ကိုးကန့်အဖွဲ့ဖမ်းသွားတဲ့ မန်စယ်ရွာသားတွေ ပြန်လွှတ်ပေးဖို့ ရှမ်းကျောင်းသားသမဂ္ဂ တောင်းဆို

ဖေဖော်ဝါရီ ၄၊ ၂၀၂၅ NN(VOM) လားရှိုးမြို့နယ် မန်စယ်ရွာမှာ ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA က ဖမ်းဆီးထားတဲ့ ရွာသား ကိုးယောက်ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ရှမ်းကျောင်းသား သမဂ္ဂက မနေ့က စာထုတ်ပြီး တောင်းဆိုလိုက်ပါတယ်။ မန်စယ်ရွာထဲမှာ ကိုးကန့်တပ်ဖွဲ့က ရွှေတူးဖော်ရေးလုပ်ငန်းတွေ လုပ်မယ်ဆိုတာကို ရွာသားတွေက ကန့်ကွက်ခဲ့ကြပြီး အဲဒီထဲက ကိုးယောက်ကို ဖမ်းဆီးထားတာဖြစ်ပါတယ်။ ဖမ်းထားတဲ့ ကိုးယောက်ထဲက သုံးယောက်ကတော့ ရိုက်နှက်ခံထားရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီလ ၁ ရက်နေ့ကတည်းက ဖမ်းဆီးသွားတာဖြစ်ပြီး ဒီနေ့အထိ ပြန်မလွှတ်သေးဘူးလို့ ရွာသားတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။ “ရွာနားက လယ်ကွက်ထဲမှာ ကိုးကန့်အဖွဲ့က ရွှေတူးမယ်ဆိုပြီး လာလုပ်တာပါ။ ဒါကို ရွာသားတွေက မဖြစ်နိုင်ဘူးဆိုပြီး ကန့်ကွက်ကြတာ။ အဲဒီတော့ သူတို့ စိတ်ဆိုးပြီး လူတွေကို အကုန်ခေါ်သွားတာပါ။ ကိုးယောက်ကိုတော့ မလွှတ်သေးဘူး” လို့…

Read More

ရွှေဘို ကိုးပင်ဂိတ် အတက်လမ်းပိုင်းမှာ ကားအစီးရေ ၄၀၀ နီးပါး ပိတ်မိနေ

ဖေဖော်ဝါရီ ၄ – ၂၀၂၆ SN (VOM) မြစ်ကြီးနား – မန္တလေးလမ်းပိုင်းရှိ အဓိက လမ်းပိုင်းတချို့ ပိတ်ထားဆဲ ဖြစ်တာကြောင့် ရွှေဘိုမြို့ အရှေ့ဘက်က ကိုးပင်ဂိတ် အတက်လမ်းပိုင်းမှာ ကားအစီးရေ ၄၀၀ နီးပါး ပိတ်မိနေတယ်လို့ ယာဥ်မောင်းတွေဆီက သိရပါတယ်။ အဲဒီ မြစ်ကြီးနား – မန္တလေး လမ်းပိုင်းကို နှစ်ဖက် တပ်ဖွဲ့တွေက စစ်ရေး အခြေအနေအရ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့မှ စတင်ကာ ပိတ်ထားခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။ “ကိုးပင်ဂိတ်က အဆင်းကားတွေတော့ သွားလို့ရတယ်။ အတက်ကားတွေတော့ ခုထိ ပိတ်ထားတုန်းပါပဲ။ မြစ်ကြီးနား – ရွှေဘို ဗျူဟာကားလမ်းပိုင်း တချို့လည်း ပိတ်ထားဆဲပါ။ ကွင်းလမ်းတွေက သွားမယ်ဆိုလည်း လမ်းတွေမကောင်း၊ လုံခြုံရေး အခြေအနေလည်း မကောင်းတော့…

Read More

နေပြည်တော် အဟာရသုခစျေးက အခြေခံစားသောက်ကုန်​ဈေးကွက်

ဖေဖော်ဝါရီ ၄-၂၀၂၆ KKL(VOM) နေပြည်တော် အဟာရသုခစျေးမှာ ခရမ်းချဥ်သီးစျေးနှုန်းက ဗမာသီးရော ရှမ်းသီးရော တပိဿာ ၅၀၀၀ နဲ့ ပေါက်နေပြီး လက်လီစျေးကွက်မှာတော့ ၂၅ ကျပ်သားကို ၃၀၀၀ နဲ့ ၃၅၀၀ လောက်ရောင်းချနေတဲ့အတွက်အတွက် အကျဖက်မှာမရှိပဲနဲ့ စျေးကွက်မာနေတယ်လို့ သိရပါတယ်။ “ခရမ်းချဥ်သီးက ဒီနှစ်တနှစ်လုံး စျေးမကျဘူးစိုက်တာနောက်ကျတာလည်းပါတယ်။ နောက်ကျတော့ထွက်အားနည်းတယ်။ မနှစ်ကရေကြီးထားတော့အပင်တွေ ရေတိုက်စားခံရတယ် နွမ်းပြီးခြောက်ကုန်တယ် အဲ့တော့ ထွက်အားနည်းတော့ စျေးကွက်မှာ မာနေတာပေါ့” လို့ အဟာရသုခစျေး ချောပွဲရုံ ကပြောပါတယ်။ အဟာရသုခစျေးက ပွဲရုံတွေမှာ ခရမ်းချဥ်သီးစျေးကွက်ကတော့လက်ရှိ တိုင်ထောင်ခရမ်းချဥ်က ၃၅၀၀ ကျပ် ဗမာသီးကျောက်မဲသီးဆိုရင် ၃၈၀၀ ပေါက်နေပါတယ်။ “သီးနှံက ထွက်အားများရင် စျေးကွက်ပျော့တာပေါ့ အဲ့ဒါဆိုစားသုံးသူတွေအတွက်အဆင်ပြေတာပေါ့ အခုတော့စားတော့စားကြတယ် စျေးကြီးတဲ့အခါကျတော့စားသုံးမှု နည်းတာပေါ့” လို့ ချောပွဲရုံ ပိုင်ရှင်ကဆက်ပြီးပြောပါတယ်။ အိမ်ရှင်မတွေအတွက် မရှိမဖြစ် ကြက်သွန်နီနဲ့ကြက်သွန်ဖြူ ကတော့…

Read More

မြေထုချပ် တိုးဝင်တဲ့ ဖြစ်စဉ်ကြောင့် ငလျင်လှုပ်ရှားမှုတွေ ဆက်ရှိနေနိုင်

ဖေဖော်ဝါရီ ၅ – ၂၀၂၆ SS (VOM) မြန်မာနိုင်ငံမှာ ငလျင်လှုပ်ရှားမှုကို ဖြစ်စေတဲ့ ပြတ်ရွေ့တွေ ရှိနေတဲ့အပြင် အိန္ဒိယမြေထုချပ်က မြန်မာမြေထုချပ်အောက် တိုးဝင်နေတဲ့ ဖြစ်စဉ်ကြောင့် ငလျင်လှုပ်ရှားမှုတွေ ကြုံတွေ့ရနိုင်‌သေးတယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၊ မြေငလျင်ဌာနခွဲ (နေပြည်တော်) မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာယဉ်မျိုးမင်းထွေးနဲ့ ဘူမိဗေဒ ပညာရှင်တွေက ပြောပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ လူသိများ ထင်ရှားတဲ့ စစ်ကိုင်းပြတ်ရွေ့၊ အနောက်ဘက်မှာဆိုပါက ကဘော်ပြတ်ရွေ့၊ အရှေ့ဘက်မှာ ကျောက်ကြမ်းပြတ်ရွေ့၊ နန်းမပြတ်ရွေ့အပြင် ကုလားတန်ပြတ်ရွေ့၊ မိုးမိတ်ပြတ်ရွေ့၊ ရွှေလီပြတ်ရွေ့၊ ဖာပွန်ပြတ်ရွေ့၊ မြောက်ဦးပြတ်ရွေ့ စတဲ့ ပြတ်ရွေ့ကြီးတွေ ရှိနေသလို ပြတ်ရွေ့ငယ်များစွာလည်း တည်ရှိနေတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါအပြင် မြန်မာနိုင်ငံရဲ့ အနောက်ဘက်ခြမ်းနဲ့ အနောက်မြောက်ဘက်ခြမ်းတွေမှာ ဆိုရင်လည်း အိန္ဒိယမြေထုချပ်ဟာ ယူရေးရှားမြေထုချပ်ရဲ့ အစိတ်အပိုင်းဖြစ်တဲ့ မြန်မာမြေထုချပ်အောက်ကို…

Read More

သူတို့အိမ် – ၄၉

ဆူးငှက်     တီးဝိုင်းရှိရာ တကောက်ကောက် ————————————— ၉တန်းစာမေးပွဲအပြီး ကျောင်းပိတ်ရက်မှာ ညပိုင်းတွင် ညဈေးတန်းသွားသည့်အပြင် တီးဝိုင်းတစ်ခု ၏ ပွဲစဉ်ကို စုံစမ်းကာ ထိုတီးဝိုင်း ရှိသည့်နေရာသို့ လိုက်လံ ကြည့်ရှုခြင်း ဖြစ်သည်။ ထို တီးဝိုင်းမှာ မိုးကေသီ ဖြစ်ပါသည်။ ထိုစဉ်ကာလ မိုးကေသီမှာ ဟည်းထ ကျော်ကြားနေသည်။ တစ်ဘက်က စတီရီယိုတေးများ အရှိန်အဟုန်နှင့် ခေတ်စားလာ သောကြောင့် ရှဲလ်ကဲ့သို့ တီးဝိုင်းများက လူငယ်ကြိုက်အဖြစ် နာမည်ကျော်လျှက်ရှိသည်။ ထိုအချိန်တွင် မိုးကေသီက အရွယ်သုံးပါးအတွက် ကျေနပ်စရာ တီးဝိုင်းကြီး ဖြစ်နေပါသည်။ မိုးကေသီကဲ့သို့ ကျော်ကြားထင်ရှားလာသည့် တီးဝိုင်းတစ်ဖွဲ့လည်းရှိသည်။ ဂီတမှုး တေးပြုစာဆို ဦးဘသိန်း၏ လက်ရင်းတပည့် ဖြစ်သူ ကိုခင်မောင်သန်း ဂီတမှူးအဖြစ် တာဝန်ယူ ထူထောင်သည့် တေးချစ်သူ ဖြစ်သည်။ ကိုခင်မောင်သန်း၏ ရွှင်လန်းချမ်းမြေ့ပါစေသီချင်းကလည်း ယနေ့တိုင် ထင်ရှားလှသည်။…

Read More
VOM News

FREE
VIEW