ဆူးငှက် စာမူ ခွင့်ပြုမိန့်ရပြီတဲ့ —————————- ၁၉၇၉ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့၊ု ထိုနေ့တွင် စာပေဗိမာန်သို့ ထပ်မံသွားရောက်စုံစမ်းတော့ လာမည့် တနင်္လာနေ့တွင် စာပေစိစစ်ရေးရုံးသို့ စာမူခွင့်ပြုချက် လာရောက် ထုတ်ယူပါ ဟူသော သတင်းကို ကြားသိရသည်။ ထို့ကြောင့် ဦးဇော်ဝင်းက အပြန်တွင် လုပ်သားပြည်သူ့နေ့စဉ် သတင်းစာတိုက်သို့ ဝင်ပြီး တနင်္လာနေ့ထွက်မည့် သတင်းစာတွင် ထည့်သွင်းရန် အတွက် စာအုပ်ကြော်ငြာ အပ်ခဲ့သည်။ သို့သော် တနင်္လာနေ့ မရ၊ အင်္ဂါနေ့မှ ရမည်တဲ့။ အင်္ဂါနေ့က အင်္ဂလိပ်နှစ်ဆန်း ၁ရက်နေ့လေ။ ပိုကောင်းတာပေါ့ ဟု ဆိုကာ ဦးဇော်ဝင်းက ကြော်ငြာ စာသားရေးပေးခဲ့သည်။ ကဗျာလွတ်အက (ဒေါ်သြဘာသောင်းမူ)၊ ဒေါ်သြဘာသောင်း ကြီးကြပ်မှုဖြင့် ယဉ်ကျေးမှု ဝန်ကြီးဌာနတွင် ကဗျာလွတ်ကကြိုး ၁၂၅မျိုးကို မှတ်တမ်းတင်ခဲ့သူ “ခင်ဝင်းနွယ်” ၏ ကြိုးပမ်းချက်။ ၇နှစ်နီးပါးမျှ…
Read MoreDay: May 24, 2026
တိုက်ပွဲကြောင့် မော်လူးလမ်းပိုင်းမှာ ကားအစီးရေ ၂၀၀ ကျော် ပိတ်မိနေ
မေ ၂၃ – ၂၀၂၆ SS (VOM) ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအစပ်မှာ တိုက်ပွဲ ဖော်ဆောင်နေတာကြောင့် နှစ်ဖက်တပ်ဖွဲ့တွေက မော်လူးလမ်းပိုင်း သွားလာခွင့်ကို ရက်အကန့်အသတ်မရှိ ပိတ်ထားတဲ့အတွက် ခရီးသည်တင်ကားနဲ့ ကုန်တင်ကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေတယ်လို့ အဲဒီလမ်းပိုင်း အသုံးပြုသူတွေက ပြောပါတယ်။ “ကားတွေ ရှေ့တိုးမရ၊ နောက်ဆုတ်မရနဲ့ ပိတ်မိနေတာ သုံးရက် ကြာသွားပြီ။ ပါလာတဲ့ စားစရာတွေက ရှိတဲ့လူလည်း ရှိသေးသလို မရှိတဲ့လူလည်း မရှိတော့ဘူး။ လမ်းစရိတ်တွေလည်း ကုန်ပြီ။ နောက် ဘယ်နှစ်ရက်လောက် နေရဦးမယ်မသိဘူး။ အားလုံး ဒုက္ခရောက်နေကြရတယ်” လို့ ယာဉ်မောင်းတယောက်က ပြောပါတယ်။ ရွှေဘို – မြစ်ကြီးနား လမ်းပိုင်းပေါ်ရှိ အင်းတော်မြို့နဲ့ မော်လူးမြို့တို့မှာ ပြီးခဲ့တဲ့ မေ ၂၀ ရက်နေ့က စတင်ကာ တိုက်ပွဲတွေ ဖြစ်ပွားနေခြင်းဖြစ်ပြီး လေကြောင်း…
Read Moreအုတ်ဖိုမြို့နယ် အရှေ့ခြမ်းမှာ တိုက်ပွဲဖြစ်ပွားနေလို့ ကျေးရွာ ၂၀ ကျော် အရေးပေါ်စစ်ရှောင်နေရ
မေ ၂၃ ၊ ၂၀၂၆ GG (VOM) ပဲခူးတိုင်းအနောက်ပိုင်း ၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ ကျေးရွာဘက်တွေမှာ တိုက်ပွဲပြင်းထန်ဖြစ်ပွားနေတာကြောင့် ကျေးရွာပေါင်း ၂၀ ကျော်လောက် အရေးပေါ်စစ်ဘေးရှောင်နေကြရတယ်လို့ သိရပါတယ်။ အုတ်ဖိုမြို့နယ်အရှေ့ဘက်ခြမ်းမှာရှိတဲ့ ရှားစေးဖိုရွာ ၊ ကြီးပျက်ရွာတွေဘက်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပြီး အစိုးရတပ်က အင်အားရာနဲ့ချီစစ်ကြောင်းထိုးနေသလို လေကြောင်းကနေလည်း ဗုံးကြဲတိုက်ခိုက်မှုရှိနေတယ်လို့ သိရပါတယ် ။ ” ခုဖြစ်နေတဲ့ နေရာက တိမ်မြုတ်ရွာ ဘေးက ရွာတွေဘက်မှာ ဖြစ်နေတာ ။ တိမ်မြုတ်ရွာမှာက တပ်ကအထိုင်ချထားတာရှိတယ်။ အဲဒီတော့ တိမ်မြုပ်ရွာနဲ့ အုတ်ဖိုအကြားက သိပ်မဖြစ်ဘူး ။ တိမ်မြုပ်ရွာ ဘေးတဝိုက်က ရွာတွေကတော့ PDF တွေလှုပ်ရှားမှုရှိတယ်။ တိမ်မြုပ် ရွာဘက်တွေကိုတော့ အရေးကြီးကိစ္စ မရှိရင် သိပ်မသွားကြပါဘူး ။ အခုက ကျွန်တော်တို့လည်း ကိုယ့်လုံခြုံရေး ကိုယ်ပဲဂရုစိုက်နေနေရတဲ့…
