နေပြည်တော် မတ် ၃၁ – ၂၀၂၆
KKL(VOM)
ဒီကနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်ရဲ့ သမ္မတ ရွေးချယ်တင်မြောက်ရေးအဖွဲ့တွင်ပါဝင်သော ရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့ အစည်းအဝေးကနေ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဒုသမ္မတအဖြစ် မဲအဆုံးအဖြတ်နဲ့ ရွေးချယ်ခဲ့ပါတယ်။
သမ္မတ ရွေးချယ်ရေးအစုအဖွဲ့ အစည်းအဝေး ဒုတိယမြောက်နေ့က အမျိိုးသားလွှတ်တော်နဲ့ပြည်သူ့လွှတ်တော်တို့မှာ မနေ့က တင်သွင်းခဲ့ကြတဲ့ ဒုတိယသမ္မတ အမည်စာရင်း နှစ်ဦးစီရှိကြတဲ့အတွက် လွှတ်တော်နှစ်ရပ်ရဲ့ မဲခွဲဆုံးဖြတ်မှုနဲ့ ရွေးချယ်ခဲ့ကြတာဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အစုအဖွဲ့က ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဒေါက်တာကျော်ဆွေ တောင်တွင်းကြီး မဲဆန္ဒနယ် တို့ကိုတင်သွင်းခဲ့တာမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရရှိဆန္ဒမဲ – ၂၄၇ဒေါက်တာကျော်ဆွေ ရရှိဆန္ဒမဲ – ၁၀မဲ – ပယ်မဲ ၃မဲ ရတာမို့ မဲရလဒ်အသာစီးရတဲ့ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များအစုအဖွဲ့ဖက်မှာတော့ ကရင်ပြည်နယ် မဲဆန္ဒနယ် ၂ က ဒေါ်နန်းနီနီအေးနဲ့ ကချင်ပြည်နယ် မဲဆမ္ဒနယ် ၂ က ဒေါက်တာ မနမ်တူးဂျာ တို့ကို တင်သွင်းခဲ့တာမှာ မဲခွဲဆုံးဖြတ်မှုအရ ဆန္ဒမဲလက်မှတ်ပေါင်း (၁၅၅ ) ရှိတာမှာ ဒေါ်နန်းနီနီအေး က (၁၁၇ ) မဲ ၊ဒေါက်တာမနန်တူးဂျာ ( ၃၈ ) မဲ အသီးသီးရရှိခဲ့တာကြောင့် နန်းနီနီအေးကို ဒုသမ္မတအဖြစ် ရွေးချယ်ခဲ့ပါတယ်။
တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့က ဦးညိုစောကို ရွေးချယ်တင်မြှောက်တယ်လို့သိရပါတယ်။
ဒီနေ့ရွေးချယ်အတည်ပြုခဲ့ကြတဲ့ ဒုတိယ သမ္မတလောင်းတွေကို သက်ဆိုင်ရာအစုအဖွဲ့ လွှတ်တော်တွေကနေ ပြည်ထောင်စုလွှတ်တော်ကို တင်ပြကြမှာဖြစ်ပြီး အဲဒီကနေမှ သမ္မတ နဲ့ ဒုသမ္မတ ၁ နဲ့ ဒုသမ္မတ ၂ အဖြစ် အတည်ပြုပေးမှာပါ။
