ဇူလိုင် ၂၂ – ၂၀၂၅ SN (VOM) ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့မှာ လေပြင်း တိုက်ခတ်မှုကြောင့် မနေ့ ဇူလိုင် ၂၁ ရက်၊ ညပိုင်းက သစ်ပင်ကြီးတွေ လဲကျကာ ဓာတ်ကြိုးတချို့ ပျက်ကျပြီး နှစ်ယောက် ဓာတ်လိုက်ကာ မစိုးရိမ်ရဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မနေ့ည ၇ နာရီခွဲကျော် ဝန်းကျင်မှာ လေပြင်း တိုက်ခတ်ပြီးနောက် တာချီလိတ်၊ ဝိန်းကျောက်ရပ်ကွက်က ဗိုလ်ချုပ်လမ်းမပေါ်ရှိ ရွှေဘူးသီးဟိုတယ်ရှေ့က သစ်ပင်ကြီး တပင်နဲ့ တော်ကော့ ဘုန်းကြီးကျောင်း အရှေ့က သစ်ပင်ကြီး တပင် လဲကျခဲ့ပြီး လျှပ်စစ် ဓာတ်အားလိုင်းကြိုးတွေလည်း ပျက်ကျမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ အဲဒီလိုပဲ ရန်အောင်မြေရပ်ကွက်၊ ပါလျှံ (၁) နယ်မြေ၊ လွှမ်းမိုး ဘုန်းတော်ကြီးကျောင်းရှေ့ လမ်းမပေါ်မှာလည်း လေပြင်း တိုက်ခတ်မူကြောင့် သစ်ပင်ကြီးတွေလဲကျကာ…
Read MoreDay: July 22, 2025
နောင်ချိုမြို့ပေါ်က စစ်ရှောင်တွေ နေရပ်ပြန်လာပေမယ့် ပြည်ထောင်စုလမ်းမပေါ်က ကျေးရွာနေသူတွေ ပြန်လို့မရသေး
ဇူလိုင် ၂၂၊ ၂၀၂၅ Shy V (VOM) နောင်ချိုမြို့ပေါ်က စစ်ရှောင်တွေ ပြန်လာလို့ပေမယ့် ပြည်ထောင်စု လမ်းမပေါ်ကရွာတွေပြန်လို့မရသေးကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “နောင်ချိုမြို့ပေါ်က စစ်ရှောင်တွေကိုတော့ ပြန်လာဖို့ ခေါ်နေပြီ။ တချို့တွေ ပြန်နေကြပြီ။ လမ်းမ ကြီး အတိုင်းပြန်လို့ရတယ်။ ကျနော်တို့ ဒီလမ်းမပေါ်ကရှိတဲ့ ရွာတွေက အိမ်ပြန်ကြည့်ချင်ရင်တောင် လမ်းမပေါ်ကနေ ဖြတ်သွားရင်းပဲ ကြည့်လို့ရတယ်။ ရွာထဲ မဝင်ခိုင်းသေးဘူး။” လို့ စစ်ရှောင် တယောက်က ပြောပါတယ်။ ပြည်ထောင်စု လမ်းမပေါ်က ရွာတွေမှာက ရှင်းလင်းရေးလုပ်ရအုံးမယ်လို့ ပြောထားပြီး ဒီနေ့ မနက်ပိုင်းကနေ မွန်းလွဲ ၂ နာရီထိတော့ ကုန်းကြီးဘက် လမ်းပိတ်ထားတယ်လို့ သူက ပြောပါတယ်။ အခြေအနေတွေက မနက်တမျိုး၊ နေလယ်တမျိုး၊ ညနေတမျိုး ခဏခဏ အပြောင်းအလဲ ရှိတာကြောင့် ပုံသေ ပြောလို့ မရဘူးလို့ သူက…
Read Moreတိဘက်ဒေသမှာ ကမ္ဘာ့အကြီးဆုံး ရေအားလျှပ်စစ်ထုတ်လုပ်ရေးဆည် တရုတ်အစိုးရ စတင်တည်ဆောက်
