ဇန်နဝါရီ ၂ ၊ ၂၀၂၆
GG (VOM)
ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP က ဦးလှဆွေ ( ခ) ဘူးလက် လှဆွေကို အရေးယူ ပေးဖို့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် UEC ဆီကို တိုင်ကြား ထားတယ်လို့ သိရ ပါတယ်။
ဦးလှဆွေက ဒီဇင်ဘာ ၁၁ ရက်နေ့ထုတ် ဝေတဲ့ ဘူးလက်ဂျာနယ်၊ အတွဲ(၇)၊ အမှတ်(၄) ဘူးလက်မှာတမ်း (၅၁၉) မှာ တစည ပါတီကို မမှန် မကန်ရေးသား ဖော်ပြခဲ့တဲ့ အတွက် UEC အနေနဲ့ လိုအပ်သလို အရေးယူ ပေးဖို့ တိုင်ကြားခဲ့တာ ဖြစ်တယ်လို့ တစည ပါတီရဲ့ အထွေထွေ အတွင်းရေးမှူး ဦးထွန်းရီ က ပြောပါတယ်။
ဘူးလက်ဂျာနယ်၊ အတွဲ(၇)၊ အမှတ်(၄) ဘုလက်မှာတမ်း (၅၁၉) မှာတော့ “တစညပါတီ အနေဖြင့်မူ ပူတာအို မှ ဂျေယောဝူ ကဲ့သို့ ကိုယ့်ရပ်ရွာ၊ ကိုယ့်အပိုင် ကိုင်နိုင်သူ တစ်ယောက် တစ်လေ သာရနိုင်သည်။ တစည၏ အဓိကပြဿ နာမှာ ခေါင်းဆောင်ပိုင်း နှင့် လက်အောက် ပါတီဝင်များ ခါးဆက်ပြတ်နေကြောင်း လေ့လာတွေ့ ရှိရသည်။ ၄င်းတို့ အနေဖြင့် မူလလမ်းစဉ် ပါတီခေတ်က ရေရှည်ရပ် တည်လာခဲ့သော ပါတီဖြစ် ခဲ့၍ အမြို့မြို့အနယ် နယ်တွင် ပါတီရုံးခန်းများ ဆက်လက်ရှိနေ ခြင်းသာ အားသာချက်အနေဖြင့် တွေ့ရသည်။ လက်တွေ့အား ဖြင့် ကိုယ်စားလှယ် လောင်းတို့၏ မဲဆွယ် ဗွီနိုင်းဆိုင်း ဘုတ်ပင် လျှင်မတွေ့ရသ လောက်ဖြစ် လျက်ရှိသည်။” ဆိုပြီး ရေးသားခဲ့တာဖြစ်တယ်လို့ တစည ပါတီတိုင် ကြားစာမှာ ဖော်ပြ ထားပါတယ်။
UEC ဆီကို အပိုင်း ၁ ရွေးကောက်ပွဲ မကျင်းပမီ ရက်ကတည်းက စာပို့ တိုင်ကြားထားတာ ဖြစ်ပေမယ့် UEC ဘက်က စာ လက်ခံ ရရှိကြောင်း သာ အကြောင်း ပြန်လာပြီး ဦးလှဆွေနဲ့ ပတ်သက်ပြီး အရေးယူ မယ့်အခြေ အနေကိုတော့ အကြောင်း မပြန်သေးဘူး လို့ ဆိုပါတယ်။
ဒီကိစ္စ နဲ့ ပတ်သက်ပြီး ဦးလှဆွေက ကိုဆက်သွယ် မေးမြန်း ခဲ့ရာ ” ကျွန်တော် မသိသေးဘူး ။ “လို့ ပြန်လည် ဖြေကြား ခဲ့ပါတယ်။
ဦးလှဆွေကတော့ အပိုင်း ၁ ရွေးကောက်ပွဲမှာ နေပြည်တော် ပုဗ္ဗသီရိ မြို့နယ်ကနေ ပြည်သူလွှတ်တော် ကိုယ်စားလောင်း အဖြစ် ဝင်ရောက် ယှဥ်ပြိုင်ပြီး အနိုင် ရရှိခဲ့ပါတယ်။
တစည ပါတီက တော့ လက်ရှိသိရ သလောက် ဧရာဝတီ တိုင်း ကြံခင်းမြို့နယ်မှာ ပြည်သူ့လွှတ်တော် ၊အမျိုးသားလွှတ်တော် ၊တိုင်းဒေသကြီး လွှတ်တော် နေရာတွေကို အနိုင်ရရှိခဲ့သလို တောင်တွင်းကြီး မြို့နယ်မှာလည်း ပြည်သူ့လွှတ်တော် နဲ့ အမျိုးသား လွှတ်တော် နေရာကို အနိုင်ရရှိ ခဲ့ပါတယ်။
ဒါအပြင် မကွေးတိုင်း သရက်မြို့နယ်မှာ အမျိုးသား လွှတ်တော် ၊ မန္တလေးတိုင်း ညောင်ဦးမြို့နယ် မှာ တိုင်းဒေသကြီး လွှတ်တော် နေရာ ၊ စစ်ကိုင်းတိုင်း ကသာမှာ လွှတ်တော် တနေရာ အနိုင်ရရှိ ခဲ့တယ်လို့ သိရပါတယ်။
တစည ပါတီဟာ သက်တမ်းရင့် နိုင်ငံရေးပါတီ တခုဖြစ်ပြီး ရွေးကောက်ပွဲ တိုင်းမှာ ဝင်ရောက် ယှဥ်ပြိုင် မှုရှိခဲ့ပါတယ် ။
ဓာတ်ပုံ – တစည / ဦးလှဆွေ
