ကျောက်မဲ နောင်ပိန်ရွာမှာ မိုးကြီး ရေလျှံလာလို့ ရပ်ကွက်နှစ်ခု ရေနစ်မြုပ်

ဩဂုတ် ၁၄၊ ၂၀၂၅
Shy V (VOM)
ကျောက်မဲမြို့နယ်၊ နောင်ပိန်ရွာမှာ ဩဂုတ်လ ၁၄ ရက်နေ့က နေအိမ်အချို့ ရေနစ်မြုပ်သွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“တမနက်လုံး မိုးရွာလို့ နောင်ပိန် ဗုဗ္ဗာရုံကျောင်းနဲ့ ကျောင်းနား ဝန်းကျင်ရော ရေမြုပ်တာ” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
ဗုဗ္ဗာရုံကျောင်းတိုက် အုတ်တံတိုင်းတွေ ပြိုကျသွားလို့ ရေတွေ တွန်းကန်ထွက်လာကာ အနီးနားရှိ နေအိမ်တွေ ရေနစ်မြုပ်ကုန်တာလို့ ဆိုပါတယ်။
“နောင်ပိန်မှာ ‌ရေ ပြန်ကြီးနေတာ ဟုတ်တယ်။ ရပ်ကွက်နှစ် ခုက နေအိမ်တချို့ ရေ မြုပ်သွားတာ” လို့ ကျောက်မဲ ဒေသခံ တယောက်ကလည်း ပြောပါတယ်။
ဩဂုတ်လ ၁၄ ရက်နေ့ မနက်ပိုင်းကစသည်းထန်စွာ ရွာသွန်းတာကြောင့် နောင်ပိန် အမှတ် ၃ ရပ်ကွက် နဲ့ အမှတ် ၄ ရပ်ကွက်ရှိ နေအိမ်တချို့လည်း ရေနစ်မြုပ်နေတယ်လို့ သူက ပြောပါတယ်။
ရုတ်တရက် ရေတက်လာတာကြောင့် ရေနစ်မြုပ်သွားတဲ့ နေအိမ်တွေထဲက ပစ္စည်းတွေ မထုတ်ယူနိုင်ခဲ့လို့ ရေဘေးသင့် နေအိမ်တွေအတွက် စားစရာနဲ့ အဝတ်အထည်တွေလည်း အရေးပေါ် လိုအပ်နေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၆ ရပ်နေ့ကလည်း နောင်ပိန် အမှတ် ၅ ရပ်ကွက်မှာ ရေကြီးမှု ဖြစ်ပွားခဲ့ပြီး ဟွန်ဒါဖစ်ကား တစီး၊ ခြောက်ဘီးကား တစီး၊ လူ နှစ်ယောက်မျောပါသွားခဲ့ရာ ဟွန်ဒါဖစ်ကား တစီး၊ ခြောက်ဘီးကား တစီး၊ လူ တယောက် အသက် ရှင်လျက် ပြန်‌ေတွ့ခဲ့ပြီး ကျောက်မဲ မြို့နယ် နမ့်ဟူးရွာမှာလည်း ရေကြီးမှုကြောင့် အမျိုးသား တယောက် ရေထဲ မျောပါ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW