ဧရာဝတီတိုင်း တိုက်ပွဲရှိတဲ့ဒေသ​တွေမှာ စက်သုံးဆီဈေး အဆမတန်မြင့်တက်နေ

စက်တင်ဘာ၊ ၆-၂၀၂၅
KKL(VOM)
ဧရာဝတီတိုင်းထဲက တိုက်ပွဲဖြစ်နေတဲ့ ဒေသတွေမှာစက် သုံးဆီဈေးနှုန်း တလီတာကိုကျပ် ၈၅၀၀ ကျော်အထိမြင့်တက်လာတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
လေးမျက်နှာ၊ ရေကြည် ၊ သာပေါင်း အင်္ဂပူစတဲ့ တိုက်ပွဲ ဖြစ်ပွားမှုရှိနေတဲ့ကျေးရွာတွေမှာ လက်ရှိ စက်သုံး ဆီတလီ တာကိုကျပ် ၈၅၀၀ အထိဈေးတက်လာပြီး တိုက်ပွဲတွေ မဖြစ်ခင်ကစက်သုံးဆီတလီတာကျပ် ၃၀၀၀ ဝန်းကျင် အထိသာဈေးပေါက်ခဲ့တယ်လို့ ဆိုပါတယ်။
”ဒီဘက်မှာ ဘယ်ဆိုင်ဝယ်ဝယ် ၈၅၀၀ နဲ့အထက်မှာပဲ။ များများလည်းဝယ်မရဘူး။ စက်သုံးဆီတွေနဲ့စားသောက်ကုန်တွေကို အကန့်အသတ်နဲ့ပဲသယ်ယူခွင့်ပြုထားလို့ ဒီဘက်မှာဈေးထိုးတက်နေတာ။”လို့ လေးမျက်နှာမြို့နယ်က ဒေသခံတယောက်ကပြောပါတယ်။
လေးမျက်နှာ၊ ရေကြည် ၊ သာပေါင်းနဲ့ အင်္ဂပူစတဲ့တိုက်ပွဲဖြစ်ပွားမှု ရှိနေတဲ့မြို့နယ်တွေထဲက ကျေးရွာတွေမှာလက်ရှိ စက်သုံး ဆီတလီတာကိုကျပ် ၈၅၀၀ အထိဈေးတက်လာ တဲ့အပြင်လိုသလောက်မရဖြစ်နေပြီး ရေသန့်ဗူးနဲ့ရောင်းတဲ့ အရပ်ထဲကဆိုင်တွေမှာသာ ဝယ်နေရတယ်လို့ ဆိုပါတယ်။
”ငသိုင်းချောင်းမြို့အထွက် ပုသိမ် – မုံရွာလမ်းနဲ့ ငသိုင်း ချောင်း – ဂွ လမ်းဆုံမှာရှိတဲ့ရေနံသာဂိတ်မှာကုန်စည် သယ်ယူတာကိုသက်ဆိုင်ရာက နေ့တိုင်းစစ်ဆေးနေတာ။တဖက်ကိုကုန်စည်မရောက်အောင်တားမြစ်တဲ့သဘောပါ့။
လေးမျက်နှာဘက်ကရွာတွေကိုလည်း တင်းကျပ်ထားတယ်။ ရေကြည်ကနေ တိုက်ပွဲရှိတဲ့ဘက် ဘာမှသယ်ခွင့်မပေးဘူး။”လို့ ရေကြည်မြို့ခံ လုပ်ငန်း ရှင် တယောက်ပြောပါတယ်။
တပ်နဲ့ ဒေသတွင်း လက်နက်ကိုင်တပ်တွေဟာ ဧရာဝတီ တိုင်းထဲကရေကြည်မြို့နယ် ၊ သာပေါင်းမြို့နယ်၊ လေးမျက် နှာမြို့နယ် ၊အင်္ဂပူစတဲ့မြို့နယ်တွေမှာ တိုက်ပွဲဖြစ်ပွားမှုတွေ ရှိနေတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
ဒါ့အပြင် လတ်တလောအနေနဲ့ ဒေသတွင်း လက်နက်ကိုင် တပ်ဖွဲ့ AA နဲ့ နလအတပ်တို့ ဧရာဝတီတိုင်း၊ ရေကြည် မြို့နယ် ငါးသိုင်းချောင်းမြို့က အမြောက်တပ်ရင်း ၃၄၄ အနီးမှာတိုက်ပွဲဖြစ်နေတယ်လို့ ဆိုပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW