ဖေဖော်ဝါရီ ၁၈၊ ၂၀၂၅ ZY(VOM) ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း ကျင်းပပြုလုပ်ခဲ့တဲ့ တန်ဆောင်တိုင် ပွဲကာလအတွင်းက ဖမ်းဆီးထားတဲ့ ဆိုင်ကယ်အစီးရေ ရာချီအနက် ဆိုင်ကယ်အချို့ကို ဒီကနေ့ ဖေဖော်ဝါရီလ၊ တတိယပါတ်အတွင်း ပြန်မထုတ်ပေးဘူးလို့ ဆိုင်ကယ်ဖမ်းဆီးခံရသူတွေထံကနေ သိရပါတယ်။ တန်ဆောင်တိုင်ပွဲကာလအတွင်း ပွဲဧရိယာအတွင်းကို လိုင်စင်မဲ့မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်တွေကို လုံးဝဝင်ခွင့်ပြုမှာ မဟုတ်ကြောင်းနဲ့ စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေတွေနဲ့အညီ အရေးယူခံရမှာဖြစ်တယ်လို့ ဒေသခံအာဏာပိုင်တွေက အသိပေးထားသလို ဆိုင်ကယ်အစီးရေ ရာချီဖမ်းဆီးခံခဲ့ရပြီး မြို့တွင်းလမ်းမတွေမှာပါ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဖမ်းဆီးခံရတဲ့ ဆိုင်ကယ်တွေအနက် လိုင်စင်မဲ့ဆိုင်ကယ်တွေပါဝင်နေသလို လိုင်စင်ပါရှိပေမယ့် ဆိုင်ကယ်ဘက်မှန် မပါတာ၊ စည်းကမ်းမဲ့ရပ်တာ၊ ပါဝါအိတ်ဇောတွေတပ်ဆင်မောင်းနှင်တဲ့ ဆိုင်ကယ်တွေကိုပါ ဖမ်းဆီးထိန်းသိမ်းထားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ “ဆိုင်ကယ်က လိုင်စင်ပါတယ်၊ ပါဝါအိတ်ဇောတပ်မောင်းလို့ဆိုပြီး အရှေ့မြို့ပါတ်လမ်းမှာ ဖမ်းခံရတာ။ အဲဒီကတည်းက တောက်လျှောက်သွားထုတ်တာ။ အကြောင်းအမျိုးမျိုးပြပြီး မထုတ်ပေးသေးဘူး။ တခြား ထုတ်လို့မရသေးတဲ့…
Read MoreYear: 2025
မတ္တရာမြို့နယ် အရှေ့ခြမ်းမှာ တိုက်ပွဲပြင်းထန်နေပြီး နှစ်ဖက်ထိခိုက်မှုတွေရှိ
ဖေဖော်ဝါရီ ၁၈ – ၂၀၂၅ SN (VOM) မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အရှေ့ခြမ်းမှာ နစကတပ်နဲ့ ဒေသတွင်း လက်နက်ကိုင်တပ်တွေကြား တိုက်ပွဲ ပြင်းထန်နေပြီး နှစ်ဖက် ထိခိုက်၊ သေဆုံးမှုတွေလည်း ရှိနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ လက်ရှိမှာ နစကတပ်က မတ္တရာမြို့ကို ပြန်လည် ထိန်းချုပ်နိုင်ဖို့ ထိုးစစ်ဆင်နေတာဖြစ်ပြီး ဒေသတွင်း လက်နက်ကိုင်တပ်တွေနဲ့ တိုက်ပွဲ ဖြစ်ပွားလျက်ရှိတာမှာ လေကြောင်း တိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ “လေကြောင်း တိုက်ခိုက်မှုဖြစ်တာက ပြီးခဲ့တဲ့ နှစ်ရက်အတွင်းမှာပဲ ခြောက်ကြိမ်လောက်ရှိတယ်။ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေလည်း ရှိတယ်။ ဒရုန်းသုံးပြီး တိုက်ခိုက်တာလည်း ရှိတယ်။ အခုဖြစ်နေတဲ့ တိုက်ပွဲတွေမှာ လူထိခိုက် သေဆုံးမှုတွေလည်း ရှိတယ်လို့ သိရတယ်။ ထိခိုက်၊ သေဆုံး လူဦးရေအတိအကျကတော့ စစ်ရေးအခြေအနေကြောင့် လတ်တလော ပြောဖို့ခက်တယ်။…
Read Moreပုဂံမှာ တရားရုံးထုတ် လုံခြုံရေးယူတဲ့ရဲတပ်ဖွဲ့ဝင်တွေ သေနတ်နဲ့ အပစ်ခံရလို့ နှစ်ယောက်သေဆုံး
ဖေဖော်ဝါရီ ၁၈ – ၂ဝ၂၅ KKO(VOM) မန္တလေးတိုင်းဒေသကြီး၊ညောင်ဦးမြို့နယ်အတွင်းက ပုဂံမြို့မှာ တရားရုံးထုတ်လုံခြုံရေးယူဖို့ထွက်လာတဲ့ ရဲတပ်ဖွဲ့ဝင်တွေသေနတ်နဲ့ အပစ်ခံရလို့ ရဲတပ်ဖွဲ့ဝင်နှစ်ယောက်သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ ပစ်ခတ်ခံရသူတွေဟာ ပုဂံနယ်မြေရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့ ဒေသတွင်းသတင်းတွေနဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာနဲ့ နီးစပ်သူတွေက ဆိုပါတယ်။ ဖြစ်စဉ်ဟာ ယနေ့ ဖေဖော်ဝါရီ ၁၈ ရက်၊နံနက် ၉ နာရီ ၂ဝ အချိန်မှာ ပုဂံနယ်မြေရဲစခန်းက ဒုရဲအုပ် ဝါဝါထွန်း ဦးစီးတဲ့ ရဲတပ်ဖွဲ့ဝင် သုံးယောက်ဟာ ညောင်ဦးမြို့နယ်၊ တရားရုံးထုတ် လုံခြုံရေးဆောင်ရွက်ဖို့အတွက် မော်တော်ဆိုင်ကယ် နှစ်စီးနဲ့ ထွက်ခွာလာရာ ညောင်ဦးမြို့၊အမှတ်(၇) ရပ်ကွက်၊ ဝက်ကြီးအင်းရပ်ကွက်၊ အလိုတော်ပြည့်ဘုရားအနီး၊ အနော်ရထာလမ်းမကြီးဘေး အရောက်မှာ အိမ်စီးကား Honda Fit (အရောင်စိစစ်ဆဲ)ပေါ်ကနေ ပြောက်ကျားဝတ် အမျိုးသား လေးယောက်က သေနတ်နဲ့ ပစ်ခတ်သွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အမည်မသိလက်နက်ကိုင်အဖွဲ့ရဲ့ သေနတ်နဲ့ အပစ်ခံရလို့…
Read Moreပုပ်ရဟန်းမင်းကြီးဖရန့်စစ် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကြောင့် ဆေးရုံတင်ထားရ
