VOM သြဂုတ် -၁၁ -၂၀၂၅ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် အတွင်းမှာ တပ်မတော်နဲ့ အာရက္ခတပ်တော် AA တို့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ AA တပ်ဖွဲ့က ဒီနေ့ အွန်လိုင်းသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ကျောက်ဖြူမြို့ ရဲတပ်ရင်း ၃၂ အနီးမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေဆဲဖြစ်တယ်လို့ AA ပြော ခွင့်ရ ခိုင်သုခက ဒီနေ့ အွန်လိုင်း သတင်းစာ ရှင်းလင်းပွဲမှာ မီဒီယာတွေကိုပြောပါတယ်။ “ကျောက်ဖြူရဲ တပ်ရင်း ၃၂ နားမှာ ကျွန်တော်တို့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။ စစ်တွေမှာ တိုက်ပွဲဖြစ်တာမရှိပေမယ့် ပေါက်တော နဲ့ ပုဏ္ဏားကျွန် ဘက်မှာလည်း ရန်သူဘက်က လက်နက်ကြီးတွေ နဲ့ ဆက်လက်ပစ်ခတ်နေတာရှိပါတယ်” ကျောက်ဖြူ မြို့ ရဲတပ်ရင်း အနီးမှာရှိတဲ့ တပ်မတော် ရဲ့ ကာကင်းစခန်းတွေကို အခု နှစ်မေလ ကုန်ပိုင်းမှာ…
Read MoreDay: August 11, 2025
နန်းတော်ရှေ့၊ ကြိုးကြီးချိတ်၊ စည်တော်ကြီး(၂)
တလောက စာရေးဆရာစိုးနိုင်(မန္တလေးတက္ကသိုလ်)နှင့်တွေ့တော့ သူ ငယ်စဉ်က ဆွေတော်မျိုးတော်ကြီးများနှင့် ရင်းနှီးနီးကပ်ခဲ့ ဖူးကြောင်း၊ ထီးသုံးနန်းသုံးစကားများပင် ငယ်စဉ်က သွက်လက်စွာ ပြောဆိုနိုင်ကြောင်း ပြောပြသည်။ သို့သော် ငယ်ရွယ်သူဖြစ်သည့် အလျောက် ထီးနှင့်နန်းနှင့် ရာဇဝင်နှင့် သမိုင်းနှင့် စသည်များကို မေးမြန်းမထားလိုက်ရသည်ကို များစွာ နှမြောမိပါကြောင်းလည်း ပြောပြပါ သည်။ ဆရာစိုးနိုင်(မန္တလေးတက္ကသိုလ်) က မန္တလေးတွင် နောက်ဆုံး ချဆောင်သွားသော ပျဉ်းမနားကိုယ်တော်ကြီး၏ မသာတော် အကြောင်းကိုလည်း ပြောပြသည်။ မင်းခမ်းမင်းနား အစုံအလင်နှင့် မြို့လုံးကျွတ် ထွက်ကြည့်ရသော မသာတော်ဖြစ်သည်ဟု ဆို၏။ ထိုမသာတော်တွင် ရှေးက ဒုမင်္ဂလများ၌ တီးမှုတ်သော ဗျိုင်းတောင်စည်ကိုလည်း အပြည့်အစုံ အစအဆုံး တီးမှုတ်ခဲ့ပါသည်။ ယခုခေတ်၌မူ မြေလတ်ပိုင်းရှိ အချို့အရပ်ဒေသများ၌သာ ဒုမင်္ဂလတီးဝိုင်းတွင် ကျန်ကောင်းကျန်ပါလိမ့်မည်။ သို့သော် အများစုကြီးမှာမူ “ဗျိုင်းတောင်” ဆိုတာ ကြားဖူးကြတော့မှာမဟုတ်။ အကယ်၍ အနည်းငယ် မြည်းစမ်း…
Read Moreလသာမြို့နယ်ရှိ KTV မှာ အမျိုးသားတယောက် သေနတ်နဲ့ပစ်သတ်ခံရမှုဖြစ်ပွား
ဩဂုတ် ၁၁ ၊ ၂၀၂၅ GG (VOM) ရန်ကုန် ၊ လသာမြို့နယ်၊ ၈ ရပ်ကွက်၊ ရွှေတိဂုံဘုရားလမ်းပေါ် Yangon Thanlwin Hotel ပထမထပ်ရှိ New Party KTVမှာ အမျိုးသားတယောက် သေနတ်နဲ့ ပစ်သတ်ခံရမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ “ကျွန်တော်တို့တော့ လူနာမကောက်ရဘူး။ ဒါပေမယ့်ကျွန်တော်သိရသလောက်တော့ ဘယ်ဘက် နားထင်မှာပဲ သေနတ်ဒဏ်ရာတွေ့ တယ်။ သေနတ်နဲ့ နားထင်ကိုကပ်ပစ်တဲ့ပုံစံမျိုးပေါ့။နေရာမှာပဲပွဲချင်းပြီးတယ်။ ဘယ်သူ ဘယ်ဝါဆိုတာက ယာဥ်မောင်း လိုင်စင်ကဒ်ပြားအရ နာမည်ကိုသိရတဲ့အခြေအနေ ပါ။လူနာကိုတော့ ဆေးရုံကိုပို့ထားတယ်။” လို့ ဖြစ်စဥ်ကိုသိတဲ့ ဒေသခံတယောက်ကပြောပါတယ်။ မနေ့က ဩဂုတ် ၁၀ ရက်နေ့ ညနေပိုင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သေနတ်နဲ့ပစ်သတ်ခံရသူက အသက်၅၀ နှစ်အရွယ်ရှိ ဦးအိုက်မြင့် (ခ) ဟော်ချွမ်းမြန်ဆိုသူဖြစ်ပြီး သေနတ်တလက်နဲ့ ကျည်ဆံငါးတောင့်ပါကျည်အိမ်တခု ၊ ကျည်ခွံတခုကိုပါတွေ့ရှိရတယ်လို့သိရပါတယ်။ လက်ရှိမှာတော့…
Read Moreနိုင်ငံကူးလက်မှတ် အမျိုးအစား ပြောင်းလဲခွင့် ပိတ်ပင်မှုကြောင့် ပြည်ပကို သွားမယ့်သူတွေ အခက်တွေ့နေ
ဩဂုတ် ၁၀ – ၂၀၂၅ SS (VOM) အလုပ်နိုင်ငံကူးလက်မှတ် (PJ) အမျိုးအစားမှ တခြား နိုင်ငံကူးလက်မှတ် အမျိုးအစားတွေ ပြောင်းလဲ လျှောက်ထားခွင့်ကို အစိုးရက ပိတ်ပင်လိုက်တဲ့အတွက် ပြည်ပကို သွားရောက်မယ့်သူတွေ အနေနဲ့ အခက်တွေ့နေရတယ်လို့ သိရပါတယ်။ အလုပ်အကိုင် နိုင်ငံကူးလက်မှတ် အမျိုးအစား (PJ) ကနေ တခြား အမျိုးအစားတွေဖြစ်တဲ့ အလည်အပတ် နိုင်ငံကူးလက်မှတ် (PV) ၊ ပြည်ပမှာ အလုပ်လုပ်နေသူနဲ့ လိုက်ပါနေထိုင်တဲ့ မှီခို နိုင်ငံသားအတွက် ထုတ်ပေးတဲ့ နိုင်ငံကူးလက်မှတ် (Dependent Passport – PT)၊ ပညာရေး နိုင်ငံကူးလက်မှတ် (PE)၊ သင်္ဘောသား (PS) အမျိုးအစားတွေ ပြောင်းလဲ လျှောက်ထားမှုကို မြန်မာတနိုင်ငံလုံးရှိ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွေမှာ ပြီးခဲ့တဲ့ ဩဂုတ် ၇ ရက်နေ့မှ စတင်ပြီး ပိတ်ပင်လိုက်တာ…
Read Moreလားရှိုးမှာ မိသားစုလိုက် သေဆုံးနေတဲ့ ရုပ်အလောင်း လေးလောင်းတွေ့
သြဂုတ် ၁၁-၂၀၂၅ နွယ်နီ(VOM) ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့ အမှတ် (၇) ရပ်ကွက်၊ နယ်မြေ ၁၉၊ လမ်းသွယ် ၂၇ မှာ ရှိတဲ့ နေအိမ် တစ်လုံးမှာ ဩဂုတ် ၁၀ ရက်နေ့ မနက်ပိုင်းက မိသားစုလိုက် သေဆုံးနေ တဲ့ ရုပ်အလောင်း လေးလောင်းတွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖခင်အပါအဝင် ၁၀ နှစ်အောက် သေဆုံးတဲ့ ကလေးတွေ ရဲ့ ရုပ်အလောင်းကို နေအိမ်အတွင်းမှာ တွေ့ရတာလို့ မြို့ခံ တစ်ဦးက ပြောပါတယ်။ “အသတ်ခံရတာလား၊ ကိုယ့်ဖာသာ အဆုံးစီရင်တာလား ဆိုတာ တိတိကျကျ မသိရဘူး။ အဖေက ပက်လက်အနေအထားနဲ့ ခေါင်းမှာ ဒဏ်ရာနဲ့ သေနေတယ်။ ကလေးတွေကတော့ ပါးစပ်မှာ အမြုပ် ထွက်နေတဲ့သူက ထွက်နဲ့ သေဆုံးနေတာကို တွေ့ရတာ”လို့ လားရှိုးမြို့ ခံ…
Read Moreကေအန်ယူ တပ်မဟာ (၇) နယ်မြေတဝိုက် လေကြောင်း တိုက်ခိုက်ခံရမှုကြောင့် ဒေသခံတွေ ထိုင်းနိုင်ငံဘက် တိမ်းရှောင်
ဩဂုတ် ၁၁ – ၂၀၂၅ SN (VOM) ကရင်ပြည်နယ်အတွင်းက ကရင်အမျိုးသားအစည်းအရုံး (KNU) ဌာနချုပ်ရှိရာ တပ်မဟာ (၇) နယ်မြေတဝိုက်မှာ မနေ့ ဩဂုတ် ၁၀ ရက်၊ ညပိုင်းက လေကြောင်း တိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့ပြီး ဒေသခံတွေ ထိုင်းနိုင်ငံဘက်ကို အရေးပေါ် တိမ်းရှောင်နေရတယ်လို့ မြေပြင် သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ မနေ့ည ၈ နာရီဝန်းကျင်က KNU ဌာနချုပ်ရှိရာ မော်ပယ်ခိုနဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) စစ်ဌာနချုပ် တည်ရှိရာ သေ့ဘေထ နေရာတွေမှာ လေကြောင်း တိုက်ခိုက်မှု ခြောက်ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တာဖြစ်ပြီး ဆေးရုံ၊ နေအိမ်တွေနဲ့ ဈေးဆိုင်ခန်းတွေ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ “တပ်မဟာ (၇) ထဲက ကိုရီးယားဆေးရုံ ခေါ်တာပေါ့နော်။ အဲဒီဆေးရုံရဲ့ အောက်ခြေနေရာတွေ မီးလောင်သွားတယ်။ အိမ်တွေ၊ ဈေးဆိုင်ခန်းတွေ…
Read Moreပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုတော့မယ်လို့ ဩစတြေးလျပြော