ပေကျင်း၊ ဇူလိုင်-၂၂-၂၀၂၅ မျိုးဆက်(VOM) တရုတ်အစိုးရက တိဘက်ဒေသအတွင်း ကမ္ဘာ့အကြီးဆုံးဖြစ်လာမယ့် ရေအားလျှပ်စစ်စီမံကိန်းကို စတင်လိုက်ပြီး မနေ့ကတော့ ဆည်တည်ဆောက်မှုတွေကို စတင်နေပြီလို့ တရုတ်အစိုးရက ပြောပါတယ်။ တရုတ်ဝန်ကြီးချုပ် လီချန်းက တိဘက်အဖျားရှိ ယာလွန်ဆန်ပိုမြစ်ပေါ်မှာ ရေအားလျှပ်စစ် ထုတ်လုပ်ရေးဆည်တည်ဆောက်မှုကို ကိုယ်တိုင်သွားရောက်ကြည့်ရှုခဲ့တယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြထားပါတယ်။ ဒီမြစ်ဟာ တိဘက်ကနေ စတင်ပြီး အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေဆီကို ဗြဟ္မပုတ္တရ မြစ်အဖြစ် စီးဆင်းနေပါတယ်။ မိုတူရေအားလျှပ်စစ်စီမံကိန်းလို့ လူသိများတဲ့ ဒီစီမံကိန်းအတွက် ဒေါ်လာ ၁၆၇ ဘီလီယံကျော် ကုန်ကျမယ်လို့ ခန့်မှန်းထားပါတယ်။ တရုတ်အစိုးရကတော့ ဒီစီမံကိန်းက သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေဘဲ ဒေသခံတွေအတွက် ဖွံ့ဖြိုးတိုးတက်မှုတွေ ယူဆောင်လာနိုင်မယ်လို့ ပြောထားပါတယ်။ ဒါပေမယ့် မြစ်ကြောင်းတစ်လျှောက်မှာနေထိုင်ကြတဲ့ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားသန်းပေါင်းများစွာနဲ့ တိဘက်ဒေသခံတွေအပေါ် ဆိုးကျိုးတွေ သက်ရောက်နိုင်တဲ့အတွက် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ စီမံကိန်းပြီးစီးရင် ယခင်ကမ္ဘာ့အကြီးဆုံးဖြစ်တဲ့ ယန်ဇီမြစ်ပေါ်က ချောက်သုံးသွယ်ဆည်ထက် ပိုကြီးမားပြီး…
Read Moreတက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို ဇူလိုင် ၂၇ ရက်နေ့မှာထုတ်ပြန်မယ်
ဇူလိုင် – ၂၂ ၊ ၂၀၂၅ GG (VOM) ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ဇူလိုင် ၂၇ ရက်နေ့မှာ ထုတ်ပြန်ကြေငြာပေးသွားမှာဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာနက ဒီနေ့ ဇူလိုင် ၂၂ ရက်မှာသတင်းထုတ်ပြန်ပါတယ်။ တက္ကသိုလ်ဝင်အောင်စာရင်းတွေကို ဇူလိုင် ၂၇ ရက်နေ့ ၊ မနက် ၄ နာရီကစပြီး မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website ဖြစ်တဲ့ www.myanmarexam.org မှာ ဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်သလို သက်ဆိုင်ရာမြို့နယ်က စာစစ်ဌာနကျောင်းတွေမှာပါ ဖော်ပြကြေငြာထားမှာဖြစ် တယ်လို့သိရပါတယ်။ ဝေးလံတဲ့ ဒေသတွေက စာစစ်ဌာနတွေနဲ့ အင်တာနက်အဆက်အသွယ် ကောင်းစွာမရရှိတဲ့ စာစစ်ဌာနတွေရဲ့ အောင်စာရင်းကိုတော့ မြန်မာ့အသံရေဒီယို အစီအစဉ်ကနေ အောင်စာရင်း ထွက်တဲ့နေ့မှာ ကြေညာပေးမယ်လို့ဆိုထားပါတယ်။ အောင်စာရင်းထွက်ရှိမယ့်အပေါ် စာမေးပွဲဖြေဆိုထားတဲ့ ကျောင်းသူတယောက်က ” ခုပြောမှ အောင်စာရင်းထွက်မယ့်ရက်ကိုသိတာပါ။ဂုဏ်ထူးထက် အောင်ဖို့ပဲအရင်ဆုံး မှန်းပါတယ်။နောက်တခါထပ်လည်းမတက်ချင်ဘူး မဖြေချင်တော့ဘူး။ဆရာမကတော့အခြေအနေကောင်းတယ်ပြောထားလို့…
