ဆူးငှက် ရွှေဝတ်ရည်က ပထမကနဦးစာအုပ် ထွက်လာဖို့ ပြင်ဆင်နေတာ အတောင်ရင့်သန်နေပြီ။ ကဏ္ဍတွေ စုံသလောက်ရှိလာပြီ။ မကြာခင် ထွက်တော့မည်ဆိုသော သတင်းကလည်း ပင့်သက်မထားက မျှော်လင့်နေရသည်။ မှတ်မှတ်ရရ။ ကိုသိုက်ထွန်းသက်တို့၊ ကိုရဲသျှမ်းတို့ရှိရာ ကိုညီပုလေး စာအုပ်ဆိုင်ရှေ့ ဗာဒံပင်ရိပ်မှာ ခဏတစ်ဖြုတ် ဝင်ရောက်နားနေပြီး ကိုသိုက်ထွန်းသက်နှင့် ပြန်အထ လမ်းမှာ ဆရာဝင်းစည်သူနှင့် အမှတ်မထင်တွေ့တော့ ဆရာက ကိုသိုက်ထွန်းသက်ကို ရွှေဝတ်ရည်က အရေးတကြီး စာပေဝေဖန်ရေးဆောင်းပါး တစ်စောင် တောင်းနေကြောင်း၊ စာအိုးကဲ့သို့ စုရေးပေးရန်ဖြစ်ကြောင်း ပြော၏။ သို့သော် ဒီဆရာများမှာက “စာအိုး” တာဝန်ကို မအား မလပ် ထမ်းဆောင်နေရတော့ ရွှေဝတ်ရည်က ပေးသော တာဝန်ကို ထပ်ဆင့်ထမ်းဖို့ အချိန်မပေးနိုင် ဖြစ်နေကြပုံရသည်။ အားကြိုး မာန်တက်မရှိလှ။ သို့သော် ဆရာဝင်းစည်သူက တာဝန်ယူခဲ့ပြီးပုံ လည်းရ၏။ သည်ကိစ္စပြောနေသည်က ၃၃ လမ်းအထက် ၈၃ လမ်းထောင့်…
Read MoreDay: August 17, 2025
TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်ကို လေကြောင်းတိုက်ခိုက်ပြန်လို့ သုံးယောက်သေဆုံး
ဩဂုတ် ၁၇ ၊ ၂၀၂၅ GG (VOM ) မိုးကုတ်မြို့ကို ဒီနေ့ ဩဂုတ် ၁၇ ရက်နေ့နေ့ မနက်ပိုင်းမှာ လေကြောင်းကနေ လေးကြိမ်မြောက် ဗုံးကြဲတိုက်ခိုက်လို့ လူသုံးယောက်ထက်အနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေရှိနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ဒီနေ့မနက် ၉နာရီဝန်းကျင် နဲ့ ၉ နာရီကျော်လောက် မှာ မိုးကုတ်၊အရှေ့ပိုင်းရှိမြို့လယ်ခေါင်ကို ဗုံးကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ “မြို့လယ်ခေါင်ကိုကြဲသွားတာ။အရင်တုန်းကတော့ ပတ္တမြားငမောက်ခေါ်မှာပေါ့၊အဲဒီမှာအရင်တုန်းကတော့ပလောင်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့အစည်းတွေနေတာ။ခုတော့အဲဒီမှာမနေတော့တာကြာပြီ။သူကမိန်းလမ်းဖြစ်နေတော့ လမ်းပေါ်ဖြတ်သွားတဲ့ဂေါ်ရခါးလူကြီး နဲ့ ကလေးတယောက်သေတယ်။နောက်ထပ်လူလတ်ပိုင်းသေတယ်။ စျေးရောင်းတဲ့ကောက်ညှင်းပေါင်းသည်လို့ယူဆရတယ် ။ ဗန်းတွေတွေ့တယ်လူကပျောက်နေတယ်။ လေးယောက်ဖြစ်ဖို့များတယ်။ထပ်တိုးတွေက