မေ – ၂၇ ၊ ၂၀၂၅ GG (VOM) မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေနဲ့ နှစ်စဥ်တောင်သူတွေကို ထုတ်ချေးပေးနေတဲ့ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေကို ပမာဏတိုးမြှင့်ပြီးချေးပေးဖို့နဲ့ လယ်ဧကရှိသလောက် ချေးငွေထုတ်ချေးပေးစေလိုကြောင်း တောင်သူတွေက ပြောဆိုလိုက်ပါတယ်။ မိုးစပါးစိုက်ပျိုးမှုကုန်ကျစရိတ်မှာ တနှစ်ထက်တနှစ် ပိုပြီးမြင့်တက်လာတာကြောင့် စိုက်ပျိုးစရိတ်ချေးငွေကို နူန်းထားတိုးမြှင့်ပြီး ချေးပေးဖို့လိုအပ်လာသလို လယ်ဧက ၁၀ ဧကအထက်ပိုင်သူတွေကိုလည်း လယ်ဧကရှိသလောက် ချေးငွေထုတ်ချေးပေးဖို့လိုအပ်လာတာဖြစ်တယ်လို့သိရပါတယ်။ ” အခုက ထုတ်ချေးပေးတဲ့ တဧက ချေးငွေက မြေဩဇာတအိတ်ဖိုးပဲရှိတယ်။ ဘာမှလုပ်လို့မရဘူး။စိုက်ပျိုးစရိတ်မရှိလို့ အတိုးကြီးကြီးနဲ့ယူလုပ်ရတော့ဘာမှမကျန်ဘူး။ဒီကြားထဲခုနှစ်လိုစပါးစျေးထိုးကျတော့ အကုန်ဒုက္ခရောက်ကုန်ရောပေါ့။ချေးတော့လည်းသူတို့က ၁၀ ဧကအထိပဲချေးတာဆိုတော့ခက်တယ်။ဧက ၂၀ရှိရင်ရှိသလောက်အကုန်ချေးပေးဖို့လိုအပ်တယ်။လယ်သမားတွေကဧက ရှိသမျှအကုန်လုပ်ရတာလေ။၁၀ ဧပဲချေးပေးလို့ အဲဒါလေးပဲ လုပ်တာမှမဟုတ်တာ။ ” လို့ ပဲခူးတိုင်းမှ တောင်သူကပြောပါတယ်။ လက်ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကနေ မိုးစပါးစိုက်ပျိုးစရိတ်အဖြစ် ထုတ်ချေးပေးနေတဲ့နူန်းထားက လယ်တဧကကို ၁၅၀၀၀၀ ကျပ်နူန်းထုတ်ချေးနေတာဖြစ်ပြီး ၊ လယ်သမားတယောက်ကို အများဆုံးလယ်ဧက ၁၀ ဧကအထိသာထုတ်ချေးပေးနေတာဖြစ်တယ်လို့ သိရပါတယ်။…
Read MoreDay: May 27, 2025
တပတ်အတွင်း ရွှေ၊ ဒေါ်လာ၊ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်ဈေးကွက်
မေ ၂၇ – ၂၀၂၅ SS (VOM) ဒီတပတ်မှာတော့ ကမ္ဘာ့ရွှေဈေး ပြန်လည် မြင့်တက်လာမှုနဲ့အတူ ပြည်တွင်းရွှေဈေး လိုက်ပါ မြင့်တက်လာတာကို တွေ့ရပါတယ်။ အမေရိကန် ဒေါ်လာဈေးကလည်း အတက်ဘက်မှာ ရှိနေဆဲပါ။ စက်သုံးဆီ ဈေးကွက်ထဲမှာတော့ ဒီတပတ်မှာ ဆီအမျိုးအစားအားလုံး ဈေးပြန်တက်နေပါတယ်။ အခြေခံ စားသောက်ကုန် ဈေးကွက်ထဲမှာတော့ ကုန်စည်တချို့ ဈေးပြန်ကျနေတာကို တွေ့ရပါတယ်။ #ပြည်တွင်းရွှေဈေးနှုန်း ဒီတပတ် ရွှေဈေးကွက်အတွင်းမှာတော့ ကမ္ဘာ့ရွှေဈေးတွေ ပြန်လည် မြင့်တက်လာတာကို တွေ့ရပါတယ်။ ဒါကြောင့် ပြည်တွင်းရှိ ပြင်ပ ရွှေဈေးကွက်အတွင်းက ရွှေနှုန်းတွေလည်း လိုက်ပါ မြင့်တက်နေပါတယ်။ လက်ရှိမှာတော့ အခေါက်ရွှေ တကျပ်သား ၇၆ သိန်းကျော် ဝန်းကျင်ကို ရောက်ရှိနေတာပါ။ အရင်တပတ်ကထက် ကျပ် နှစ်သိန်းဝန်းကျင် ပြန်လည် မြင့်တက်လာတာ ဖြစ်ပါတယ်။ “ကမ္ဘာ့ရွှေဈေးက ကမ္ဘာ့နိုင်ငံတွေရဲ့ စစ်ရေးသတင်းတွေ၊ စီးပွားရေး၊…
Read Moreပန်းကလေးတွေရဲ့ အနာဂတ်
AT မြန်မာနိုင်ငံမှာ နှစ်စဉ် မေလ နောက်ဆုံးသီတင်းပတ်ဟာ အခြေခံပညာ ကျောင်းသူ၊ ကျောင်းသားတွေအတွက် ကျောင်းအပ်နှံရေး ရက်သတ္တပတ်ဖြစ်ပြီး ဇွန်လဆန်းမှာတော့ အခြေခံပညာ စာသင်ကျောင်းတွေ စတင် ဖွင့်လှစ်မှာ ဖြစ်ပါတယ်။ နစက ထိန်းချုပ်ဒေသတွေမှာ ကျောင်းအပ်လက်ခံနေသလို အတိုက်အခံ NUG အသိအမှတ်ပြုကျောင်းတွေမှာလည်း ကျောင်းအပ်လက်ခံနေတာကို တွေ့ရပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဒေသအချို့မှာတော့ တိုင်းရင်းသားအဖွဲ့တွေ စီမံခန့်ခွဲနေတဲ့ ကျောင်းတွေ ဖွင့်လှစ်နေတာကို တွေ့ရပါတယ်။ ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းအပ်နှံရေးအတွက် အစိုးရ၊ ကျောင်းသား၊ မိဘ၊ ဆရာ အားလုံး ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်သွားဖို့ဆိုတဲ့ ဆောင်ပုဒ်ကို အမှန်တကယ် ဖော်ဆောင်နိုင်ပါပြီလား။ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ စီမံ ဖွင့်လှစ်ထားတဲ့ ကျောင်းတွေမှာ တက်ရောက်နေကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေရဲ့ အနာဂတ်ကရော ဘယ်လိုတွေ ဖြစ်မှာပါလဲ။ ကျဆင်းနေဆဲ ကျောင်းနေအရွယ်ကလေး ကျောင်းတက်ရောက်နိုင်မှုပြီးခဲ့တဲ့ ၂၀၂၄-၂၀၂၅…
Read More