Read Moreဖားကန့်မှာ အသားငါးတပိဿာ တသိန်းကျော်ထိရှိပြီး ကုန်စျေးနူန်းအဆမတန်မြင့်တက်
ဇူလိုင် ၂၂ ၊ ၂၀၂၅ GG (VOM) ကချင်ပြည်နယ် ၊ဖားကန့်ဒေသမှာ ဆန်နဲ့ အသားငါးအပါအဝင် အခြေခံစားသောက်ကုန် စျေးနူန်းတွေအဆမတန်မြင့်တက်နေတဲ့အပြင် ပစ္စည်းပြတ် လပ်မှုတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ လက်ရှိ ဖားကန့်ဒေသမှာ ဆန်ကြမ်း တအိတ်ကို ၁၇၀၀၀၀ ကျပ်မှ ၂၅၀၀၀၀ ဝန်းကျင်၊ ကြက်သား တပိဿာကို ၁၂၀၀၀၀ ကျပ်၊ ငါး တပိဿာကို ၈၀၀၀၀ ကျပ်ဝန်းကျင် ၊ ဝက်သားတပိဿာကို တသိန်းကျပ်ဝန်းကျင်၊ အမဲသားတပိသာကို ၇၀၀၀၀ ကျပ်ဝန်းကျင် ၊ ကြက်ဥတလုံး ၁၅၀၀ ၊ ကွမ်းရွက်တပိဿာ ၁၂၀၀၀၀ ဝန်းကျင်၊ ခရမ်းချဥ်သီးတစ်ပိဿာကို ၃၀၀၀၀ ကျပ်၊ ငရုတ်သီတဘူးကို ၃၀၀၀ ၊ မှိုတစီးကို ၄၀၀၀ ကျပ် အထိအဆမတန်မြင့်တက်လာနေတာဖြစ်တယ်လို့သိရပါတယ်။ ကုန်စျေးနူန်းတွေအဆမတန်မြင့်တက်လာနေတဲ့အပြင် ကွမ်းရွက် ၊ ကြက်သား ၊…
Read Moreဖိလစ်ပိုင် မြို့တော်မနီလာမှာ ရေကြီးမှုကြောင့် လူထောင်ပေါင်းများစွာ ဘေးလွတ်ရာ ရွှေ့ပြောင်း
မနီလာ၊ ဇူလိုင်-၂၂-၂၀၂၅ မျိုးဆက်(VOM) ဖိလစ်ပိုင်မြို့တော် မနီလာနဲ့ အနီးတဝိုက် ဒေသတွေမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့ပြီး အိမ်ခြေပေါင်း သောင်းချီကာ ရွှေ့ပြောင်းခံခဲ့ရပြီး လူနှစ်ယောက်ထက်မနည်း ပျောက်ဆုံးနေပါတယ်။ ရေကြီးမှုတွေကြောင့် မနီလာနဲ့ အနီးကခရိုင်တွေမှာ ကျောင်းတွေ၊ အစိုးရရုံးတွေ ပိတ်ထားရပါတယ်။ တညလုံး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မာရီကီနာ မြစ်ရေ လျှံခဲ့ပါတယ်။ မြစ်ကမ်းဘေးမှာ နေထိုင်ကြတဲ့ လူဦးရေ ၂၃၀၀၀ ကျော်ကို ညတွင်းချင်းပဲ ကျောင်းတွေ၊ ကျေးရွာအဆောက်အအုံတွေနဲ့ အကာအရံရှိတဲ့ နေရာတွေကို ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ Quezon နဲ့ Caloocan မြို့တွေမှာလည်း လူဦးရေ ၂၅၀၀၀ ကို အခြားနေရာတွေကို ရွှေ့ပြောင်းပေးခဲ့ရပါတယ်။မာရီကီနာ ကယ်ဆယ်ရေးရုံးကတော့ မြစ်ထဲစီးဝင်တဲ့ ချောင်းဘေးက မြေနိမ့်ဒေသမှာ နေထိုင်သူတွေ ရွှေ့ပြောင်းလာကြတာ များတယ်လို့ လို့ ပြောပါတယ်။ မြစ်ရေဟာ အမြင့် ၁၈…
Read Moreကျိုက်ထိုမှာ ရဲကင်းဘန်ကာကို ခရီးသည်တင်ကား ဝင်တိုက်လို့ ရဲတယောက်သေပြီး တယောက်ဒဏ်ရာရ