ဗာတီကန်၊ ဖေဖော်ဝါရီ-၁၈-၂၀၂၅ ရတီ (VOM) ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာနဲ့ပတ်သက်ပြီး ဆေးရုံဆက်လက်တက်ရောက်နေရကြောင်း ဗာတီကန်က ထုတ်ပြန်လိုက်ပါတယ်။ ပုပ်ရဟန်းမင်းကြီးဟာ ဖေဖော်ဝါရီ ၁၄ ရက်ကတည်းက ရောမမြို့ရှိ ဆေးရုံတတရုံမှာ လည်ချောင်းနာခြင်းအတွက် ကုသမှုများခံယူခဲ့ရပြီး စစ်ဆေးမှုရလဒ်တွေအရ အသက်ရှူလမ်းကြောင်းကူးစက်မှုဆိုင်ရာတွေ တွေ့ရှိခဲ့တာကြောင့် သင့်လျော်တဲ့ ကုထုံးတွေ ပြောင်းလဲခံယူဖို့ လိုအပ်တယ်လို့ ဗာတီကန်က ပြောပါတယ်။ ဆေးရုံဘယ်လောက်ကြာအောင်တက်ရမယ်ဆိုတာ မသိသေးပေမယ် ပုပ်ရဟန်းမင်းကြီးဟာ အဖျားဝေဒနာမရှိဘဲ တည်ငြိမ်တဲ့ အခြေအနေတွင်ရှိနေပြီး စာဖတ်တာ၊ အနားယူတာနဲ့ နေ့စဉ်တာဝန်တွေ လုပ်ဆောင်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အသက် ၈၈ နှစ်အရွယ် ပုပ်ရဟန်းမင်းကြီးဟာ ဆေးရုံမတက်ရမီခင်ကလည်း ရက်အတန်ကြာ လည်ချောင်းနာ ဝေဒနာခံစားခဲ့ရပြီး အခမ်းအနားတွေမှာ ဖတ်ကြားရမယ့် မိန့်ခွန်းတွေကို အခြားတာဝန်ရှိသူတွေထံ လွှဲပြောင်းခဲ့ရတယ်လို့ ဆိုပါတယ်။ လာမယ့် တနင်္ဂနွေနေ့မှာ စိန့်ပီတာရင်ပြင် အပတ်စဉ်ပုံမှန်ဆုတောင်းပွဲနဲ့ အထူးစုဝေးပွဲတခုကို ပုပ်ရဟန်းမင်းကြီး ဦးဆောင်နိုင်မှာမဟုတ်ဘူးလို့…
Read Moreအ.ထ.က (၁) လသာ ကျောင်းဝန်းထဲမှာ အထက်တန်းပြကျောင်းဆရာ ကြိုးဆွဲချသတ်သေမှု ဖြစ်ပွား
ဖေဖော်ဝါရီ ၁၈ – ၂၀၂၅ GG (VOM) ရန်ကုန်တိုင်း၊ လသာမြို့နယ် ၊ အမှတ်(၁၀)ရပ်ကွက်ရှိ ၊ အထက(၁)လသာကျောင်းက အထက်တန်းပြကျောင်းဆရာ မိမိကိုယ်ကိုကြိုးဆွဲချ အဆုံးစီရင်မှု ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ ကျောင်းဆရာက ဒီနေ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့ မနက်အစောပိုင်းမှာ အထက(၁)လသာကျောင်းဝန်းအတွင်းထဲက သူနေထိုင်ရာနေအိမ်အတွင်းမှာပဲ ကြိုးဆွဲချအဆုံးစီရင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ” ကြိုးဆွဲချသေနေတာကို မနက် ၆ နာရီကျော်လောက်မှာမှ တွေ့ကြတာ။ သူကကျောင်းဝန်းထဲမှာပဲနေတဲ့သူပါ။ ဘယ်လိုကြောင့် ခုလိုလုပ်သွားသလဲဆိုတာတော့ မသိကြဘူးပြောတယ်။ ကျွန်တော်တို့ကလည်း သေချာမသိဘူး။ပို့ဆိုလို့ပို့ပေးရုံပဲ။မိသားစု တွေ အကြောင်းကြားထားတယ်တော ့သိရတယ်။ရဲကတော့သေမှုသေခင်းဖွင့်ထားတယ်။ ” လို့ လူမှုကူညီရေးအဖွဲ့ဝင်ကပြောပါတယ်။ မိမိကိုယ်ကို အဆုံးစီရင်ခဲ့တဲ့ အထက်တန်းပြ ကျောင်းဆရာက အသက် ၃၆ နှစ်အရွယ် ဦးမျိုးမင်းဦး ဆိုသူဖြစ်ပြီး လက်ရှိမှာရုပ်အလောင်းကိုတော့ ရန်ကုန်ဆေးရုံကြီးကိုပို့ဆောင်ထားတယ်လို့သိရပါတယ်။ ဖေဖော်ဝါရီ ၁၇ ရက်နေ့ကလည်း မြောက်ဒဂုံမြို့နယ်၊ ၄၃ ရပ်ကွက်မှာနေထိုင်တဲ့…
