ဇူလိုင် ၂၈ – ၂၀၂၅ SS (VOM) မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်မှာ အခုရက်ပိုင်းအတွင်း လေဆင်နှာမောင်းတိုက်ခတ်မှု လေးကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး လူထိခိုက်မှုတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်၊ မနက် ၄ နာရီ၊ ၄၅ မိနစ်ဝန်းကျင်က လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ပေါင်မြို့၊ မိုးနိုင်းရပ်ကွက်က နေအိမ် ၅၈ လုံး၊ ပေါင်းရပ်ကွက်ရှိ နေအိမ် ၁၅၈ လုံးနဲ့ ကဒါရပ်ကွက်ရှိ နေအိမ် လေးလုံး၊ စုစုပေါင်း နေအိမ် ၂၂၀ အပြင် စာင်ကျောင်းနဲ့ သာသနိက အဆောက်အအုံတွေလည်း ထိခိုက်ပျက်စီးခဲ့ကာ ဓါတ်တိုင်တွေ၊ အပင်တွေလည်း လဲပြိုခဲ့တယ်လို့ သိရပါတယ်။ “မိုးနိုင်းရပ်ကွက်၊ ၁၀၁ ဆူ အောင်တော်မူ ကျောင်းတိုက်အတွင်းက ဆရာလေးကျောင်းတွေ၊…
Read MoreMonth: July 2025
ရေနီမြောင်း ချိုဆိမ့်(၁)
ဆူးငှက် တစ်နှစ်က ကျွန်တော့်ဆရာသမားများနှင့် အမရပူရ တောင်သမန်အင်း ဦးပိန်တံတားကို ဖြတ်လျှောက်ကြရင်း တောင်သမန် ကျောက်တော်ကြီးဘုရားကို သွားဖူးကြသည်။ ထိုအချိန်က တောင်သမန် ဦးပိန်တံတား အရှေ့တိပ်တွင် အခုလိုဈေးဆိုင်များနှင့် မစည်ကားသေး။ တံတားထိပ်မှာ ထန်းရွက်တဲကလေးနဲ့ လက်ဖက်ရည်ဆိုင်လေးတစ်ဆိုင်ရှိသည်။ မျက်နှာ ချင်းဆိုင်မှာ အကြော်ဖိုလေး တစ်ဆိုင်ရှိသည်။ အကြော်ဖိုမှာက တောင်သမန် ငါးလေးတွေ ကြော်နေလေရဲ့။ ထိုဆိုင်နှစ်ဆိုင်ကလွဲလျှင် အခြားစားသောက် ဆိုင်များမရှိ။ တောင်သမန် ကျောက်တော်ကြီးဘုရားသို့သွားသော လှည်း လမ်းဘေးမှာက ထန်းပက်လက်ကုလားထိုင်တွေ၊ ထန်းခေါက်တောင်း တွေ ရက်နေကြသူများရှိ၏။ ထန်းလက်များကို နွှာလိုက်၍ ထန်းလျှော်နံ့ သင်းသင်းကလေးက လမ်းတစ်လျှောက် မွှေးပျံ့နေသည်။ ထန်းခေါက် တောင်းတဲကလေးများနောက်မှာ တောင်သမန် ထန်းတောကြီးရှိသည်၊ အမရပူရခေတ်ဟောင်းလက်ကျန် မေဃဝတီတောင်သမန် ကျောင်းတိုက်ကြီး၏ တံတိုင်းအပြိုအပျက်ကြီးရှိသည်။ ပြီးတော့ မန်ကျည်းပင်တန်းကြီးရှိသည်။ တပဲပဲနှင့် ဖုန်ထောင်းထောင်းထအောင် ဖြတ်သွားသော ဆိတ်အုပ် တစ်အုပ်တလေရှိသည်။ ကျွန်တော်တို့သည်…
Read Moreရုရှား-မြောက်ကိုရီးယား တိုက်ရိုက်လေကြောင်းလိုင်း နှစ် ၃၀ ကြာပြီးနောက် ပြန်လည်စတင်
