မြန်မာ့ ပထမဆုံး အမျိုးသမီးဒုသမ္မတအဖြစ် ရွေးကောက်ခံရတဲ့ ဒေါ်နန်းနီနီအေး က ဘယ်သူလဲ

နေပြည်တော်၊ မတ်- ၃၁- ၂၀၂၆
VOICE OF MYANMAR
အမျိုးသားလွှတ်တော်ကနေ ဒီကနေ့မှာ မဲခွဲဆုံးဖြတ်ချက်အရ ဒုတိယသမ္မတအဖြစ် ရွေးချယ်ခံရတဲ့ ဒေါ်နန်းနီနီအေးက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ကရင်ပြည်နယ်ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဖြစ်ပါတယ်။
ဒီကနေ့ကျင်းပတဲ့ ဒုတိယသမ္မတ ရွေးချယ်တဲ့နေ့မှာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များအစုအဖွဲ့မှာကရင်ပြည်နယ် မဲဆန္ဒနယ် ၂ က ဒေါ်နန်းနီနီအေးနဲ့ ကချင်ပြည်နယ် မဲဆမ္ဒနယ် ၂ က ဒေါက်တာ မနမ်တူးဂျာ တို့ကို တင်သွင်းခဲ့တာမှာ မဲခွဲဆုံးဖြတ်မှုအရ ဆန္ဒမဲလက်မှတ်ပေါင်း (၁၅၅ ) ရှိတာမှာ ဒေါ်နန်းနီနီအေး က (၁၁၇ ) မဲ ၊ဒေါက်တာမနန်တူးဂျာ ( ၃၈ ) မဲ အသီးသီးရရှိခဲ့တာကြောင့် နန်းနီနီအေးကို ဒုသမ္မတအဖြစ် ရွေးချယ်ခဲ့ပါတယ်။
အသက် ၅၈ နှစ်အရွယ် B.SC (Hons: Zoology),D.C.Sc, M.I.Sc ဘွဲ့တွေ ရရှိခဲ့ပြီး၊ ၂၀၀၁ ခုနှစ် ကနေ ၂၀၁၀ ခုနှစ်အထိ ကွန်ပြုတာတက္ကသိုလ် လက်ထောက်ကထိက အဖြစ်တာဝန်ထမ်းဆောင်ခဲ့ကာ ၂၀၁၀ ခုနှစ်မှာပဲ ဝန်ထမ်းအဖြစ်က နှုတ်ထွက်ခဲ့ပြီး ရွေးကောက်ပွဲ ဝင်ရောက်ယှဥ်ပြိုင်ခဲ့တာမှာ ၂၀၁၀၊ ၂၀၁၅၊ ၂၀၂၀နဲ့ ၂၀၂၅ ခုနှစ်ကရွေးကောက်ပွဲတွေမှာ ၄ ကြိမ်တိုင်တိုင် အနိင်ရရှိထားတာဖြစ်ပါတယ်။
ထူးခြားတာက သူမဟာ အမျိုးသားလွှတ်တော်ရဲ့ ကိုယ်စားလှယ်မဟုတ်ပါဘူး၊ ပြည်နယ်အဆင့် ကရင်ပြည်နယ်လွှတ်တော်က ဘားအံမြို့နယ် အမှတ် ၂ မဲဆန္ဒနယ်ရဲ့ အချိုးကျကိုယ်စားပြု ကိုယ်စားလှယ်ဖြစ်ပြီး ဒုသမ္မတအဖြစ်တင်​မြှောက်ခံရတဲ့ ပထမဆုံး အမျိုးသမီး ဒုသမ္မတဖြစ်ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW