မွမ်ဘိုင်းမှာ ရေကြီးရေလျှံ အကြီးအကျယ်ဖြစ်ပွားနေ

မွမ်ဘိုင်း၊ ဩဂုတ်-၂၀-၂၀၂၅
မျိုးဆက်(VOM)
အိန္ဒိယ၏ စီးပွားရေးမြို့တော်ဖြစ်သော မွမ်ဘိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် ရေကြီးရေလျှံမှုတွ အကြီးအကျယ် ဖြစ်ပွားနေပြီး လမ်းတွေရေမြှုပ်နေကာ မြို့ခံသန်းပေါင်းများစွာ ရေဘေးသင့်နေပါတယ်။
ရေကြီးရေလျှံမှုတွေကြောင့် လေယာဉ်နဲ့ ရထား ခရီးစဉ်တွေ နှောင့်နှေးပြီး အများအပြား ဖျက်သိမ်းခဲ့ရပါတယ်။ မြို့ရဲ့ နေရာအများအပြားမှာ ခါးအထိရေဝင်ရောက်နေပြီး ရေလျှံနေတဲ့ လမ်းတွေပေါ်မှာ မြို့ခံတွေ သွားလာနေတာတွေနဲ့ မြောင်းတွေထဲက အမှိုက်တွေ များစွာကိုလည်း ရုပ်သံမှတ်တမ်းတွေမှာ တွေ့ရပါတယ်။
ရေကြီးရေလျှံမှုကြောင့် လမ်းခရီးတဝက်မှာ ပိတ်မိနေသူ ၆၀၀ နီးပါးကို ကယ်တင်ခဲ့ပါတယ်။ ကျောင်းနဲ့ ကောလိပ်အများစုကတော့ ပိတ်ထားဆဲဖြစ်ပါတယ်။ မြို့ရဲ့ မြေနိမ့်ရာဒေသတွေက လူ ၃၅၀ ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးထားရပါတယ်။
အိန္ဒိယမိုးလေဝသဌာနက မြို့နဲ့ အနီးတစ်ဝိုက်ရှိခရိုင်တွေအတွက် အနီရောင်သတိပေးချက်ထုတ်ပြန်ထားပြီး ဒီကနေ့မှာ အလွန်ပြင်းထန်သောမိုးရွာသွန်းမယ်လို့ ခန့်မှန်းထားပါတယ်။ မွမ်ဘိုင်းတည်ရှိတဲ့ မဟာရာရှထရာပြည်နယ်မှာ အခုလို မုတ်သုံမိုးရွာသွန်းတာဟာ ပုံမှန်ဖြစ်ပေမယ့် ဒီတကြိမ်မှ‌တော့ ပိုမိုပြင်းထန်တယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။
လေးရက်အတွင်း မွမ်ဘိုင်းမှာ မိုးရေချိန် ၈၀၀ မီလီမီတာထိ ရွာသွန်းခဲ့ပြီး ဒါဟာ ဩဂုတ်လ ပျှမ်းမျှ မိုးရေချိန်ထက် သိသိသာသာ ကျော်လွန်နေပါတယ်။ ပြည်နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ ဆက်နွယ်ပြီး လေးရက်အတွင်း လူ ၂၁ ယောက် သေဆုံးခဲ့ပါတယ်။
သန်းပေါင်းများစွာသောခရီးသွားတွေ အတွက် အဓိကအားထားရာ မွမ်ဘိုင်းမြို့ကနေ ကျေးလက်ကိုပြေးဆွဲတဲ့ ရထားတွေဟာလည်း နှောင့်နှေးကြန့်ကြာမှုများကြုံတွေ့နေရပြီး လူထောင်ပေါင်းများစွာ ရထားဘူတာတွေ သောင်တင်နေကြပါတယ်။
မြို့ရဲ့ နိုင်ငံတကာလေဆိပ်မှာလည်း လေယာဉ်ခရီးစဉ်တွေ ထိခိုက်ခဲ့ပြီး ရက်အနည်းငယ်အတွင်း လေကြောင်းခရီးစဉ် ၅၀ ကျော်ဖျက်သိမ်းခဲ့ရတယ်လို တာဝန်ရှိသူတွေက ပြောပါတယ်။ အိမ်နီးချင်း ပါကစ္စတန်မှာတော့ ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေကြောင့် မကြာသေးမီ သီတင်းပတ်တွေအတွင်း လူ ၄၀၀ နီးပါး သေဆုံးခဲ့ပါတယ်။
Ref:BBC
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW