ကိဗ်ယက်၊ ဩဂုတ်-၂၁-၂၀၂၅
ရတီ (VOM)
ရုရှားဟာ ယူကရိန်းအနောက်ပိုင်းကို ဒရုန်း၊ ဒုံးကျည်ရာပေါင်းများစွာနဲ့ တိုက်ခိုက်ခဲ့ပြီး မကြာသေးမီ သီတင်းပတ်တွေအတွင်း အပြင်းထန်ဆုံးသော တိုက်ခိုက်မှုတွေထဲ့ တခုလို့ ယူကရိန်းတာဝန်ရှိသူတွေက ပြောပါတာ်။
ဇာပိုရစ်ဇီးယား၊ ဒီနီပရိုပက်ရော့ဗ်နဲ့ လာဗစ်တို့မှာ ထိခိုက်မှုတွေရှိပြီး လူတယောက် သေဆုံးခဲ့ပါတယ်။ ရုရှားဟာ တိုက်ခိုက်မှုတွေအတွင်း ဒရုန်းနဲ့ ဒုံးကျည် ၆၀၀ အနက် ၅၇၇ စင်းကို ကြားဖြတ်ဖျက်ဆီးနိုင်ခဲ့တယ်လို့ ယူကရိန်းစစ်တပ်က ပြောပါတယ်။
ဒီထဲမှာ ဒရုန်းတွေ ၊အသံထက်မြန်တဲ့ ပဲ့ထိန်းဒုံးကျည်တွေနဲ့ ခရုဇ်ဒုံးကျည်တွေလည်း ပါဝင်တယ်လို့ ယူကရိန်းစစ်တပ်က ပြောပါတယ်။ ဒုံးကျည်တွေအနက် တခုဟာ အနောက်ဘက်စွန်းဒေသရှိ အမေရိကန်အီလက်ထရွန်းနစ်ပစ္စည်းထုတ်လုပ်တဲ့ ကုမ္ပဏီကို ထိမှန်သွားခဲ့ပြီး ဆိုးရွားစွာပျက်စီးမှုနဲ့ အသေအပျောက်တွေဖြစ်ခဲ့တယ်လို့ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
တိုက်ခိုက်မှုတွေဟာ စစ်ပွဲကို အဆုံးသတ်ဖို့ သံတမန်ရေးရာ ကြိုးပမ်းမှုတွေနဲ့ ပိုမိုအားကောင်းတဲ့ လေကြောင်းရန် ကာကွယ်ရေးစနစ်တွေ လိုအပ်နေတယ်ဆိုတာ ထင်ရှားတယ်လို့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး အန်ဒရေဆိုင်ဘီဟာက ပြောပါတယ်။
ဒီတိုက်ခိုက်မှုဟာ ပူတင်နဲ့ဆွေးနွေးပွဲအတွက် ဆွစ်ဇာလန်၊ သြစတြီးယား ၊ တူရကီတို့မှာ ဖြစ်နိုင်တယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ထုတ်ဖော်ပြောကြားပြီးနောက် ဖြစ်ပွားခဲ့တာပါ။ ဒေါ်နယ်ထရန့်နဲ့ ပူတင်တို့ အလာစကာမှာ ထိပ်သီးဆွေးနွေးပြီးနောက် သုံးပွင့်ဆိုင် ဆွေးနွေးပွဲ အလားအလာတွေ ထွက်ပေါ်နေပါတယ်။
ဇီလန်စကီးကလည်း ပူတင်ကို တွေ့ဖို့ ဆန္ဒရှိတယ်လို့ ဆိုပါတယ်။ ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီး ကတော့ က ဘူ ဒါပက် ကို ထိပ်သီးဆွေးနွေးပွဲအတွက် ဖြစ်နိုင်ချေရှိတဲ့ နေရာအဖြစ် ကမ်းလှမ်းခဲ့ပါတယ်။ ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဗန်ဟာ ရုရှားနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိပြီး ယခင်က ယူကရိန်းကိုထောက်ပံ့ဖို့ ဥရောပရဲ့ ကြိုးပမ်းမှုတွေမှာ အဟန့်အတားတွေကြောင့် ကြားနေအဖြစ် ရှုမြင်ခံမထားရပါဘူး။
Ref:BBC