိုတာတော့ ရှင်းလင်းစွာ မသိရပါဘူး။ အာအက်စ်အက်ဖ်ပြည်သူ့စစ်အဖွဲ့ကတော့ သူတို့ရဲ့ တိုက်ခိုက်ရေးသမားတွေဟာ အဲဒီဒေသအနီးတဝိုက်မှာရှိနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ သမ္မတအိမ်တော်ကို ဒရုန်းတိုက်ခိုက်မှုတခုအတွင်း နိုင်ငံပိုင် ရုပ်သံဌာနသတင်းအဖွဲ့နဲ့ စစ်တပ်မီဒီယာဆက်ဆံရေးအရာရှိနှစ်ယောက်အပါအဝင် လူအများအပြား သေဆုံးခဲ့တယ်လို့ ပြည်သူ့စစ်အဖွဲ့က ထုတ်ပြန်ပါတယ်။ ဆူဒန်နိုင်ငံပိုင်း သတင်းဌာနကတော့ မနေ့ကမနက်ပိုင်းမှာ သမ္မတနန်းတော်နဲ့ဝန်ကြီးဌာနအဆောက်အအုံတွေကို ဆူဒန်စစ်တပ်က ပြန်လည်ထိန်းချုပ်ခဲ့ကြောင်း ပြည်သူ့စစ်တွေရဲ့ လက်နက်အများအပြားလည်း ရရှိခဲ့တယ်လို့ ဆိုပါတယ်။ သမ္မတနန်တော်တောင်ဘက် နယ်မြေအများအပြားကို သိမ်းပိုက်ထားသော ကျန်ရှိနေတဲ့ ပြည်သူ့စစ်တွေကို စစ်တပ်က…
Read MoreMNDAA တပ်ဖွဲ့ လားရှိုးကနေ ဆုတ်မယ်ဆိုပေမယ့် ဆုတ်မယ့်လက္ခဏာ မတွေ့ရ
မတ် ၂၂၊ ၂၀၂၅ Shy V (VOM) MNDAA တပ်ဖွဲ့ လားရှိုးကနေ ဆုတ်မယ်ဆိုပေမယ့် ဆုတ်မယ့်လက္ခဏာ မတွေ့ရကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “MNDAA တပ်ဖွဲ့တွေ လားရှိုးကနေ ဆုတ်သွားလောက်မယ့် အထိတော့ မမြင်ဘူးဗျ။ မြို့စောင့်တပ်ရှိနေတာပဲ။” လို့ ဒေသခံ တယောက်က ပြောပါတယ်။ သင်္ကြန်ထိတော့ မဆုတ်ဖို့ သေချာနေပြီ ဖြစ်ပြီး သေချာ မသိနိုင်တာကြောင် ၆ လပိုင်းလောက်အထိ ပြန်စောင့်ကြည့်ရမယ်လို့ သူက ပြောပါတယ်။ နစက တပ်ဖွဲ့ ဝင်လာရင်တော့ စစ်ဖြစ်လာမယ်လို့ မြင်တယ်၊ လက်ရှိ UWSA နဲ့ AA က လည်းရှိနေပြီး MNDAA ရဲ့ မြို့စောင့် တပ်သား၊ ရဲ၊ အရံ တပ်သား တွေ ၁၀၀၀ ကျော်လည်း ရှိနေတယ်လို့ ဆိုပါတယ်။ “လွယ်လွယ်လေးနဲ့…
Read Moreရှမ်းမြောက်က ရွာတွေမှာ နယ်မြေမတည်ငြိမ်မှုကြောင့် ကြံမခုတ်ရတဲ့အတွက် တောင်သူတွေ အရှုံးပေါ်
မတ် ၂၂၊ ၂၀၂၅ ZY(VOM) ရှမ်းပြည်နယ်မြောက်ပိုင်းက ကြံစိုက်ပျိုးရာကျေးရွာတွေမှာ နယ်မြေမတည်ငြိမ်မှု၊ တိုက်ပွဲတွေ ဖြစ်ပွားမှုတွေကြောင့် စစ်ဘေးရှောင်နေတာလို့ အခုနှစ်ကြံစိုက်ရာသီမှာ ကြံမခုတ်ရတဲ့ တောင်သူတွေ အရှုံးပေါ်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ နစကတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် သောင်းနဲ့ချီတဲ့ ဒေသခံတွေဟာ ဘေးလွတ်ရာ တိမ်းရှောင်ခဲ့ရသလို အချို့က အခုအချိန်ထိ နယ်မြေမတည်ငြိမ်မှုကြောင့် နေရပ်ပြန်ခွင့်မရသေးတဲ့အတွက် ကြံခုတ်ယူလို့မရတာကြောင့် အရှုံးပေါ်ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။ “အားလုံးပေါင်းရင် တန်၆၀လောက်က မခုတ်လိုက်ရဘူးလို့ ခန့်မှန်းကြတယ်။ အများဆုံးကတော့ နောင်ချိုက တောင်းခမ်း၊ မန်ကျည်းရေ၊ အင်းဝိုင်း၊ အုမ္မသီး၊ ဂန့်ဂေါ်တို့ဖက်ကပဲ။ အခုထိပြန်လို့ မရသေးဘူးလေ။ နစ်နာဆုံးရှုံးမှုတွေကတော့ အများကြီးရှိတာပေါ့ဗျာ။ တောင်သူအများစုက စက်ရုံတွေကနေ ကြိုတင်ငွေယူပြီး စိုက်ထားကြတာလေ”လို့ ဒေသခံတယောက်က VOMကို ပြောပါတယ်။ လက်ရှိအချိန်မှာ အဲဒီစစ်ဘေးရှောင်တွေဟာ စားဝတ်နေရေးအတွက် ရုန်းကန်နေရတဲ့အပြင် အခုနှစ်ရာသီမှာ…