မော်စကို၊ ဇူလိုင်-၂၈-၂၀၂၅ ရတီ(VOM) ရုရှားလေကြောင်းလိုင်း Nordwind Airlines ဟာ မော်စကိုနဲ့ မြောက်ကိုရီးယားမြို့တော် ပြုံယမ်းအကြား တိုက်ရိုက်လေကြောင်းခရီးစဉ်တွေ စတင်ပျံသန်းနေပြီလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါဟာ မြို့တော်နှစ်ခုအကြား နှစ် ၃၀ အတွင်း ပထမဆုံးသော ပုံမှန်လေကြောင်းခရီးစဉ်ဖြစ်ပြီး ပထမဆုံးခရီးစဉ်မှာတော့ မြောက်ကိုရီးယားနိုင်ငံသား အများအပြားပါဝင်ခဲ့ပါတယ်။ လေကြောင်းလိုင်းဟာ တလတကြိမ် ဒီခရီးစဉ်ကို ပျံသန်းမယ်လို့ ဆိုပါတယ်။ ခရီးသွားချိန် ၈ နာရီကြာမြင့်မယ်လို့ ဆိုပါတယ်။ လေယာဉ်လက်မှတ် စျေးနှုန်းကတော့ ဒေါ်လာ ၅၆၀ ဖြစ်ပါတယ်။ လေကြောင်းလိုင်း ပြန်လည်ပြေးဆွဲမှုဟာ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်လာမှုကို ဖော်ပြနေတယ်လို့ အကဲခတ်တွေက ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ် ဇွန်လမှာ နှစ်နိုင်ငံဟာ ဘက်စုံမဟာဗျူဟာ မိတ်ဖက်သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီးနောက် ဆက်ဆံရေး ပိုမိုနီးကပ်ခဲ့ပါတယ်။ လေကြောင်းလိုင်း ပြန်လည်ပြေးဆွဲမှုအပြင် နှစ်နိုင်ငံအကြား ကုန်းလမ်းကနေ ဆက်သွယ်ဖို့အတွက် လမ်းတံတား တစင်းတည်ဆောက်မှုကိုလည်း…
Read Moreမြစ်ရေတွေ မြင့်တက်နေလို့ မြို့နယ် ခြောက်မြို့နယ်ထက်မနည်း ရေကြီးနေ
ဇူလိုင် ၂၇ – ၂၀၂၅ SN + GG (VOM) လက်ရှိ နိုင်ငံတဝန်း မြစ်ရေ မြင့်တက်မှုတွေကြောင့် နိုင်ငံအရှေ့ပိုင်းနဲ့ အောက်ပိုင်းက မြို့နယ် ခြောက်မြို့ထက်မနည်းမှာ ရေကြီး ရေလျှံမှုတွေ ဖြစ်ပေါ်နေတယ်လို့ လူမှုကူညီရေး အသင်းတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။ လက်ရှိမှာ စစ်တောင်း၊ သံလွင်၊ ပဲခူး၊ ရွှေကျင်နဲ့ ဘီးလင်းမြစ်ရေအပြင် မယ်ဆိုင်ချောင်းရေပါ မြင့်တက်နေတာကြောင့် တာချီလိတ်၊ ဘားအံ၊ တောင်ငူ၊ မဒေါက်၊ ရွှေကျင်နဲ့ သထုံမြို့နယ်တွေမှာ ရေကြီး ရေလျှံမှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ ဒီကနေ့ ဇူလိုင် ၂၈ ရက်၊ မနက် ၇ နာရီခွဲအချိန် ထုတ်ပြန်ချက်အရ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့မှာ အဆိုပါမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၁ ပေခန့် ကျော်လွန်နေပြီး နောက်တရက်အတွင်း…
