မေ ၂၈၊ ၂၀၂၆ Shy V (VOM) ဖားကန့် – နန့်ယား – ကားမိုင်း လမ်းပိုင်းကို ဒီနေ့ မေ ၂၇ ရက်ကစပြီး KIA တပ်မဟာ ၉ ဘက်က ပြန်ဖွင့်ပေးလိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဒီလမ်းပိုင်းကို ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်ကစပြီး စစ်ရေးအခြေအနေကြောင့် ယာယီပိတ်ထားခဲ့တာပါ။ အခုတော့ ကျောင်းဖွင့်ရာသီ ရောက်လာပြီဖြစ်တာကြောင့် ကျောင်းသား၊ ကျောင်းသူတွေနဲ့ ပြည်သူတွေ သွားလာရ အဆင်ပြေစေဖို့ ပြန်ဖွင့်ပေးလိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံတယောက်ကတော့ “လမ်းကတော့ ဖွင့်ပေးလိုက်ပြီ။ အခုက ကလေးတွေ ကျောင်းသွားတက်ဖို့ အဓိကထားပြီး ဖွင့်ပေးတဲ့သဘောပါ။ လက်ရှိ တိုက်ပွဲ ငြိမ်နေပေမယ့် နှစ်ဖက်တပ်တွေကတော့ ရှိနေဆဲပဲ” လို့ ပြောပါတယ်။ အရင်က ဖားကန့် – ကားမိုင်း…
Read MoreDay: May 29, 2026
တနင်္သာရီတိုင်းအတွင်း စစ်ရှောင်ဦးရေ တသိန်းနီးပါးရှိလာပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေ
မေ ၂၈ – ၂၀၂၆ SN (VOM) တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ်တချို့မှာ အစိုးရတပ်ရဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်မှုနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် စစ်ဘေးရှောင်ဦးရေ တသိန်းနီးပါးအထိ ရှိလာပြီး လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်အရေး ဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။ မြိတ်ခရိုင်၊ ပုလောနဲ့ တနင်္သာရီမြို့နယ်တွေဟာ အစိုးရတပ်တွေရဲ့ နယ်မြေရှင်းလင်းရေး အများဆုံးဖြစ်ပွားရာ ဒေသတွေဖြစ်ပြီး တိုက်ပွဲပြင်းထန်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် စစ်ရှောင် ထောင်ပေါင်းများစွာ နေရပ်စွန့်ခွာနေကြရသလို နေအိမ် ပျက်စီးမှုတွေလည်း အများဆုံး ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ အဲဒီလိုပဲ ထားဝယ်ခရိုင်အတွင်းရှိ ထားဝယ်၊ လောင်းလုံ၊ ရေဖြူနဲ့ သရက်ချောင်း ဒေသတွေမှာလည်း တိုက်ပွဲတွေနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် စစ်ရှောင်တွေ တိုးပွားလာနေပြီး လူဦးရေ လေးသောင်းကျော်အထိ ရှိနေကာ ၎င်းတို့အတွက် ကူညီထောက်ပံ့မှုတွေ အလွန်လိုအပ်နေသလို ကော့သောင်းခရိုင်၊…
Read Moreစစ်ရေးအခြေအနေတွေကြောင့် ပဲခူးတိုင်းအတွင်း လူဦးရေ သောင်းနဲ့ချီ စစ်ဘေးတိမ်းရှောင်နေရ
မေ ၂၈ – ၂၀၂၆ SS (VOM) ပဲခူးတိုင်းအတွင်း စစ်ရေးပဋိပက္ခတွေကြောင့် အုတ်ဖို၊ နတ်တလင်း၊ ကြို့ပင်ကောက်၊ ညောင်လေးပင်နဲ့ ကျောက်တံခါး အစရှိတဲ့ မြို့နယ်တွေက ဒေသခံ သောင်းနဲ့ချီ စစ်ဘေး တိမ်းရှောင်နေရတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။ အုတ်ဖိုမြို့နယ် (အနောက်ခြမ်း) မှာ မေ ၂၁ ရက်မှစတင်ကာ အစိုးရတပ်က အင်အား အများအပြားနဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်လာပြီး ဒရုန်း တိုက်ခိုက်မှုတွေလည်း ရှိနေတာကြောင့် ကြို့ကိုးပင်၊ ကိုင်းကြီး၊ မအူတန်း အစရှိတဲ့ ကျေးရွာပေါင်း ၃၀ နီးပါးမှ ဒေသခံပြည်သူ နှစ်သောင်းဝန်းကျင် တောတောင်တွေထဲ တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။ နတ်တလင်းနဲ့ ကြို့ပင်ကောက်မြို့နယ်တွေမှာလည်း ပြီးခဲ့တဲ့ ဧပြီလကတည်းက အစိုးရစစ်ကြောင်းတွေ ဝင်ရောက်လာကာ လက်နက်ကြီး ပစ်ခတ်မှုတွေ ပြုလုပ်နေတဲ့အတွက် ဒေသခံတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပြီး မိုးရွာသွန်းမှုတွေကြောင့်…
Read Moreမြန်မာနိုင်ငံမြောက်ပိုင်းမှာ မိုးရွာသွန်းမှုများပြီး မြစ်ရေတွေ မြင့်တက်လာနိုင်
မေ ၂၉ – ၂၀၂၆ SN (VOM) လာမယ့် ဇွန်လ ၁ ရက်ကနေ ၅ ရက်အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းကို မုတ်သုံဆက်လက် ဝင်ရောက်နိုင်ခြေ ရှိနေတဲ့အတွက် မိုးရွာသွန်းမှုများပြီး မြစ်ရေတွေ မြင့်တက်လာနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။ လက်ရှိမှာ အနောက်တောင် မုတ်သုံလေဟာ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေနဲ့ ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းကို ဝင်ရောက်ခဲ့ပြီးဖြစ်ကာ လာမယ့် ဇွန်လဆန်းမှာတော့ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတွေကို ဆက်လက် ဝင်ရောက်နိုင်တယ်လို့ ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။ “မုတ်သုံဝင်လာပြီဆိုရင် မြန်မာနိုင်ငံမြောက်ပိုင်းမှာလည်း အခုထက်ပိုပြီး မိုးရွာလာမယ့် အနေအထားမျိုးတွေရှိတယ်။ အဲဒါကြောင့် မြစ်တွေ၊ ချောင်းတွေမှာ ပြီးခဲ့တဲ့ နွေရာသီကာလ ရေနည်းနေတဲ့ အနေအထားကနေ ရေပြန်လည် မြင့်တက်လာနိုင်တဲ့ အနေအထားမျိုးတွေရှိတယ်။ ရုတ်တရက် ရေကြီးရေလျှံမှုတွေ ဖြစ်လာနိုင်တယ်။ လောလောဆယ်…
Read More