ဆစ်ဒနီ၊ ဩဂုတ်-၁၁-၂၀၂၅ရတီ(VOM)ဩစတြေးလျနိုင်ငံဟာ စက်တင်ဘာလမှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပါလက်စတိုင်းနိုင်ငံကို နိုင်ငံအဖြစ် အသိအမှတ်ပြုရန် စီစဉ်ထားကြောင်း ဝန်ကြီးချုပ် အယ်ဘာနီးစ်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ဒီဆုံးဖြတ်ချက်ဟာ ဗြိတိန်၊ ပြင်သစ်နဲ့ ကနေဒါတို့ကလည်း ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုမယ်လို့ ကြေညာပြီးနောက် ထွက်ပေါ်လာတာပါ။ နယ်မြေမှာ စစ်ဝါဒကင်းမဲ့ရေး၊ အထွေထွေရွေးကောက်ပွဲများ ကင်းပဖို့ အပါအဝင် ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ရဲ့ ကတိကဝတ်တွေကို ရရှိထားတယ်လို့ သူကဆိုပါတယ်။နှစ်နိုင်ငံ ဖြေရှင်းနည်းဟာ အရှေ့အလယ်ပိုင်းရှိ အကြမ်းဖက်မှုစက်ဝန်းကို ချိုးဖျက်ဖို့နဲ့ ဂါဇာရှိ ပဋိပက္ခ၊ ဆင်းရဲဒုက္ခနဲ့ အငတ်ဘေးကို အဆုံးသတ်ဖို့ လူသားတို့ရဲ့ အကောင်းဆုံးမျှော်လင့်ချက်ဖြစ်တယ်လို့ ဩစတြေးလျ ဝန်ကြီးချုပ်က ပြောပါတယ်။ပြီးခဲ့တဲ့ ရက်သတ္တပတ်နှစ်ပတ်အတွင်း ဗြိတိန်၊ ပြင်သစ်၊ နယူးဇီလန်နဲ့ ဂျပန်ခေါင်းဆောင်တွေနဲ့ ဆွေးနွေးပြီးနောက် ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုဖို့ ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။ ဂါဇာစစ်ပွဲအဆုံးသတ်ဖို့ ဖိအားများ တိုးမြင့်လာနေတဲ့ အစ္စရေးကတော့…
Read Moreလိုင်ဇာမှာ မိုးကြီး ရေလျှံမှု ထပ်မံဖြစ်ပွားပြီး မြို့ထဲလူတွေ ပိတ်မိ
ဩဂုတ် ၁၁၊ ၂၀၂၅ Shy V (VOM) တရုတ် – မြန်မာ နယ်စပ်၊ လိုင်ဇာမှာ ဩဂုတ်လ ၁၁ ရက်နေ့ မနက်ပိုင်းကစ မိုးကြီး ရေလျှံမှု ထပ်မံဖြစ်ပွားလာကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “လိုင်ဇာ နဲ့ ဝေကြိုင်ဘက် ရေ ကြီးနေတယ်။ အိမ်တွေထဲလည်း ရေဝင်ကုန်၊ နစ်ကုန်ပြီ။ မြို့လယ်ခေါင်က လမ်းတောက် ရေ လျှံသွားပြီ။” လို့ ဒေသခံ အမျိုးသား တေယာက်က ပြောပါတယ်။ မိုးလည်း ဆက်တိုက်ရွာနေလို့ တောင်ကျရေက ပို စိုးရိမ်ရတာေကြာင့် ပျဉ်းကတိုးတောဘက်က တောင်ကျရေတွေ၊ လပူချောင်း၊ ခါ့ကျန်ချောင်း၊ ခါ့ယာချောင်း ချောင်းအကုန်လုံး သတိထားရမယ်လို့ သူက ပြောပါတယ်။ “မြို့ထဲ လူတွေ ပိတ်မိကုန်ပြီ။ ဆိုင်ကယ် တစီးတော့ မျောသွားပြီ။ လူလည်း မျောပါခါနီး ပြန်ကယ်လို့…
Read More