နေပြည်တော်၊ ဖေဖော်ဝါရီ- ၁ -၂၀၂၆ KKL(VOM) နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ သော်မှော်ကုန်းအုပ်စု၊ ကျွန်းကုန်းရွာမှာ ဇန်နဝါရီ ၃၁ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ထမနဲထိုးပြိုင်ပွဲဟာ သူတို့ရွာရဲ့ ပထမဆုံးအကြိမ် ဖြစ်ပြီးတော့ ရွာသူရွာသားတွေစည်းလုံးညီညွတ်ဖို့ကို ရည်ရွယ်တယ်လို့ ကျေးရွာ ဥက္ကဋ္ဌကပြောပါတယ်။ အဲ့ဒီထမနဲထိုးပြိုင်ပွဲကို ကျွန်းကုန်းရွာတွဲဖက် အ – လ – က ကျောင်းသား ကျောင်းသူတွေက ဝင်ရောက်ပြိုင် ခဲ့ကြတာပါ။ “ကျွန်မတို့ရွာမှာ ဒီလိုပြိုင်ပွဲမျိုး တခါမှမလုပ်ဘူး တစ်ခါမှမပြိုင်ဖူးဘူး ကျွန်မရဲ့ကျောင်းသားတွေနဲ့ ရွာသူရွာသားတွေ တက်တက်ကြွကြွ လုပ်ကိုင်နေတာတွေ့တော့ ကျွန်မပျော်ပါတယ်” လို့ ပြောခဲ့ပါတယ်။ ပြိုင်ပွဲကို အချိန် တနာရီသတ်မှတ်ပေးတဲ့အကြောင်းနဲ့ ပြိုင်ပွဲစည်းကမ်းတွေကို ရွာစည်ပင်ရေးလုပ်ငန်း ရပ်မိရပ်ဖလည်းဖြစ်တဲ့ဦးအေးလွင်ကရှင်လင်းပြီတော့ ပြိုင်ပွဲစတင်ပြီး ဆုရ အသင်းတွေကို ကျေးရွာတာဝန်ရှိသူတွေက ဆုချီးမြှင်ခဲ့ကြပါတယ်။ #voiceofmyanmar #vom #လယ်ဝေး #ထမနဲထိုးပွဲ #ထမနဲ
Read MoreDay: February 2, 2026
ရန်ကုန်၊ မန္တလေး၊နေပြည်တော်၊ ပဲခူးက စက်မှုဇုန်တွေကို ၂၄ နာရီ မီးပေးပြီး မီတာခကို တယူနစ် ၉၀၀ ကျပ်ကောက်ခံမယ်
ဖေဖော်ဝါရီ ၁ ၊ ၂၀၂၆ GG (VOM) ရန်ကုန်တိုင်းက စက်မှုဇုန်တွေ အပြင် မန္တလေးတိုင်း၊နေပြည်တော် နဲ့ ပဲခူးက စက်မှုဇုန်အတွင်းရှိ စက်ရုံ အလုပ်ရုံတွေကို LNG ဓာတ်ငွေ့စက်ရုံကနေ ၂၄ နာရီ လျှပ်စစ်မီးဖြန်ဖြူးပေးပြီး မီတာခကို တယူနစ် ၉၀၀ ကျပ်နူန်း သတ်မှတ်ပြောင်းလဲ ကောက်ခံသွားမှာ ဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။ ယခု ဖေဖော်ဝါရီလထဲမှာပဲ မီတာခနူန်းထားသစ်ကို တိုးမြင့်ကောက်ခံသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ” မီတာခ ညှိနေကြတာ အခုတော့ ၉၀၀ ပေးမှ အဆင်ပြေမယ် ဖြစ်သွားပါတယ်။ စက်မှုဇုန်ကိုတော့ ၂၄ နာရီ မီးဖြစ်စေရမယ် ပြောတယ်။ ပြည်သူတွေကိုတော့ မတက်ဖို့ ၊ အခုနူန်းနဲ့ပဲ ကောက်ဖို့ တင်ပြခဲ့တယ်။ ဒီနေ့စကောက်မှာလားဆိုတော့ မဟုတ်ဘူး ။အရင်သုံးထားတဲ့ ယူနစ်တွေကို စက်ရုံတရုံချင်းစီကို YESC ၊…