အခုထပ်ရှာနေကြတယ်။” လို့ မျက်မြင်ဒေသခံကပြောပါတယ်။ လက်ရှိမှာ ဗုံးကြဲခံရတဲ့နေရာတဝိုက်ကို TNLA ဘက်က ရှာဖွေကယ်ဆယ်ရေးပြုလုပ်နေပြီး ထိခိုက်ဒဏ်ရာရတယ်လို့သိရပါတယ်။ ဩဂုတ် ၁၄ ရက်နေ့ညပိုင်းကလည်း မိုးကုတ်မြို့အရှေ့ပိုင်းကို လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လူ ၂၁ ယောက်သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူတွေရှိခဲ့ပါတယ်။ ဩဂုတ်လ ၉ ရက်နေ့ ညပိုင်းမှာလည်း မိုးကုတ်မြို့…
Read Moreရုရှားကြောင့် ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ရှုပ်ထွေးစေတယ်လို့ ဇီလန်စကီးပြော
ကိဗ်ယက်၊ ဩဂုတ်-၁၇-၂၀၂၅မျိုးဆက်(VOM)ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးနဲ့ပတ်သက်ပြီး ရုရှားက သဘောတူဖို့ ငြင်းဆိုမှုကြောင့် စစ်ပွဲအဆုံးသတ်ရေး ကြိုးပမ်းမှုတွေ ရှုပ်ထွေးစေတယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။ရုရှားဘက်က စစ်ရပ်စဲရေးတောင်းဆိုမှုတွေကို ငြင်းပယ်နေပြီး သတ်ဖြတ်မှုတွေရပ်တန့်ဖို့ အချိန်မသတ်မှတ်တာကြောင့် အခြေအနေကို ပိုမိုရှုပ်ထွေးစေပါတယ်လို့ ဇီလန်စကီးက ပြောပါတယ်။ လာမယ့် တနင်္လာနေ့မှာတော့ ဇီလန်စကီးဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ တွေ့ဖို့ ဝါရှင်တန်ကို သွားရောက်မှာဖြစ်ပါတယ်။ ထရန့်တော့ ငြိမ်းချမ်းရေးသဘောတူညီချက်တခုကို လက်ခံဖို့ ဇီလန်စကီးကို တိုက်တွန်းသွားမယ်လို့ ဆိုပါတယ်။ ယူကရိန်းမှာ အပစ်အခတ်ရပ်စဲရေးထက် အမြဲတမ်းငြိမ်းချမ်းရေးသဘောတူညီချက်တခုကို တခါတည်းရယူဖို့ ရည်ရွယ်ထားတယ်လို့ ထရန့်က ပူတင်နဲ့ အလာစကာမှာပြုလုပ်တဲ့ ထိပ်သီးဆွေးနွေးပွဲအပြီးမှာ ပြောပါတယ်။ ဇီလန်စကီးကတော့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရဖို့ ထရန့်နဲ့ တယ်လီဖုန်းဆက်သွယ်ရာမှာ ပြောဆိုခဲ့ပြီး တိုက်ခိုက် သတ်ဖြတ်မှုတွေ ရပ်ရမယ်လို့ ပြောပါတယ်။ ယူကရိန်းတပ်တွေ အနေနဲ့ ဒွန်နက်စ်ခ်ဒေသမှ ရုပ်သိမ်းဖို့ပါဝင်တဲ့ ရုရှားသမ္မတပူတင် တောင်းဆိုတဲ့…
Read Moreရတနာ့ဂူဘုရားပွဲတော်နဲ့ နတ်ပွဲတော်ဆီ အလည်တခေါက်