Read Moreအလုပ်သမားအရေးကူညီဆောင်ရွက်ပေးနေတဲ့ STUM အဖွဲ့ ဦးဆောင်သူ ဒေါ်မျိုးမျိုးအေး ဖမ်းဆီးထိန်းသိမ်းခံရ
ဇူလိုင် ၂၈၊ ၂၀၂၅ GG(VOM) ပြည်တွင်းမှာ အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ်မြန်မာ STUM အဖွဲ့ ဦးဆောင်သူ ဒါရိုက်တာ ဒေါ်မျိုးမျိုးအေးကို ဇူလိုင် ၂၅ ရက်နေ့ညပိုင်းက တာဝန်ရှိသူတွေ ဖမ်းဆီးထိန်းသိမ်းလိုက်တယ် သမီးဖြစ်သူဆီကသိရပါတယ်။ ဒေါ်မျိုးမျိုးအေးကို ဖမ်းဆီးပြီးနောက် STUM ရုံးကိုလည်း ရပ်ကွက်တာဝန်ရှိသူနဲ့အတူ လူအချို့က ဝင်ရောက်ရှာဖွေစစ်ဆေးမှုတွေပြုလုပ်သွားကြောင်း ၊ ဒေါ်မျိုးမျိုးအေးမှာ ဖမ်းဆီးခံရတဲ့နေ့မှစပြီး ဒီနေ့အထိ အဆက်အသွယ်မရရှိဘဲ ဖြစ်နေတယ်လို့ မိသားစုဝင်ဘက်ကပြောဆိုပါတယ်။ ယခုလို ဖမ်းဆီးထိန်းသိမ်းခံရတာနဲ့ပတ်သက်ပြီး သမီးဖြစ်သူ မခြူးသွယ်ကို VOM မှဆက်သွယ်မေးမြန်းရာ ” ညမ အကောင့်မှာတင်ထားတဲ့အတိုင်းပါပဲ။” ဆိုပြီး ပြောဆိုပါတယ်။ ” အမေ့ကို ဘာအကြောင်းကိစ္စမှန်းမသိရဘဲ ဇူလိုင် ၂၅ရက်နေ့ ည ၉နာရီ၃၀မိနစ်လောက်က အမေနေတဲ့ ရွှေပြည်သာက နဝရတ်လမ်း အိမ်မှာ ဝင်ဖမ်းပြီး ခေါ်သွားတယ် ။တချိန်ထဲမှာပဲ ရုံးကိုလည်း…
Read Moreပင်းတယမြို့မှာ တောင်ကျရေ စီးဆင်းပြီး လူသေဆုံးမှု ရှိ၊ လေးယောက် အလောင်းပြန်တွေ့
ဇူလိုင် ၂၈ – ၂၀၂၅ SS (VOM) ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့မှာ မနေ့ ဇူလိုင် ၂၇ ရက်၊ ညပိုင်းက ရေကြီးပြီး တောင်ကျရေတွေ ရုတ်တရက် စီးဆင်းလာတဲ့အတွက် လူသေဆုံးမှုတွေ ရှိနေပြီး လက်ရှိမှာ လူ လေးယောက်ရဲ့ ရုပ်အလောင်းတွေကို ရှာဖွေ တွေ့ရှိထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ပင်းတယမြို့နယ်၊ သိမ်ကုန်းကျေးရွာအုပ်စုနဲ့ ကုန်းစောင်းရွာ၊ ရွှေပုထိုးရွာတို့မှာ မနေ့ည ၁၁ နာရီဝန်းကျင်က တောင်ကျရေ စီးဆင်းမှု ဖြစ်ပွားခဲ့တာဖြစ်ပြီး ရေထဲမျောပါ ပျောက်ဆုံးနေသူတွေလည်း ရှိနေသေးသလို နေအိမ် ၇၀ ကျော် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ “တောင်ကျရေက တဖြည်းဖြည်းချင်း မဟုတ်ဘဲ ရုတ်တရက်ကြီး ဝင်ချလာတာ။ ကုန်းစောင်းရွာက ရေထဲပါသွားတဲ့ သူတွေထဲက လေးယောက်ကိုတော့ အလောင်းပြန်တွေ့ပြီ။ ပျောက်နေတဲ့သူတွေ ရှိသေးတယ်။…