Read Moreဂေါဝိန်နှင့် ခိုတောင်မုန့်တီ
ဆူးငှက် ၃၅လမ်းရဲ့ အဆုံးသတ်ရာ မြစ်ကမ်းရိုးပေါ်က အနောက်ဘက်ဆီ မျှော်ကြည့် လိုက်တော့ မင်းဝံတောင်ရိုးက တိမ်စိုင် တိမ်လိပ်ကြီးတွေကို စုတ်ချက်ထူထူနဲ့ ကလနားသပ် ပြေးနေတယ်။။ လှိုင်းအနည်းငယ် ရှိတဲ့ ဧရာဝတီမြစ်ပြင်မှာ’ခိုတောင်’ ရွာဆီ ဦးတည်တဲ့ လှေကလေးက စုန်မှာလေလား၊ ဆန်မှာလေလား ခွဲခြား သိဖို့ ခက်ခဲလှဘိ။ တာရိုးအောက်ခြေ တည့်တည့်မှာ ကျောက်ချထားတဲ့ ပင်လုံ နှစ်ထပ်သင်္ဘောကြီးက ဣန္ဒြေရရ ငိုက်မျဉ်းနေလို့။ သူ့ပေါ်ကနေ ဒိုင်ဗင်ထိုးကာ ရေကူးနေသူတွေ။ နှီးပုံးလေးနှင့် အခေါက်ခေါက် အခါအခါ ရေခပ်နေသူတွေ။ သူ့ဝမ်းဗိုက်ဘေးမှာ တဗုံးဗုံး ထုနှက် အဝတ်လျှော်နေသူတွေကို ဂရုမစိုက်အားသေး …။ ဟို … တောင်ဘက် ချော်ဆိပ်ဘက်ဆီမှာ သဲမှုန်တွေ လေအဝှေ့ အုံကြွ ထလို့်။ သဲကားတစ်စီး ကမ်းပေါ် တအိအိတက်လာတယ်။…
Read Moreယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ရုရှား-အမေရိကန် ဆွေးနွေးတော့မယ်
ကိဗ်ယက်၊ ဖေဖော်ဝါရီ-၁၇-၂၀၂၅ မျိုးဆက်(VOM) ယူကရိန်းစစ်ပွဲအဆုံးသတ်ဖို့ ရည်ရွယ်ပြီး လာမယ့်ရက်အတွင်း ဆော်ဒီအာရေဗျမှာကျင်းပမယ့် ရုရှား-အမေရိကန်ဆွေးနွေးပွဲကို ယူကရိန်းတက်ရောက်မှာမဟုတ်ကြောင်း အစိုးရသတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒီဆွေးနွေးပွဲအတွက် ယူကရိန်းကို ဖိတ်ကြားထားတာမရှိဘူးလို့ ဆိုထားပြီး ကိုယ်စားလှယ်စေလွှတ်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။ ယူကရိန်းရဲ့ ဆန္ဒမပါဘဲ ရရှိတဲ့ ယူကရိန်းငြိမ်းချမ်းရေး သဘောတူညီချက်ကို လက်သင့်ခံမှာမဟုတ်ဘူးလို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ကြိမ်ဖန်များစွာ ပြောဆိုပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ နိုင်ငံခြားရေးမူဝါဒ အဓိကအကြံပေးတွေဖြစ်တဲ့ မာကိုရူဘီအို၊ မိုက်ဝေါ့ဇ်နဲ့ စတိဝှခ်အော့တို့ဟာ ဒီနေ့ညမှ ဆော်ဒီအာရေဗျကို သွားရောက်မှာဖြစ်ပါတယ်။ ရုရှား-အမေရိကန်ဆွေးနွေးပွဲအပေါ် တုံပြန်တဲ့အနေနဲ့ ဥရောပခေါင်းဆောင်တွေဟာ မနက်ဖြန် ပြင်သစ်မှာ အရေးပေါ်အစည်းအဝေး ကျင်းပဖို့ရှိနေပါတယ်။ ယူကရိန်းအတွက် လိုအပ်ပါက မြေပြင်တပ်တွေ စေလွှတ်ပြီး လုံခြုံရေးအာမခံချက်အတွက် ပါဝင်ကူညီဖိုပ ပြင်ဆင်ထားကြောင်း အစည်းအဝေးမတိုင်ခင်မှာ ဗြိတိန်ဝန်ကြီးချုပ် စတာမာက ပြောပါတယ်။ ယူကရိန်းမှာ ထာ၀ရငြိမ်းချမ်းရေးရဖို့အတွက် ပူတင်ကိုနောက်ထပ်ရန်လိုမှုတွေကနေ ဟန့်တားဖို့လိုတယ်လို့…
Read Moreမုံရွာ – မန္တလေး – ချောင်းဦးကားလမ်းကို ချောင်းဦး PDF က ယာယီပိတ်
ဖေဖော်၀ါရီ ၊ ၁၇ ၊ ၂၀၂၅ ကျော်ဟိန်း (VOM) မနေ့က ဖြစ်ပွားခဲ့တဲ့ စစ်ကိုင်းတိုင်း မုံရွာခရိုင် ၊ ချောင်းဦးမြို့နယ် ကင်မွန်းတော် တိုက်ပွဲမှာ ထိခိုက် သေဆုံးသူများပြားတာကြောင့် မုံရွာ – မန္တလေး- ချောင်းဦး ကားလမ်းပိုင်းကို ဖြတ်သန်းသွားလာခြင်း မပြုလုပ်ကြဖို့ ဒေသတွင်း လက်နက်ကိုင်အဖွဲ့ CHU – PDF က လူမှုကွန်ယက်ပေါ်မှာ မနေ့က ထုတ်ပြန်ထားတယ်လို့ မုံရွာ – မန္တလေး ခရီးသည် သယ်ယူပို့ဆောင်ရေး လုပ်ငန်းရှင်တွေဆီက သိရပါတယ်။ “ညက ရန်ကုန် – မုံရွာအတက်ကားတွေ ထွက်လာကြတယ် ၊ပုံမှန်အချိန်တော့ ရောက် မရောက်မသိရသေးဘူး၊ လမ်းကြောင်း အခြေနေရတော့ ပိတ်ထားတယ်လို့ သိရတယ် ” လို့ ရန်ကုန် – မုံရွာ နေ့စဥ်ပြေးဆွဲနေတဲ့ ကားလုပ်ငန်းရှင် တယောက်က…
Read Moreမွေးမြူရေးစရိတ် ကြီးမြင့်လာပြီး ကြက်ဈေးကျလာလို့ ရှမ်း/တောင်က ကြက်မွေးမြူရေး လုပ်ငန်းရှင်တွေ အရှုံးပေါ်
ZY(VOM) ဖေဖော်ဝါရီ ၁၇၊ ၂၀၂၅ မွေးမြူရေးကုန်ကျစရိတ် မြင့်တက်လာပေမယ့် ကြက်ခြံဖမ်းစျေးက လက်ရှိဖေဖော်ဝါရီလအတွင်း ကျဆင်းလာတာကြောင့် ရှမ်းပြည်နယ်တောင်ပိုင်းဒေသအတွင်းက ကြက်မွေးမြူရေးလုပ်ငန်းရှင်တွေ အရှုံးပေါ်နေရတယ်လို့ လုပ်ငန်းရှင်တွေထံကနေ သိရပါတယ်။ ကုမ္ပဏီထုတ် မွေးမြူရေးအစာစျေးတွေ အပါအဝင် ကြက်ပေါက်စျေးမြင့်တက်လာသလို စက်သုံးဆီဈေး မြင့်တက်လာတာကြောင့် သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်တွေ မြင့်တက်လာပေမယ့် လက်ရှိကာလမှာ ကြက်ပေါက်ဖွားမှုနှုန်း လျော့ကျနေတဲ့အပြင် ကြက်ခြံဖမ်းစျေးကလည်း ကျဆင်းနေတာကြောင့် အရှုံးပေါ်နေတာဖြစ်တယ်လို့ သိရပါတယ်။ “ရှေ့လတုန်းကတော့ ခြံဖမ်းဈေးက တပိဿကို ၁၂၀၀၀လောက် ရတယ်။ အခုက ၁၁၀၀၀ ဝန်းကျင်ပဲ ရတော့တယ်။ ကြက်တစ်ပိဿအတွက် မွေးမြူရေးကုန်ကျစရိတ်က ၁၃၀၀၀ကျော်လောက် ရှိတော့ တပိဿကို ၂၀၀၀လောက် ရှုံးနေပြီ။ ဒီကြားထဲ ကြက်ပေါက်နှုန်းက မဖြစ်ရင် ပိုဆိုးတာပေါ့”လို့ တောင်ကြီးမြို့နယ်မှ ကြက်မွေးမြူရေးလုပ်ငန်းရှင်တယောက်က VOMကို ပြောပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ကြက်အစာစျေးနူန်းတွေအနေနဲ့ အမျိုးအစားအလိုက် တအိတ်ကို ၉၀၀၀၀ ကျပ်ဝန်းကျင်ကနေ…
Read Moreရေဘေးကြောင့် ပုံးအင်းဒေသ ကျေးရွာပေါင်း ၂၅ ရွာမှာ မျိုးစပါး အကူအညီ လိုအပ်နေ
ဖေဖော်ဝါရီ ၁၇၊ ၂၀၂၅ ZY (VOM) ရေဘေးကြောင့် စပါးမျိုးတွေ ပျက်စီးသွားတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပုံးအင်းဒေသက ကျေးရွာပေါင်း ၂၅ရွာဟာ လက်ရှိအချိန်မှာ မျိုးစေ့အတွက် အကူအညီ လိုအပ်နေပြီး စပါးစိုက်တောင်သူတွေအနေနဲ့ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ဒေသခံတောင်သူတွေထံကနေ သိရပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ဆန်စပါးအများဆုံးထွက်ရှိပြီး စပါးကျည်လို့ ခေါ်ဝေါ်ကြတဲ့ ပုံးအင်းဒေသဟာ တောင်ကြီး၊ ဆီဆိုင်၊ ဟိုပုံးစတဲ့မြို့နယ် ၃ခုထဲမှာ ပါဝင်သလို အဲဒီဒေသမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ၊ ဒုတိယပါတ်အတွင်းက မိုးသည်းထန်စွာရွာသွန်းကာ ရေကြီးရေလျှံကာ ရေလွှမ်းမိုးမှုဖြစ်ပေါ်ခဲ့တာကြောင့် လာမယ့် စပါးစိုက်ရာသီအတွက် သိမ်းဆည်းထားတဲ့ စပါးမျိုးစေ့ တင်းပေါင်းသိန်းချီ ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။ ဟိုပုံးနဲ့ ဆီဆိုင်မြို့နယ်ဖက်အခြမ်းကတော့ ဒေသဦးစီးအဖွဲ့ကို စာတင်ထားတယ်။ တောင်ကြီးဖက် အခြမ်းကတော့ စိုက်ပျိုးရေးဦးသီးဌာနကို စာတင်ထားတယ်။ ပြီးခဲ့တဲ့ လကတည်းက တင်ထားတာ၊ အခုထိတော့ အကြောင်းမပြန်လာသေးဘူး။ နွေစပါးက စိုက်ရတော့မှာဆိုတော့…
Read More