မန္တလေး၊ သြဂုတ် – ၁၇- ၂၀၂၅ SA(VOM) မန္တလေးမြို့ ၊ အမရပူရမြို့နယ်မှာရှိတဲ့ ရှေးဟောင်းသမိုင်း ဝင် ရတနာဂူဘုရားပွဲတော်နဲ့ မယ်တော်နတ်ပွဲ ကျင်းပနေတာ ဒီကနေ့ဆိုရင်သုံးရက်ရှိပြီဖြစ်ပါတယ်။ ရတနာဂူစေတီတော်ကြီးဟာ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ပျက်စီးခဲ့ပေမယ့် ပွဲတော်ကိုတော့ အစဥ်အလာအတိုင်း ကျင်းပနေတာဖြစ်ပါတယ်။ ပွဲတော်ကြီးကို နှစ်စဥ် ဝါခေါင်လပြည့်ကျော် ၈ ရက်နေ့ကစလို့ ဝါခေါင်လကွယ်နေ့အထိ ကျင်းပတာဖြစ်ပြီး ဒီနှစ်မှာတော့ ဘုရားပွဲနဲ့ နတ်ကိုးကွယ်သူတွေအပါအဝင် အနယ်နယ်အရပ်ရပ်က လာရောက်လည်ပတ်သူတွေနဲ့ စည်ကားလို့နေပါတယ်။ မယ်တော်နတ်ပွဲကို ဝါခေါင်လပြည့်ကျော် ၈ ရက်နေ့မှ စတင်လေ့ရှိပေမယ့် ဝါခေါင်လပြည့်ကျော် ၇ ရက်နေ့ကစလို့ နတ်ညီလာခံများ၊ တက်ပွဲများ စတင် ကျင်းပပြီး လပြည့်ကျော် ၁၀ ရက်နေ့မှာ ချိုးရေတော် သုံးပွဲတော်၊ လကွယ်နေ့မှာ ထိန်ခုတ်ပွဲ၊ မယ်တော်ပို့ပွဲ ကျင်းပပြုလုပ်ပြီး သံဃာတော်များကို…
Read Moreသတင်းအမှားနှင့် အဆိပ်အတောက်
သတင်းထောက်ဟောင်းတဦး ယနေ့ လူမှုကွန်ရက် ဆိုရှယ်မီဒီယာ အသုံးချတဲ့ခေတ်ကြီးမှာ သတင်းအချက်အလက်တွေဟာ စက္ကန့်ပိုင်းအတွင်း ကမ္ဘာအနှံ့ ပျံ့နှံ့နေပါတယ်။ ဒီလို လျင်မြန်တဲ့စီးဆင်းမှုထဲမှာ သတင်းအမှားတွေဟာလည်း အလွယ်တကူ ပျံ့နှံ့နေပြီး လူ့အဖွဲ့အစည်းအပေါ် ကြီးမားတဲ့ သက်ရောက်မှုတွေ ဖြစ်ပေါ်စေပါတယ်။ ကျွန်တော့်အမြင်မှာတော့ သတင်းအမှားတွေကို တမင်ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေနေခြင်းဟာ ပြည်သူကို စိတ်ပိုင်းဆိုင်ရာ နှိပ်စက် နေတာနဲ့ အတူတူပါပဲ။ လတ်တလောမှာ သတင်းဌာနတွေနဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နေတဲ့ အိုးဘိုထောင် ဗုံးချခံရလို့ နိုင်ငံရေးအကျဉ်းသားတွေ သေဆုံးတယ် ဆိုတဲ့သတင်းဟာ သတင်းအမှားဖြစ်ပါတယ်။ ဒီသတင်းဟာ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်ရဲ့ ဩဂုတ် ၁၆ ရက်နေ့ ထုတ်ပြန်ချက်ကနေ စခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ သေဆုံးသူ ၁၇ ဦးရဲ့ အမည်စာရင်းကိုပါ ထုတ်ပြန်ခဲ့ပါတယ်။သတင်းဌာနအချို့ကလည်း ဒီသတင်းကို အပြိုင်အဆိုင် တင်ခဲ့ကြပါတယ်။ သတင်းမှန်၊ မမှန်ဆိုတာကို သတင်းစားသုံးသူ ပြည်သူက မသိနိုင်ဘဲ စိုးရိမ်ပူပန်မှုတွေ…
Read Moreရန်ကုန်- မန္တလေး အမြန်လမ်းမှာ ယာဥ်တိုက်မှုဖြစ်ပြီး နှစ်ယောက်သေဆုံး
ဩဂုတ် ၁၇၊ ၂၀၂၅ GG (VOM) ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၄၀/၀)နဲ့ (၄၀/၁)ကြားမှာ ကုန်တင်ကားနှစ်စီး တိုက်မိပြီး အမျိုးသားနှစ်ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဥ်မှာ ဩဂုတ် ၁၇ ရက်နေ့ မနက် ၂ နာရီကျော်လောက်မှာ ယာဥ်တိုက်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး ဖြစ်စဥ်ကြောင့် လမ်းသွားလမ်းလာ အမျိုးသားနဲ့ ကုန်ကားတစီးက ယာဥ်မောင်းအမျိုးသားတို့ သေဆုံးခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်။ ” ကားက နှစ်စီးလုံးကုန်ကားတွေပါ။ ကားနှစ်စီးလုံးက မန္တလေးကိုသွားမယ့်ကားတွေပါ။ အခုဖြစ်တာက ရှေ့ကကုန်ကားကို လူတယောက်ကတားလို့ ကားအရှိန်လျှော့တာမှာ နောက်ကပါလာတဲ့ကုန်ကားက ဝင်တိုက်လိုက်တော့ ဝင်တိုက်တဲ့ကုန်ကားဆရာသေတယ်။ လမ်းတားတဲ့လူကိုတော့ အတိုက်ခံရတဲ့ကုန်ကားက ထပ်တိုက်တာမှာသေသွားတယ် ။ဒဏ်ရာရသူလည်းရှိပေမယ့် မစိုးရိမ်ရဒဏ်ရာပါ။ သေတဲ့သူနှစ်ယောက်လုံးက အသက် ၃၀ ကျော်လောက်ပဲရှိအုံးမယ်။ သူတို့ဘယ်ကလဲဆိုတာတော့မသိဘူး။ ” လို့ ဖြစ်စဥ်သိရှိသူကပြောပါတယ်။ ယာဥ်တိုက်မှုအတွင်း သေဆုံးခဲ့သူတွေနဲ့ ထိခိုက်ဒဏ်ရာရ ရှိသူတွေကိုတော့ ပဲခူးဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့သိရပါတယ်။ ဇူလိုင် ၂၄ ရက်နေ့ကလည်း…
Read Moreမော်ချီးမှာ လေကြောင်းတိုက်ခံရလို့ ၁၇ ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေရှိနေ
ဩဂုတ် ၁၇ ၊ ၂၀၂၅ GG(VOM) ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသမှာ ဒီနေ့ တရက်တည်း လေကြောင်းနှစ်ကြိမ် တိုက်ခိုက်ခံခဲ့ရပြီး လူ ၁၇ ယောက် သေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိနေတယ်လို့ ကနဦးသတင်းအရသိရပါတယ်။ ဒီနေ့ ဩဂုတ် ၁၇ ရက်နေ့ မနက် ၈ နာရီလောက်မှာက မော်ချီးဒေသ၊ လိုခါးလိုရွာရှိဆေးရုံပေါ်ကို ပထမကြိမ် လေကြောင်းဗုံးကြဲခံရပြီး နေ့လယ် ၁၂ နာရီလောက်မှာ မော်ချီးဒေသ၊ ၁၆ ကုန်းကို ဒုတိယအကြိမ်လေကြောင်းတိုက်ခိုက်ခံခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။ ” ဒုတိယအကြိမ်ကြဲခံရတာမှာ လက်ရှိ အလောင်း ၁၇ လောင်းရထားတယ်။ ဒဏ်ရာရသူလည်းရှိတယ်။ ဒုတိယကြဲခံရတာက မော်ချီး ၁၆ ကုန်း ခြင်းကွင်းစားသောက်ဆိုင် ၊မူကြိုကျောင်းနားတဝိုက်ကြဲသွားတာပါ။ ပထမအကြိမ်က လိုခါးလိုဆေးရုံပေါ်ကျပါတယ်။ ထိခိုက်ဒဏ်ရာရသူနှစ်ယောက်ရှိတယ်။ ဆေးရုံကတော့ တည့်တည့်ကျလို့ ပျက်စီးသွားတယ်။” လို့ စစ်ရှောင်အရေးကူညီပေးနေသူကပြောပါတယ်။ မော်ချီးလေကြောင်းတိုက်ခိုက်ခံရမှုမှာ လိုခါးလိုရွာက…
Read Moreကဆုန်ပေါက်နရီ (၁)
ဆူးငှက် ယခုလက်ရှိ ကျွန်တော်နေထိုင်ရာ အိမ်ကလေးဆီသို့ ရောက်လာသူတိုင်းသည် ပတ်ဝန်းကျင်ကို အကဲခတ်ပြီးသည်နှင့် “ဘာသံမှ မကြားရဘူး၊ တိတ်ဆိတ်နေတာပဲဗျာ၊ စာရေးလို့ကောင်းမှာ” ဟုချည်း ပြောလေ့ရှိသည်။ ဟုတ်သည်။ မျက်နှာချင်းဆိုင်မှာက ကျောပေး ထားသော ပြပေါက် သပြေခြံကြီးတွေ၊ မြောက်ဘက်မှာက လူနေခြံဝင်းကျယ်များ၊ သစ်ခွခြံ သပြေခြံများ၊ တောင်ဘက်မှာလည်း လူနေ ခြံဝင်းကျယ်၊ အရှေ့ဘက်မှာတော့ အိမ်ရာမရှိသေးသော အကွက်ရိုက်ပြီး ကွင်းကျယ်ကြီး။ အရှေ့ဘက်ဆီသို့ ကွင်းကျယ်ကြီးများကို ဖြတ်ကာ မျှော်ကြည့်လိုက်တော့ ရှမ်းရိုးမ ပြာရင့်မှိုင်း အောက်မှာ ရေတံခွန်တောင်၊ ရန်ကင်းတောင်တော်တို့ကား ဝပ်စင်းလှဲလျောင်း။ အိမ်ထဲမှာ ထိုင်နေလျက်ပင်လျှင် တောင်လေက လွင့်ပါမတတ် ဒလဟောတိုက်နေသေး၏။ ဤသို့ ပတ်ဝန်းကျင်တွင် “စာရေးလို့ကောင်းမှာ” ဟူသော လာသမျှပုဂ္ဂိုလ်၏ ဆန္ဒစကားများက ကျွန်တော့်ကို တဝုန်းဝုန်း ရိုက်ပုတ်နေသလို ခံစားရ၏။ စာရေးလို့ကောင်းမှာဟူသော နေရာလေးရောက်ပါမှ ဝတ္ထုတစ်ပုဒ်တလေမျှပင် ထွက်မလာတော့။ လစဉ်…
Read Moreယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ထရန့်-ပူတင် ထိပ်သီးဆွေးနွေးပွဲ သဘောတူညီချက်မရဘဲ ပြီးဆုံး
ဝါရှင်တန်၊ ဩဂုတ်-၁၆-၂၀၂၅ မျိုးဆက်(VOM) ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ အလာစကာမှာပြုလုပ်တဲ့ ထိပ်သီးဆွေးနွေးပွဲဟာ သဘောတူညီချက် တစုံတရာမရရှိဘဲ ပြီးဆုံးသွားပါတယ်။ အဲဒီအစည်းအဝေးအပြီးမှာ မီဒီယာတွေကို သူတို့နှစ်ဦးက အချိန်ခဏသာ ရှင်းလင်းပြောကြားခဲ့ပြီး အချို့အကြောင်းအရာတွေမှာ တိုးတက်မှုရှိခဲ့တယ်လို့ ပြောခဲ့ပေမယ့် အသေးစိတ်အချက်အလက်တွေကိုတော့ မဖော်ပြခဲ့ပါဘူး။ သုံးနာကြီးကြာ အစည်းအဝေးပြီးနောက် သာမန်အချိန်တွေမှာ စကားများများ ပြောတတ်တဲ့ ဒေါ်နယ်ထရန့်ကလည်း သတင်းထောက်တွေရဲ့မေးခွန်းတွေကို လျစ်လျူရှုခဲ့ပါတယ်။ “ကျွန်တော်တို့သဘောတူညီတဲ့ အချက်တွေအများကြီးရှိခဲ့ပါတယ်။ အဓိကကိစ္စတွေ မပြီးမြောက်သေးပေမယ့် တိုးတက်မှုတော့ရှိခဲ့ပါတယ်” လို့ ထရန့်ကပြောပါတယ်။ “စာချုပ်မချုပ်မချင်း သဘောတူညီချက် ဘာမှမရှိဘူး” လို့လည်း သူကထပ်ပြောပါတယ်။ ဥရောပမှာ နှစ်၈၀အတွင်း အသေအပျောက်အများဆုံးဖြစ်တဲ့ ဒီစစ်ပွဲကို ရပ်တန့်ဖို့ ဒါမှမဟုတ် ပူတင်နဲ့ ယူကရိန်းသမ္မတ ဇယ်လင်စကီးတို့ကြား နောက်ထပ်တွေ့ဆုံမှုခုဖြစ်ဖို့ ဘယ်လို အရေးပါတဲ့ သဘောတူညီချက်မှ ထွက်မလာခဲ့ပါဘူး။ ပူတင်ကတော့ ယူကရိန်းနဲ့…
Read Moreပါကစ္စတန်မှာ ရေကြီး ၊ မြေပြိုမှုတွေကြောင့် (၂၄) နာရီအတွင်း လူ ၂၀၀ နီးပါး သေဆုံး
အစ္စလာမ္မာဘတ်၊ ဩဂုတ်-၁၆-၂၀၂၅ ရတီ(VOM) ပါကစ္စတန်နဲ့ ပါကစ္စတန် ထိန်းချုပ်ထားတဲ့ကက်ရှ်မီးယားဒေသတွေမှာ မုတ်သုံမိုးကြောင့် ရေကြီးမှုနဲ့မြေပြိုမှုတွေဖြစ်ပွားခဲ့ပြီး ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း လူ ၂၀၀ နီးပါး သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ Khyber Pakhtunkhwa ပြည်နယ်မှာ ၁၈၀ ယောက် ၊ ပါကစ္စတန်ထိန်းချုပ်ထားတဲ့ကက်ရှ်မီးယားဒေသမှာ ကိုးယောက် ၊ ဂီဂျစ်- ဘော်လ်တစ္စတန်ဒေသမှာ ငါးယောက်သေဆုံးခဲ့ပါတယ်။ ပြည်နယ်တွင်းမှာ နေအိမ် ၃၀ကျော်ပျက်စီးခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေအတွင်း ရဟတ်ယာဉ်တစင်းပျက်ကျခဲ့ကာ အမှုထမ်းငါးယောက် သေဆုံးခဲ့ပါတယ်။ ။ ရဟတ်ယာဉ်ဟာ ဆိုးရွားတဲ့ရာသီဥတုကြောင့် ပျက်ကျတာဖြစ်တယ်လို့ ပြည်နယ်ဝန်ကြီးချုပ်က ပြောပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ အမ်-၁၇ အမျိုးအစား ရဟတ်ယာဉ်ဟာ အာဖဂန်နဲ့နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဘက်ဂျာဒေသကို ပျံသန်းစဉ် ပျက်ကျခဲ့တာပါ။ နိုင်ငံအနောက်မြောက်ပိုင်းမှာ ဩဂုတ် ၂၁ ရက်ထိ မိုးသည်းထန်စွာရွာသွန်းမယ်လို့ မိုးလေဝသဌာနက သတိပေးထားပြီး ဒေသအများအပြားကို…
Read More