Read Moreမိုးကုတ်မြို့နဲ့ ဆက်သွယ်ထားတဲ့ ကားလမ်းပိုင်း ခြောက်ခုကို အိမ်စီးကားဖြတ်သန်းခွင့်ယာယီပိတ်ပြီး ကုန်ကားနဲ့ကားကြီးတွေကို ရက်အကန့်အသတ်မရှိ TNLAက သွားလာခွင့်ပိတ်
ဇူလိုင် ၂၈၊၂၀၂၅ GG (VOM ) မိုးကုတ်မြို့နဲ့ ဆက်သွယ်ထားတဲ့ ကားလမ်းပိုင်း ခြောက်ခုကို မနက်ဖန် ဇူလိုင် ၂၉ ရက်မှစပြီး ကားကြီး ၊ကားလေးဖြတ်သန်းသွားလာခွင့် ယာယီပိတ်ထားမှာဖြစ်တယ်လို့ TNLA ရဲ့ဒီနေ့ အသိပေးထုတ်ပြန်မှုအရသိရပါတယ်။ ဖြတ်သန်းသွားလာခွင့် ယာယီပိတ်ထားမယ့်လမ်းတွေက မိုးကုတ် – ကျောက်မဲ ၊မိုးကုတ် – မိုးမိတ်၊မိုးကုတ် – စဥ့်ကူး ၊မိုးကုတ် – သပိတ်ကျင်း ၊ပြင်ဦးလွင် -အုမ္မတီး – အုမ္မခါး – မိုင်းလုံ၊တကောင်း – တွင်းငယ် – မိုးမိတ် လမ်းတွေဖြစ်ပြီး ကားကြီး ၊ကားသေးအားလုံးကို ဇူလိုင် ၂၉ မှ သြဂုတ် ၅ ရက်အထိ ပိတ်ထားမှာဖြစ်တယ်လို့ သိရပါတယ် ။ အိမ်စီးကားတွေကိုတော့ ဩဂုတ် ၆ ရက်မှာ ပြန်လည်ဖြတ်သန်းသွားလာခွင့်ပြုမှာဖြစ်ပြီး ကုန်တင်ကားနဲ့…
Read Moreတက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်ချက် ၄၈ ဒသမ ၀၆ ရာခိုင်နှုန်း ရှိ
ဇူလိုင် ၂၆ – ၂၀၂၅ SN (VOM) ၂၀၂၄-၂၀၂၅ ပညာသင်နှစ်ရဲ့ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ အောင်စာရင်းကို ဒီကနေ့ ဇူလိုင် ၂၇ ရက်၊ မနက်ပိုင်းက ထုတ်ပြန် ကြေညာခဲ့တာမှာ တနိုင်ငံလုံး အတိုင်းအတာအနေနဲ့ စာမေးပွဲ အောင်ချက် ရာခိုင်နှုန်း ၄၈ ဒသမ ၀၆ ရှိတယ်လို့ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ သိရပါတယ်။ ဖြေဆိုသူ ၂၀၇၈၉၈ ယောက် ရှိတဲ့အနက် ၉၉၉၂၄ ယောက် အောင်မြင်ခဲ့တာဖြစ်ပြီး လက်ရှိ ကြေညာတဲ့ အောင်စာရင်းမှာ ငလျင်ကြောင့် ပြန်လည် ဖြေဆိုရတဲ့ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ “အောင်ချက်က ၅၀ ရာခိုင်နှုန်းနီးနီးရှိတယ်။ ဒီနှစ်က အောင်ချက်ကောင်းတယ် ပြောရမယ်။ အောင်စာရင်းကို ဝက်ဘ်ဆိုက်ကနေပဲ ကြည့်လိုက်တာ။ တခြားသူတွေ အတော်များများလည်း အဲဒီလိုပဲ။ ကျောင်းကို…
Read MorePPP ပါတီက လာမယ့်ရွေးကောက်ပွဲမှာ တပြည်လုံးအတိုင်းအတာအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ်