Read Moreတရုတ်-ဗမာ သမိုင်းဝင်စာချုပ်များ
(ကုန်းဘောင်ခေတ်မှ ဒေါ်အောင်ဆန်းစုကြည်ခေတ်အထိ) MT(VOM) သမိုင်းဆိုတာ နောက်ကြောင်းပြန်လှည့်ကြည့်ဖို့တင်မဟုတ်ဘဲ အနာဂတ်ကို လမ်းခင်းဖို့လည်း ဖြစ်ပါတယ်။ ကျနော်တို့ ဗမာပြည်ဟာ ပထဝီဝင်အနေအထားအရ အင်အားကြီးမားတဲ့ တရုတ်ပြည်ကြီးနဲ့ နယ်နိမိတ်ချင်း ကီလိုမီတာ နှစ်ထောင်ကျော် ထိစပ်နေတာမို့ ရှေးပဝေသဏီကတည်းက ဒွန်တွဲနေခဲ့တဲ့ အိမ်နီးချင်းတွေပါ။ နှစ်နိုင်ငံ ဆက်ဆံရေး သမိုင်းကြောင်းကို ပြန်ကြည့်ရင် မုန်းတလှည့် ပြုံးတလှည့်၊ စစ်မက်ဖြစ်ပွားလိုက် ချစ်ကြည်ရေးစာချုပ်တွေ ချုပ်ဆိုလိုက်နဲ့ သံတမန်ရေး ကစားကွက်တွေ ရှုပ်ရှုပ်ထွေးထွေး ရှိခဲ့တာကို တွေ့ရမှာပါ။ အဲဒီလို ခေတ်အဆက်ဆက် ချုပ်ဆိုခဲ့တဲ့ စာချုပ်တွေအကြောင်းကို ကုန်းဘောင်ခေတ်ကနေ မနေ့တနေ့က ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက်အထိ အချက်အလက်စုံစုံလင်လင်နဲ့ သမိုင်းအကွေ့အကောက်တွေကို ပြန်ပြောင်းသုံးသပ် တင်ပြပေးချင်ပါတယ်။ (၁)ကုန်းဘောင်ခေတ် ကောင်းတုံစာချုပ် (၁၇၆၉) ရှေးပုဂံခေတ်ကတည်းက တရုတ်-ဗမာ ဆက်ဆံရေး ရှိခဲ့ပေမယ့် အပြန်အလှန် လေးစားမှုရှိတဲ့ ပထမဆုံး တရားဝင်စာချုပ်လို့ ပြောရင်တော့ ကုန်းဘောင်ခေတ်မှာ ချုပ်ဆိုခဲ့တဲ့…
Read Moreမိခင်နိုင်ငံကိုပြန်ပြီး Green Card လျှောက်ရမယ်ဆိုတဲ့ ထရန့်အစိုးရရဲ့မူဝါဒသစ်ကြောင့် အမေရိကန်ရောက် မြန်မာတွေ အခက်တွေ့
မေ ၂၄ – ၂၀၂၆ SN (VOM) အမေရိကန်နိုင်ငံအတွင်း ယာယီဗီဇာနဲ့ ရောက်ရှိနေပြီး အမြဲတမ်းနေထိုင်ခွင့်အတွက် Green Card လျှောက်မယ့် နိုင်ငံခြားသားတွေအနေနဲ့ မိခင်နိုင်ငံကိုပြန်ပြီး သက်ဆိုင်ရာသံရုံးကတဆင့် လျှောက်ထားရမယ်ဆိုတဲ့ မူဝါဒသစ်ကြောင့် အမေရိကန်ရောက် မြန်မာတွေအနေနဲ့ အခက်တွေ့နေရတယ်လို့ သိရပါတယ်။ အမေရိကန် နိုင်ငံသားနှင့် လူဝင်မှုကြီးကြပ်ရေးဗျူရို (USCIS) က မနေ့ မေ ၂၂ က ကြေညာလိုက်တဲ့ လမ်းညွှန်ချက်အသစ်အရ ကျောင်းသားဗီဇာ (F-1)၊ အလုပ်ဗီဇာ (H-1B) အပါအဝင် ယာယီဗီဇာ (Temporary Visas) အမျိုးမျိုးနဲ့ အမေရိကန်ကို ဝင်ရောက်လာတဲ့ နိုင်ငံခြားသားတွေအနေနဲ့ အမြဲတမ်းနေထိုင်ခွင့် (Permanent Residency/Green Card) လျှောက်ထားလိုပါက ၎င်းတို့ရဲ့ မိခင်နိုင်ငံတွေကို ပြန်သွားရမှာဖြစ်တယ်လို့ အသိပေးထားပါတယ်။ ဒီလုပ်ထုံးလုပ်နည်းအသစ်ဟာ နှစ်ပေါင်း ၆၀ ကျော်အတွင်း ပထမဆုံးအကြိမ် အပြောင်းလဲကြီးတခုဖြစ်ပြီး…
Read More