မြစ်ရေတိုက်စား ကမ်းပါးပြိုလို့ ပခုက္ကူက ရွာနှစ်ရွာ အိမ်ဖြိုဖျက်ပြီး ရွာလုံးကျွတ် ပြောင်းရွှေ့နေရ

စက်တင်ဘာ ၂၃၊ ၂၀၂၅ GG (VOM) ပခုက္ကူမြို့နယ်ထဲမှာ ဧရာဝတီမြစ်ရေတိုက်စားမှုဆိုးရွားလာတဲ့အခြေအနေ ကြောင့် သိမ်ကုန်းရွာနဲ့ မရိုးကုန်းရွာ နှစ်ရွာမှာရှိတဲ့ နေအိမ် ၂၀၀ ကျော် ဘေးလွတ်ရာကို ရွှေ့ပြောင်းရမှာဖြစ်တယ်လို့ ကူညီဆောင်ရွက်ပေးနေသူဆီကသိရပါတယ်။ ဧရာဝတီမြစ်ရေတိုက်စားပြီး မြစ်ကမ်းပါးတွေ အဆက်မပြတ်ပြိုကျလာ တာကြောင့် ကျေးရွာ အတွင်းရှိနေအိမ်တွေ ၊ စာသင်ကျောင်း ၊ ဘုန်းတော်ကြီးကျောင်းအားလုံး ရွာလုံးကျွတ် ဘေးလွတ်ရာကို ရွှေ့ပြောင်းကြရတာဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာ အဆိုပါကျေးရွာနှစ်ခုမှ နေအိမ် ၃၀ ကျော်လောက်သာ ရွှေ့ပြောင်းနိုင်မှုရှိကြောင်း ၊ ကျန်တဲ့နေအိမ်တွေကို ဒေသခံတွေပူးပေါင်းပြီး ဆက်လက်ဖြိုဖျက်ကာ ပြောင်းရွှေ့နေကြဆဲဖြစ်တယ်လို့သိရပါတယ်။ ” မြစ်ကမ်းပါပြိုတဲ့ထဲအိမ်ပါတာတော့မရှိသေးဘူး။အိမ်တွေကဖျက်နေတာမပြီးသေးဘူး။အခုမှ အိမ်၃၀ ကျော်လောက်ပဲပြီးသေးတယ်။အိမ်တွေကနှစ်ရွာလုံးကအကုန်ရွှေ့ရမှာပါ။နေလို့မရတော့ဘူး။အခုအိမ်တွေဖျက်ပြီး နီးစပ်ရာမှာတဲလေးထိုးနေကြတယ်။အိမ်တွေဖျက်ပြီးပုံထားပေါ့။အိမ်ရွှေ့တာကတော့ ကိုယ့်အိမ်ကိုယ့်ဘာသာဖျက်ပေါ့။ရွာနီးခြောက်စပ်ကလာကူကြပေါ့။” လို့ ကူညီဆောင်ရွက်ပေးနေသူက ပြောပြပါတယ်။ လက်ရှိမှာ ဖြိုဖျက်ပြီးပြောင်းရွှေ့ဖို့ကျန်နေသေးတဲ့ အိမ်တွေကို အမြန်ရွှေ့ပြောင်းဖို့ လိုအပ်နေသလို ပြောင်းရွှေ့ရတဲ့ အိမ်ထောင်စုတွေအတွက် ကျေးရွာအသစ်တည်ပြီး နေထိုင်ဖို့…

Read More

ဒိန်းမတ်နဲ့ နော်ဝေမှာ အကြီးစားဒရုန်းတွေ ပျံသန်းလာမှုကြောင့် အဓိကလေဆိပ်တွေ ပိတ်ခဲ့ရ

ကိုပင်ဟေဂင်၊ စက်တင်ဘာ-၂၃-၂၀၂၅ မျိုးဆက်(VOM) ဒိန်းမတ်နဲ့ နော်ဝေနိုင်ငံတို့ဟာ တနင်္လာနေ့ညနေပိုင်းက အကြီးစားဒရုန်းတွေ ပျံသန်းမှုကို တွေ့ရှိပြီးနောက် အဓိကလေဆိပ်ကြီးတွေကို ပိတ်ခဲ့ရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ကိုပင်ဟေဂင်လေဆိပ်အနီးတဝိုက်တွင် တွေ့ရတဲ့ ဒရုန်းအမျိုးအစားနဲ့ အရေအတွက်ကို ဒိန်းမတ်ရဲတပ်ဖွဲ့က အတည်ပြုနိုင်ခြင်းမရှိပေမယ့်လည်း ဒီဒရုန်းတွေကို စွမ်းရည်ပြချင်တဲ့ ပုံစံမျိုး မောင်းနှင်ခဲ့ခြင်းဖြစ်နိုင်ကြောင်း သတင်းထောက်တွေကို ပြောပါတယ်။ ဒရုန်းတွေ ပျံသန်းမှုကို တုံ့ပြန်သည့်အနေနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေက တုံ့ပြန်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒါပေမယ့်လည်း ဒရုန်းတွေဟာ အန္တရာယ်ဖြစ်စေဖို့ ရည်ရွယ်ချက်ကြောင်း ညွှန်ပြနေတဲ့ အချက်အလက် မရှိဘူးလို့ ဆိုပါတယ်။ ဒရုန်းတွေဟာ ရုရှားက စေလွှတ်တာ ဟုတ်မဟုတ် သတင်းထောက်တွေရဲ့ မေးမြန်းမှုကိုတော့ တနင်္လာနေ့က ဒိန်းမိတ် ဒုရဲတပ်ဖွဲ့မှူး ဂျာကုပ်ဟန်ဆန်က အတည်ပြုခြင်း သို့မဟုတ် ငြင်းဆိုခြင်း မပြုနိုင်ကြောင်း ပြောပါတယ်။ နောက်ပိုင်း လူမှုကွန်ရက်ပို့စ်တခုမှာတော့ ယူကရိန်းသမ္မတ ဇီလန်းစကီးက…

Read More

သူတို့အိမ် အခန်း – ၁၁

  ဆူးငှက်   အမေ့ရင်ခွင် ———— ကျွန်တော် ကလေးဘ၀ က အဘကပဲ အတူနေ ထိန်းကျောင်းသလား၊ အမေ့အနားကော မကပ်ဘူးလားဟု မေးစရာရှိပါသည်။ မဟုတ်ပါ။ အဘ က အပြင်ပွဲလမ်းသွားသည့်အခါ ကျွန်တော် က အမြဲလိုက်ပါရသည်။ ကျန်သည့် အချိန်များတွင် ဈေးရောင်းထွက်ချိန်မှလွဲ၍ အမေ့ဘေးမှာပဲ တွဲလောင်းခိုနေတတ်သည်။ အမေက မနက် ၇နာရီလောက်တွင် ဆီဗျပ်ခေါင်းပေါ်တင်ပြီး ဈေးရောင်းထွက်သည်။ ထို့အတူ အဘ ကလည်း ဆီပုံး၂လုံး ထမ်းပိုးလျှို ထမ်းကာ ဈေးရောင်းသည်။   ကျွန်တော်ကို အတူနေ အစ်မကြီးအိမ်ထောင်သည်က မျက်နှာသစ် မုန့်ကျွေးသည်။ မနက် ၉နာရီလောက် အဘ က ဈေးရောင်းက ပြန်လာသည်။ အမေကတော့ ဖြည်းဖြည်းဆေးဆေး ရောင်းကာ အရပ်ထဲက ဖောက်သည်တွေ အိမ်မှာ နားနားနေနေနှင့်မို့ မွန်းတည့်လောက်မှ ပြန်လာသည်။ မလွန်ထဲက…

Read More
VOM News

FREE
VIEW