လူ ၂၀၀ လိုက်ပါတဲ့ စက်လှေ ဂမ်ဘီယာကမ်းလွန်မှာမှောက်လို့ လူဒါဇင်များစွာ ပျောက်ဆုံး

ဘန်ဂျူလ်၊ ဇန်နဝါရီ-၂-၂၀၂၆ ရတီ(VOM) ဂမ်ဘီယာကမ်းရိုးတန်းမှာ ဥရောပကို ရောက်ရှိရန်ကြိုးစားနေတဲ့ ရွှေ့ပြောင်း ဒုက္ခသည် ၂၀၀ တင်ဆောင်လာတဲ့ လှေတစင်း တိမ်းမှောက်ပြီးနောက် အနည်းဆုံး လူခုနစ်ဦးသေဆုံးကာ အများအပြား ပျောက်ဆုံးနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဗုဒ္ဓဟူးနေ့ သန်းခေါင်ယံမှာ မြောက်ဘက်ကမ်းဒေသရှိ ဂျီနက်ရွာအနီး စက်လှေတိမ်းမှောက်ခဲ့ပြီး နောက်ပိုင်းမှာတော့ သဲသောင်ပြင်မှာ သောင်တင်နေတာကို တွေ့ရှိခဲ့ကြောင်း ဂမ်ဘီယာ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ လက်ရှိအချိန်ထိ လူ ၉၆ ယောက်ကို ကယ်တင်နိုင်ခဲ့ပြီး စပိန်နိုင်ငံမှ ကနေရီကျွန်းစုသို့ ဦးတည်နေသွားရောက်ခဲ့တဲ့ အဲဒီသင်္ဘောပျက်ပေါ်ရှိ အခြားခရီးသည်တွေအတွက် ရှာဖွေမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ အတ္တလန္တိတ်သမုဒ္ဒရာကိုဖြတ်ပြီး အန္တရာယ်များလှတဲ့ ဒီခရီးလမ်းကြောင်းဟာ ဥရောပကို ရောက်ရှိဖို့ ကြိုးစားနေတဲ့ အာဖရိကရွှေ့ပြောင်းအလုပ်သမားတွေအတွက် ပိုမိုအသုံးများလာတဲ့ လမ်းကြောင်းတခု ဖြစ်လာခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်မှာ လူပေါင်း ၄၇၀၀၀ နီးပါးဟာ ကနေရီကျွန်းစုကို ရောက်ရှိခဲ့ပြီး…

Read More

ဘူးလက် ဦးလှဆွေကို အရေးယူပေးဖို့ တစည ပါတီက UEC ကို တိုင်ကြားထား

ဇန်နဝါရီ ၂ ၊ ၂၀၂၆ GG (VOM) ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP က ဦးလှဆွေ ( ခ) ဘူးလက် လှဆွေကို အရေးယူ ပေးဖို့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် UEC ဆီကို တိုင်ကြား ထားတယ်လို့ သိရ ပါတယ်။ ဦးလှဆွေက ဒီဇင်ဘာ ၁၁ ရက်နေ့ထုတ် ဝေတဲ့ ဘူးလက်ဂျာနယ်၊ အတွဲ(၇)၊ အမှတ်(၄) ဘူးလက်မှာတမ်း (၅၁၉) မှာ တစည ပါတီကို မမှန် မကန်ရေးသား ဖော်ပြခဲ့တဲ့ အတွက် UEC အနေနဲ့ လိုအပ်သလို အရေးယူ ပေးဖို့ တိုင်ကြားခဲ့တာ ဖြစ်တယ်လို့ တစည ပါတီရဲ့ အထွေထွေ အတွင်းရေးမှူး ဦးထွန်းရီ က ပြောပါတယ်။ ဘူးလက်ဂျာနယ်၊…

