အက်ရှင်မင်းသားကြီး ဂျက်လီ အသေးစားခွဲစိတ်မှုအတွက် ဆေးရုံတက်ခဲ့ရ

စင်ကာပူ၊ ဩဂုတ်-၁၉-၂၀၂၅
ရတီ(VOM)
သရုပ်ဆောင်မင်းသားကြီး ဂျက်လီဟာ ဆေးရုံတက်နေရတဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေတင်ခဲ့ပြီးနောက် သူ့ရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး ပရိသတ်တွေရဲ့ စိုးရိမ်မှုတွေ တိုးပွားနေပါတယ်။
သြဂုတ် ၁၇ ရက်က ၆၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂျက်လီဟာ သူဆေးရုံကုတင်ပေါ်မှာ ရောက်နေတဲ့ ဓါတ်ပုံကို လူမှုကွန်ရက်မှာ တင်ခဲ့ပြီး မကြာသေးမီက မျှော်လင့်မထားတဲ့ စိန်ခေါ်မှုတခုကြုံတွေ့ခဲ့ရတယ်လို့ ရေးသားခဲ့ပါတယ်။
အခြားဗီဒီယိုတခုမှာတော့ ဂျက်လီကို ခွဲစိတ်ခန်းသို့ တွန်းလှည်းနဲ့ ပို့နေချိန်မှာ အနီရောင်ဦးထုပ် ဝတ်ဆင်ထားတဲ့ ဂျက်လီကို တွေ့ရမှာဖြစ်ပါတယ်။ ခွဲစိတ်မှုအပြီးမှာတော့ ဆေးရုံအိပ်ယာပေါ်ထိုင်လျက် သူ့အဖွဲ့နဲ့ တွေ့ဆုံနေတာကိုလည်း တွေ့ရပါတယ်။
အားအင်ပြည့်၀ပြီး တက်ကြွလာတယ်လို့ ခံစားရကြောင်း ဂျက်လီက ပြောပါတယ်။ အရမ်းစိုးရိမ်စရာမလိုဘူးလို့ သူ့ရဲ့ လူမှုကွန်ရက် Weibo ဂျက်လီက ရေးသားထားပါတယ်။ရုပ်ပိုင်းဆိုင်ရာ ပြဿနာအနည်းသယ်ရှိတာကြောင့်လို့ ဆိုပါတယ်။
လူတိုင်းရဲ့ စိုးရိမ်မှုတွေအတွက် ကျေးဇူးတင်ရှိပြီး အရမ်းစိုးရိမ်စရာ မလိုကြောင်းနှင့် လူတိုင်းရဲ့စိုးရိမ်မှုအတွက် ကျေးဇူးတင်ကြောင်းနှင့် အနည်းငယ် အနားယူနေတယ်လို့ တရုတ်မွေးဖွား စင်ကာပူနိုင်ငံသားဖြစ်သူ အက်ရှင်မင်းကြီး ဂျက်လီက ပြောပါတယ်။
သြဂုတ် ၁၈ ရက်က Weibo မှာနောက်ထပ်ပို့စ်တင်ခဲ့ပြီး ခေါက်ဆွဲစားနေတဲ့ ဓာတ်ပုံနဲ့အတူ ဆေးရုံကဆင်းပြီဖြစ်ကြောင်းနဲ့ ပရိသတ်တွေရဲ့ ဆုမွန်ကောင်းတောင်းချက်တွေအတွက် ကျေးဇူးတင်တယ်လို့ သူက ရေးသားထားပါတယ်။
လူတိုင်း ကျန်းမာ ငြိမ်းချမ်း ပျော်ရွှင်ပါစေ လို့ ဂျက်လီက ဆုတောင်းပေးခဲ့ပါတယ်။ထိုင်ဝမ်သတင်းစာ The China Times ရဲ့ အဆိုအရ ဂျက်လီဟာ သေးငယ်တဲ့ အကျိတ်အလုံးကို ဖယ်ရှားဖို့ ဆေးရုံတက်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
မကြာသေးမီ နှစ်တွေအတွင်းကလည်း အက်ရှင်မင်းသားကြီး ဂျက်လီရဲ့ ကျန်းမာရေး အခြေအနေတွေနဲ့ပတ်သက်ပြီး ကောလဟလတွေ ထွက်ပေါ်ခဲ့ပြီး ပရိတ်သတ်တွေကြားမှာ စိုးရိမ်မှုတွေ မြင့်တက်ခဲ့ပါတယ်။
Ref:CNA
Photo: Douyin,Weibo/Jet Li

Related posts

Leave a Comment

VOM News

FREE
VIEW