Read Moreငြိမ်းချမ်းရေးစကားဝိုင်း ဆွေးနွေးပွဲကို နေပြည်တော်မှာ သုံးရက်ကြာ ပြုလုပ်မယ်
မတ် ၂၂ – ၂ဝ၂၅ KKO(VOM) NSPNC, EAO တွေနဲ့ နိုင်ငံရေးပါတီတို့ သုံးပွင့်ဆိုင်ပါဝင်တဲ့ PEACE TALK 2025 ငြိမ်းချမ်းရေးစကားဝိုင်း ဆွေးနွေးပွဲကို နေပြည်တော်မှာ သုံးရက်ကြာပြုလုပ်သွားမယ်လို့ သိရပါတယ်။ အဲဒီငြိမ်းချမ်းရေးစကားဝိုင်း ဆွေးနွေးပွဲကို အခုမတ်လ ၂၄ ရက်နေ့ ကနေ မတ်လ ၂၆ ရက်နေ့အထိ သုံးရက်တိုင် နေပြည်တော်ရှိ MICC-2 မှာ ကျင်းပသွားမှာဖြစ်ပြီး “ငြိမ်းချမ်းသော နိုင်ငံတော်သစ်ဆီသို့” ခေါင်းစဉ်နဲ့ ကဏ္ဍ အလိုက် တတ်သိပညာရှင်တွေက ပါဝင်ဆွေး နွေးသွားကြမှာဖြစ်တယ်လို့ ဆိုပါတယ်။ PEACE TALK 2025 ငြိမ်းချမ်းရေးစကားဝိုင်းကို ပြည်တွင်းမှာ ရှိနေကြတဲ့ EAO အဖွဲ့ ၅ ဖွဲ့၊ နိုင်ငံရေးပါတီတွေက ပုဂ္ဂိုလ်တွေနဲ့ အမျိုး သားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖေါ်ဆောင်မှုကော်မတီ (NSPNC)က တာဝန်ရှိ ပုဂ္ဂိုလ်တွေနဲ့ ယခင်…
Read Moreအမေရိကန်စစ်တပ်အတွက် အက်ဖ်-၄၇ ကိုယ်ပျောက်တိုက်လေယာဉ်တွေ ဘိုးအင်းကုမ္ပဏီ ထုတ်လုပ်မယ်
ဝါရှင်တန်၊ မတ်-၂၂-၂၀၂၅ ရတီ (VOM) အမေရိကန်စစ်တပ်အတွက် မျိုးဆက်သစ်တိုက်လေယာဉ်ကို ဘိုးအင်းကုမ္ပဏီက တည်ဆောက်ထုတ်လုပ်သွားမှာဖြစ်ပြီး ဒီလေယာဉ်ကို အက်ဖ်-၄၇ လို့အမည်ပေးမယ်လို့ အမေရိကန်ရဲ့ ၄၇ ယောက်မြောက်သမ္မတ ဒေါ်နယ်ထရန့်က ပြောပါတယ်။ အက်ဖ်-၄၇ လေယာဉ်တွေဟာ တည်ဆောက်ဖူးသမျှတွေထဲမှာ အတိုးတက်ဆုံး၊ စွမ်းရည်အရှိဆုံးနဲ့ တိုက်ခိုက်ရေးစွမ်းရည် အကောင်းဆုံးဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ပီးဟက်ဆက်ချ်နဲ့အတူ သမ္မတ ထရန့်က ကြေညာခဲ့ပါတယ်။ ဒီလေယာဉ်မှာ ရေဒါတွေ အာရုံခံထောက်လှမ်းနိုင်ခြင်းမရှိအောင် ကိုယ်ပျောက်စွမ်းရည်ပါဝင်မှာဖြစ်ပြီး ငါးနှစ်ကြာ စမ်းသပ်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ တိုက်လေယာဟာ တရုတ်နိုင်ငံနဲ့ အလားအလာရှိတဲ့ ပဋိပက္ခတွေမှာ မရှိမဖြစ်လိုအပ်တယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က ဆိုပါတယ်။ ဘိုအင်းနဲ့ ကနဦးစာချုပ်တန်ဖိုးမှာ ဒေါ်လာ ၂၀ ဘီလီယံဖြစ်ပါတယ်။ ထုတ်လုပ်မယ့် လေယာဉ်တွေဟာ အက်ဖ်-၂၂ နဲ့ယှဉ်ရင် ကုန်ကျစရိတ်သက်သာသလို အနာဂတ်ခြိမ်းခြောက်မှုတွေနဲ့ လိုက်လျောညီထွေရှိပြီး ဒီလေယာဉ်တွေကို စစ်တပ်မှာ ပိုမိုတွေ့လာရမယ်လို့ လေတပ်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး…
Read More