ဇူလိုင် -၁၀- ၂၀၂၅
Shy V (VOM)
မူဆယ်မှာ ဇူလိုင်လ ၉ ရက်နေ့ မနက်ပိုင်းက မိုးကြီးလို့ အုတ်တံတိုင်းပြိုပြီး အနိမ့်ပိုင်း ရေဝင်ေရာက်တာတွေ ရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“မူဆယ်မြို့ ဟိုမွန်ရပ်ကွက် နဲ့ တော်ရွက် ရပ်ကွက် အစပ်က နေအိမ် အုတ်တံတိုင်း မိုးတအားရွာတာကြောင့် ပြိုကျ သွားတာ။ လူထိခိုက်တာတော့ မရှိဘူးလို့ ကြားတယ်” လို့ ဒေသခံ တယောက်က ပြောပါတယ်။
မြေနိမ့် ရပ်ကွက် တချို့ နေရာတွေမှာတော့ ရေ မိုး ထပ်ထပ်ရွာတော့ ရေအိုင်နေတာတွေ၊ တချို့အိမ်တွေ ရေဝင်တာမမျိုးတွေလည်း ရှိတယ်လို့ သူက ပြောပါတယ်။
“ဆင်ဖြူပေါက် သွားတဲ့ လမ်းဘက်တော့ မိုးရွာရင် ရေ ခဏခဏ ဝင်တယ်။ မိုးရွာတုန်း ခဏ ရေဝင်ပြီး မိုးစဲရင် ပြန်ပြန်ကျတယ်။ ခုကနေ မိုးရွာရင် တောက်လျှောက် အဲလို ဖြစ်တော့မှာ” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
ရေနုတ်မြောင်းတွေ ကောင်းကောင်း မရှိတာကြောင့် မိုးရွာရင် မကြာခဏ ရေဝင်တာမျိုးရှိတယ်၊ နှစ်တိုင်းဖြစ်ပေမယ့် အဆင်ပြေအောင် စီစဉ် ဖြေရှင်းတောင်ရွက်တာမျိုးတော့ မတွေ့ရဘူးလို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက်နေ့ကလည်း မုဆယ် အနမ့်ပိုင်းနေရာတွေမှာ ရေဝင်ရောက်မှုရှိခဲ့ပြီး ကျင်စန်းကျော့ နယ်စပ်ဂိတ်ဘက်လည်း ရေကြီးခဲ့တာ ဖြစ်ပါတယ်။
Video Crd# ဒေသခံ