Read More

ဝက်လက်၊ ရွှေဘိုနဲ့ ကန့်ဘလူမှာ စစ်ရေး ဆက်လက် တင်းမာနေ

ဇန်နဝါရီ ၂ – ၂၀၂၆ SS (VOM) စစ်ကိုင်းတိုင်းအတွင်းက ဝက်လက်၊ ရွှေဘိုနဲ့ ကန့်ဘလူမြို့နယ်တွေမှာ အစိုးရတပ်ရဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်မှုတွေကြောင့် တိုက်ပွဲတွေဖြစ်နေပြီး စစ်ရေး ဆက်လက် တင်းမာနေဆဲ ဖြစ်တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ လက်ရှိမှာ အစိုးရတပ်ဟာ ဝက်လက်နယ် ဧရာဝတီမြစ်ရိုးတလျှောက်နဲ့ ဝက်လက်နဲ့ ရွှေဘိုအစပ်တွေမှာ စစ်ကြောင်း သုံးကြောင်းခွဲကာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေပြီး ဒေသတွင်း လက်နက်ကိုင်တပ်တွေ ကြားဖြတ် တိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့အတွက် တိုက်ပွဲ ပြင်းထန်နေတယ်လို့ သိရပါတယ်။ “ရွှေဘိုနဲ့ ဝက်လက်ကတော့ အစိုးရတပ်ကို ခုခံကာကွယ်နေရတာ လပေါင်းများစွာ ရှိနေပြီပေါ့။ လက်ရှိမှာ အစိုးရတပ်က ရှားကွဲရွာနဲ့ ချောင်းမီးတို ကြားကနေ စစ်ကြောင်းတကြောင်း၊ သစ်ဆိမ့်ကြီးရွာနဲ့ ရှိမ္မကားဘက်ကနေ စစ်ကြောင်း နှစ်ကြောင်းခွဲပြီး နယ်မြေရှင်းလင်းရေး လုပ်နေတယ်။ လေကြောင်းကနေ အင်အားဖြည့်တာတွေလည်း ရှိနေတာဆိုတော့ စစ်ရေးအခြေအနေကတော့…

Read More

တက်ခေတ်လူငယ်များ အားအင်တောင့်တင်းစေနှင့် အလှုပ်အရွေ့

ဆူးငှက် ရှေးမြန်မာများရဲ့ မြို့တည်ဗိသုကာ စနစ်ကို မျက်ဝါးထင်ထင်မြင်တွေ့လေ့လာနိုင်တာ မန္တလေးတစ် မြို့တည်းပဲ ကျန်တော့တယ်။ မန္တလေးဟာ မြို့စတည်တဲ့ မြန်မာကောဇာသက္ကရာဇ် ၁၂၂၁ ခုနှစ်မှသည် နှစ် ၁ဝဝ ပြည့်တဲ့ ၁၃၂၁ ခုနှစ်အတွင်း မူလပန္နက်မြို့ ပြကွက်များဟာ ထူးထူးခြားခြားပြောင်းလဲမှု မရှိလှ ပါဘူး။ ဒီဘက် နှစ် ၅ဝ၊ နှစ် ၆၀ ကာလများ နှောင်းပိုင်းမှာမှ သိသာထူးခြားစွာ ပြောင်းလဲသွားတာပါ။ တချို့နေရာများဆိုရင် မမှတ်မိနိုင် လောက်အောင်ပါပဲ လို့ ပြောရ မလိုပါပဲ။ ၁၈၈၅ ခုနှစ်၊ နိုဝင်ဘာလမှာ မန္တလေးကို အင်္ဂလိပ်တို့ က သိမ်းယူအပြီး ၁၈၈၇ ခုနှစ်မှာ မန္တလေး မြူနီစီပါယ်ကို ဖွဲ့စည်း တယ်။ ဒီ့နောက် မူလမြန်မာဗိသုကာ မြို့ပြအကွက်အကွင်း များမှာ ပြုပြင်ပြောင်းလဲမှုတွေ စတင်ခဲ့ပါတယ်။ ထူးထူး ခြားခြားတော့ မဟုတ်ပါဘူး။…

Read More
VOM News

FREE
VIEW