Read Moreပုလော ရှပ်ပုံစံပြရွာမှာ မီးလောင်မှုကြောင့် အိမ် ၄၅ အိမ်ထက်မနည်း မီးထဲပါသွား
ဖေဖော်ဝါရီ ၁ ၊ ၂၀၂၆ CC (VOM) တနင်္သာရီတိုင်း ၊ ပုလောမြို့နယ်၊ ရှပ်ပုံစံပြရွာမှာ ဇန်နဝါရီ ၃၁ ရက်နေ့ ၊ နေလယ်ပိုင်းကနေ ညအထိ လောင်ကျွမ်းခဲ့တဲ့ မီးကြောင့် နေအိမ် ၄၅ အိမ်ထက်မနည်း မီးလောင် ပျက်စီးမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ရှပ်ပုံရွာမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲကြောင့် ကျေးရွာဒေသခံတချို့က စစ်ရှောင်နေရချိန်မှာ နေအိမ်တွေ မီးလောင်ခဲ့ရတာ ဖြစ်ကြောင်း ၊ မီးလောင်မှုကို မီးသတ်ဌာနမှ လာရောက်ငြိမ်းသတ်နိုင်ခြင်း မရှိခဲ့တဲ့အတွက် ရွာဒေသခံတွေသာ စုပေါင်း မီးငြိမ်းခဲ့ရပြီး မီးလောင်ချိန်ကြာမြင့်ကာ မီးကူးစက်မှု များတဲ့အတွက် အိမ်ခြေအများအပြား မီးလောင်ခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။ ” အိမ်ခြေ ၄၅ မီးလောင်ရှိတယ်။ ဖျက်ခံရတဲ့အိမ်လည်း ပါတယ်။မီးက ည၁၂ နာရီအထိ လောင်ခဲ့တယ်။ ရွာမှာ အရင်ရက်တွေက…
Read Moreပုသိမ်ကြီးမြို့နယ်က မြေယာကိစ္စတွေ ရောင်းမှား ဝယ်မှားမဖြစ်အောင် သတိထားဖို့လို
မန္တလေး၊ ဖေဖော်ဝါရီ- ၁- ၂၀၂၆ SA(VOM) မန္တလေးမြို့၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်အတွင်းမှာရှိတဲ့ လယ်ယာမြေတွေကို အကွက်ရိုက်ပြီး ရောင်းချ နေတာတွေနဲ့ ပတ်သက်ပြီး ဌာနဆိုင်ရာတွေက အရေးယူ ဆောင်ရွက်တာမျိုးတွေ ရှိတာကြောင့် ပြည်သူတွေအနေနဲ့ ရောင်းမှားဝယ်မှား မဖြစ်ကြရအောင် သတိထားဖို့လိုတယ်လို့ ပုသိမ်ကြီး မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီဌာန ကနေ သိရပါတယ်။ လက်ရှိမှာ ပုသိမ်ကြီးမြို့နယ်ဟာ မြေယာအရှုပ်အရှင်း ပြဿနာအများဆုံးရှိတဲ့ မြို့နယ်တခုဖြစ်ပြီး ခိုင်မာမှုမရှိတဲ့ လယ်ယာမြေတွေပေါ်မှာ အကွက်ချပြီး ရောင်းချမှုတွေ ရှိနေတာကြောင့် ဝယ်ယူသူတွေအနေနဲ့ သက်ဆိုင်ရာကနေ တဆင့် စိစစ်ပြီးတော့မှ ဝယ်ယူဖို့ လိုအပ်ပါတယ်။ “ပြည်သူတွေ အနေနဲ့ မြေဝယ်မယ်ဆိုရင် မြေအခိုင်အမာရှိတဲ့ ဂရန်ရပြီးသား အကွက်နဲ့ ရွာမြေ တချို့ဂရန် မရသေးသော်လည်း ကျေးရွာအတွင်းက ရွာမြေဖြစ်နေတဲ့ ဟာမျိုးတွေပေါ့ အဲ့ဒါတွေကိုပဲ ဝယ်သင့်တယ်၊ တကယ်လို့ လယ်ယာမြေဝယ်မယ်ဆိုရင်လည်း ပုံစံ…
Read MoreCDM တွေကို အမည်မည်းစာရင်း ကနေ ပယ်ဖျက်ပေးမှာဖြစ်လို့ ဆက်သွယ်လာဖို့ အစိုးရ ထပ်မံအသိပေး
ဖေဖော်ဝါရီ ၁ ၊ ၂၀၂၆ CC (VOM) လုပ်ငန်းခွင်ကိုစွန့်ပြီး CDM လုပ်သွားတဲ့ ဝန်ထမ်းတွေကို ပြစ်မှုကျူးလွန်ခြင်းမရှိပါက အမည်မည်းစာရင်း Black Lists ကနေပယ်ဖျယ်ပေးမှာဖြစ်လို့ တာဝန်ထမ်ဆောင်ခဲ့တဲ့ သက်ဆိုင်ရာဌာနကို သတင်းပေးပို့ ဆက်သွယ်ကြဖို့ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ၊ သတင်းထုတ်ပြန်ရေးအဖွဲ့က ဇန်နဝါရီ ၃၁ ရက်နေ့မှာ ထပ်မံ အသိပေးထားပါတယ်။ ဒါကြောင့် CDM လုပ်သွားတဲ့ ဝန်ထမ်းတွေအနေနဲ့ ရောက်ရှိနေတဲ့ နေရာမှာ ယခင်တာဝန် ထမ်းဆောင်ခဲ့တဲ့ ဌာနရဲ့ ရုံးတွေကို လည်းကောင်း၊ နီးစပ်ရာမြို့နယ်ခွဲ၊ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး နဲ့ ပြည်နယ်အုပ်ချုပ်ရေး အဖွဲ့အစည်းတွေကို လည်းကောင်း၊ မြန်မာနိုင်ငံသံရုံး၊ စစ်သံရုံး နဲ့ ကောင်စစ် ဝန်ချုပ်ရုံးတွေကို ဖြစ်စေ ပြန်လည်သတင်းပေးပို့ ဆက်သွယ်ကြဖို့ ထုတ်ပြန်ထားပါတယ်။ အဲဒီလို ဆက်သွယ်လာသူတွေကိုမှ စိစစ်ပြီး ပြစ်မှုကျူးလွန်ခဲ့ခြင်း မရှိတဲ့…
Read Moreနေပြည်တော်မှာ အိမ်ခြံမြေ အရောင်းအဝယ်သွက်နေပြီး ဧရာဝတီလမ်းဘေးဆို သိန်းခြောက်သောင်းထိ အရောင်းဝယ်ဖြစ်နေ
ဖေဖော်ဝါရီ ၁-၂၀၂၆ KKL(VOM) နေပြည်တော်မှာ အရောင်းအဝယ်မဖြစ်ဘူးလို့ ပြောလို့ရတဲ့နေရာမရှိဘူးလို့ ဆိုတဲ့အပြင် ဧရာဝတီလမ်းမပေါ်မှာဆိုရင် ကျပ်သိန်းပေါင်းခြောက်သောင်းကျော်က စျေးမြင့်တယ်ဆိုပေမယ့် အရောင်းဝယ်ဖြစ်တဲ့အကြောင်းနဲ့ လက်ရှိ အခြေအနေမှာရောင်းသူတောင် မရှိတဲ့အကြောင်း နေပြည်တော် ဇမ္ဗူသီရိမြို့နယ်က အိမ်ခြံမြေရောင်းဝယ်ရေးအသင်း ဥက္ကဋ္ဌဦးစောဝေနှင်းက ပြောပါတယ်။ “ကျွန်တော်တို့ ဧရာဝတီလမ်းပေါ်မှာဆိုလည်း သိန်းပေါင်းခြောက်သောင်းကျော်တယ် ဒါတောင်စျေးကြီးတဲ့အထဲမှာပါတာပဲလေ အခုဆို ဧရာဝတီလမ်းပေါ်မှာဆို ရောင်းမယ့်သူတောင်မရှိဘူး ပုဗ္ဗလည်းဖြစ်တာပဲ အရောင်းအဝယ်မဖြစ်ဘူးလို့ ပြောလို့ရတဲ့နေရာမရှိဘူး သူ့နေရာနဲ့သူ မူတည်ပြီး နေ့တိုင်း daily ဖြစ်တယ်”လို့ ဇမ္ဗူ အိမ်ခြံမြေအသင်း ဥက္ကဋ္ဌဦးစောနှင်းဝေက ပြောခဲ့တာပါ။ လက်ရှိနေပြည်တော် အိမ်ခြံမြေက အရောင်းအဝယ်နှေးတာမြန်တာတို့ရှိနေပေမယ့် နေရာဒေသနဲ့ စျေးနှုန်းအပေါ်မူတည်တယ်လို့ဆိုပါတယ်၊ ဇမ္ဗူသီရိဆိုရင် အနည်းဆုံး သိန်းတသောင်းဝန်းကျင်နဲ့ တသောင်းအထက်မှာရှိပြီးတော့ အနည်းအကျဥ်းကတော့အရောင်းအဝယ်ဖြစ်နေတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့၂၀၂၅ ၁၂ လပိုင်းမကုန်ခင်က ရွှေစျေး သိန်း ၁၀၀ အထက်ဖြစ်ခဲ့တဲ့နောက်ပိုင်း မြေစျေးတွေက ပိုပြီး တဟုန်ထိုးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့လည်းသိရပြီးတော့ ပုဗ္ဗသီရိဖက်မှာဆို…
Read Moreလားရှိုးမှာ အစိုးရတပ်ဖွဲ့နဲ့ MNDAA တပ်ဖွဲ့တို့အကြား နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပေမယ့် မအောင်မြင်
ဖေဖော်ဝါရီ ၂၊ ၂၀၂၆ Shy V(VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမှာ ဇန်နဝါရီ ၃၀ ရက်နေ့က အစိုးရတပ်ဖွဲ့နဲ့ MNDAA တပ်ဖွဲ့တို့အကြား နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပေမယ့် မအောင်မြင်သေးကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ကိုးကန့် နဲ့ စစ်တပ် သိန္နီဘက် လမ်းကြောင်း အတွက် ဆွေးနွေးတာ မအောင်မြင်ဘူးလို့ သိရတယ်။ စစ်တပ်ဘက်က သိန္နီ ကနေ မူဆယ် ၁၀၅ မိုင်ဘက် ကုန်သွယ်ရေး လမ်းကြောင်း ဖွင့်ဖို့ ဆွေးနွေးညှိနှိုင်းမယ်လို့ စီစဉ်ထားတယ်လို့ သိရတယ်” လို့ နီးစပ်တဲ့ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းခဲ့ MNDAA ဆုတ်ခွာထားတဲ့ လားရှိုး – သီပေါ လမ်းကြောင်းဘက်မှာလည်း MNDAA တပ်ဖွဲ့ဘက်က နေရာပြန်ယူမယ်လို့ သတင်းတွေ ထွက်ပေါ်နေတယ်လို့ သူက…
Read Moreဆယ်ကျော်သက်နဲ့ တိုင်းပြည်အနာဂတ်
ဖေဖော်ဝါရီ ၂ – ၂၀၂၆ SN (VOM) လူငယ်ဆိုတာဟာ လူ့ဘောင် အဖွဲ့အစည်းတခုမှာ အားကိုးအားထား ပြုကြရတဲ့ လူ့စွမ်းအား အရင်းအမြစ်တခု ဖြစ်ပါတယ်။ ခေတ်စနစ်တွေကို ဘယ်လိုပဲ ဖြတ်သန်းရပါစေ။ လူငယ် မျိုးဆက်သစ်တွေရဲ့ အတွေးအခေါ် ပိုင်း၊ အတွေ့အကြုံပိုင်း၊ အရည်အသွေးပိုင်းနဲ့ ကိုယ်ပိုင် အစွမ်းအစပိုင်းတွေ ကောင်းမွန် မှန်ကန်စွာ ထူးချွန်ထက်မြက်နေဖို့ လိုအပ်ပါတယ်။ ကလေးတယောက်ကို လိမ်မာရေးခြားရှိအောင်၊ မှန်ကန်တဲ့ နေရာတခုမှာ ထူးချွန်တဲ့သူတယောက် ဖြစ်အောင် ပြုစု ပျိုးထောင်နိုင်ဖို့ ဆိုတာဟာ ကောင်းမွန်တဲ့ အဝန်းအဝိုင်းမှာ ရှင်သန် ကြီးပြင်းလာနိုင်ရေးသည်သာ အခရာပါ။ ဒါဟာ သူတို့ရဲ့ အုပ်ထိန်းသူတွေ၊ မိဘ၊ ဆရာသမားတွေပေါ်မှာ အများကြီး မူတည်နေသလို ဝန်းကျင်အသိုက်အဝန်း ကောင်းနေဖို့လည်း လိုအပ်ပါတယ်။ ဆယ်ကျော်သက်အရွယ် ဆိုတာဟာ ကလေးတယောက်အတွက် ခန္ဓာကိုယ်ရော၊ ခံစားချက်တွေရော ဖွံ့ဖြိုးလာတဲ့အချိန် ဖြစ်တယ်လို့…
Read Moreသူတို့အိမ် အခန်း – ၄၆
ဆူးငှက် စာမေးပွဲကြီး နီးတော့ —————————– အမှတ် ၁ အ.ထ.က တွင် ၉တန်း အတန်းတင် စာမေးပွဲ နီးသော မတ်လဆန်းတွင် ဘာသာအသီးသီး၏ သတ်မှတ်ထားသည့် သင်ခန်းစာများလည်း ပြီးဆုံးပြီမို့ ပြန်လှန်သင်ကြားခြင်းများ စနေပါပြီ။ ထိုအချိန်တွင် ကျောင်းသား အများစုက ကိုယ်ပိုင်စာကြည့်ချိန်ဟူ၍ ကျောင်းမတက်ကြတော့ပေ။ သူတို့မှာ ပြင်ပတွင် ကျူရှင် အသီးသီး ယူထားကြ သူများ ဖြစ်သည်။ ထိုအခါ အတန်းထဲတွင် ကျူရှင်မယူကြသူ ၆ဦး ၇ဦး ခန့်ပဲ ကျန်တော့သည်။ ထိုအထဲတွင် အလယ်တန်း ကတည်းက တွဲခဲ့သော ကျွန်တော်တို့ သူငယ်ချင်းများက ရှေ့ဆုံးကပေါ့။ အိမ်လည်းမနေချင်။ ကျူရှင်လည်း မတက်။ ထိုအခါ ကျောင်းသို့ပဲ ခြေဦးလှည့်ကြသည်။ ကျွန်တော်တို့ ၉တန်းဘီတွင် ကျွှန်တော်တို့ သူငယ်ချင်းများအပြင် (ကို)ဝင်းအောင် ကလည်း ထိုအချိန်ထိ အတန်းမှန်နေသည်။ သူက…
Read More