ဇူလိုင် ၂၂ ၊ ၂၀၂၅ GG(VOM) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ အာကာမင်းခရီးသည်တင် expressကားက အရှိန်မထိန်းနိုင်ဘဲ တံတားရဲကင်းဘန်ကာကို ဝင်တိုက်မိပြီး ရဲတပ်ဖွဲ့ဝင် တယောက်သေဆုံးကာ တယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ ဇူလိုင် ၂၁ ရက်နေ့မှာ နေ့လယ် ၁ နာရီကျော်လောက်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး အာကာမင်းကားက သဲဖြူတံတားရဲကင်းဘန်ကာကို ဝင်တိုက်မိခဲ့တာဖြစ်ကြောင်း ၊ ယာဥ်တိုက်မှုဖြစ်ပြီးနောက် အာကာမင်းယာဥ်မောင်းက ထွက်ပြေးသွားတယ်လို့သိရပါတယ်။ ” ဟုတ်ပါတယ် ။မနေ့ကဖြစ်သွားတာ။တယောက်သေပြီး တယောက်လည်း ဒဏ်ရာပြင်းတယ်။ ကားက အရှိန်မထိန်းနိုင်ဘဲ ရဲကင်းဘန်ကာဝင်တိုက်တာမှာ တာဝန်ကျ လုံခြုံရေးယူထားတဲ့ ရဲတပ်သားသေဆုံးသွားတာပါ။” လို့ ကျိုက်ထို ဒေသခံကပြောပါတယ်။ ရဲကင်းကို ဝင်တိုက်ခဲ့တဲ့ အာကာမင်း ယာဥ်ဟာ ရန်ကုန် – မော်လမြိုင် – ရေး ခရီးစဥ်ကိုပြေးဆွဲနေတဲ့ကားဖြစ်ပြီး ကျိုက်ထိုကနေ မော်လမြိုင်ကိုသွားစဥ် သဲဖြူချောင်းတံတားမှာ ယာဥ်တိုက်မှုဖြစ်ပွားခဲ့တာဖြစ်ကြောင်း ကားပေါ်ပါခရီးသည်တွေကတော့ ထိခိုက်ဒဏ်ရာကြီးကြီးမားမားရရှိတာမျိုးမရှိဘူးလို့သိရပါတယ်။ ယာဥ်တိုက်မှုဖြစ်ပွားပြီးနောက် သေဆုံးရဲတပ်ဖွဲ့ဝင်နဲ့…
Read Moreညိန်းနိဒါန်း (သို့မဟုတ်) နိဂုံးမချုပ်သော “ငြိမ်း” (၇)
(မြို့မငြိမ်း ၁၁၆နှစ်မြောက် ဂါရဝ) ဆူးငှက် ဤသို့ဖြင့် … ၂၈လမ်း၊ လမ်း ၈၀နှင့် ၈၁လမ်းကြား၊ မြေစိုက် တစ်ထပ်အိမ်ကလေးထဲမှာ တစ်ယောက်အိပ် ခုတင်လေးပေါ်မှာ နဂါးဆေးလိပ်တွင်တွင်ဖွာရင်း တွေဝေငေးမောနေတတ်သော ဆရာမြို့မငြိမ်း၏ တင်းနေသော မေးရိုးကို ခပ်မှိန်မှိန် ဖယောင်းတိုင် မီးရောင်မှာ မြင်နေရ၏။ ရရာအသားတိုလေးများဖြင့် ဖြစ်သလိုရိုက်ထားသော စင်ကလေးပေါ်မှာ ဝိသုဒ္ဓိမဂ်၊ မာလာလင်္ကာရ၀တ္ထုတော်ကြီး၊ နဝဒေးဆို ရတုပေါင်းချုပ်၊ နတ်သျှင်နောင် ရတု၊ ဂီတဒနီကျမ်း၊ အနုစာပေကောက်နှုတ်ချက် စသော စာအုပ်ကလေးများကို စီစီရီရီ ထပ်ထားသည်။ ဘယ်အချိန်က တင်ထားမှန်း မသိသော မီးငြှိမ်းနေသည့် သောက်လက်စ ဆေးလိပ်တိုလေး တစ်တိုကိုလည်း စင်ပေါ်တင်ထားသည်။ စာအုပ်ဖုံးပေါ်မှာလည်း ဘီးဟောင်းလေး တစ်ချောင်း။ ခုတင်မှာ နှီးချောချောလေး ခင်းထားသည်။ ခေါင်းရင်းမှာ အနီအနက်ကြား ချည်စောင်လေးတစ်ထည် ခေါက်တင်ထား၏။မယ်ဒလင်လေးတစ်လက်၊ တယောလေးတစ်လက်က ဂီတသင်္ကေတ စာရွက်များ နှင့်အတူ…
Read More