ဇူလိုင် ၂၇ – ၂ဝ၂၅ KKO(VOM) PPP ပါတီက လာမယ့်ရွေးကောက် ပွဲမှာ တပြည်လုံးအတိုင်းအတာအနေနဲ့ မဲဆန္ဒနယ်အားလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)ဥက္ကဌ ဒေါ်သက်သက်ခိုင်က ဒီကနေ့ ဇူလိုင်၂၇ ရက်နေ့ ရန်ကုန်မြို့ဆီဒိုနားဟိုတယ်မှာပြုလုပ်တဲ့ သတင်းရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။ “၂ဝ၂၃ ခုနှစ်မှာပြဌာန်းလိုက်တဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ ပြည်ထောင်စုတဝှမ်းလုံးမှာယှဉ်ပြိုင်ဖို့ မှတ်ပုံတင်ထားတဲ့ပါတီအနေနဲ့ ဆိုလို့ရှိရင် UEC ကသတ်မှတ်ထားတဲ့ သတ်မှတ်ချက်တွေရှိပါတယ် ။ဒါတွေလည်းကျွန်မတို့ပြည့်မီပြီးဖြစ်ပါတယ်။ ပြည်ထောင်စုတဝှမ်းလုံးမှာယှဉ်ပြိုင်မယ့်ပါတီအနေနဲ့ဆိုရင် မဲဆန္ဒနယ်ရဲ့တဝက်မှာယှဉ်ပြိုင်နိုင်ရမယ်။ ဒါကိုလည်းကျွန်မတို့ပါတီအနေနဲ့ မဲဆန္ဒနယ်တဝက်မကယှဉ်ပြိုင်သွားဖို့ရှိပါတယ်”လို့ PPP ပါတီ ဥက္ကဌ ဒေါ်သက်သက်ခိုင်က သတင်းမီဒီယာတွေကို ပြောပါတယ်။ လက်ရှိမှာ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)အနေနဲ့ ရွေးကောက်ပွဲကော်မရှင် UEC က ပါတီဝင်အဖြစ်သတ်မှတ်ထားတဲ့လူဦးရေ အရေ အတွက် ၉၃၅၀၈ ဦးရှိပြီးဖြစ်သော်လည် နောက်ပိုင်းမှာထပ်ဝင်လာတဲ့ ပါတီဝင်အရေအတွက်နဲ့ဆိုပါက ၁၃ဝ,ဝဝဝ လောက်ရှိနေတယ်လို့ဆိုထားပြီး ပါတီရုံးခန်း ၁၁ဝ ရှိရမယ့်နေရာမှာလည်း ဒါကိုကျော်လွန်ပြီး ပါတီရုံးခန်းပေါင်း ၁၃၇…
Read Moreသထုံမြို့က မော်လမြိုင် – ရန်ကုန် ကားလမ်းမှာ ရေကြီးနေ
ဇူလိုင် ၂၆ – ၂၀၂၅ SS (VOM) မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဒီကနေ့ ဇူလိုင် ၂၇ ရက်၊ မနက်ပိုင်းမှစတင်ကာ ရေကြီးရေလျှံမှု ဖြစ်ပွားနေပြီး ရန်ကုန် – မော်လမြိုင်ကားလမ်း ရေကျော်နေတယ်လို့ ဒေသခံတွေနဲ့ ကူညီပေးနေသူတွေဆီက သိရပါတယ်။ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ ကျိုက်ကော်ရပ်ကွက်၊ ဘုရားကြီးလမ်းနဲ့ မြို့မဈေးရှေ့၊ မော်လမြိုင် – ရန်ကုန် ကားလမ်းမကြီးပေါ်မှာ မိုးရွာသွန်းမှုကြောင့် ၂ ပေခန့် ရေကျော်နေတဲ့အပြင် အောက်ကျင်း ရပ်ကွက်ဘက်မှာလည်း ရေဝင်ရောက်မှု ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ “မနက်ကတော့ ကားလမ်း ရေကျော်နေလို့ လမ်းယာယီ ပိတ်ထားလိုက်ရတယ်။ နောက်တော့ ဒီလမ်းအသုံးပြု သွားလာမယ့်သူတွေ အခက်အခဲ မဖြစ်ရလေအောင်ဆိုပြီး မနက် ၁၀ နာရီလောက်ကျတော့ လမ်းပြန်ဖွင့်ပေးလိုက်တယ်။ ယာဉ်တွေကိုတော့ ဘေးနားကအိမ်တွေကို ရေရိုက်ခတ်မှု မဖြစ်အောင်…
Read More